
မနေ့ညက မြန်မာစံတော်ချိန် ၈း၂၅ မိနစ်အချိန် ထိုင်း- မြန်မာနယ်စပ် တနေရာဖြစ်တဲ့ တာချီလိတ်မြို့ရဲ့ မြောက်ဘက် မိုင် (၁၀၀)အကွာမှာ အင်အားပြင်း ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်တဲ့အတွက် လူနေအိမ် (၄၅)နဲ့ လူ (၄၀) ကျော် သေဆုံးတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“အိမ်က ၄၅ လုံးပြိုတာ၊ မိုင်းလင်းက လူ၂၁ ယောက် သေတယ်။ တာချီလိတ်က ၂ ယောက်၊ တာလီက အယောက် ၂၀ လောက်ရှိတယ်”
အခုလက်ရှိ ထိခိုက် ဒဏ်ရာရတဲ့ လူနာတွေကိုတော့ တာချီလိတ် ပြည်သူ့ဆေးရုံမှာ တင်ထားတယ်လို့ သိရပါတယ်။
“လူနာအခြေအနေကတော့ ကျနော်ဆေးရုံသွားမှပဲ သိရမယ်။ အခု ၉ယောက်တော့ အသန်းအသည် ရောက်နေတယ်။ ဒါက ကျနော်တို့ တာချီလိတ်မြို့ပေါ်တွေလေ”
တာချီလိတ်မြို့က ဆရာဝန်တွေ၊ ကယ်ဆယ်ရေးတွေ၊ ကြက်ခြေနီအဖွဲ့တွေက တာလေမြို့ကို သွားရောက် နေပြီးလို့ ဆိုပါတယ်။
“တာလေက တာချီလိတ်ရဲ့ မြို့နယ်ခွဲပဲ ရှိတယ်လေ။ ဆေးရုံမလောက်ဘူး။ နောက် ဒီကနေ သွားတဲ့ အဖွဲ့တွေကလည်း ဆေးရုံက ဟိုဘက် အခြမ်းမှာဆိုတော့လေ အဲမှာရှိတဲ့ လူနာတွေက ဒီဘက်ကိုလာဖို့ ခက်တယ်။ အခု ဒီဘက်မှာရှိတဲ့ အရာရှိတဲ့ ဌာနက လိုက်သွားတယ်။ နောက် အခေါင်းတွေ ဘာတွေ ဒီကနေ သယ်သွားကြတယ်။ ဒီက ဆရာဝန်တွေ၊ ဆေးတွေနဲ့ ကြက်ခြေနီအဖွဲ့တွေလေ” လို့ သူက ဆက်ပြောပါတယ်။
တာချီလိတ်မြို့မှာ မနေ့ညက လှုပ်သွားတဲ့ ငလျင်ကြောင် ဘုန်းကြီးကျောင်း (၅) ကျောင်း ပျက်စီး ပြိုကျသွားတယ်လို့ သိရပါတယ်။
0 comments:
Post a Comment