လျှပ်စစ် တာဝါတိုင် ဖေါက်ခွဲခံရ

မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာ လျှပ်စစ် ဓါတ်အားပေး တာဝါတိုင်တစ်ခု ဖေါက်ခွဲ ဖျက်စီးခံရတဲ့ အတွက် ဘီးလင်း၊ သထုံနဲ့ မော်လမြိုင်မြို့တွေမှာ လျှပ်စစ် ဓါတ်အား ပြတ်တောက်နေတယ်လို့ မွန်ဒေသခံတွေ က ပြောကြပါတယ်။

ပြီးတဲ့အပတ် သောကြာနေ့ မတ်လ (၂၄) ရက်နေ့ က သထုံ-ဘီးလင်း ကားလမ်းမရဲ့ အရှေ့ဘက် (၁) မိုင်ကျော်မှာ ရှိတဲ့ လျှပ်စစ် ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲခံရတာ ဖြစ်ပြီး ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ အခုထိ မသိရပါသေးပါဘူး။

ဘီးလင်းမြို့ဈေးထဲက ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပေါက်ကွဲမှုအကြောင်းကို အခုလိုပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တာတော့ ဟုတ်တယ်။ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ညဖက် (၂) နာရီ လောက်က ဖြစ်တာ။ ထိခိုက် ဒဏ်ရာ ရတာတွေတော့ မကြားဘူး။ ပျက်စီးသွားတာတော့ သိတယ်။ မီးတွေတော့ ပြတ်သွားတယ်လေ

အဲဒီပေါက်ကွဲမှုနောက်ပိုင်းမှာ လျှပ်စစ်ဖြန့်ဝေရေးဌာနက လျှပ်စစ် မီးပျက်မယ်ဆိုတဲ့ အကြောင်းကို ကားနဲ့ လှည့်လည် ကြေညာပြီး အသိပေးခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေ က ပြောပါတယ်။

လျှပ်စစ်မီးမလာတဲ့အတွက် အင်တာနက်ဆိုင်တချို့ပိတ်ထားရတယ်လို့လည်း မော်လမြိုင်မြို့က အင်တာနက်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောပါတယ်

အင်တာနက်ဆိုင်မှာတော့ မီးမလာတဲ့အတွက် မီးစက်မောင်းပြီးတော့ ဖွင့်ထားရတယ်။ တခြားဆိုင်တွေကတော့ ပိတ်ထားတာ တွေ့တယ်

ဒီ တာဝါတိုင်ဟာ မွန်ပြည်နယ် အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးမှာ အဓိကကျတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ လည်း ဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates