ဒီနေ့ ယုန်လေး ကွန်ပြူတာရှေ့မှာ ထိုင်ပြီး ဟိုသွားဖတ်လိုက် ဒီသွားဖတ်လိုက်နဲ့ ထူးဆန်းတဲ့ အရာတွေကိုတွေ့ လို သူငယ်ချင်းတွေအတွက် ယူလာပေးတယ်နော်။ ဘာမှမဟုတ်ပါဘူး။ ဆံပင်နဲ့ပတ်သက်တဲ့ အရာပါပဲနော်။ ကဲ သူငယ်ချင်းတို့ရေ ဖတ်ကြည့်လိုက်နော်။


ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးနားဝတွေ မှန်ရဲ့လား


တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့ လား။တကယ့်အမှန်တရားတွေကကောဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။

၁။ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။ မဟုတ်ပါဘူး။ ဆံပင် အဖျားတိတိ၊ မတိတိ ဆံပင်အရှည်တစ်လကို လက်မ၀က်လောက် ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ် ပါတယ်။ ဆံပင်တိပေးလို့ ပိုရှည်လာတာ မဟုတ်ပါဘူး။ ဟော်မုန်းတွေကြောင့်ပါ။ ဆံပင်တိပေးခြင်းအားဖြင့် ဆံပင် နှစ်ခွဖြစ်တာ တွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။

၂။စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။ ဆံပင်တွေဟာ အချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီး ပုံမှန်အနေနဲ့ တစ်နေ့ကိုဆံပင်ပေါင်း၅၀ မှ၁၂၀ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။ သင့်ဘ၀အတွက် ကြီးကျယ်တဲ့ ပြောင်းလဲမှု တွေ ( ဥပမာ - အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်း) တို့ကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံနေရပါက ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ တခြားအကြောင်းတွေ ကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုးသတ်ဆေးတို့ကြောင့်ပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပိုကျန်းမာသန်စွမ်းလာနိုင်သလား။ ဆံပင်ရှည်တွေကတော့ ခေါင်းလျှော်ရည်တွေကိုဒီနေ့ တစ်မျိုး၊နောက်နေ့တစ်မျိုးနဲ့ ခဏခဏပြောင်းသုံးတာကို အားမပေးပါဘူး။ သင်သုံး နေတဲ့ခေါင်းလျှော်ရည်နဲ့ အဆင်မပြေတာတွေ ( ဥပမာ - ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်း) ဖြစ်မှ တခြား တံဆိပ်ပြောင်းသုံးသင့်ပါတယ်။ ဗောက်ထတတ်တဲ့ သူဆိုရင်လည်း ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်ကို တစ် ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေနဲ့ကတော့ ကိုယ်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ သုံးသင့်ပါတယ်။

၎။ ဆံပင်ဖြူတစ်ချောင်းနှုတ်ရင် နောက်ထပ်ဆံပင်ဖြူ နှစ်ချောင်း၊ သုံးချောင်းအစားထိုး ပေါက်လာတတ်သလား။ မဟုတ်ဘူးဆိုပင်မယ့် ဆံပင်အဖြူကိုဆွဲနုတ်တာ မကောင်းတဲ့အကျင့်ပါ။ ဆံပင်အမြစ်တွေကို ဖျက်ဆီးလိုက် သလိုဖြစ်ပြီး ရောဂါပိုးတွေဝင်လာနိုင်ကာအမာရွတ်ကျန်စေနိုင်ပါတယ်။

၅။ ဆံလုံးသေးပြီးပါးတဲ့ ဆံပင်ကို ဆံပင်အုံထူအောင် လုပ်လို့ရသလား။ အမြင်အားဖြင့်တော့ အုံထူတဲ့ပုံစံဖြစ် အောင်တော့ အုံထူတဲ့ပုံစံဖြစ်အာင် လုပ်နိုင်ပါတယ်။ဆံပင်လိပ်တံနဲ့ အပူပေးကာဖွလိုက်ရင် ငါးမိနစ်အတွင်း ည ဆံပင်အုံထူထူလေးဖြစ် လာနိုင်ပါတယ်။

၆။ သန့်ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ နှစ်ခါပြန်လျှော်သင့်သလား။ မလိုပါဘူး၊ ဆံပင်အနှံ့ ခေါင်း လျှော်ရည်ထည့်ကာ အသေအချာခေါင်းလျှော်လိုက်ရင်တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။

၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ဆေးချလိုက်ရင် ဆံပင်သား တောက်ပြောင်သွားနိုင်သလား။ သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပင်မယ့် ရေခဲရေနဲ့ဆံပင်သားတောက်ပြောင်တာ အဆက်အစပ်မရှိဘူးလို့သာ ဆိုပါရ စေ။

၈။ ဆံပင်နှစ်ခွကွဲတာ ပျောက်ဆေးရှိသလား။ဆံပင် နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင်နှစ်ခွ ကွဲပြီးသားကိုပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့်နှစ်ခွမကွဲအောင် ကာကွယ်လို့တော့ရပါတယ်။ ခြောက်သွေ့ ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာရွေးသုံးသင့်ပါတယ်။

၉။ ဆံပင်အရောင်ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီးစေတဲ့ အဓိကအကြောင်း အရင်းလား။အခုနောက်ပိုင်း ထွက်ရှိ လာတဲ့ ဆံပင်ဆိုးဆေးတွေဟာ သိပ်မပြင်းတော့တဲ့အတွက် ဆံပင်အသားကို ထင်သလောက် မပျက်စီး စေနိုင်ပါ ဘူး။ ဆိုးဆေးအကောင်းစားကို ရွေးသုံး ဖို့တော့လိုပါတယ်။ ဆံပင်ဆေးဆိုးတာ ထက်စာရင် ဖြောင့်တာတို့၊ ကောက်တာတို့ လုပ်တာက ဆံပင်ကို ပိုပျက်စီးစေပါတယ်။

၁၀။ နေ့စဉ် အကြိမ်တစ်ရာလောက် ခေါင်းဖြီးရင် ဆံပင်သန်စေနိုင်သလား။မဟုတ်ပါဘူး။ ဆံပင်သပ်ရပ် နေ အောင်ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့ဘာမီမဆိုင်ပါဘူး။ ခေါင်းအရမ်းဖြီးလွန်းမှ ဆံပင်တွေကိုအမြစ် ကနေဆွဲလိုက်သလိုဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေနိုင်ပါတယ်ဟု Good Health ဂျာနယ်တွင်ဖော်ပြ ထားပါသည်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

အလွမ်းပြေ


ချစ်သူရယ်....

မင်းကို ချစ်ခဲ့သော်လည်း

ဖွင့်မပြောရဲတဲ့...

ကိုယ့်ရဲ့ စိတ်တွေကြောင့်

မင်း အပြစ်လို့ ဆိုမှာလား....။

ကိုယ်ကတော့...

လွမ်းတဲ့စိတ်တွေကို

မင်းပေးခဲ့တဲ့...

ဓါတ်ပုံလေးနဲ့ပဲ

ဖြေနေရတယ် ချစ်သူရယ်...

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်


လက်ဆောင်

လွန်ခဲ့တဲ့ နှစ်တွေမှာပေါ့...

သူပေးခဲ့တဲ့ လက်ဆောင်လေး

အမှတ်တမဲ့နဲ့ မိုးမိသွားတော့

ဘယ်လိုမှ သိမ်းဆည်းမရ...။


ဒါကို...သူသိနိုင်မှာလား

သူသာသိသွားခဲ့ရင်

တို့ကို အပြစ်ပေးမှာလား..။


ဒါမှမဟုတ်....

မိုးအပြစ်လို့ ဆိုမှာလား

နှစ်လအလီလီပြောင်းခဲ့သော်လည်း

သိမ်းဆည်းခဲ့တဲ့ နေရာကို

ဘယ်လိုမှ မေ့လို့မရနိုင်ပါ..။


သက်မဲ့တဲ့ နှင်းဆီပုံလေးလည်း

ကြွေတတ်တယ်နော်...

သူပေးခဲ့တဲ့ လက်ဆောင်လေးပေါ့..။


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်


တမ်းတခြင်း


လရောင်တွေပုန်း လျိုးပျောက်ကွယ်နေတဲ့

ညလေးတွေမှာပေါ့ အမေအိုဟာ

ရင်ကွဲတေးတပုဒ်ကို အကြိမ်ကြိမ်ညှင်းဆိုရင်း

ပြက္ခဒိန်တွင် တခုပြီးတခု ကြွေကျတဲ့ အထိပေါ့။


` ဘယ်မှာလဲ သမီးလေးရယ်

အမေ့ဆီ ပြန်လာပါတော့လားကွယ်´


ဒီလိုနဲ့....

အမျှော်တော် တသီတစ်တန်းကြီးကို ဖြန့်ကျဲရင်း

မိုးဖွဲလေးတွေ သက်ဆင်းလိုက်

နေရောင်ခြည်လေးတွေ ဖြာဆင်းလိုက်နဲ့ပေါ့။


ဒါပေမဲ့....

အမေအိုဟာ အိမ်တံခါးပေါက်မှာ

သမီးလေးရဲ့ အိမ်အပြန်လမ်းကို

ထိုင်စောင့်ရင်း.....

အိမ်ရှေ့တံခါး မပိတ်ခဲ့တာလည်းကြာပါပြီး၊

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ရင်ခွင့်ချစ်သူ


ချစ်သူကို…

ရင်ခွင်၌ ထားချင်မိ

ကြင်နာမြတ်နိုး ယုယချစ်ခင်

တန်းဖိုးကြီးစွာ ချစ်လိုပါသည်။


ချစ်သူရယ်..

သောကဆိုတာ မရှိစေဘဲ

ပျော်ရက်များသာ ရှိစေပြီး

ရင်၌အမျှ ချစ်သွားပါမည်။


ချစ်သူသိလျှင်…

မခွဲစေဘဲ သနားအားဖြင့်

လာလမ်းအတိုင်း

ပြန်လှည့်ခဲ့ပါလား ချစ်သူရယ်…

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ယုန်လေးဒီနေ့ ဟိုကလိဒီကလိနဲ့ ဒေါသထွက်ထွက်သူတွေအတွက် စာလေးတွေ ယူလာပေးတယ်နော်။ လူတိုင်းကတော့ အနည်းနဲ့အများ ဒေါသဆိုတာ ရှိကြတာ ချည်းပဲမဟုတ်လား။ ဒါကြောင့် ဒေါသတအားထွက် မိမိကိုယ့်ပါ ပြန်အန္တာရယ်ရှိတဲ့အကြောင်း ဒီလိုဒေါသတအား ထွက်လာရင် ဘယ်လိုပြန်လည်ပြုပြင် ထိန်းချုပ် မလဲဆိုတာ ဒီမှာ ဖော်ပြပေးလိုက်တယ်နော်။ ဟဲဟဲ

ဒေါသကိုထိန်းချုပ်နိုင်သောနည်းလမ်းများ

ဒေါသကိုထွက်ခြင်းဟာ သွေးတိုးရောဂါ၊စိတ်ဓာတ်ကျရောဂါ၊ နှလုံးရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒေါသကြီး တဲ့ လူတွေဟာ ဒေါသနည်းတဲ့သူတွေနဲ့နှိုင်းယှဉ်ရင်နှလုံးရောဂါ (Heart attack) ဒါမှမဟုတ် သေစေနိုင်တဲ့ နှလုံး သွေးကြောကျဉ်းရောဂါသုံးဆပိုဖြစ် လွယ်ပါတယ်။ ဒါကြောင့် ရောဂါမရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ဒေါသကို ထိန်းချုပ်နိုင်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

  • ဒေါသထွက်လာပြီဆိုရင် အသက်ရှူလိုက်ပါ၊ ရင်ဘတ်တစ်ခုလုံးနဲ့ အပြည့်အသက်ရှူသွင်းပြီး ရှုထုတ်လိုက် ပါ။
  • လေကိုရှူသွင်းရှူထုတ်တစ်မိနစ်လောက် ပြုလုပ်ပြီးတဲ့အခါသင့်မှာတင်းအားတွေလျော့သွားပါလိမ့်မယ်။
  • သင်ဟာညစာစားပွဲမှာ ငြင်းရင်းခုံရင်း ဒေါသဖြစ်ချင်နေပြီဆိုရင် တောင်အသက်ရှူသွင်း/ရှူထုတ် လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ပြီးရင်ခဏ အနားယူလိုက် ပါ။
  • ဒေါသထွက်တဲ့ အခါအနေအထားကို ပြောင်းလဲလိုက်ပါ။ ဖြစ်နိုင်ရင် အခန်းထဲကနေ ထွက်သွားလိုက် တာမျိုး၊ လမ်းထလျှောက်တာမျိုးပြုလုပ်ပေးလိုက်ပါ။
  • စိတ်တိုတိုနဲ့ စကားမပြောမိအောင် တစ်ကနေတစ်ဆယ်အထိ ရေတွက်ပါ။ သင့်ကိုယ်သင် ကမ်းခြေတစ် နေရာရာမှာရောက်သလို စိတ်ကူးယဉ်ပါ။ ဒါမှမဟုတ်သင့်ကိုယ်သင် စိတ်သက်သာစေမယ့် စကားလုံး တွေနဲ့နှစ်သိမ့်လိုက်ပါ။ သက်ပြင်းမှုတ်ထုတ်ပါ။
  • သင်ဟာဒေါသကြီးတတ်တဲ့သူ တစ်ဦးဆိုရင် နေ့စဉ်အားကစား ပြုလုပ်ပေးပါ။ ကိုယ်ကာယ လှုပ်ရှားမှုဟာ စိတ်ဖိစီးမှုပြေပျောက်စေတဲ့ကြီးမားတဲ့စွမ်းအင်ကို ပေးပါတယ်။
  • ယောကကျင့်စဉ်လိုဖြည်းဖြည်းနဲ့ ညင်ညင်သာသာ အကြောဆန့်ရတဲ့လှုပ်ရှားမှုကိုလည်း ကြိုးစားကြည့် နိုင်ပါတယ် ဟု Good Health Journal တွင်ဖော်ပြထားသည်။

ဆက်လက်ဖတ်ရူ့ရန်

ပဒိုမန်းရှာ၏ဈာပနအခမ်းအနားကျင်းပ
NEJ/
၁၈ဖေဖော်ဝါရီ၂၀၀၈

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၏ ဈာပနအခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်တွင် ယနေ့မွန်းလွဲပိုင်း၌ ကျင်းပသည်။

ဗုဒ္ဓဘာသာဝင်တဦးဖြစ်သော်လည်း ပဒိုမန်းရှာအား လေးစားချစ်ခင်သည့် ကျန်ရစ်သူ မိတ်ဆွေများ၏ဆန္ဒအရ ဈာပနအခမ်းအနားအား ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ ဂုဏ်ပြုကျင်း ပခဲ့ကြသည်။

နံနက်ပိုင်း၌ ခရစ်ယာန်ဘာသာအစီအစဉ်အရ ၀တ်ပြုဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်းနှင့် ဂုဏ်ပြု အမှာစကားများ ပြောကြားခြင်းတို့ ပြုလုပ်ကြပြီး မွန်းလွဲပိုင်း၌ ဗုဒ္ဓ ဘာသာဓလေ့ထုံးတမ်း အစဉ် အလာ အရ သံဃာတော်များထံမှ တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုများဆက်ကပ်ပြီး အမျှအတမ်းပေးဝေခြင်းနှင့် သရဏဂုံတင်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် စစ်အခမ်းအနားဖြင့် အမိန့်ပြန်တမ်းများ ဖတ်ကြားကာ သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်အပြီးတွင် မီးသင်္ဂြုံဟ်လိုက်သည်။

ဈာပနလာရောက်သည့် ပဒိုမန်းရှာ၏ လုပ်ဖော်ကိုင်ဖက် တရွာတည်းသား စာရေးဆရာ မန်းငြိမ်းမောင်က ကရင့်တော်လှန်ရေးမှာ လေးစားအတုယူလောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ပဒိုမန်းရှာဟာ သူကိုယ်တိုင် တော်လှန် ရေးသမားဖြစ်တဲ့အပြင် သူ့သားသမီးတွေကိုလည်း တော်လှန်ရေးသမားဖြစ်စေချင်လို့ နာမည်တောင်မှ ဂျာမနီနိုင်ငံမှာ တော်လှန်တိုက်ပွဲဝင်တဲ့ မောင်နှမနှစ် ယောက်ရဲ့အမည်ကိုပေးခဲ့တယ်ဟု ဂုဏ်ပြုပြောကြား သည်။

ကေအန်ယူ ဗဟိုစည်းရုံးရေးဌာနမှ ပဒိုသမိန်ထွန်းကလည်း ကျနော်တို့ အရေးကြီးတဲ့အချိန် ကာလမှာ သူလို လူတယောက် ဆုံးရှုံးသွားတာ တော်လှန်ရေးအတွက်အများကြီး လစ်ဟင်းသွားတယ်။ သူငယ်ချင်း လည်းဖြစ်၊ ရဲဘော်လည်းဖြစ်တဲ့သူ ဆုံးရှုံးသွားတဲ့အတွက် စိတ်ထိခိုက် ရပါတယ်။ ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားတာပဲဟု ပြောကြားသည်။

ဈာပနအခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များ၊ ကေအန်အယ်လ်အေ အရာရှိအရာခံ အကြပ်တပ်သားများနှင့် ကရင်အမျိုးသားများအပါအ၀င် လူ (,၀၀၀) ခန့် တက်ရောက်သည်။

ယခုလ (၁၄)ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ပဒိုမန်းရှာလားဖန်း၏ ရက်လည်ဆွမ်းကျွေးကို လာမည့် (၂၀) ရက်နေ့တွင် ၎င်း၏နေအိမ်၌ ကျင်းပမည်ဖြစ်သည်။

ကွယ်လွန်သွားသည့် ပဒိုမန်းရှာ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို တွဲဖက်အတွင်းရေးမှူး () ဖြစ်သူ ပဒိုထူးထူးလေးအား ကေအန်ယူက တရားဝင်ခန့်အပ်လိုက်သည်။

ဆက်လက်ဖတ်ရူ့ရန်

လသာသောညများတွင် ခံစားချက်များ

လသာသောညတွင် လမင်းလေးသည် ၀င်းဝါတောက်ပလျှက်ရှိပြီး လှပနေပါသည်။ ထိုညများတွင် လမင်းလေး ၏ အလင်းရောင်ကြောင့် အရာဝတ္ထုများကို ကောင်းစွာမြင်တွေ့နိုင်သည်။ လမင်းလေး၏ အလင်းရောင်သည် နေ၏ အလင်းရောင်ကဲ့သို့ မပူစေဘဲ အလွန်အေး မြလှပါသည်။ ထိုညများတွင် ကျမသည် ၀င်းဝါတောက်ပနေ သော လမင်းလေးကို မော့ကြည့်ပြီး အိပ်မရနိုင်အောင် အဖော်ပြုနေပါသည်။ ထိုနောက် လသာသောညတွင် ကျမသည် အိပ်၍မရပဲ အပါးနှင့်အမိုးကို သတိရ လွမ်းဆွတ်တမ်းတ နေမိတတ်သည်။

ကျမသည် လသာသောညလေးများကို အလွန်ကြိုက်နှစ်သက်သူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျမသည် လမင်းလေး၏ အေးမြသောအလင်းရောင်ကိုကြည့်ပြီး မိသားစုကို သတိရသည့် ခံစားချက်က အခြားမဟုတ်ပေ။ ယခု လသာသောညများတွင် ကျမ၏မိသားစုသည် ဘာလုပ်နေသနည်း။ ထိုနောက် သူငယ်ချင်းများကလည်း ယခင်ကလိုပင် ကစားနေတုန်းပဲလား..စသည့် အတိတ်ကအကြောင်းအရာများကို အမျိုးမျိုးပြန်လည် တွေးမိ သည်။ ကျမသည် ငယ်ငယ်တုန်းက အပါးနှင့်အမိုးကို သတိရ ရမည်ကိုမသိ။ ခွဲခွာခြင်းဆိုသည်ကိုလည်း နားမ လည်ခဲ့ပေ။ သို့သော် ယခုတွင် ကျမသည် ထိုအရာအားလုံးကို ကိုယ်တိုင်ကြုံ တွေ့ရ၍ ခံစားတတ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ယခု ကျမသည် မိဘနှင့်ခွဲခွာပြီး တခြားတနေရာတွင် ပညာလာသင်ယူရသောကြောင့် ခွဲခွာခြင်း၊ သတိရခြင်း စသည့်များကို ခံစားတတ် နားလည်လာသည်။

ကျမသည် ငယ်ငယ်လေးကတည်းက အပါး၊အမိုးတို့နှင့် အတူတူအိပ်သည့် အကျင့် မရှိခဲ့ချေ။ ကျမသည် ၅နှစ် ၆နှစ်အရွယ်တွင် မိဘနှင့်ခွဲပြီးသီးခြားအိပ်သည်။ ထိုအချိန်တွင် သီးသန့်အိပ်သော်လည်း တစ်အိမ်တည်း အိပ်ရသောကြောင့် မည်သည့်ခံစားချက်မျှ မခံစားတတ်ချေ။ ကျမ၏ အိမ်ဘေးနားတွင် ကျမ၏ ကြီးမေအိမ် ရှိသည်။ ကြီးမေအိမ်တွင် လူနည်းသောကြောင့် ကျမသည် ကြီးမေနှင့်အတူ သွားနေသည်။ ကျမသည် မောင်နှမ နှင့်အတူအိပ်သည့် အကျင့်မရှိဘဲလား မသိချေ။ ကျမ ကြီးမေနှင့်သွားနေလည်း မည်သည့် ခံစားချက် မျှမခံစား ရချေ။ တခါတရံတွင် အမိုးအိမ်တွင် ပြန်လာအိပ်တတ်သည်။ ထိုနောက် လသာသောညရောက်လျှင် မောင်နှမ များကိုစုပြီး ကစားတတ်သည်။ တခါတရံ သူငယ်ချင်းများစုပြီး ထုတ်ဆီးထိုး ကစားကြသည်။ ထိုညများတွင် ကျမသည် အလွန်ပျှော်ရွင်မိသည်။ အဘယ့်ကြောင့်ဆိုသော် လမင်းလေး၏ အေးမြသော အလင်းရောင်ပေး မှုကြောင့် ကျမတို့ လရောင်၏ အလင်းရောင်အောက်တွင် ကစားရသဖြင့် ပျှော်ရွင်မိသည်။ တခါတရံခြံထဲတွင် သူငယ်ချင်းများနှင့် စကားထိုင်ပြောတတ်သည်။ ပုံပြင်တမ်း ပြောကြ သည်။ ထိုအချိန်အား လုံးတို့သည် ကျမ၏ ပျှော်ရွင်စရာကောင်းသော အချိန်လေးများ ဖြစ်ပါ သည်။

ယခု ကျမသည် မိဘနှင့်ဝေးသောနေရာ တနေရာတွင် ခွဲခွာပြီး ပညာသင်ယူ လျှက်ရှိပါ သည်။ ကျမသည် မိဘ နှင့် ခွဲခွာပြီးဝေးနေသောနေရာတွင် လာနေရသောအခါ ကောင်းစွာနားလည်နိုင်တော့သည်။ အပါးနှင့်အမိုးကို တွေ့ချင်ပါသော်ညားလည်း မတွေ့နိုင်ပေ။ အတူတူပင် အိပ်ချင်ပါသော်ညားလည်း မအိပ်စက်နိုင်တော့ပေ။ ထိုအရာအားလုံးသည် ကံကြမ္မာ၏ လှည့်စားမှုကြောင့်ပဲလားဟု ကျမကိုကျမ မတွေးနိုင်တော့ပေ။ တခါတရံတွင် ကျမကို ကျမအပြစ်တင်မိတတ်သည်။ မိဘနှင့်ပျှော်ရွင်ရမည့် အခွင့်အရေးကို ပြန်လိုချင်တမ်းတမိသည်။ သို့သော် အချိန်သည် လူကိုမစောင့် ဆိုသည့်အတိုင်း ကျမသည် ထိုအခွင့်အရေးကို မသုံးချခဲ့သောကြောင့် ကျော်လွန်သွားခဲ့ပါသည်။ ထိုကြောင့် လသာသောညများတွင် ကျမသည် လမင်းလေး၏ ၀င်းဝါသော မျက်နှာကို ကြည့်ပြီး လမင်းလေးကို အကူအညီတောင်းချင်မိသည်။ အကယ်၍ လမင်းလေးသည် စကားလည်း ပြောတတ် မည်။ သွားလာလှုပ်ရှားမှု ရနိုင်မည်လျှင် အဘယ်မျှကောင်းမည်နည်း။ ထိုအချိန်မျိုးတွင် လမင်းလေးကို အကူအညီတောင်းပြီး သတိရခြင်းများစွာကို လျော့ချချင်မိပါသည်။ သို့သော် လမင်းလေးသည် ကျမကို မကူညီ နိုင်သောကြောင့် အလွန်ဝမ်းနည်းမိပါသည်။

ကျမသည် လသာသောညရောက်လျှင် လမင်းလေးနှင့်အဖော်ပြုချင်သည်။ တခါတရံတွင် ကျမသည် လမင်းလေးကိုမော့ကြည့်ပြီး စိတ်ကူးယဉ် အတွေးကမ္ဘာထဲတွင် နှစ်မျှောသွားတတ်သည်။ စိတ်ကူးထဲတွင် ဟို..မိုးကောင်ကင်မှာ တည်ရှိနေသော လမင်းလေးသည် ကျမနှင့်အတူနေထိုင်ပြီး စကားပြောနေမိသည်။ ထိုစကားဝိုင်းသည် အလွန်ပျှော်ရွင် နှစ်သက်ကြည်နူးစရာ ကောင်းလှပါသည်။ ကျမက အပါးအမိုးနဲ့ အတူရှိစဉ် က လသာသော ညများတွင် မည်သို့မည်ပုံပျှော်ရွင်ခဲ့ရပုံ သူငယ်ချင်းများနှင့် မည်သို့မည်ပုံပျှော်ရွင်ခဲ့ စသည့် စကားများကို ပြောဆိုမိသည်။ ထိုနောက် ကျမသည် မိဘနှင့်ဝေးပြီး ခွဲခွာရသည့် အကြောင်းအရာ မိဘတို့ကို သတိရခြင်းအကြောင်း ပြောဆိုမိသည်။ ထိုအခါ လမင်းကြီးကလည်း မိမိမှာရှိနေသော အလင်းရောင်ကို လူသားတို့အား ပေးရသည့်အတွက် များစွာပီတိ ဖြစ်ရကြောင်း မိမိမှာ ကူညီနိုင်မည့် စွမ်းအားရှိလျှင် ကူညီမည် ဖြစ်ကြောင်း စသည့်စိတ်ကူးယဉ် အိပ်မက်များတို့တွင် နှစ်မျှောသွားတတ်သည်။ သို့သော် လက်တွေ့ အရကြည့် လျှင် ထိုအရာ အားလုံးသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် လမင်းလေးသည် စကားမ ပြော တတ်ချေ။ လှုပ်ရှားမှုလည်း မရချေ။ သို့သော်လည်း ကျမသည် လသာသော ညရောက်လျှင် လမင်းလေး နှင့် အဖော်ပြုရသလို ခံစားမိသည်။ လူများတိတ်ဆိတ် ငြိမ်သက်သည့် လသာသော ညများတွင် ကျမသည် မိဘတိုကို လွမ်းရသော်လည်း လမင်းလေးနှင့်အဖော်ပြုပြီး ခံစားချက်များကို ထုတ်ဖော်တင်ပြရသဖြင့် အနည်းငယ်လျော့သွား သည်။ ထိုနည်းတူပင် ကျမလိုပင် လသာသောညရောက်လျှင် မိဘများကို သတိရ သော သူများလည်းရှိကြမည့်ဟုလည်း ကျမထင်မိသည်။ တချို့လည်း လသာသည့်အရသာကို ခံစားချက်တူ ချင်မှ တူမည်။ ထိုသူအားလုံးကို ကျမ အလွန် နားလည် ကိုယ်ချင်းစာမိသည်။

မိဘများသည် သားသမီးများအပေါ် ထားရှိသောမေတ္တာသည် အလွန်ငြိမ်းချမ်း လှပါသည်။ ထိုနည်းတူပင် လမင်းကြီးသည် လူသားအားလုံးအတွက် အလင်းရောင်ပေးနေသည်လည်း အလွန်ချမ်းမြေ့လှပါသည်။ တချို့သောသူများသည် လသာသောညများတွင် တစုံတခုကို လုပ်မည်( သို့မဟုတ်) တစုံတရာကို သတိရ မည့်ဟု ကျမထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် လသာသောညလေးသည် အလွန်မှတိတ်ဆိတ်ငြိမ်သက်ပြီး ခံစားချက်ကောင်းသော ညကလေးပင် ဖြစ်သည်။ ကျမက ထိုလသာသောညတွင် လမင်းလေး၏ အလင်း ရောင်ကိုကြည့်ပြီး စိတ်ကြည်နူးမိသည်။ ထိုကြောင့် လမင်းလေးနှင့်အတူ ထိုင်ပြီး စကားပြောမိသလို အဖော်ပြုနေသည်။ ထိုအချိန်တွင် လောကကြီးကို မေ့လောက်အောင် ပျှော်ရွင်မိသည်ဟု ခံစားရသည်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်


ကြယ်စင်စု


အင်္ဂါနေ့ည

သီတင်းကျွတ်လမှာ

ကောင်းကင်ယံက

ကြယ်စင်နှင့်လမင်းလေးကို

ငါ…ငေးကြည့်မိရင်း…..

ငြိမ်းချမ်းမှုဘယ်မှာလဲ …တွေးနေမိတယ်။


လှပစွာ ….

ရှင်သန်နေတဲ့ တောအုပ်

ကျောက်ဆစ် ကျောက်ခဲဖြင့်

ဖွဲ့စည်းထားတဲ့ လှိုင်ဂူ

အစဉ်မပြတ် …

စီးဆင်းနေတဲ့ ရေတံခွန်

အဲ့ဒါတွေကို

ငါ…မြင်ချင်မိတယ်။


ချိုသာဖွယ်ကောင်းတဲ…ဂီတသံစဉ်တွေ

မင်္ဂလာရှိတဲ့ ……စကားတွေ

ပျားရည်ပမာ..ချိုသာတဲ့ အပြောတွေ

အဲ့ဒါတွေကို

ငါ…ကြားချင်မိတယ်။


ဒါပေမယ့်…အိုး

ငါ..မျက်လုံးထဲမှာ…

သေနတ်ဒဏ်ရာတွေနဲ့

ဒုက္ခိတဖြစ်သူများစွာ…

စစ်ဘေးဒဏ်ကြောင့်

ဆာလောင်ငတ်မွတ်သူတွေ

မိမဲ့ဘမဲ့.. လူများကိုသာ

ငါ… မြင်နေရတယ်။


ထိုနည်းတူပင်..

စားဝတ်နေရေးကြောင့်.. ညည်းသံတွေ

မူးယစ်ပြီး …ဆဲဆိုသံတွေ

နားထဲမှာ ..သံရည်ပူလောင်းထည့်သလိုမျိုး

အဲ့ဒီအသံကိုသာ

ငါ..ကြားနေရတယ်။


ငါ့မျက်လုံးရှေ့မှာ…

မြင်နေရတဲ့… ကြယ်စင်စုလေးတွေ

ဒီကမ္ဘာလောကသားတွေကို

ငါ…စုစည်းညီညွှတ်စေချင်တယ်။


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

(KNU)အထွေထွေအတွင်းရေးမှူး လုပ်ကြံခံရ၍ သေဆုံး

ရိုးမ ၃။ ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈

.

ကရင့်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ သေနတ်ထိမှန်၍ ယနေ့ညနေ (၄း၄၀) နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။

မဲဆောက်မြို့နေအိမ်တွင်ရှိနေစဉ် အမည်မသိလူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခဲ့ခြင်း ဖြစ်သည်။

“လက်ထဲမှာ သစ်သီးခြင်းပါတယ်၊ သေနတ်သံကြားရတယ်၊ နှစ်ချက်ပစ်တယ်၊ ကျနော့်ကို တစ်ချက်ပစ်တယ်၊ ကားနံပါတ်က (၄၂၅)၊ နက်ပြာရောင်ပါ၊ ကရင်လား၊ ဗမာလားတော့ မသိ ဘူး။ တယောက်ကတော့ ကရင်လိုပြောတယ်”ဟု (KNU)အတွင်းရေးမှူးရုံးအဖွဲ့ဝင် မျက်မြင် သက်သေက ပြောသည်။

ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကိုမူ မသိရသေးသော်လည်း ထိုင်း အာဏာပိုင်များက သဲလွန်စရှာဖွေကာ တရားခံများကို အပူတပြင်း ရှာဖွေနေဆဲဖြစ်သည်။

“SPDC က ကရင့်ခေါင်းဆောင်တွေကို လုပ်ကြံဖို့ စီမံချက်ရှိတဲ့သတင်း လွန်ခဲ့တဲ့ တလလောက် ကတည်းက ရထားတယ်။ လုံခြုံရေးမရှိချိန်လည်း ဖြစ်နေတယ်” ဟု (KNU) မှ ဖဒိုဇ်ာနောင်က ဆိုသည်။

