ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်ကို လစဉ်ပုံမှန် တွေ့ခွင့်ပေးပြီ
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအတွက် လက်ထောက်ရှေ့နေ () ဦး ခန့်ခွင့်ရ

NEJ/ ၁၈ သြဂုတ် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို လစဉ် လဆန်းရက်ပထမ ကြာသာပတေးနေ့ တိုင်း ဒေါ်အောင်ဆန်းစုကြည်ထံ တွေ့ဆုံခွင့်ရပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ခွင့်ရခဲ့သည့် ရှေ့နေဦးကြည်ဝင်းက ခေတ်ပြိုင်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့သည့် အချက် () ချက်ကို အာဏာပိုင်များနှင့် ဆွေးနွေးရာမှ ဒေါက်တာတင်မျိုးဝင်းကို ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရှေ့နေဦးကြည်ဝင်းမှာ အသက်အရွယ်ရလာပြီဖြစ်သည့်အတွက် လက်ထောက် ရှေ့နေ () ဦး ခန့်ထားပေးရန် ဒေါ်အောင်ဆန်း စုကြည်က မေတ္တာရပ်ခံရာ အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဥာဏ်ဝင်းနှင့် အမျိုးသမီး ရှေ့နေတဦးတို့ကို ရွေးချယ်ထားသည်ဟု ရှေ့နေဦးကြည်ဝင်းက ပြောသည်။

ဆက်လက်ဖတ်ရူ့ရန်

ဆက်လက် တိုက်ပွဲဝင်မည်ဟု ကေအန်ယူ ပြောကြား

ချင်းမိုင် ။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ စံနမူနာကောင်းကို ယူကာ ရန်သူ (နအဖ) ကို အောင်ပွဲရသည်အထိ တိုက်ပွဲဝင်မည်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်များက ယနေ့ ပြောကြားလိုက်သည်။

၅၈ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ကော်သူးလေး နယ်မြေ၌ ယနေ့ နံနက်ပိုင်းကကျင်းပရာ ကေအန်ယူ ဥက္ကဋ္ဌ စောတာမလာဘော၊ (KNLA) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် - ဗိုလ်ချုပ် မူတူးစေးဖိုး၊ ကေအန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး () ပဒိုဒေးဗစ် သာကပေါတို့က ယခုလို တိုက်တွန်း ပြောကြားသွားခြင်း ဖြစ်သည်။

ဆက်ပြီး တိုက်ပွဲတွေ ရှိနေတဲ့အပေါ်မှာ ကျနော်တို့ ခေါင်းဆောင်တွေ ချထားတဲ့ မူတွေနဲ့ လမ်းစဉ်တွေ အပေါ်မှာ ညီညီညာညာနဲ့ ရပ်တည်သွားကြဖို့၊ အာဇာနည်တွေရဲ့ စံနမူနာကောင်းတွေကို ယူပြီးတော့ပေါ့ဗျာ၊ ရန်သူကို အောင်ပွဲရတဲ့ အထိ တိုက်ပွဲဝင်သွားဖို့၊ အဲဒါတွေပါပဲဟု ကေအန်ယူ (ဗဟို) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒို စောလှငွေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး သစ္စာဖောက် အညံ့ခံရေးတွေလည်း အများအပြားကြီး ပေါ်လာတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာတွေ အကြောင်းကြောင်းကြောင့် ကျနော်တို့က ဘယ်လိုမှကျနော်တို့ တော်လှန်ရေးကြီးဟာ ဆုတ်သွားမှာ မဟုတ်ဘူးဟု ပြောသည်။

အခမ်းအနားသို့ ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအားတိုး၊ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်ချုပ် သူရဂျော်နီ၊ မြို့နယ် ခေါင်းဆောင်များနှင့် ပရိသတ် ၈ဝဝ ခန့် တက်ရောက်သလို၊ ကေအန်ယူ တပ်သား ၁၅ဝ ခန့်က စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့သေးသည်။

ပြီးခဲ့သည့် တနှစ်အတွင်း ကျဆုံးသွားသည့် ကရင့်အာဇာနည် ရဲဘော်များ၊ ခေါင်းဆောင်များ၏ မိသားစုဝင်များ သားသမီးများနှင့် ဇနီးသည်များအား ဂုဏ်ပြုပွဲတခုလည်း ပြုလုပ်ခဲ့သည်ဟု ဘားအံခရိုင် တပ်မဟာ () မှ စည်းရုံးရေး တာဝန်ခံ စောတာဒိုမူးက ပြောသည်။

သူက ကိုယ့်လင်၊ ကိုယ့်သားတွေ အဲလို စွန့်လွှတ်အနစ်နာ ခံသွားတဲ့ဟာကို ကျနော်တို့ ဂုဏ်ယူတယ်ပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ သစ္စာပြုတယ်ပေါ့။ ကျနော်တို့ နိုင်ငံရေး ပြီးဆုံးတဲ့အထိ လုပ်သွားဖို့ အသက်တွေ၊ သွေးတွေ ပေးသွားတာ အလကား မဟုတ်ဘူးဆိုတဲ့ဟာကို သက်သေထူတာပေါ့။ ကျန်တဲ့ လူတွေကလည်း တစုထဲ တဝိုင်းထဲပဲ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ဆက်သွားကြမယ်ပေါ့။ အဓိကတော့ ကျနော်တို့ အဲဒီလို ရည်ရွယ်တာပဲဟု ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကေအန်ယူကို ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးအား စစ်တပ်မှ ဖမ်းဆီးကာ ၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထော့ကိုကိုးရွာ၌ သတ်ဖြတ်ခဲ့သည်။ ကေအန်ယူက ထိုနေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရူ့ရန်

စီးဆင်းမြဲ စီးဆင်းဆဲပါ..

ရဲဘော်ရေ...

မြစ်ရေ၊ ချောင်းရေဆိုတာ

အစဉ်အမြဲ စီးဆင်းနေဆဲပါ။

ရဲဘော်ရေ...

ဓူဝံကြယ်ဆိုတာ

မိုးကောင်းကင်ပေါ်မှာ

ထွန်းလင်းတောက်ပနေလျက်ပါ။

ရဲဘော်ရေ...

ရဲဘော်မရှိသော်လည်း

တိုင်းပြည်အတွက် ပေးသွားတဲ့သွေးတွေဟာ

အမြဲတမ်းရဲရဲတောက် နီမြန်းလျက်ပါ။

ရဲဘော်ရေ...

ရဲဘော်ရဲ့သွေးတွေဟာ

အခုချိန်မှာ နီးရဲပြီး

မြစ်ရေ၊ ချောင်းရေလိုပဲ

အဆက်မပြတ်စီးဆင်းနေဆဲပါ။

ယုန်ကလေး


မှတ်ချက်။ တိုင်းပြည်အတွက် အသက်ပေးသွားသော ဦးလေးအတွက် ဂုဏ်ပြုရေးဖွဲ့ခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရူ့ရန်
ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်း

ယနေ့ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မယ်ပတောရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပွဲတော်ကို အဝေးရောက်မျိုးချစ်ကရင်အမျိုးသားများ၊ ထိုင်းနိုင်ငံရောက် ကရင်အမျိုးသားများ နှင့် အခြားတိုင်းရင်းသားညီအကို မောင်နှမများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

“ဒီပွဲတော်ကိုကျင်းပတဲ့ဆိုတာက ဟိုအရင်တုန်းလူကြီးတွေက ယုံကြည်မှုနဲ့လုပ်တာပါ၊ မျက် မှောက်ခေတ်ကျတော့ ကျနော်တို့ ကရင် အမျိုးသားတွေကြားမှာ စည်းလုံးညီညွတ်မှုရှိဖို့အဓိက ထားပြီးလုပ်တာပါ” ဟု ကရင့်ရိုးရာပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး မန်းမျိုးမြင့်က ပြောသည်။

ကရင့်ရိုးရာယဉ်ကျေးမှုချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို နှစ်စဉ် ဝါခေါင်လတွင် ပြုလုပ်ကျင်းပ လေ့ရှိပြီး ရှေးကရင်တိုင်းရင်းသားများ အယူအဆအရ ယခုလသည် မကောင်းဆိုးဝါးများ ပျော်မြူးသည့်လဖြစ်သောကြောင့် ၎င်းဝိဉာဉ်များ သားသမီးမြေးမြစ်များအပေါ် ကျ ရောက်ခြင်းမရှိစေရန် အဆောင်အယောင် (၇) မျိုးနဲ့ စီမံထားသည့် ချည်ဖြူမျှင်ဖြင့် လက်မှာပတ်ပြီး အကာ အကွယ်ပြုလုပ်သည့်ပွဲဖြစ် ကြောင်း ၎င်းကဆက်လက်ပြောသည်။

ပွဲတော်သို့တက်ရောက်လာသည့် ကရင်တိုင်းရင်းသူတဦးက “တနှစ်တခါ ကျမတို့ ကရင်ရိုးရာ လက်ချည်ပွဲ ကိုယ့်ရဲ့ရိုးရာပွဲဖြစ်လို့လား တော့မသိဘူး၊ အရမ်းပျော်ပါတယ်၊ ဆွေမျိုးမောင်နှမတွေ ဒီမှာလာဆုံကြတာပေါ့၊ အခြေအနေအရပ်ရပ်ကြောင့် ကိုယ့်မြို့ကိုယ်ရွာမှာ မ ပျော်ခဲ့ရတာ နှစ် (၂ဝ) လောက်ရှိပြီ၊ ကိုယ့်ပြည်နယ်မှာသာ လုပ်ရရင်တော့ ပိုပျော်မှာပေါ့” ဟု ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း နိုင်ငံအတွင်း (၁၇) ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသား များမှာလည်း ယခုကဲ့သို့ ရိုးရာပွဲတော်များ ကျင်းပလေ့ရှိကြောင်း ကရင်တိုင်းရင်းသား တဦးက ပြောသည်။

“ဒီလိုပွဲတော်တွေဆိုရင် စိတ်ထဲမှာ အရမ်းဘဲခံစားရတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ ကရင်လူထုတွေ သူများနိုင်ငံထဲမှာ အများ ကြီးဘဲ ရောက်နေကြတယ်၊ တကယ်တမ်း ကိုယ့်နိုင်ငံ က အုပ်ချုပ်တဲ့အစိုးရတွေသာ ကောင်းရင် ကျနော်တို့ကရင်လူထုရော၊ အခြားတိုင်း ရင်းသားတွေ ရော အားလုံးရိုးရာပွဲတွေကို လုပ်နိုင်မှာပေါ့၊ သူများနိုင်ငံမှာ လာလုပ်ရတဲ့အခါကြတော့ သိပ်တော့ မပျော်ရဘူး” ဟု၎င်းက ဆက်လက်ပြောသည်။

စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှုများ နှင့် နှစ်ကျင်းပပြုလုပ်သည့် ရိုးရာပွဲ တော်များကို တားမြစ်ပိတ်ပင်မှုများရှိနေပြီး တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူး လွန်နေလျှက်ရှိသည်။ ဆက်လက်ဖတ်ရူ့ရန်

အစစ်အမှန်ထဲက ဘဝ

ဘ၀ဆိုတာ ..

ဘာကိုခေါ်တာလဲ။

ငါ့မေးလိုက်ချင်တယ်။

ဒါပေမယ့်...

ငါ့ကြားချင်တဲ့အဖြေက

ငါ့မလိုချင်တဲ့အဖြေ ဖြစ်နေတယ်။


ရွာမှာကျတော့လည်း

စစ်ဒဏ်ကြောင့် ဟိုပုန်းဒီပုန်း

မဖြစ်မနေ ပုန်းခိုရတဲ့ဘ၀က

ငါ့ရဲ့ ဘ၀အမှန်တွေပဲလား။

အိမ်ထောင်ဦးစီးခင်ပွန်းသည်က

တော်လှန်ရေးစစ်သည်တစ်ယောက်

ဒီလိုနဲ့

ရန်သူလာရင် ငါ့ဟိုရှောင်ပြေးရ ဒီရှောင်ပြေးရ

အဲ့ဒါငါ့ဘ၀အစစ်မှန်တွေပဲလား။

ဘာပဲဖြစ်ဖြစ်

အဲ့ဒါတွေကို ငါမမှုခဲ့ပါဘူး။

ဖြစ်လာခဲ့သမျှကို ငါ့ရင်ဆိုရဲတယ်။

စစ်ဒဏ်ကြောင့်လည်း

ငါပုန်းရပေမယ့် ငါပုန်းနိုင်တယ်။

ရန်သူတွေကြောင့်လည်း

ငါ့ရှောင်ရပေမယ့်

ငါ့ရှောင်နေနိုင်တယ်။

အခုအချိန်မှာ

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့

ငါ့ခင်ပွန်းကို လေးစားဂုဏ်ယူလျက်

အဲဒါကမှ ငါ့ရဲ့ ဘ၀အစစ်အမှန်တွေပါ။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်
ပုလဲနက်မှသတင်းများကို သူငယ်ချင်းများအတွက် ကူးယူဖော်ပြလိုက်ပါသည်။

မူးယစ်ဆေးဝါးကိစ္စကြောင့် ချစ်သူ၏သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဗြိတိန်သူ

အပိုင်းပိုင်း အထစ်ထစ် ခုတ်ဖြတ်သတ်ဖြတ်ခြင်း ခံထားရသေ အသက် (၁၇) နှစ်အရွယ် ဗြိတိန် အမျိုးသမီးလေးတစ်ဦး၏ ရုပ်အလောင်းအား အ၀တ်သေတ္တာတစ်လုံးထဲတွင် ထည့်သွင်းစွန့်ပစ်ထားသည်ကို ဘရာဇီးလ်နိုင်ငံတွင် တွေ့ရှိခဲ့ရသည်။ ရဲများ၏အဆိုအရ ကာလာ မာရီယာဘရုခ် ယခင်သူမ၏ ချစ်သူလည်းဖြစ်၊ မူးယစ်ဆေးဝါး သုံးစွဲဖော် လည်းဖြစ်သည့် မိုဟာမက် ကာဗယ်လ်ဟို၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ဇူလိုင်လ (၂၈)ရက်နေ့က သူမ၏ ခုတ်ထစ်ခံရထားရသော ရင်ဘတ်ပိုင်းကို မြစ်ကမ်းဘေးရှိ တ၀က်တပျက် နစ်မြုပ်နေသော အ၀တ်အစား သေတ္တာတစ်လုံးအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး နောက် အခြားခန္ဓာကိုယ အစိတ်အပိုင်းများကို ဆက်လက်ရှာဖွေ နေဆဲဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဦးခေါင်း၊ လက်မောင်းနှင့် ခြေထောက်များမှာ ရေစီးတွင် မျောပါ ပျောက်ဆုံးသွားဖွယ်ရှိကြောင်း ရဲများကဆို သည်။ တွေ့ရှိခဲ့သော အစိတ်အပိုင်းများမှာ မာရီယာ၏ ခန္ဓာကိုယ်ဖြစ်ကြောင်း လန်ဒန်တောင်ပိုင်း တွင်နေထိုင် သည့် သူမ၏မိခင်ဖြစ်သူက ဘရာဇီးလ်ရုပ်သံအစီအစဉ်အား ကြည့်ရှုပြီး အတည်ပြုပေးခဲ့သည်။ မာရီယာမှာ ကမ္ဘာလှည့် ခရီးသည်ဗီဇာနှင့် လွန်ခဲ့သော သုံးလက ဘရာဇီးလ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရဲများက သူမအား တွေ့ရှိခဲ့သည့် ဘရာဇီးလ်နိုင်ငံ ဂွိုင်အိုနီးယားမြို့တော်မှ မိုင် (၂၀) အကွာ သစ်တောဧရိယာ ပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် ဦးခေါင်းနှင့် ခြေ၊လက် အစိတ်အပိုင်းများကို လိုက်လံရှာဖွေနေ ဆဲဖြစ်သည်။ မာရီယာ၏ အစ်ကိုဖြစ်သူ မိုက်ကယ်လ်ဘရုခ်က ၄င်း၏ညီမမှာ လွန်ခဲ့သောနှစ်ပတ်ခန့်က လန်ဒန်သို့ပြန်ရန် စီစဉ်ခဲ့သော်လည်း လေဆိပ်သို့အလာလမ်းတွင် မော်တော်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အပြန်ခရီးအား ရွှေ့ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဆောက်ဖီးလ် ကွန်မြူနတီကျောင်းမှ ကျောင်းသူ တစ်ဦးဖြစ်သလို အင်္ဂလန်နာမည်ကျော် ဘောလုံးကလပ် ချယ်လ်ဆီးအမျိုး သမီးအသင်းတွင်လည်း ကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသူ မာရီယာအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု သံသယရှိနေ ကြသော ချစ်သူဟောင်း အသက် (၂၀) အရွယ် မိုဟာမက် ကာဗယ်လ်ဟို ဒေါ့စ်ဆန်းတို့စ် အား ပုန်းအောင်းနေသည့် ဘရာဇီးလ်နိုင်ငံ တောနက်အတွင်းမှ ဇူလိုင် (၃၁) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ် သည်။ ရဲများ၏အဆိုအရ ကာဗယ်လ်ဟိုမှာ ဘရာဇီးလ်တွင် မွေးဖွားခဲ့သော်လည်း ၎င်း၏မိဘမျာမှာ လန်ဒန်တွင် နေထိုင်သူများဖြစ် ကြောင်း၊ ၄င်းနှင့် မာရီယာတို့မှာ လန်ဒန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင် သိရသည်။

ကာဗယ်လ်ဟိုက မာရီယာအားသတ်ခဲ့ကြောင်း အလျင်အမြန်ဝန်ခံခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအတွင်း မာရီယာ၏ ဦးခေါင်းနှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများအား အယ်လ်ကေးဒါးအကြမ်းဖက်သမားတို့၏ လက်ချက်ကဲ့သို့ ပုံစံမျိုးဖြင့် နေရာချပြီး ဓာတ်ပုံရိုက်ထားကြောင်း သိရှိရသည်။ ကာဗယ်လ်ဟို၏ ထွက်ဆိုချက်အရ ၄င်းနှင့် မာရီယာတို့မှာ ဇူလိုင် (၂၅) ရက်နေ့ညက မူးယစ်ဆေးဝါးကိစ္စအတွက် စကားများခဲ့ပြီး သူမက ၎င်းအား ရဲလက်အပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုသွားသည်။ ထို့ကြောင့် ဇူလိုင်လ (၂၆) ရက်နေ့တွင် သူမ အား မီးဖိုချောင်သုံး ဓားတစ်လက်ဖြင့် သတ်ဖြတ်ပြီး သူမ၏ ခန္ဓာကိုယ်အား အမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ပြီး ဧည့်ခံပွဲတစ်ခုသို့ပင် တက်ရောက်ခဲ့သေးကြောင်း၊ ထို့နောက်တွင်မှ သူမအား ခုတ်ထစ်ပြီး သူမ၏ ရင်ဘတ်ပိုင်း ကို အ၀တ်အိတ်ထဲထည့်၍ ခြေ၊လက်၊ဦးခေါင်းတို့ကို ရေထဲတွင် မျှောကာစွန့်ပစ်ခဲ့ကြောင်း၊ ထို့နောက် အ၀တ်အိတ်ကိုလည်း မြစ်ကမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ၀န်ခံသွားသည်။ ဘရာဖီးလ်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးက ဗြိတိသျှအမျိုးသမီးတစ်ဦး ဘရာဇီးလ်နိုင်ငံ၊ ဂွိုင်အိုနီးယားမြို့အနီးတွင် အသတ်ခံခဲ့ရကြောင်း အတည် ပြုခဲ့ပြီး ဖမ်းဆီးရမိထားသော တရားခံကို ရုံးတင်စစ်ဆေးမှု အမြန်ဆုံး ပြုလုပ်သွားမည်ဟု ကြေညာသွားခဲ့သည်။

ဆက်လက်ဖတ်ရူ့ရန်

()လေးလုံးအရေးတော်ပုံ နှစ်(၂၀) ပြည့် အခမ်းအနားကျင်းပ

ရိုးမ ၃။ သြဂုတ် ၈၊ ၂၀၀၈

ယနေ့ ကျရောက်သည့် ()လေးလုံး အနှစ်(၂၀) ပြည့်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုအဖွဲ့များပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ကာ မဟာမိတ် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး အင်အား (၃၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ “() လေးလုံးရဲ့စိတ်ဓါတ်၊ မတရားမှုတွေမှန်သမျှကို ဆန့်ကျင် တော်လှန်သွားမယ်ဆိုတဲ့ လူထုရဲ့စိတ်ဓါတ်ဟာ ယနေ့ထိ ရှင်သန်နေတယ်၊ ဆက်လက်၍လည်း ရှင်သန်သွား ဦးမယ်ဆိုတာကို ဖော်ပြနေတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပါဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ) နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံကိုမင်းနိုင်က ပြောသည်။

အဆိုပါအထိမ်းအမှတ်အခမ်းအနားတွင် ကျဆုံးခဲ့သည့်အာဇာနည်များကို လေးပြုခြင်းဖြင့် စတင်ခဲ့ပြီး အရေးတော်ပုံ လှုပ်ရှားမှုသမိုင်းကြောင်းများကို ပြန်လည်ပြောဆိုကြကာ () လေးလုံး စိတ်ဓါတ်ကို ကိုင်စွဲ၍ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းသွားသည်အထိ တိုက်ပွဲဝင်သွား ကြရန်တို့ကို တက်ရောက်လာသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ က ပြောဆိုခဲ့ကြသည်။

(ဗကသ)နိုင်ငံခြားရေးရာ တာဝန်ခံကိုမင်းနိုင်က “()လေးလုံးအရေးတော်ပုံကြီးဟာ အနှစ်(၂၀) ကျော်ခဲ့ပြီ၊ အရေးတော်ပုံကြီးရဲ့မျှော်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် ပြုက်ကျရေး၊ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရှင်သန်ထွန်းကားဖို့ အဲဒီတာဝန်တွေဟာ ကျနော်တို့ မပြီးဆုံးသေးဘူး၊ အခုချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်ကာလ လည်း ဖြစ်တယ်၊ လူထုတရပ်လုံးပါဝင် တဲ့ တိုက်ပွဲကြီးဖြစ်ပေါ်လာပြီး () လေးလုံးရဲ့ ရည်မှန်းချက်အတွက် အထူးကြိုးစားကြဖို့လိုပြီလို့ ပြောချင်ပါတယ်ဟု ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဌ ရဲဘော်ကိုသံခဲက နိုင်ငံရေး၊ သံတမန်ရေးများအရ တိုက်ပွဲဝင်နေကြသည့် မည်သူမဆို () လေးလုံးစိတ်ဓါတ်ကို ကိုင်စွဲထားရန်လိုအပ်ပြီး မိမိတို့ရောက်ရှိနေသည့်နေရာမှာပင် ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ် သည်ဟု ပြောသည်။

ကျနော်တို့အနေနဲ့ နိုင်ငံရေးတာဝန်အရကတော့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက်မပေးနိုင်တဲ့ နအဖစစ်အစိုးရက အဓမ္မအတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို တိုက်ဖျက်ရမှာဖြစ်သလို လာမည့်(၂၀၁၀)မှာ လုပ်မဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲကိုလည်း နိုင်ငံရေးအရ ဆက်လက်တိုက်ပွဲဝင်သွားဖို့ လိုတယ်ဟု ဆက်လက်ပြောသည်။

ထို့အပြင် () လေးလုံး အထိမ်းအမှတ်အခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများအားရည်စူး၍ သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အခြားနေရာများတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရူ့ရန်

အမေရိကန်သမ္မတကတော် မယ်တော်ဆေးခန်းသို့ရောက်ရှိ

ရိုးမ ၃။ သြဂုတ် ၇၊ ၂၀၀၈

အမေရိကန်သမ္မတကတော် မစ္စလော်ရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိကာ တာဝန်ရှိ သူများနှင့်တွေ့ဆုံခဲ့သည်။

နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းသို့ သွားရောက်ခဲ့ပြီးနောက် နေ့လည် (၁၂) နာရီခွဲခန့်တွင် မယ်တော်ဆေးခန်းသို့ ရောက်ရှိ လာပြီး ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံခဲ့ သည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA) မြန်မာအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)မှ တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားအရေး အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံရောက် ကလေးငယ်များ တရားဝင်ပညာသင်ကြားနိုင်ရေးနှင့် နိုင်ငံတကာ တက္ကသိုလ်များသို့ တက်ရောက် ပညာဆည်းပူးနိုင်ရေးအပြင် မြန်မာအလုပ်သမားများ၏ ကျန်းမာရေး၊ ပညာရေးဆိုင်ရာများကို သမ္မတကတော် လော်ရာဘုရှ်ထံ တင်ပြခဲ့ကြသည်။

လော်ရာဘုရှ်က မြန်မာပြည်ကနေ မျက်စိခွဲစိတ်ဖို့လာရတယ်ဆိုတော့ မြန်မာပြည်ရဲ့ ကျန်းမာရေးအခြေအနေတွေ ကြပ်တည်းနေ တာတွေ့ရတယ်၊ ၈၈ ခုနှစ်ကနေစပြီး နယ်စပ် ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးအခက်အခဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးရွားလာနေတာကို တွေ့ရတဲ့အတွက် စစ်အစိုးရကို အမေရိကန်အနေနဲ့ ပိုပြီးဖိအား ပေးသွားမယ်ဟု ပြောဆိုခဲ့ သည်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုရရှိမှသာ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ ရေရှည်ဖွံ့ဖြိုးတိုး တက်လာမှာဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေမှာ တစုံလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်ရန် လိုအပ်ကြောင်းနှင့် လူသားချင်းဆိုင် ရာထောက်ပံ့မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဟု သူမက ဆက်လက်ပြောဆိုသည်။

ထိုနောက် တက်ရောက်လာသည့်တာဝန်ရှိသူများက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ပြောင်းလဲ ရေးအတွက် ပူးပေါင်းလုပ် ဆောင်နေကြသည့် လူမှုအဖွဲ့အစည်းများ၏ ပိုမိုတိုးမြှင့်ပေးနိုင်ရန် သမ္မကတော်အား တင်ပြဆွေးနွေးကြသည်။

အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အလုပ်သမားတွေနဲ့ ကလေးငယ်တွေ အာမခံ ချက်ကို ပိုကောင်းလာအောင် ထိုင်းနိုင်ငံ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်၊ လက်ရှိအခြေအနေတွေကို သိရတဲ့အတွက် ဒီထက်ပိုကြိုးစားပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ကျယ်ပြန့် အောင် ဆွေးနွေးပေးမယ်၊ အကောင်းဆုံးဖြစ်အောင် ကူညီပေးမယ်ဟု မစ္စလော်ရာဘုရှ်က ပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီမှ ဆရာမဖောလ်ရေက သူ့မအနေနဲ့ မြန်မာပြည်ကို မသွားနိုင်ပေမဲ့ နယ်စပ်ရောက်နေတဲ့ မြန်မာ ပြည်သားတွေကို တွေ့ဖို့လာရောက်တဲ့အတွက် ဝမ်းသာမိပါတယ်၊ နောက်ထပ်မျှော်လင့်တာကတော့ ကလေးတွေနိုင်ငံတကာမှာ ဆုံးခန်းတိုင် ပညာသင်ကြားနိုင်ခွင့်တွေ ရလာလိမ့်မယ်ဟု ပြောဆိုခဲ့ သည်။

မစ္စလောရာဘုရှ်သည် ယနေ့ညနေပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပြီး သူမခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘုရှ်အနေဖြင့်လည်း မြန်မာနိုင်ငံရေးအတိုက်အခံခေါင်းဆောင်များနှင့် နေ့လည်စာ စားသုံးရင်း မြန်မာအရေး ဆွေးနွေးကာ မြန်မာပြည်သူများအား သတင်းစကား တိုက်ရိုက်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates