ကော့ကရိတ်မှာ တိုက်ခိုက်မှုဖြစ်ပွား

ဒီကနေ့ နေ့လည် ၂ နာရီခန့်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့က ခလရ ၉၇ နဲ့ မြို့အဝင် အဖွဲ့ပေါင်းစုံ စစ်ဆေးရေး ဂိတ်လုပ်ထားတဲ့ ချက်ပွိုင့် စတဲ့ နေရာ နှစ်ခုကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကော့ကရိတ်မြို့ခံတဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ

တိုက်ပွဲဖြစ်တယ် နေ့ခင် ၂ နာရီလောက်ကပဲ၊ ၉၇ ထဲကို လက်နက်ကြီး ၂ လုံးကျသံကြားတယ်။ ချက်ပွိုင့်ကိုလည်း ပစ်တယ်။ ဆေးရုံဘက်တော့ ဒဏ်ရာရ ရဲဘော် ၂ ဦး သယ်သွားတာတွေ့တယ်။ ပစ်သံခတ်သံတွေကြားတော့ ဆိုင်တွေ လည်း ပိတ်ကုန်တယ်၊ ရာသီဥတုကလည်း မကောင်းတော့ အိမ်မှာပဲ ပုန်းနေရတယ်လို့ ပြောပြသွားပါတယ်။

Source: Naytthit

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates