
လူအများစုလက်ခံယုံကြည် ထားသည်နှင့် ကွဲလွဲသည့်အချက် တစ်ချက်ကို သုတေသနပညာရှင် များက တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိ ချက်မှာ အမျိုးသားများသည် အမျိုး သမီးများထက် ပိုစကားများသည် ဆိုခြင်း ဖြစ်သည်။အမျိုးသမီးများသည် အမျိုး သားများလောက်စကားမများသော် လည်း ၄င်းတို့ ပြောစကားများ သည် လမ်းကြောင်း အမျိုးမျိုးပြောင်းလျက် စိတ်ကူးကြွယ်ကြွယ်နှင့် ပြောဆိုနိုင် ကြသောကြောင့် အမျိုး သမီးများ ပြောသည့် စကားကို နားထောင် ချင်စရာပိုရှိကြောင်း သိရသည်။ ထို အ ချက်ကို မန်ချက်စတာ တက္ကသိုလ်မှ စိတ်ပညာရှင်ဂျော့ဖ ရေးဘိဘီက လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်ကာ ၄င်းက အမျိုးသမီးနှင့် အ မျိုးသားတို့၏ ဆက်သွယ်ပြောကြား မှုများကို လေ့လာမှု ၅၆ ခုပြုလုပ် သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် အမျိုးသားများဝိုင်းဖွဲ့စကားပြောနေ သည်များနှင့် အမျိုးသမီးများ စကား ပြောနေသည်များကို အသံဖမ်း ထား သည့် စကားပြောခန်း ၅ဝ မျှပါဝင် ပြီး ထိုအသံဖမ်းထားသည်များကို လေ့လာခဲ့သည်။၎င်းက အမျိုး သမီးများသည် စကားအပြောအဆိုကို လွန်စွာ သတိ ထားပြောကြပြီး မှန်းဆရန် ခက်ခဲသည်။ အမျိုးသား များမှာမူ အခြေအနေအရ ကောင်းသည်၊ ထူးသည်များကို ချီးကျူးလေ့ရှိသ ဖြင့် မှန်းဆရလွယ်သည်။ စစ်တမ်း အရ အမျိုးသားများပြောမည့် စကား ၏ ၈၁ ရာခိုင်နှုန်း မှာ မှန်းဆနိုင်ပြီး အမျိုးသမီးများပြောစကားမှာမူ မှန်းဆရနိုင်ခြေမှာ ၇၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။အမျိုး သားများသည် စကားပို များသော်လည်း လူမှုရေး အရသော် လည်းကောင်း၊ စိတ်မပါဘဲ ရောက် တတ်ရာရာပြော၍သော်လည်း ကောင်း၊ သုံးပြီးပြောပြီးစကားများ ကိုပင် ထပ်ခါတလဲလဲပြော၍သာ နေတတ်ပြီး သတင်း အချက်အ လက်အသစ်မပါသဖြင့် နားထောင် ထိုက်ခြင်းမရှိဟုဆိုသည်။အမျိုးသမီးများ၏ ပြောစကား မှာမူ အစဉ်အလာအရ လက်ခံလာ ခဲ့သည်များ ထက်ပိုပြီး နား ထောင် ချင်စဖွယ်အ ချက်အလက်အမျိုးမျိုး ပါဝင်ကြသည်။
ZMO, Ref: Dailymail
0 comments:
Post a Comment