ဝက်နားရွက်ပြာရောဂါ မြန်မာပြည်မှာဖြစ်ပွား

မြန်မာနိုင်ငံ မန္တလေးမြို့မှာ ၀က်နားရွက်ပြာရောဂါဖြစ်ပွားနေတဲ့အတွက် ၀က်တွေသေဆုံးမှုရှိတယ်လို့ ၀က်မွေးမြူရေးသမား တချို့က ဆိုကြပါတယ်။

မန္တလေးမြိုခံတဦးက… ဟုတ်တယ်ခင်ဗျ။ ၀က်ခြံတိုင်း ၀က်ခြံတိုင်းမှာ ဘာရောဂါမှန်းမသိဘဲနဲ့ ၀က်တွေက နားရွက်ပြာပြီးတော့ ၀က်မွေးမြူရေးသမားတွေက ပြောတာ နားရားရွက်ပြာကျတဲ့ရောဂါဆိုပြီးတော့ နားရွက်တွေပြာပြီးတော့ ဒီတိုင်းပဲ ဘာမှမဖြစ်ဘဲနဲ့ သေသွားကြတယ်ခင်ဗျာ။ အဲ့ဒါကတော့ ၀က်တွေက ခြံတိုင်းခြံတိုင်းမှာကို ၅ ကောင်၊ ၄ ကောင်လောက်ကို သေနေကြပါတယ်ခင်ဗျ၊ နှစ်ပတ်လောက်ရှိပြီး ခင်ဗျ..လို့ ပြောပါတယ်။


မန္တတိုင်းအပြင် အမရပူရ၊ မတ္တရာမြို့နယ်၊ စစ်ကိုင်းတိုင်းမှာလဲ ၀က်နားရွာပြာဖြစ်တယ်လို့ သိရပါတယ်။


ဝက်နားပြာရောဂါဖြစ်ပွားရင် အဓိကတွေ့တဲ့ လက္ခဏတွေကတော့ ၀က်တွေ အစားမစားဘဲငြိမ်နေတာ၊ အရေပြားမှာ သွေးကွက်တွေပေါ်ပြီး ကိုယ်ဝန်မဆောင်နိုင်တော့တာ။ ဆေးမကုရင် အသားတွေနီပြီး နားရွက်ပြာလာကာ သိပ်မကြာခင် သေဆုံးတာတွေ ဖြစ်တယ်လို့ ဂျာနယ်တွေမှာဖော်ပြတာ တွေ့ရပါတယ်.


ဝက်နားရွက်ပြာရောဂါဟာ ၀က်အချင်းချင်းတွေပဲကူးစက်နိုင်ပြီး လူကိုတော့ မကေူးစက်နိုင်ဘူးလို့ တိမွေးကုဆရာဝန် ဆရာကျော်မြင့်က ဆိုပါတယ်…

Source: DVB

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates