ဂျပန်မှာ ရိုက်ခတ်သွားတဲ့ ဆူနာမီ




ဒီကနေ့ ဂျပန်စံတော်ချိန်နေ့လယ် ၂ နာရီခွဲမှာ (၈.၉) မဂ္ဂနီကျူအဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီးတဲ့နောက်ပိုင်းမှာ အင်အားပြင်းတဲ့ ဆူနာမီတခု ဂျပန်နိုင်ငံမှာ ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်.

အခုလို ဆူနာမီဝင်ရောက်ခဲ့တဲ့အတွက် အိုန၀၀ါ့ နျူးကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင် ပျက်စီးသွားခဲ့ပါတယ်။ ဒါအပြင် ဆူနာမီကြောင့် လူအမြောက်အများသေဆုံးမှုရှိပြီး အဆောက်အဦးတွေလဲ ပျက်ဆီးဆုံးရှုံးတာတွေရှိပါတယ်..

အေအက်ဖ်ပီသတင်းအရ အခုဂျပန်နိုင်ငံ ၀င်ရောက်တဲ့ ဆူနာမီဟာ ဂျပန်နိုင်ငံ နှစ်ပေါင်း (၃၀၀)အတွင်း အကြီးမားဆုံး သဘာဝဘေးအန္တရယ်ဖြစ်ကြောင်း ဖော်ပြထားတာကို သိရပါတယ်..

ဂျပန်ဝန်ကြီးချုပ်က ဘေးအန္တရာယ်ကျရောက်နေတဲ့သူတွေကို အမြန်ဆုံးကယ်ဆယ်ရေးလုပ်တွေ လုပ်ဆောင်ဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်..

အခုလို ဆူနာမီးလှိုင်းလုံးကြီးဝင်ရောက်ခဲ့တဲ့အတွက် ဟ၀ိုင်ရီအခြေစိုက် ပစီဖတ်ဒေသ ဆူနာမီ သတိပေးရေးဌာနက ချီလီ၊ ပီရှုး၊ ရုရှား၊ ဂူအန်၊ ထိုင်ဝမ်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငတွေကိုလဲ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်..

source: Irrawaddy

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates