ကြွက်ထောင်ချောက်"

ကြွက်ထောင်ချောက်"

ညီလေးတယောက်ပို့လာတဲ့ပုံပြင်လေးလက်ဆင့်ကမ်းလိုက်ပါရစေ။

ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူပြည်သားတိုင်း ဆင်ခြင်သင့်တဲ့ အတွေးအခေါ် တရပ်ပါပါ တယ်။ဒီထက်ပိုပြောရရင် လူသားတိုင်းရဲ့ အရေးဟာလူသားတိုင်းနဲ့ သက်ဆိုင်ကြောင်းခံယူ နိုင်ကြစေချင်ပါ တယ်....

လက်ရှိအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ မိမိကိုတိုက်ရိုက်မထိသေးလို့ မိမိနဲ့မဆိုင်ဘူးလို့မှတ်ထင်နေပြီး နိုင်ငံ့အရေးကို ခေါင်းရှောင်နေကြတဲ့သူတွေ သန်း၅၀ကျော်ရှိပါတယ်။ အာဏာရှင်ဆိုတာ သူ့အာဏာခိုင်မြဲဖို့ အတွက်လိုအပ်လာရင်ဘယ်သူ့မှမချန်ပါဘူး။။။။။။ပုံပြင်လေးနဲ့နှိုင်းယှဉ်ကြည့်ကြပါ......


"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမားလင်မယား၊ အထုပ်တစ်ထုပ်ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူစိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲကတစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီးအစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။

အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီးပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော်အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်းထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာအကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်းရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ ဗြောင်းဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေးညံသွားတယ်။ အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ကြွက်ထောင်ချောက်ရှိတဲ့ဆီ အတင်းကိုပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့အမြီးညပ်လို့ ဒေါသတချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။သူတို့တွေကို ကျွေးဖို့မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကိုစီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲကတစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီးဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲကတစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။



ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။


"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"

"If you are neutral in a situation of injustice,you have chosen to side with the oppressor."
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)



ကျွန်တော့်ဘ၀မှာလည်း အမြဲမှတ်မိနေတဲ့စကားတခွန်းရှိပါတယ်။ ပြောခဲ့တဲ့သူကကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးပါ။ ကျွန်တော့်ကိုအရမ်းချစ်သလောက် အရမ်းထိန်း ချုပ်ဖို့ကြိုးစားလို့ ကျွန်တော်ကသူ့ကိုအမြဲ ကလန်ကဆန်လုပ်လေ့ရှိပါတယ်။အကြောမတည့်ဘူးပေါ့ဗျာ။။။။။။။ ဒါပေမယ့်သူပြောသမျှ ဆုံးမစကားတွေထဲမှာ ကျွန်တော်ခုထိမှတ် ထားတဲ့စကားတခွန်းကတော့

"တာဝန်သိသူမှာပဲတာဝန်ရှိတယ်" တဲ့

လူသားတိုင်းမှာ မိမိလူ့အဖွဲ့အစည်းနဲ့ လူသားထုတရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊လူအခွင့်အရေးနဲ့ တရားမျှတရေးတို့ကို ထိန်းသိမ်းကာကွယ်ဖို့တာဝန်ရှိကြောင်း သိကြပါစေဗျာ.. .။။။။။။။။။။။။။။ဘဘသန်းရွှေကြီးနဲ့အပေါင်းအပါတွေလည်းပါသပေါ့.....


အကိုတစ်ယောက် မေးလ်မှာပို့လိုက်တာပါ။ အားလုံးသိရအောင်လို့ တင်ပေးလိုက်တယ်နော်။ သူငယ်ချင်း တွေအားလုံး ဗဟုသုတတခုရရင် ကျေနပ်ပါပြီး။.....

ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်

ဘာသံပါလိမ့်....

ညီမလေးတော့ အလုပ်ထွက်ရတော့မလိုဖြစ်နေပြီး...

အင်း ခက်တော့ခက်တော့တာပဲ။ အမေ့ရောဂါကလည်း နာတာရှည်ရောဂါဆိုတော့ တစ်ယောက်ယောက် အနားကို ရှိမှဖြစ်မယ်၊...

လူတစ်ယောက်ငှားပေးရင်ကော...

ဘယ်ဖြစ်မလဲဟယ်... ဘယ်သူကနေချင်မှာလဲ ချေးသေးကိစ္စက ရှိသေးတယ်၊ ...

စဉ်းစားကြအမတို့ရာ ညီမတော့ ဦးနှောက်ခြောက်လာပြီး အလုပ်ကလဲ ခွင့်ယူရလွန်းလို့ ပြုတ်တော့မယ်။...

ညီမတတွေ ခေါင်းချင်းဆို၍ တိုင်ပင်နေကြသည်ကား မိခင်ဒေါ်ဆွေအတွက်ပါ၊ မိခင်ကြီးသည် ကင်ဆာရောဂါ ဖြင့် ဆေးရုံတင်ထားရရာမှ ဆရာဝန်လက်လွှတ်လိုက်လေပြီ။ ဆေးရုံသို့ပင်သွားမပြနိုင်တော့ဘဲ အိပ်ယာထဲ မှာ တုံးလုံးလဲနေသည်မှာ ငါးလခန့်ရှိပြီ။

သားသမီးခြောက်ယောရှိရာ အားလုံးအိမ်ထောင်သည်များ ဖြစ်ကြသည်၊ အကြီးငါးဦးက သီးခြားနေကြကာ သမီးအငယ်ဆုံးကာမှု အိမ်ထောင်ကျသော်လည်း မိခင်အိမ်မှ ခွဲမသွားဘဲ အတူနေခဲ့သည်။ ဒေါ်ဆွေဆွေနေ မကောင်းတော့ ကျန်သားသမီးများက မိခင်နေရာအိမ်သို့ အလျဉ်းသင့်သလို လာရောက်ပြုစုကြသည်။ ဒိုင်ခံ ပြုစုနေသူကား အတူနေသမီးငယ်သာတည်း။

ယခုတော့ အငယ်ဆုံး အေးမို့မှာ အလုပ်ထွက်ရတော့မလိုဖြစ်နေ၍ ညီမများဆုံခိုက် တိုင်ပင်နေကြခြင်းပါ၊ သို့သော်အဖြေကတော်တော်နှင့် မထွက်။ အကြိတ်အနယ်ဖြစ်နေကြသည်။

ညီမလေးပြုစုတာကြာပါပြီး အခုအလုပ်က ထွက်မှ ဆက်ပြုစုလို့ရတော့မှာဆိုတော့ ထွက်လို့မဖြစ်သေးဘူး။ ဒီတော့ အမေ့ကိုတလှည့်စီ တာဝန်ယူကြပါအုံး...

မည်သူမျှအသံထွက်မလာကြ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အဖြေစောင့်နေကြသည်။ မည့်သူ ထံကမှ အဖြေထွက်မလာ။ သက်ပြင်းချသံများသာ လွှမ်းမိုးနေသည်။

တကယ်ဆို သားသမီးခြောက်ဦးမှာ နှစ်ဦးက ချမ်းသာသည်။ ကုမ္ပနီလုပ်ငန်းရှိသည်။ တိုက်ရှိသည်။ သို့သော် သူတို့ခမျာ မအားရှာ။ သူတို့ကပင် မိခင်ထံပို၍ မလာနိုင်ဖြစ်နေခဲ့ကြ၏။ ကျန်သူတွေကလည်း သူတို့အကြောင်းနှင့် သူတို့မအားကြပြီမို့ အတူနေအေးမို့မို့ သာလျှင် အလုပတစ်ဘက်နှင့် မိခင်ကိုအနီးကပ် ပြုစုနေ ရသည်။

အတူနေမို့ အထူးပြုစုရသည်မှာ မှန်ပါ၏။ သို့သော်သူမလည်း သူမ ယခုညည်းရှာပြီ။ အလုပ်ပြုတ်မည်ဟုပင် ပြောနေပါပြီ။ အားလုံးငြိမ်သက်နေဆဲ။ အမေ့အရေးကိုယ့်အတွေးနှင့်ကိုယ် ။ တာဝန်ယူမည့် သူရဲကောင်းက မပေါ်သေး။

ထိုစဉ်အခိုက်...

အိပ်ခန်းတွင်မှ အေးမို့မို့၏ခင်ပွန်း ကိုချစ်ပန်းထွက်လာ၏။ ညီမတစ်သိုက်ကိုကြည့်၍ တိုးတိုးလေး ပြောသည်။

အမေဆုံး...တဲ့

ဟာ...ဟင်...အို...

အသံများနှင့် တစ်ဆက်တည်း အမယ်လေး...အမေရဲ့.အော်သံနှင့်အတူ တဟီးဟီးငိုသံများ ဆူညံသွား၏။ ငိုချလိုက်သည့် ညီမတသိုက်ကို ကြည့်ရင်း ကိုချစ်ပန်း တိုးတိုးလေး ရေရွတ်မိလိုက်သည်ကား

ဟင် အခုမှ အသံထွက်ကြ ...

ဟူလို့...

မောင်သွေးရင့်

ဘာမှတော့မဟုတ်ပါဘူး။ ကျမ လုံမလေး မဂ္ဂဇင်းစာအုပ်ကနေဖတ်ပြီး သဘောကျသွားလို့ပါ။ သမီးတွေအ များကြီးရှိတဲ့မိခင် တစ်ယောက်ဟာ သားသမီးများကို အရွယ်ရောက်လာတဲ့အထိ ပြုစုကျွေးမွေးခဲ့တယ်။ တကယ့်တကယ်စဉ်းစားကြည့်ရင် ကျမတို့မိဘတွေ ဟာ ကျမတို့ပေါ်တာဝန်ကျေမွန်ခဲ့တယ်၊ ဒါပေမယ့် သားသမီးတွေဟာ မိဘအပေါ်ဘယ်လောက်ပဲ ပြုစုနေပါစေ။ တာဝန်ကျေနိုင်မှာ မဟုတ်ဘူး။ အခုလည်း သူတို့ ညီမအတွေဟာ အသင့်အတင့်နေနိုင်ကြလျက်နဲ့ မိခင်ကို ပြစ်ထားရက်တယ်၊ သမီးထွေးလေးကလည်း မိခင် ထက် အလုပ်ကို ပိုချစ်တာကို တွေ့ရတယ်။ နောက်ဆုံးကျတော့ မိခင်သေဆုံးသွားတာကို သိမှ အသံတွေ ထွက်လာကြတယ်။ ဘယ်လောက်ကြေကွဲစရာကောင်းသလဲ။ အခုတော့ သူတို့တွေ မိခင်ကို ပြုစုချင်ပါတယ်။ ကျွေးချင်ပါသော်လည်း ဘယ်မှာသွား ကျွေးမှာလဲ။ မိဘဆိုတာ ကျမတို့ ဗုဒွဘာသာနဲ့ကြည့်ရင် ဘုရားတဆူလို ပဲ ရိုသေကြတယ်။ ကျမဒီစာကို ဖတ်ပြီးခံစားရလို့ပါ။ သူငယ်ချင်း တို့လဲ တခုခုခံစားရမှာပဲလို့ ထင်ပါတယ်။.....

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ


"ငါ့ကိုမခေနဲ…. မခေါ်ကြပါနဲ" ဟူသော အသံနက်ကီးကို ယမနှ်စိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာကားခဲ့ကရသည်။နောက်တနေ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော န္ဓာကိုယ်ကီးကိုသာ သူအိပ်ရာထက်တွင် မြင်တွေ့ကြရ

"သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကီးတွေကိုကော လူကီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှိာုက်ခဲ့ တာပေါ့ဗျာ" ဟု သူအိမ်နီးချင်း တဦးက ဆိုသည်။ ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူအမည်ရင်းက မောင်မောင်။ သိုသော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကောင့် သူကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။

လူတွေသိအောင်ဖွပေးလိုက်ပါ..အဲဒီလိုဖြစ်တတ်တယ်ဆိုတာ "ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ ကျော်ဟိန်းညီ ဇော်ဇော် တိုလိုပုံစံ" ဟု သူကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲအပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သိုသော်လည်း သူအကျိ စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။"ကျနော့် ဆိုင်ကယ်ထဲက စက်ပစည်းတွေတောင် ဖြောင်ဖူးတယ်ဗျ" ဟု သှူင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခငှ်စ် စက်တင်ဘာ အရေးတော်ပုံကာလ မေတာပို လမ်းလျှောက်ကသည့် သံဃာမျာှးင့် လူထုကှိုမ်နင်းရန် "စွမ်းအားရှင်" ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃှာင့် ပြည်သူ လူထုကို အသားလွတိုကှ်က်ကန်ကျောက်ဖိုဆိုသည်က အနညှ်းင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရုံ ဒါမှမဟုတ် အကျိ စီးပွား တခုခုရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖိုဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေသူတို အတွက် မလွယ်လှ။

အချပ်မှာတေှာ့စ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ အပြစ်မဲ့ သံဃာမျာှးင့် ပြည်သူလူထုကိုကှ်ကှ်ိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူအိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူပုံကိုဂိဟ်တုပ်မြင်သံကားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာမျာှးင့် လူထုကို ရက်ရက်စက်စကိုကှ်က်နေသည်ကို မြင်ရသည် ဟု သူအိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူပတ်ဝန်းကျင်က သူကို စက်ဆုပ်ရွံရှာကုန်ကသည်။ ဗုဒဘာသာဝင် တဦးဖြစ်လျှကှ်င့် လက်နက်မဲ့ သံဃာများကိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေအပြောမလုပ်ချင်ကတော့။

ကောလာဟလများကလည်း ပျံ့နှံနေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာမျာှးင့် လူထုကှိုမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ကံ့ဖွံမျာှးင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကဉ်လိုက်ကပီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျငှ်င့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာမျာှးင့် လူထုကှိုမ်နင်းအပီး ပတ်ခန်ကာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။


"
မိတ်ဆွေများ ဖတ်ကည့်ကပါ။သုံးသပ်ကပါ။မကောင်းမှု့လုပ်သူရဲဇာတ်သိမ်းကိုကည့်ရှု့ကြပါ။
တကယ့်အဖြစ်အပျက်ပါ။ မယုံရင် နီးစပ်ရာမှ စုံစမ်းိုင်ပါသည်။ "

လူရိုင်း

ဆက်လက်ဖတ်ရူ့ရန်

အလွမ်းညများစွာနှင့်ကျမ



အိမ်လေးသုံးလေးအိမ်နှင့်မထင်မရှားသော်ညားလည်း ကျမတို့ငယ်ငယ်လေးကတည်းက ကျမတို့ အမိုးနှင့်အပါးက ရွာတ ရွာလို့ ခေါ်ကြတာကို ကျမသိလာခဲ့တယ်။ တကယ်တော့ ကျမရဲ့ မိုးမိုးက ဒီရွာကမဟုတ်ဘူးတဲ့။ ဒါဆိုရင် ဘယ်ရွာကလဲ။ ကျမလည်း ကျမမိုးမိုး ရွာကိုတော့သိချင်တယ်လေ။ မိုးမိုးပြောပြချက်အရ မိုးမိုက တခြားရွာကတဲ့ ကျမပါပါနဲ့အိမ် ထောင် ကျမှ ဒီနေရာကို လာနေရတာတဲ့။ ကျမဒီနေရာကို သိပ်မုန်းတာပဲ။ အိမ်ကလည်း အားလုံးပေါင်းမှ လေးအိမ်ပဲရှိတာကိုး။ လူတွေလည်းအဲ့ဒီလိုပါပဲ။ အားလုံးမှ အယောက်နှစ် ဆယ်တောင်မပြည့်ဘူး။ သစ်ပင်တွေက ကျမတို့ရွာတခုလုံးကို ပိန်းထူ အောင်ကာရံထားသလိုပါပဲ။ မနက်လည်း မနက်လိုမထင်ရ။ ညရောက်တော့ပိုဆိုးတာပေါ့။


ခြင်တွေ ဖြုတ်တွေ ဆို ပေါ့မှပေါ့။ ဒါကို မိုးမိုးက ဒီရွာမှာ နေချင်တယ်တဲ့။ ပါးပါးကို သိပ်ချစ်တဲ့မိုးမိုးကတော့ နေချင်မှာပေါ့ လေ။ ကျမကတော့ ဒီရွာကိုစိတ်ကုန်လှပါပြီး။ ရွာမှာရှိတဲ့လူတွေက ညဖက်ကျရင် ရွာထဲမှာ မအိပ်ကြဘူး။ မိုးကာတွေ စောင်တွေ ယူပြီးတော့ တောထဲမှာသွားအိပ်ကြတယ်တဲ့ ကျမဘယ်လိုလုပ်သွား အိပ်ချင်မှာလဲ။ ကိုယ့်အိမ်ရှိလျက်နဲ့ မအိပ်ရတဲ့ဘ၀ကို ကျမလည်း မလိုလားသလို ကျမသူငယ်ချင်းတွေ ကလည်း လိုလာမယ်လို့ မထင်ပါဘူး။ ဘာလို့ အပြင် မှာသွားအိပ်ရသလဲလို့ မိုးမိုးကိုမေးတော့ အော် ဖိုးမုရယ် မိုးမိုးတို့ရွာက သူများရွာတွေလို မဟုတ်ဘူးလေ။ ရန်သူလာရင် ပြေးရမှာပဲ မဟုတ်ဘူးလား။


ပြေးရတင်မကဘူး သူတို့လာရင် မိုးမိုးတို့ အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်တာ တယောက်မှ ညှာတာမဟုတ်ဘူး။ အဲ့ဒါကြောင့် လုံခြုံတဲ့နေရာကို သွားအိပ်ရတာပေါ့။ မိုးမိုးလည်း ဘယ်အိပ်ချင်မှာလဲ။ သူတို့ကို ကြောက်လို့တော့ မဟုတ်ပါ ဘူး။ မိုးမိုးတို့မှာ ပြန်ခုခံနိုင် မယ့် လက်နက်ဆိုတာလည်းမရှိဘူး။ ဘာဆိုဘာမှရှိတာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့်ပါ။ တနေ့ကျရင် ဖိုးမုနားလည်လာမှာပါ။ မိုးမိုးပြော ဆိုသမျှကိုသာ နာထောင်နေတော့တယ်။ တကယ့်တော့ ကျမအသက် အရွယ်နဲ့ ဆိုရင် ဘာမှာ သိနားမလည်သော်လည်း ရှင်းပြလျှင်တော့ အားလုံးကို နားလည်ပါတယ်။ ယခုကျမ အသက် (၈)နှစ်အရွယ်လေးပဲရှိသေးတာပဲ။


နောက်ထပ်ကျမအများကြီး ကျော် ဖြတ်ရအုံးမှာပါလား။ ကျမမိုးမိုးပြောပြချက်အရ ကျမမောင်လေး (၁)နှစ်သားအရွယ်က ကျမရဲ့ ပါပါက ဆုံးသွားတာတဲ့။ ကျမ၈နှစ် သမီးရောက်နေသော်လည်း ကျမရဲ့ ပါပါကိုး သိပ်မတွေ့ရပါ။ အကြောင်းက တော့ ကျမရဲ့ပါပါက အမြဲတမ်းရှေ့တန်းသွားနေတာတဲ့။ အော် ကျမရဲ့ပါပါက တကယ်တော့ နိုင်ငံတာဝန်ကို တစိတ်တ ဒေသက ထမ်းရွက်နေတာပဲ လို့ တွေးပြီးဝမ်းသာမိတယ်။ မိုးမိုးပြောပြချက်အရ ပါပါဟာ ရန်သူ့လက်ချက်နဲ့ ဆုံးသွား တာတဲ့။ ဖြစ်မှဖြစ်ရလေ ပါပါရယ်။ တရက် ပါပါဟာအိမ်မှာ ပြန်လာရင်း မိသားစုနဲ့ ပျော်နေ တဲ့နေ့လေးတစ်နေ့မှာပေါ့။ အဲ့ဒီနေ့လေးဟာ ကျမတို့ရဲ့ မိသားစုအသိုက်အမြိုက်ကို ဖျက်သိမ်းလိုက်သလိုပါပဲ။ ကံဆိုးမိုးမှောင်းကျတဲ့ နေ့ပဲလို့ကျမခံ ယူလိုက်ပါတယ်။


ကျမရဲ့ တစ်ဦး တည်းသော မောင်လေးဟာ အပါးပြန်လာတဲ့နေ့မှ ငှက်ဖျားနဲ့ အိပ်ရာထဲမှာ ခွေခွေလေး ဖျားနေတာက စတာပါပဲ။ အပါးသူ့သားလေး ဖျားနေတာကို မကြည့်ရက်တဲ့အတွက် မိုးမိုးကို ဆူတော့တာပဲ။ သိတဲ့အတိုင်းပါပဲ။ ဒီအိမ် လေးသုံးလေးအိမ်ရှိတဲ့ရွာမှာ ဘယ်လိုလုပ်ဆေးစုံ မှာလဲ။ အိမ်နီးချင်းအိမ်တွေမှာလိုက်တောင်းတော့လဲ သူတို့မှာမရှိ တော့ဘူးတဲ့။ မနေ့ကမှ ကုန်သွားတယ်လို့ ပြောလိုက်တော့ ပါပါဟာ စိတ်မကောင်းစွာနဲ့ အိမ်ကို ပြန်လာတော့တာပဲ ။ မိုးမိုးကတော့ တောရဲ့ ဓလေ့ထုံးထမ်းစဉ်လာအရ အရွက်တွေကို ထောင်းပြီးတိုက်တယ်။ ဒါပေမယ့် ကျမရဲ့ မောင်လေး ဟာ အခြေအနေမကောင်းလာပါဘူး။


အိမ်နီးနားချင်းတွေလည်း လာပြီးကြည့်ပေးကြတယ်။ သူတို့အပြောအရ ဒီနေ့မှဆေးမသောက်ရရင် အခြေအနေဆိုးလာ နိုင်တယ်တဲ့။ ဒါကြောင့်မို့ အပါးဟာ တခြားနည်းနဲ့ ရအောင်ရှာချင်တယ်လေ။ မိုးမိုးမေးတော့ မိုးမိုးကဟိုဘက် ကရွာမှာ တော့ ရှိတယ်တဲ့ ဒါပေမယ့် မိုးချုပ်နေပြီး ဘယ်လို လုပ်မလဲ။ အခုသွားမှ ရှင်မနက်စောစောပြန်ရောက်လာမှာ။ မသွားပါနဲ့ ဒီဆေးတွေနဲ့ တိုက် ကြည့်ပါဦးမယ်။ ရွာရဲ့ အခြေအနေကလည်း မကောင်းဘူး။ ရန်သူရှိတယ်လို့ ပြောသံတွေ မနေ့က ကြားနေရတယ်။ သူတို့ဘယ်တော့ရောက်လာမလဲဆိုတာ ကျမတို့မသိဘူး။ တိုး တိုးတိတ်တိတ်နေကြရအောင်။ ဒါပေမယ့် ပါပါဟာ သားကိုချစ်ဇောနဲ့ မရရတဲ့နည်းနဲ့ ရှာချင် တယ်လေ။


မိုးမိုးဆီမှာ ဓါတ်မီးတောင်းပြီး ထွက်သွားတော့တာပါပဲ။ ဘယ်ကိုထွက်သွားလဲ ဆိုတာ မိုးမိုးကို ပြောမသွားပါဘူး။ မိုးမိုးမသိ အောင် သွားတယ်။ မိုးမိုးသိရင် သူကိုမလွတ်မှာ ဆိုးသတဲ့။ ဒီလိုနဲ့ ပါးပါးဟာ သားလေးကျန်မာဖို့အတွက် သားလေး သောက်ရမယ့်ဆေးကို ရအောင်ယူဖို့အတွက် တခြားရွာဘက်ကို ခြေဦးလှည့်တော့တာပဲ။ အဲ့ဒီရွာဟာ ဆိုလိုရှိ ရင် ကျမတို့ ရွာနဲ့ အဝေးကြီးပါ။ ဒါပေမယ့် ရဲဘော်တွေရဲ့ ခြေလှမ်းနဲ့တော့နာရီလေးပဲ လျောက်ရတယ်။ မိုးမိုးကတော့ သူ့သားကို ကုရင်းနဲ့ ပါပါးအတွက် စိုးရိမ်နေတာပဲ။ မိုးမိုးဟာ မအိပ်မနေပဲ ပါးပါးကို ပြန်လာနိုးပြန်လာနိုး မျှော်နေခဲ့တယ်။ ဒါပေမယ့် ပါပါးဟာ ပေါ်မလာပါဘူး။ အဲ့ဒီအချိန်တခြားရွာ ဘက်က သေနတ်သံတွေကို အဆက်မပြတ်ကြားနေရတယ်။


ကျမတို့ရွာမှာ ရွာသူရွာသားတွေလည်း အထုတ်ကိုဆွဲပြီး ပြေးတော့တာပါပဲ။ မှတ်မှတ်ရရ မိုးမိုးဟာ သမီးလေး မိုးမိုးလက်ကို ကိုင်ထား နော် မလွတ်စေနဲကြားလားတဲ့။ ကျမလည်း ဟုတ်ကဲ့။ မိုးမိုးဟာ ကျမကိုအထုတ်တခုပေးပြီး သူ့သားကို ချီလျက်နဲ့ ပြေးတော့တာပဲ။ ကျမလည်း မိုးမိုးတို့ပြေးတော့ ငိုပြီးလိုက်လိုက်သွားတယ်။ မိုးမိုးက မငိုပါနဲ့သမီး ရယ်။ မောင်လေးနိုးနေဦးမယ်။ သမီးမောင်လေးက နေမကောင်ဘူးမဟုတ်လား။ သမီးငိုရင် သမီး မောင်လေးနိုးမှာပေါ့။ ကျမလည်း မောင်လေးနိုးရင် ငိုမှာစိုးလို့ မငိုတော့ပဲ နေလေသည်။ အဲ့ဒီအချိန် မိုးမိုးမှာ ပူပင်သောက မြောက်များစွာနဲ့ တောထဲမှာ ပုန်းနေတော့တယ်။ မိုးမိုး အိမ်းနီးနားချင်းတွေကို ပါးပါးအတွက် သူစိုးရိမ် တယ်တဲ့။ ပြန်လည်းမလာသေးဘူး။


သူဘယ် လိုလုပ်ရမလဲဆိုတာ စဉ်းတောင်မစဉ်းစားတတ်တော့ပါဘူး။ အပါးအတွက် စိုးရိမ်ရတာတစ်မျိုး မောင်လေးကျန် မရေးမကောင်း တာကတဖုံ၊ တောထဲစစ်ပြေးရတာကလည်းတမူဆိုတော့ မိုးမိုးဟာ ရူးမတတ်အောင် ခံစားရတယ်။ တောထဲရောက်တော့လဲ တိတ်ဆိတ် စွာနဲ့ပဲ တောရဲ့ အကာအကွယ်ကို ယူရတယ်။ ဖြုတ်တွေကလည်းကိုက် ပြေးတုန်းက ဆူးနင်းမိ မှန်းမသိသော်လည်း နားတဲ့ အချိန်ရောက် ခြေထောက်နာလာတာကို ခံစားရတယ်။ မိုးမိုး ကိုပြောပြတော့ မိုးမိုးက စကားမပြောရဘူး ငြိမ်ငြိမ်နေတဲ့။ ကျမလည်း ကြောက်လွန်း ဘာမှကို မပြောရဲတော့ဘဲ တိတ်တိတ်လေး နေတော့တယ်။


အပါးပြန်လာမယ်ဆိုတာကို ကျမမေမေမျှော်လင့်သလို ကျမလည်းပါပါးကို စောင့်မျှော်နေဆဲပါ။ အဲ့ဒီနေ့ညက ကျမတို့ မိသားစု တောချုံပုတ်လေးထဲမှာ အိပ်ခဲ့ရတာကို ကျမခုထိမှတ် မိနေတုန်းပဲ။ မနက်လည်းလင်းရော ကိုယ်အိမ် ကိုယ့်ပြန် မရဲသေးတဲ့ ကျမတို့ရွာ သူရွာသား တွေရဲ့အဖြစ်ဟာ ဘယ်လောက်များကြေကွဲစရာကောင်းသလဲ၊ ဒါပေမယ့် ဦးလေးတစ် ယောက်ကို ရန်သူတွေရောက်နေလား။ ရှိသေးလား ဆိုတာကို ပြန်စုံစမ်းခိုင်းတယ်။ ပြီးမှ ကျမတို့ရွာ ထဲကို ပြန်လာရတာပါ၊ အိမ်ရောက်တော့ ရန်သူတွေမွေထားတာ ရစရာတစ်ခုမှ မရှိတော့ပါဘူးဆိုတာ ကျမတွေ့ခဲ့ရတယ်၊ ဒါပေမယ့် တောထဲမှာ ပွက်ထားတဲ့ဆန်လေးတွေကို ထောင်းပြီး တစ်မနက် စာကို ကျမတို့ မိသားစုရှိတာလေးနဲ့ စားသောက်ခဲ့ရတယ်၊ ဘာပဲ ဖြစ်ဖြစ်ကျမကတော့ ပါပါးကို မျှော်နေတုန်း ဆဲပါပဲ။


ကျမအပါးပြန်မလာတာကြာလို့ မိုးမိုးကို သွားမေးတော့ ကျမမိုးမိုးက ကျမကို ဖတ်ပြီးငိုနေတာကို ကျမကြုံခဲ့ရတယ်။ ကျမ မိုးမိုးက ဖိုးမုရယ် ဖိုးမုပါပါက ရန်သူသတ်လို့သေသွားပြီးတဲ့။ အဲ့ဒီအချိန်တုန်က ကျမငိုရမှာကိုလည် မသိသေးပါးဘူး၊ မိုးမိုးငိုနေတာမြင်မှ ကျမမျက်ရည်ကျပြီး ငိုခဲ့တာကိုသတိရနေတန်းပါ။ အပါးမရှိတော့တဲ့နောက်ပိုင်း မိုးမိုးဟာကျမ တို့မောင်နှမကို စားကျွေးခဲ့ရပါတယ်။ ရာသီတွေ နှစ်တွေလပြောင်းလို့ ကျမလည်းကျောင်း နေလို့ရတဲ့ အရွယ်ရောက်တော့ မိုးမိုးက ကျမကို တစ်ခြားရွာမှာ ကျောင်းတက်ဖို့အတွက် ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီရွာမှာလည်း လေးတန်းအထိပဲရှိ တာပါ။ ကျမတို့ရွက်ထက်တော့ နည်းနည်းကြီးတာပေါ့။


ဒါပေမယ့် ရန်သူလာရင် ကာကွယ်ဖို့အတွက် ကျောင်းအောက်။ အိမ်အောက်တွေမှာ ဂတုတ်ကျင်းတွေ တူးထားကို ကျမ တွေ့မြင်သိခဲ့ရတယ်၊ သြော်... သူတို့ရွာတွေလည်း ငါ့တို့ရွာလို့ပဲ ရန်သူကြောက်ရတာ ပဲ၊ ပထမကျမကျောင်းသွားရတာကို မုန်းတယ်၊ ဒါပေမယ့် မိုးမိုးက ကျမကို အမျိုးမျိုးချော့ မော့ဖြေသိမ့်ခဲ့တယ်၊ တကယ့်လို့ ကျမကြီးလာပြီး ပညာမတတ်ရင် ကျမကို သူများခိုင်းတာ လုပ်ရမယ်တဲ့။ သမီးလုပ်ချင်သလားတဲ့ ကျမလည်း... မလုပ်ချင်ဘူးလို့ပြန်ဖြေတာပေါ့။ နောက်ပြီး သမီးရဲ့အပါးကို ချစ်သလားတဲ့။ ကျမအပါးကို ချစ်တာသိလျက်နဲ့ မိုးမိုးက ကျမကို တမင်မေးခဲ့တာပဲ။ ချစ်တာပေါ့လို့ ပြန်ဖြေခဲ့တယ်၊ မိုးမိုးဟာ အေး...မလုပ်ချင်ရင် ပါပါးကို ချစ်ရင်ကျောင်းတက်နော်။ စားကြိုးစားတဲ့။ ကျမလည်း အဲ့ဒီနေ့ ကစပြီး ကျောင်းတက်ခဲ့ရ တယ်။


ရင်နာခဲ့တဲ့ဘ၀တွေနဲ့ ကျမစားကို ကြိုးစားခဲ့တယ်။ ကျမလေးတန်းအောင်လို့ ငါးတန်းတက်ရမယ့်နေ့မှာ မိုးမိုးဟာ ကျမကို ဘယ် နေရာပို့ရမှန်းမသိခဲ့ပါဘူး။ တကယ်တော့ ကျမမိုးမိုးဟာ တောသူဌေးတစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးတဲ့။ ကျမဘယ်လိုသိခဲ့ ရသလဲဆိုရင် ကျမ(၅) တန်းတက်ရမယ့် အချိန်မှာ ကျမ မိုးမိုးဟာ ကျမတို့မောင်နှမကို လက်တွဲပြီး ကျမ ဘိုးဘိုး ဘွားဘွားရဲ့ အိမ်ကို ပြန်လာခဲ့တယ်၊ ကျမမှာ ဆွေမျိုးတွေရှိသေး တာကို ကျမဘယ်လိုမှ မယုံနိုင်ခဲ့ပါဘူး၊ အဘိုးအဘွားရှိတာကို ကျမမိုးမိုးတခါမှ ပြောသံမ ကြားဖူးပါဘူး၊ ဘာကြောင့်မပြောသလဲဆိုတာ ကျမဘိုးဘိုးအိမ်ရောက်မှ သိခဲ့ရပါတယ်၊ အဘိုးဟာ ကျမတို့မောင်နှမကိုကြည့်ပြီး မျက်ရည် တွေ ကျခဲ့ပါတယ်။ မင်းတို့အမိုးက မာန တအားကြီးလို့ အခုလိုမြေးလေးတို့ နေရတာတဲ့။


မိုးမိုးလည်း အဘိုးကို ဖတ်ပြီးငိုခဲ့ရပါတယ်၊ တကယ်တော့ မိုးမိုးဟာ အပါးနဲ့ယူတာကို ဘိုးဘိုးတို့က သဘောမတူ တဲ့အတွက် ခိုးရာ လိုက်သွားတာတဲ့။ အဘိုးတို့သဘောမတူတာကို သိတဲ့မိုးမိုးဟာ အဖေနဲ့ခိုးရာလိုက်ပြေးပြီးတဲ့အချိန်မှာ အိမ်ပေါ်ကို ပြန်မတက်လာ တော့ပါဘူး။ ခြေရာပါ ဖြောက်တဲ့သဘောပါပဲ။ ဒါပေမယ့် ကျမတို့မောင်နှမပညာရေးအတွက် အိမ်ကိုပြန်လာတာတဲ့။ အဘိုးက ကျမတို့ အပါးကို မုန်းပေမယ့် ကျမတို့ကိုတော့ ချစ်တာတုန်နေတာပဲ။ အဘိုးတို့နဲ့ နေရပေမယ့် ကျမ ကတော့ အပါးကို သတိရနေတုန်းပါပဲ။ ညညအိပ်လည်း အပါးက ကျမအတွက်မုန့်တွေ ၀ယ် ပြီး အိမ်ပေါ်ပြန်တက်လာတယ်ဆိုတဲ့ အိပ်မက်တွေ မက်ခဲ့တယ်။ ဒီအချိန်မှာ အပါးသာရှိခဲ့ လျှင်ဆိုတဲ့ အတွေးကို ကျမအခါခါတွေးမိပါသေးတယ်။ တကယ်လို့ အပါးသာ ရှိခဲ့လျှင် ကျမ အခုကျောင်းတက်နေတယ်။ မောင်လေးလည်း ကျောင်းတက်နေတယ်။

ဘိုးဘိုးလည်း စိတ်တွေဖြေခဲ့ပြီးဆိုတာကို ကျမအပါးကို ပြောလိုက်ချင်ပါတော့တယ်...... အပါးရေကောင်း ရာသုခ ရောက်ပါ စေသာ. ...နော်။။။
ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်


မကြည့်ရက်
လို့ပါ.....





ချစ်တယ်ဆိုတဲ့ စကားကို
နောက်ထပ် မပြောပါနဲ့တော့
ငါ့မှာ ကြားနိုင်တဲ့ စွမ်းအင်မရှိတော့လိုပါ။

လျှာမှာ အရိုးမရှိတိုင်း
နင်ပြောခဲ့တဲ့စကားတခွန်းကြောင့်
ငါ့ဘယ်လောက်ခံစားရလဲဆိုတာ
နင်ကတော့ ဘယ်သိမလဲ။


နင်ငါ့ကို တကယ်ပဲ ချစ်လားလို့
ငါမေးတော့ ....
စတာတဲ့.. အဲ့ဒါတွေဟာ
နောက်ပြောင်သန်တဲ့ နင့်ရဲ့ အကျင့်ပဲလို့
နင်ပြန်ဖြေရက်တယ်နော်။


ဒါပေမယ့်....
နင်တကယ်လို့ ချစ်တဲ့သူကို ရှာတွေ့ခဲ့ရင်
သူကို ငါ့လိုသွားမစလိုက်ပါနဲ့နော်။


နင့်ကို ချစ်စစ်မှန်ခဲ့ရင်
ဝမ်းသာပါတယ်၊....
တကယ်လို့မဟုတ်ခဲ့ရင်
နင် ခံစားရမှာကို
ငါ့ မကြည့်ရက်လို့ပါ....။

ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်

ညီအကိုမောငှ်မ သူငယ်ချင်းများခင်ဗျား


ကွန်တော်တိုတွေလှည်းတန်းက MacBugger ၊လှည်းတန်းဈေး အိမ်သာ၊ဆင်မလိုက်ဈေး အိမ်သာ ကမ်းနားဈေး အိမ်သာ၊ညဈေး အိမ်သာ၊ထီးတန်းအိမ်ယာ၊သီရိမဂလာဈေး၊၃၂ သာကေတ လိုင်းကား ၂၁၆ တညင် လိုင်းကား၊ဘူတာရုံလမ်း၊ မြကန်သာအိမ်ယာစတဲ့ နေရာတွေမှာ ဟောဒီလိုကပ် ထားခဲ့ပါတယ်။ တွေရင်ဖမ်းပေးကပါဗျို့


အောက်မှာ ၀ရမ်းပြေးတယောက်ရဲပုံတွေဖြစ်ပါတယ်။
GW
အဖွဲဝင်တွေက ဒီပုံတွေကို
လှည်းတန်းက MacBugger
လှည်းတန်းဈေး အိမ်သာ
ဆင်မလိုက်ဈေး အိမ်သာ
ကမ်းနားဈေး အိမ်သာ
ညဈေး အိမ်သာ
ထီးတန်းအိမ်ယာ
သီရီမဂလာဈေး
၃၂ သာကေတ လိုင်းကား
၂၁၆ တညင် လိုင်းကား
ဘူတာရုံလမ်း မြကန်သာအိမ်ယာ
စတဲနေရာတွေအပါအ၀င် ရန်ကုန်မြို့တွင်းနေရာအတော်များများမှာကပ်ပြီးကော်ငြာထားပါတယ်။
တွေရင်ဖမ်းပေးကပါဗျို့

ဟောဒီတရားခံရဲပုံတွေက





ဆက်လက်ဖတ်ရူ့ရန်


အိပ်မရတဲ့ညတည





နေ၀င်ပြီး
မိုးချုပ်နေပြီးပေါ့.
အဲ့ဒီအချိန်မှာ ငါ့အိပ်ပျော်ဖို့ကြိုးစားနေတယ်
ဒါပေမယ့် အချည်းအနီးပါ…
ငါ့မျက်လုံးတွေက
တပြင်လုံးစပ်ကုန်နေပြီးလေ။
ငါ့ဘာလိုလုပ်ရမှာလဲ။


ကြိုးစားပြီး
အိပ်လိုက်ပါလို့ ငါ့စိတ်တွေက
ပြောနေသော်ညားလည်း
တကယ်တော့ ငါ့မျက်လုံးတွေ ၀ိုးတ၀ါးနဲ့
ဟိုအတိတ်က ဇာတ်ကြောင်းတွေက
ထင်ဟပ်ပေါ်လာပြန်တယ်လေ။


အခန်းနံရံတွေကလည်း
တိတ်ဆိတ်နေပြီး ငါ့ကိုများ
ခြောက်လှန့်နေသလို ငါ့ခံစားရပြန်တယ်။
အို… ငါ့စိတ်ထင်တာပါလေလို့
စိတ်ကိုပြန်ဖြေလိုက်တယ်။


ဟိုအပြင်ဘက်ခြမ်းမှာလည်း
ပြတင်းပေါက်ကိုကျော်ပြီး
ကြည့်လိုက်ပါက မှောင်မည်းနေတာကို
ငါ့မြင်ရတယ်။
အို..မိုးရေမြန်မြန်မချုပ်ပါသေးနဲဦးလား
ငါ့ဒီနေ့မှာ
ဘာကြောင့်အိပ်မပျော်ရတာလဲ။


လေပြေလေးတွက
တိုက်ခိုက်လိုက်တဲ့အချိန်မှာ
ငါ့စိတ်တွေက ဟိုအဝေးတနေရာ
လေနှင့်အတူလွင့်ပါသွားသလိုပါလား။


ယုန်ကလေး

ကဗျာတော့မဟုတ်ပါဘူးနော်။ စိတ်ထဲရှိတာနဲ့ ချရေးလိုက်တာပါ၊ အမှားပါခဲ့ရင် ပြင်ပြီး ဖတ် ပေးကြပါလို့ တောင်းပန်ချင်ပါတယ်၊
ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates