
" * ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး။ " နိုင်ငံရေးဆိုတာ ဘာလဲတဲ့"
မောင်ဖြူစင်ကသူ့ဖခင်အား အကူအညီတောင်းလိုက်သည်။ဖခင်က*…*
*" * အေး သားသား သဘောပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊
ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေ က ဒီပိုက်ဆံ တွေကို စနစ်တကျ စီမံခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရ လို့ခေါ်နိုင်တယ်။
ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊
ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်။
သားရဲ့ ညီလေး ကိုကျတော့ အနာဂတ်လို့ခေါ်ရမယ်။
ရှင်းရဲ့လားသား။
အိမ်ဖော်မလေးကတော့ တစ်အိမ်လုံးရဲ့  အထွေထွေ အလုပ်တွေ လုပ်ပေးရတယ်။
ဒီတော့ အလုပ်သမား လူတန်းစားပါ့။
ဒါဟာနိုင်ငံရေးပဲ"
*
*
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံ အချိန်တွင် မောင်ဖြူစင်လေးသည်ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်အညစ် အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့အမေအိမ်ခန်းသို့ တခါးဖွင့်ဝင်ကြည့်ရာမိခင် တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကို လှုပ်နှိုးသော်လည်း မနိုးသဖြင့်အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက် အိပ်နေသော ဖခင်ကိုတွေ့လိုက် ရတယ်။
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီးအိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ….
*" *ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ်"
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်။
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော် သူငယ်ချင်းစာသင်သား တွေကို ပြောပြလိုက်တာက…
*" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊
အစိုးရကတော့ အိပ်နေတာပဲ၊
ပြည်သူကို လုံးဝ ပစ်ထားတယ်၊
အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ*"
ဟစ်တိုင်မှ ကူးယူဖော်ပြသည်..
0 comments:
Post a Comment