ညနေစာ ထမင်းစားပြီး အိမ်အပေါ်ထပ်တွင် အနားယူနေစဉ် သေနတ်သမားများက အိမ်ပေါ် တက်ကာ ပစ်ခတ်ခဲ့ပြီးနောက် နက်ပြာရောင်ကားဖြင့် ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။

ဖဒိုမန်းရှာလားဖန်သည် ကွယ်လွန်ချိန်တွင် အသက် (၆၄) နှစ်ရှိပြီး သားသမီး ၄ ဦး ကျန်ရစ်ခဲ့ သည်။

ဆက်လက်ဖတ်ရူ့ရန်

ယုန်လေးတတ်သလောက်မှတ်သလောက်ပဲ ဖြေလိုက်တယ်နော်ဟဲဟဲ


သားဖြိုး: ကျွန်တော်တို့ ဒီနေ့ညမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် ဘလောဒ်ဂါညီအစ်ကို မောင်နှမများ ပျော်ရွှင်စရာ ကစားပွဲလေးတစ်ခု ကျင်းပပါမယ်...
*********************************************************

ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း()ချက် ရှိပါတယ်....

(
) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့
အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။

(
) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။

(
) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့်
အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို
ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ
ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို
ဘာလက်ဆောင်များပေးကြမလဲ။

အဲ့ဒီ ()ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။

(
) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်
စာသားလေး အဖြစ်ပြောင်းရအောင်။

အဖြေ= ယုန်ဆိုတဲ့မင်းကို ကိုက လေးနက်စွားနဲ့ ချစ်နေတာပါနော်…ယုန်ကလေးရယ်…..

ဥပမာ... ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။

အချစ်နဲ့ ပက်သတ်မိသမျှ "လွမ်း" ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။
ဒါပေမယ့် နင် "စေ" သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။

*
စည်းကမ်းချက်*
ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။

(
) ချစ်သူ့ အခေါ်ဝေါ်လေး။

အဖြေ= ယုန်လေးလိုခေါ်ပါလို ပြောလည်း ကိုက စကားမပီတော့ ယုံ…..လင်းလို ထွက်လည်း ယုန်လေးက အကို့ကိုပဲ ချစ်နေမှာပါ။

ဥပမာ... ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ်
ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။

"
မောင်" ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။
"မျိုး"မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။

*
စည်းကမ်းချက်*
ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။

(
) ချစ်သူ့လက်ဆောင်။

လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။
ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။
တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့
ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။

ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။

ယုန်လေးဖြေတဲ့ အဖြေများ။ ။

(၁) တစ်ခါတလေ ပညာရေးကြောင့်နဲ့ ကို့ကို ယုန်လေးခွဲရမယ်။

(၂)နှစ်သစ်ကို ယုန်လေးမျှော်နေမယ်နော်။ ပြန်ဆုံကြဖိုအတွက်ပေါ့ကိုရယ်….

(၃)သုံးနှစ်ဆိုတဲ့ ကာလဟာခဏတာလေးပါ ကြိုးစားလိုက်စမ်းပါကိုရယ်….

(၄)လေးစားပါတယ် ကိုရယ်……ယုန်လေးသိတိရနေမှာပါ…

(၅)ငါ…မြတ်နိုးတဲ့ အချစ်ကို…မင်းမလုချင်စမ်းပါနဲ့နော်....

(၆)ခြောက်ခြားစွာနဲအိပ်မက်ထဲမှာ…လှန့်နိုးခဲ့တယ်....

(၇)ခွန်အား ညဏ်ဏ ဇွဲ လုံးလ ၀ရီယအရာ အားလုံးကို အသုံးချပြီး ပညာကိုသာ အဓိကထားပါနော် ....

(၈)ရှစ်ကောက်ကျိုးတဲ့ မျက်နှာနဲ့ ယုန်လေးကို မကြည့်ပါနဲ့ ကိုရယ်…..

(၉)ကိုးကွယ်တယ်ဆိုတဲ့စကားကို ယုန်လေးမပြောချင်တော့ပါဘူးကိုရယ်….

(၁၀)ဆယ်ကမ္ဘာလောက် မဝေးဘူးလို့ပဲ ယုန်လေးသတ်မှတ်ပါတယ် ကိုရယ်…..

()တစ်သက်တာ ထာဝရ
(
)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်
(
)သုံးနှစ်သုံးမိုး
(
)လေးလေးနက်နက် စောင့်ခဲ့ရသူမို့
(
)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ
(
)ခြောက်ကပ်စွာ
(
)ခွန်အားတွေ မဲ့ပြီး
(
)ရှစ်ခွင်နယ်တစ်ခုလုံး
(
)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်
(
၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ
တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။

အဲ့လိုပေါ့ဗျာ။

*
စည်းကမ်းချက်*
ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။
.........................................................................................

ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။

ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)ဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ်
ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ
ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့
တစ်နေ့လုံး အမှတ်ပေးမှာပါ။

အမှတ် အများဆုံး ရရှိသူ ()ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ်
သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။

ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။
အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း
ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။
*****************************************************************************************************************

ကျွန်တော် လက်လှမ်းမှီသလောက် ဘလော့ဒ်ဂါတွေကို မေးလ်ပို့ထားပါတယ်။ ကျွန်တော့်ကို ကူညီပြီး ဒီကစားနည်းလေးကို ဘလော့ဒ်ဂါ အားလုံးထံ မေးလ်ပြန်ပို့ပေးကြပါနော်။

ဆက်လက်ဖတ်ရူ့ရန်


အချစ်စာလုံး

စာရွက်ဖြူပေါ်မှာ

အချစ်ဆိုတဲ့စာလုံးကို

မကြာခဏဆိုသလို

ငါတွေ့ခဲ့တယ်။

လူတွေပြောဆိုသံလည်း

ငါ့….ကြားခဲ့တယ်။

တချို့လူတွေက

ဘယ်မှာသုံးသလဲ

ရည်းစားထားတဲ့ နေရာမှာပေါ့၊

ကျောင်းသူ၊ ကျောင်းသားတွေက

ဘယ်မှာ သုံးသလဲ

ကျောင်းနဲ့ ပြည်သူတွေကိုပေါ့။

ပိုးတဲ့နေရာလည်းမတူ

လူတွေထဲရောက်

ကျောင်းသူ၊ ကျောင်းသားတွေထဲရောက်။

လူတွေကြားမျှော

ကမ္ဘာမှာအနှံ့ ရေးသုံးထား၍

နှစ်သက်မှုများကြတယ်လေ….။

ငါ…ကတော့

သာယာတဲ့ကမ္ဘာပေါ်

နူးညံ့တဲ့ အပြုံးမျက်လုံးနဲ့

ကြည်လင်တဲ့မိုးကောင်းကင်အောက်

ရဲရင့်ပြီး သတ္တိရှိတဲ့သူတွေရယ်…

ကိုယ်ကျိုးမဖက် ငြိမ်းချမ်းရေးတိုက်ပွဲထဲ

အာဇာနည်စိတ်ဖြင့် ပါဝင်ဆင်နွဲသူကို

ဒီစာလုံးနဲ့

လေးစားခြင်းများစွာနဲ

ငါ….

သုံးပြုခဲ့မိတယ်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်


ဆက်လက်ဖတ်ရူ့ရန်
ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ



ဤနေရာမှ ရယူပါ
**************

ဆက်လက်ဖတ်ရူ့ရန်

စနစ်ရဲ့ ဆိုးကျိုး

ကိုယ့်ဘ၀နဲ့ ကိုယ်တောင် မဝေခွဲနိုင်တော့

ဘာတွေကို သွားပြီး ပိုင်းခြားနိုင်မှာမို့လို့လဲ

ပြောင်းလဲမှု စနစ်ဆိုတာ

ငါ့စိတ်ထင်

ဘာမှမလုပ်ရှားပဲနဲ့

တကယ်မဖြစ်လာတဲ့ အိပ်မက်။


ခုချိန်မှာက

ငြိမ်းချမ်းတဲ့ဘ၀ဆိုတာ သုသန်တစ်စ

ခမ်းနားတဲ့ စင်မြင့်ဆိုတာက နေပူကျဲကျဲထဲမှာ

ကြီးမားတဲ့ အတွေးအခေါ်တွေက လမ်းဘေးက အမှိုက်ပုံထဲမှာ

မြင့်မြတ်တဲ့ ကျင့်စဉ်တွေက နံရံလေးဘက်ကိုမလွန်ဘူး

စစ်မှန်တဲ့ အယူအဆတွေက သွေးအိုင်ထဲလဲလျောင်း။

ကာလသုံးပါး တိုက်ပွဲသံတွေနဲ့

ဗြောင်းဆံအောင် `က` နေရတဲ့

ငါတို့တွေဟာ သံပိုက်လုံးထဲ

ပြွတ်ထည့်ထားတဲ့ ဖါးသူငယ်တွေလိုပဲ

ဘ၀ကပေးတဲ့ ဇောတွေကြောင့် မောပြီးရင် ထပ်မောလို့

ဒီဘက်ပုန်း ဟိုဘက်ပြေးရင်းနဲ့ အသက်ရှုကြပ်ရတဲ့အထဲ။

ခွေးမည်းတွေက နောက်ကဟပ်

ထွက်ပေါက်က ဘယ်နေမှန်းမသိတော့

အသားတွေက အစစီပတ်ကျ

သွေးတွေ တစိမ့်စိမ့်ယိုဆီး

နောက်ဆုံးတော့ ဇီဝတနဲ့ရုပ်

တစ်လမ်းစီ ခရီးဆက်ကြရ။



အဝေးက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာ

ဒီကဗျာကို ကိုနေဘုန်းလတ်အတွက် ရည်စူးပြီးတင်လိုက်တာပါ။


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

တမနက်ကမ္ဘာ


မရေရာဘဲ စမ်းချောင်းနံဘေးမှာ

ငါထိုင်မိနေခိုက်၊ အတွေးများက

အတွေးကမ္ဘာထဲ ၀င်လာမိတယ်။


တသွင်သွင် စီးဆင်းနေတဲ့

စမ်းချောင်းရေများက

ငါနဲ့အတူ အဖော်ပြုနေပေးတယ်။


ရောင်စုံလိပ်ပြာနှင့် ပုဇဉ်းများက

ခေါက်တုန့်ခေါက်ပြန်လူးလာပျံသန်းရင်း

စမ်းချောင်းကလေးကို အဖော်ပြုပေးတယ်။


ကျေးငှက်ကလေးတွေက

သာယာချိုမြသောတေးသံများနှင့်အတူ

ပတ်ဝန်းကျင်ကို အဖော်ပြုပေးတယ်။

နောက်ဆုံးမှာတော့

တသွင်သွင်စီးဆင်းနေတဲ့စမ်းချောင်းကလေး

ရောင်စုံလိပ်ပြာနှင့် ပုဇဉ်း

တေးသံများနှင့်ငှက်ငယ်များ

အားလုံး…အားလုံးက ငါနှင့်အတူ

တမနက် ကမ္ဘာကို ဖန်တီးကြတာပါ။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates