သတင်းတို

မက္ကဆီကိုဝက်တုပ်ကွေးကြောင့် သေဆုံးမှုတိုးလာ

ဝက်တုပ်ကွေးကြောင့် သေဆုံးသူ မက္ကစီကိုနိုင်ငံသား အရေအတွက်သည် ဧပြီလ (၂၈)ရက်နေ့နံနက်ပိုင်းထိ (၁၄၉)ဦးရှိသွားပြီဟု သိရသည်။ ထို့အပြင် နောက်ထပ်(၂၆)ဦးသည် ရောဂါကူးစက်မှု ခံနေရပြီဟု အတည်ပြု ထားပြီး (၁၆၁၄)ဦးမှာမူ သံသယဖြစ်ဖွယ် အနေအထားတွင် ရှိနေသည်။ အမေရိကန်တွင်မူ ရောဂါကူးစက်ခံရ သူ (၄၀)ထိရှိနေပြီဖြစ်ပြီး ကနေဒါတွင်(၂)ဦး၊ ဗြိတိန်တွင် (၂)ဦးတို့လည်း ကူးစက်ခံရကြောင်း အတည်ပြု ချက် ထုတ်ပြန်ထားကြသည်။ ထို့အပြင် အာရှတိုက်အရှေ့ပိုင်းရှိ ဟောင်ကောင်နိုင်ငံထိပါ ထိုရောဂါကူးစက်ထားသည့် အခြေအနေများ သံသယဖြစ်ဖွယ် ကြုံတွေ့နေရကြောင်း သိရှိရသည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် မူလကတည်းကပင် တည်ငြိမ်မှုမရှိသည့် စတော့ရှယ်ယာ ဈေးနှုန်းများလည်း ဝက်တုပ်ကွေးဂယက်ကြောင့် ကျဆင်းလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ဝက်တုပ်ကွေးရောဂါကို ကူးစက်ရောဂါ အဆင့် (၃)မှ (၄)သို့တိုးမြှင့်လိုက်ကြောင်း သိရသည်။

မက္ကဆီကိုတွင် ငလျင်လှုပ်

ဝက်တုပ်ကွေးရောဂါ ပြန့်နှံ့ဖြစ်ပွားမှုကြောင့် သောကများနေသည့် မက္ကစီကိုနိုင်ငံတွင် ဧပြီလ(၂၇)ရက်နေ့က ပြင်းအားအဆင့် (၆.၀)ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရှိရသည်။ မြို့တော် မက္ကစီကိုစီးတီး အနီးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြင့်မားသော အဆောက်အအုံကြီး အတော်များများသည် ယိမ်းယိုင် ကုန်ကြောင်း ဒေသခံများကဆိုသည်။ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုကို တိတိကျကျ မသိရသေးသော်လည်း အမျိုးသမီးကြီးနှစ်ဦးသည် ငလျင်လှုပ်နေစဉ် နှလုံးရောဂါဖောက်ကာ ကွယ်လွန်သွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ ထို့အပြင် အိမ်(၄)လုံးပြိုကျပြီး တံတိုင်းတစ်ခုလည်း လဲပြိုသွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ ငလျင်လှုပ်ရှားခဲ့သော ဒေသအနီးတ၀ိုက်တွင် ၀က်တုပ်ကွေးရောဂါ ပြန့်နှံ့ဖြစ်ပွားနေမှုကြောင့် နာမကျန်းဖြစ်နေသည့် လူနာများအား ကုသပေးနေသော ဆေးရုံများလည်းရှိကြောင်း သတင်းရရှိသည်။

တောင်အာဖရိကသမ္မတသစ် ဂျက်ကော့ဘ်ဇူးမား

တောင်အာဖရိက ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး နိုင်ငံတော်သမ္မတဖြစ်လာသူ ဂျက်ကော့ဘ်ဇူးမားက ၎င်းကို အားပေးထောက်ခံခဲ့သည့် ပြည်သူလူထုအတွက် ပေးဆပ်သွားမည်ဟု ကတိပြုခဲ့သည်။ အာဖရိက အမျိုးသားကွန်ဂရက်ပါတီ (ANC)သည် စုစုပေါင်းမဲအရေအတွက် (၂၃)သန်းအနက် ထောက်ခံမဲအရေအတွက် (၁၁.၆)သန်းထိ ရရှိခဲ့သည်။ သို့သော်လည်း နိုင်ငံဥပဒေအရ ပြဌာန်းထားသည့် ထောက်ခံမဲအရေအတွက် စုစုပေါင်း၏ (၆၆.၀၃)ရာခိုင်နှုန်းထိ ပြည့်မီခြင်းမရှိသောကြောင့် ဇူးမား၏ အစိုးရအဖွဲ့တွင် အတိုက်အခံပါတီကို လည်း နေရာပေးဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရှိရသည်။

သီရိလင်္ကာတွင် အစိုးရတပ်များ၏တိုက်ခိုက်မှု ဆိုင်းငံထား

သီရိလင်္ကာနိုင်ငံအစိုးရက တမီးလ်ကျားသူပုန်များအား ဒုံးကျည်များ၊ မော်တာများနှင့် အပြင်းအထန် တိုက်ခိုက် နေခြင်းကို ခေတ္တဆိုင်းငံ့ထားမည်ဟု ကြေညာလိုက်သည်။ တင့်ကားများ၊ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ နှင့် ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ကို အစိုးရအနေနှင့် ၀န်ခံပြီး ထို့ကြောင့်လည်း လက်နက်ကြီးများနှင့် တိုက်ခိုက်မှုအား ရပ်ဆိုင်းထားမည်ဟု ကြေညာ ချက်တစ်စောင်ကို ဧပြီလ (၂၇)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အစိုးရအနေနှင့် တမီးလ်တို့အပေါ် အပစ်အခတ်ရပ်စဲရေးအတွက် လုံးဝစဉ်းစားမည်မဟုတ်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။

Conficker ဗိုင်းရပ်စ် တကျော့ပြန်အားကောင်းလာဟုဆို

ကမ္ဘာတ၀ှမ်းရှိ Onlineလုံခြုံရေး ပညာရှင်များက Conficker ဗိုင်းရပ်စ် တကျော့ပြန်အားကောင်းလာမှုကို သတိ ပေးခဲ့ပြီး ယခုအခါ အဆိုပါဗိုင်းရပ်စ်သည် PCကွန်ပျူတာများကို စတင်တိုက်ခိုက်နေပြီဟု ကြေညာလိုက် သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပေါ်ပေါက်ခဲ့သည့် ဆိုင်ဘာအဖျက်ပိုးသည် ဧပြီလ(၁)ရက်နေ့က အကြီးအကျယ် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် ပညာရှင်များက ထိုသတင်းသည် April Foolပြုလုပ်သည့် သတင်းမှားများသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင်မူ Conficker၏ ဒုတိယမျိုးဆက်တစ်ခုဖြစ်သော Waledacအမည်ရှိ ဗိုင်းရပ်စ်တစ်မျိုးမှာ လျင်မြန်စွာပြန့်နှံ့လျက်ရှိပြီး ၎င်းကိုထိန်းချုပ်နိုင်ရန် ကြိုးစားမှုမှာ မအောင်မြင်သေးကြောင်း Symantecမှ ဒုတိယဥက္ကဌ ဗင်းဆင့်ဝါးဖားက ထုတ်ဖော်ပြောကြားထားသည်။


တရုတ်နိုင်ငံတွင် တောမီးလောင်

တရုတ်နိုင်ငံအနောက်မြောက်ဘက်တွင် လောင်ကျွမ်းနေသော တောမီးကို ငြှိမ်းသတ်နိုင်ရန် လူ(၁၀၀၀) ခန့်တို့က အသည်းအသန် ကြိုးပမ်းနေဆဲဖြစ်သည်။ ဟော်လောင်ဂျီယန်ခရိုင်တွင် လောင်ကျွမ်းနေသည့် တောမီးကို အနည်းဆုံး လူဦးရေ (၉၁၀)က ဒေသဆိုင်ရာ အာဏာပိုင်များကဆိုသည်။ ထိုမီးသည် ရွှေ့ပြောင်း တောင်ယာများမှ စတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်သမား (၆၈၀)နှင့် သစ်တောဝန်ထမ်း (၂၃၀)တို့က ပူးပေါင်းကာ မီးအရှိန်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ထိုမီးသည် ဧပြီလ(၂၇)ရက်နေ့ ဒေသစံတော်ချိန် နေ့လည်(၁)နာရီက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူ(၁၀၀၀)ကျော်တို့မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားရ သည်။ ထိုမီးကြောင့် လူသေဆုံးမှုရှိမရှိကိုမူ အာဏာပိုင်များက ပြောကြားခဲ့ခြင်းမရှိပေ။

သူငယ်ချင်းများအတွက် planet မှ ကူးယူဖော်ပြပါသည်။

ယုန်ကလေး


စိတ်ဝင်စားရင်...

ဟာသ

ကဲသူငယ်ချင်းတို့ရေ…အခုတခါ ယုန်လေးပျင်းလို့ စားအုပ်ဖတ်မယ်ဆိုပြီး ကောက်ကိုင်လိုက်တာ ဟာသ စာအုပဖြစ်နေတယ်။ မထူးပါဘူးဆိုပြီး ဆက် ဖတ်လိုက်တယ်။ စာအုပ်ရဲ့နာမည်ကတော့ ဟာသ.. တကယ့် ဟာသတဲ့။ စာရေးဆရာကတော့ ခိုင်သန့်ကျော်ပါ။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့သူရှိသလို မဖတ်ရသေးတဲ့ သူတွေ လည်း ရှိမယ်လို့ထင်ပါတယ်။ ယုန်လေးစိတ်ဝင်စားတဲ့ အပုဒ်တွေကို ထင်ပေးလိုက်မယ်နော်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ…။


ချွေးမလှလှလေး

သားရယ်…ဒီလောက်ရုပ်ဆိုးတဲ့ မိန်းမမျိုး အဖေတစ်ခါမှ မမြင်ဖူးပါဘူးကွာ… သွားကခေါ၊ မျက်စိကစွေ။ အသားကမည်းနဲ့ကွာ..

အဖေ…တိုးတိုးပြောစရာမလိုပါဘူး။ ကျယ်ကျယ်ပြောလည်းရပါတယ်။ ကျွန်တော်မိန်းမက နားမကြားပါဘူး အဖေရဲ

ဟေ
………………………………………………………………………………………………

စိုက်စားပေါ့

ပန်းသီးစားနေသည့် သားကိုမိခင်က

သား…ညီမလေးကိုလဲ ပန်းသီးနည်းနည်း ကျွေးလိုက်ဦးလေ

ဟာ…အမေကလဲ။ သား…ညီမလေးကို ပန်းသီးအစေ့တွေ ပေးပြီးပြီလေ သူ့ဘာသာ အဲဒီအစေ့တွေစိုက်ပြီး သူ့အပင်က အသီးယူစားပေါ့။

ဟေ
......................................................................................................................................
မေ့တတ်သူပါ

ခင်ဗျာဆီက ကျွန်တော်မနေ့က ငွေငါးရာ ချေးမိသလားဗျာ။

ဗျာ …ခင်ဗျာ ကျွန်တော့်ဆီက ငွေမချေးဖူးပါဘူး…

အေးဗျာ…ကျွန်တော်လဲ မေ့တတ်လိုက်တာဗျာ၊ မနေ့က မချေးမိဘူးဆိုရင် ဒီကနေ့ ချေးခဲ့စမ်းပါဦးဗျာ…

ဆက်ရန်

ယုန်ကလေး

စိတ်ဝင်စားရင်...

မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ..


အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့် အန္တရာယ် တခုဆို တာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။ မကြာသေးမီက ကျမ သူငယ်ချင်းမ တ ယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…အဲဒီအခဲဟာခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့... သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်.. ခွဲစိတ်ထုတ် ပစ်ပြီး လအနည်းငယ်အကြာမှာ အရင် လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲ လိုလို ပြန်ဖြစ်လာပြန်ရောတဲ့… ဒုက္ခပါပဲနော်.. သူလဲ အရမ်းစိတ်သောက ရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့.. ဆရာဝန်က သူမကို မေးခွန်း တခုမေး တယ်.. မေးခွန်းက သူမအတွက် တော်တော်ကိုထူးဆန်းနေတယ်....ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စား သလားတဲ့...သူမက.. စားပါတယ်လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး.. သူမ ကြက်တောင်ပံကြော် အမြဲတမ်းစား နေကျဆိုတာ ဘယ်လိုသိပါသလဲလို့ တောင် အံ့သြတကြီးပြန်မေး မိသေးတယ်..ကဲကြည့်.. ဘာကြောင့် သူဒီလို ရောဂါဖြစ်တာလဲ ..

ဒီနေ့ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးတွေ သုံးလာကြပါ တယ်.. Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့. တောင်ပံနဲ့ လည်ပင်းနေရာတွေမှာပဲ အမြဲထိုးပေးလေ့ရှိတယ်..ဒါကြောင့်. Steroids ဟိုမုန်းတွေ အများဆုံးစုနေတဲ့ နေရာကတော့တောင်ပံ နဲ့ လည်ပင်း တွေမှာပါပဲ.. ဒီSteroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွား စေတတ်တဲ့ သဘောကြောင့် ခန္ဒာကိုယ်ထဲ မှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..

ဒါဟာဘာအတွက်လဲ..
တကယ်တော့ သူတို့ ရဲ့ လိုအပ်ချက်က .. ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို့ပဲ မဟုတ်လား… . ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက်ထိခိုက်လာပါပြီ… အမျိုးသမီးတွေမှာ လက်ရှိရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်.. ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေ တတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်.. ကျမတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာ ပေါ့နော်.. ဒါပေမယ့်..

ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ ရာ ပိုပြီးအရေးကြီး ပါတယ်..ဒါကြောင့် မမတို့ကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...

အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်း ပေးကြပါဦး နော်
ခင်မင်စွာဖြင့်..
ယုန်ကလေး

ဒီစာကို အမတစ်ယောက်က မေလ်းနဲ့ ပို့ထားတာပါ။ ဒါပေမယ့် သူငယ်ချင်းများကို သိစေချင်လို့ တင်လိုက်တာဖြစ် ပါတယ်၊ သိပြီးသားလူလည်း ရှိသလို။ မသိရသေးတဲ့လူတွေလည်း ရှိမယ်ထင်ပါတယ်၊ အားလုံးပဲ လာအားပေးပါ ဦး......

စိတ်ဝင်စားရင်...

စောနေစိုးမြ စစ်အစိုးရဘက်ကူးပြောင်းမှု KNU ကိုမထိခိုက်


ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားငယ် ဗိုလ်ကြီး စောနေစိုးမြ အနေနှင့် မြန်မာစစ်အစိုးရဘက်သို့ ကူးပြောင်းသွားခြင်းသည် KNUကို ကြီးမားသည့် ထိခိုက်မှု မရှိကြောင်း ဗဟိုကော်မတီဝင် စောဒေးဗစ်ထောက ပြောသည်။

“သူသွားတဲ့အချိန်မှာ နေစိုးမြက အရပ်သား ဖြစ်နေပါပြီး တဘက်ကတော့ စစ်အစိုးရအနေနဲ့ ဗိုလ်ချုပ်မြရဲ့ မိသားစုဝင်တယောက်ကို ရတယ်ဆိုပြီးတော့၊ ဒါကတော့ သတင်းစာမှာ ပုံကြီးချဲ့ပြီးတော့ ပြလို့ရသွားတဲ့ အခွင့် အရေး တခုသာဖြစ်တယ်”ဟု စောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဗိုလ်ကြီးစောနေစိုးမြနှင့်ပတ်သက်ပြီး စစ်အစိုးရ သတင်းစာများတွင် သောင်းကျန်းသူအဖွဲ့မှကွယ်လွန် သူ KNU/KNLA ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီးအဆင့်ရှိ စောနေစိုးမြ ဦးစီးသော အင်အား ၇၁ဦး၊ မှီခိုသူမိသားစုဝင် ၈၈ ဦး စုစုပေါင်းအင်အား ၁၅၉ဦးတို့သည် လက်နက်မျိုးစုံ ၂၄ လက်နှင့်အတူ မတ် ၃၀ ရက် တွင် KNU/KNLA ငြိမ်း ချမ်းရေးကောင်စီအဖွဲ့ရှိရာ ထို့ကော်ကိုးကျေးရွာသို့ လာရောက် ပူးပေါင်းခဲ့ကြကြောင်း ဧပြီလ ၄ ရက်နေ့က ဖော်ပြထားသည်။

စောဒေးဗစ်ထောကမူ ဗိုလ်ကြီး နေစိုးမြသည် တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်ခဲ့စဉ်က တပ်နှင့်နီးနီးကပ်ကပ် မနေခဲ့ရသလို စစ်အစိုးရနှင့် သွားရောက်ပူးပေါင်းသော လူအင်အားမှာ ခန့်မှန်းခြေ ၁၀ ဦးခန့်သာ ရှိကြောင်း ပြောဆိုသည် ။

ဆက်လက်၍ အစိုးရ သတင်းစာတွင် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသော ဗိုလ်ကြီးစောနေစိုးမြ နှင့်အဖွဲ့အား တာဝန်ရှိသူများနှင့် ဒေသခံများက လှိုက်လှိုက်လှဲလှဲဝမ်းပန်းတသာ ကြိုဆိုခဲ့ကြကြောင်းနှင့် စောနေစိုးမြနှင့် အဖွဲ့ဝင်မိသားစုများအတွက် နိုင်ငံတော် အစိုးရမှ အိမ်ရာများဆောက်လုပ် နေရာချထားပေး ပြီး လိုအပ်သည့် အခြားထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပါရှိသည်။

ဗိုလ်ကြီး စောနေစိုးမြသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် နေပြည် တော်သို့သွားရောက်ခဲ့ပြီး စစ်ဖက်ဆိုင်ရာလုံခြုံရေး အကြီးကဲ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

စောဒေးဗစ်ထောက“ အမှန်တကယ်က၊ တော်လှန်ရေး နှစ်ရှည်ကြာလာတော့ မခံနိုင်တဲ့ လူတွေ၊ နောက်ပြီး တော့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့လူတွေကို နအဖက ပေးတဲ့အခွင့်အရေးတွေကို သာယာချင်တဲ့ လူတွေကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆက်ပြီးတော့ သွားမယ်လို့ထင်တယ်”ဟု ပြောဆိုသည်။

လွန်ခဲ့သည့် လအတွင်းကလည်း မြ၀တီ မြို့နှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ ကေအန်ယူ အဖွဲ့နှင့် ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/ KNLA)တို့နှင့် ပတ်သက်သည့် ရုံးများ၊ နေအိမ်များကို ပိတ်ပစ်ရန် ထိုင်းအာဏာပိုင်များက ဖိအားပေးခဲ့သည်။

ယင်း ဖိအားပေးမှုသည် KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင်းမှ ထွက်ခွာ၍ ၎င်းတို့ ပိုင်နက်နယ်မြေသို့ ပြန်သွားရန် ဖြစ်ကြောင်း သိရှိရသည်။


ဧရာဝတီမှ ကူးယူဖော်ပြသည်၊
ယုန်ကလေး

စိတ်ဝင်စားရင်...

မင်္ဂလာပါ (နှစ်သစ်မှာပျော်ရွင်နိုင်ကြပါစေ)




ဘာလိုလိုနဲ့သင်္ကြန်ရောက်တော့မယ်နော်.. ယုန်လေးဘလောင်္ဂ့မှာ လာလည်တဲ့ သူငယ်ချင်းအားလုံး နှစ်သစ် မင်္ဂလာမှာ ပျော်ရွင်နိုင်ကြပါစေလို့ တောင်းဆု မေတ္တာပို့သလိုက်ပါတယ်နော်..နေရာတိုင်း သင်္ကြန်သီချင်းတွေနဲ့ လွင့်ပျံ့နေ တာကို ကြားရတယ်။ ပန်းပိတောက်ပန်းတွေဟာလည်း နေရာအနှံ့မှာ ၀င်းဝါစွာ ပွင့်နေတာကို တွေ့ရ တယ်။ ထိုနည်းအတူပဲ ငုဝါပန်း လည်းအပါ အ၀င်ပေါ့။ အခုမြန်မာပြည်မှာဆိုရင်တော့ ပိတောက်ပန်းတွေ ၀ါထိန် စွာ ပွင့်နေမှာပဲလို့ ထင်တယ်၊ ဒီမှာကတော့ ပိတောက်ပန်းက ရှားတယ်။ ငုဝါပန်းတော့ များတယ်။ သူငယ်ချင်း တို့ကိုယ်စီ သင်္ကြန်မှာ ဘာလုပ်ကြ မလဲလို့ သိချင်လိုက်တာ...ဟဲဟဲ ဘာတွေအစီစဉ်ဆွဲထားကြလဲ လာလည်ရင် လည်း အသိပေးဦးနော်..ယုန်လေးကတော့ ထွေထွေထူးထူးမရှိပါဘူး။ မြို့ထဲမှာ ကားစီပြီးရေ ပက်ခံထွက် မယ်.သူများတွေ မုန်းကျွှေးတဲ့ မဏ္ဍပ်မှာ လိုက်စား မယ်.. မနှစ်ကတော့ ဒေါက်တာ ဆင်သီယာ မောင်တို့မဏ္ဍပ်မှာ မုန့်သွားစား တယ်. .နောက်တခြားတွေမှာလည်း သွားစားသေးတယ်..နောက်ပြီး သူငယ် ချင်းတွေနဲ့အတူ၊ ရေတံ ခွန်သွားတယ်။ ရေပူစမ်းသွားကြတယ်။ ဒါပါပဲ ဒီနှစ် လဲ ဒီအစီအစဉ်တွေထဲကပဲ ထင်တယ်။။



သူငယ်ချင်းတို့ရေ ...
တစ်နှစ်မှာ
တစ်ခါ အတာခူးလို့
ဒီနှစ်မှာ
အတာ အတူ
ကြူးရအောင်နော်....

အားလုံးပဲပျော်ရွင်နိုင်ပါစေနော်......

ယုန်ကလေး

စိတ်ဝင်စားရင်...

Aprilfool day

အခုတလော နေရာအတော်များများမှာ သင်္ကြန်သီချင်းတွေဖွင့်ပြီး နားထောင်နေကြတာကို တွေ့ရတယ်။ နောက်ပြီး ၀င်းဝါနေတဲ့ ပန်းပိတောက်တွေ ပွင့်နေတာကိုလည်း တွေ့ရလို့ ရင်ထဲမှာ ကြည်နူးမိတယ်၊ ထိုအတူပဲ ကားလမ်းမဘေးမှာ စိုက်ထားတဲ့ ငုဝါပင်တွေမှာ ၀ါထိန်နေတဲ့ ငုဝါပန်းတွေ ပွင့်နေတာကို တွေ့ရတော့ အလွန်ပဲ လှပတဲ့ ပန်ချီကားတစ်ချပ်နဲ့ တူပါတယ်လို့ စိတ်မှာခံစားမိတယ်။ အခုအချိန်ဆိုရင် မြန်မာပြည်မှာ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူးတဲ့ ရာသီဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်လို့ ထင်ပါတယ်။ နောက်ပြီး ဧပြီလဟာ မြန်မာပြည်မှာ သင်္ကြန်ကျတဲ့လဖြစ်ပြီး လူကြီး။ လူငယ်မရွေး ဘုန်းကြီးကျောင်း သွားပြီး ဥပုဒ်စောင့်ကြမယ်။ သီလယူကြမယ်။ ရေလောင်းကြမယ်။ ဘုရားသွားကြမယ်။ သင်္ကြန်လမှာ တစ်ယောက်နဲ့ရေလောင်းတာ မြန်မာပြည်ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓ လေ့ပဲလို့ ထင်ပါတယ်၊ ကဲ…သူငယ်ချင်းတို့လည်း သင်္ကြန်ရောက်ပြီး ဆိုတော့ နှစ်သစ်မှာ ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်။

အော်.. သူငယ်ချင်းတို့ကို ပြောရအုံးမယ်။ ဘယ်သူကိုမှ သွားမပြောနဲ့နော်.. မနေ့က April (1) ရက်နေ့လေ။ Aprilလ ကူးပြီးဆိုတာတော့ ယုန်လေးလည်းသိတာပေါ့။ ဖြစ်ပုံက ဒီလိုပါ။

မနက်အိပ်ယာထတော့

ကလင့် ကလင့်

ဖုန်းသံကမြည်လာတယ်. ယုန်လေးထင်တာက ယုန်လေးအမရဲ့ဖုန်းပေါ့။ ဖုန်းမကိုင်ပဲထား လိုက်တယ်။ ရေချိုး မျက်နှာလည်းသစ်ပြီး ဖုန်းကိုကြည့်လိုက်တော့ မစ်ခေါ် ခေါ်ထားတာတွေကိုတွေ့တယ်။ ပြန်မခေါ်ပါဘူး ဆိုပြီး ထားလိုက်တယ်။ ခဏနေတော့ ဖုန်းထပ်မြည်ပြန် တော့။

ဟဲလို

ဟဲလိုဆိုပြီး ကောက်ကိုက်လိုက်တယ်။

အော်…ယုန်လေးနဲ့သိတဲ့ အမတစ်ယောက်ရဲ့ဖြစ်နေတယ်။ ဘာကိစ္စလဲလို့ မေးတော့ ဒီနေ့သူမ အား ဘူးတဲ့။ သူမှာ သွားစရာကိစ္စနည်းနည်းရှိလို့ပေါ့။ ညီမတို့ရုံးက ဦးလေးတစ်ယောက် အစီခံစာတင်ဖို့အတွက် ရေးပေး ထားတာရှိတယ် လာယူတဲ့ ကွန်ပြူတာနဲ့ပြန် ရိုက်ဖို့မအားတော့ဘူးတဲ့။ သွားစရာက အရေးကြီး နေတယ်။ ၁၁ နာရီမထိုးခင် အမြန်လာ ယူပါတဲ့။ ညီမလာယူပြီး ရိုက်ပို့ပေးပါလားတဲ့။ ယုန်လေးလည်း အဟုတ် ထင်တာပေါ့။ အဲ့ဒါနဲ့ ရုံးမတက်ခင် သွားယူလိုက်မယ်ဆိုပြီး သူနေတဲ့ တခြားရုံးကို သွားယူလိုက်တယ်။ ဟိုလည်းရောက် ရောတဲ့။ ဟားဟား…အဲ့ဒီမှာ သူများညစ်တာကို ခံလိုက်ရတယ်။ သူကို သူများညစ်တာ ခံလိုက်ရလို့ သူမှာ ပြန်ညစ်မယ်လူမရှိဘူးတဲ့။ ညစ်စရာဆိုလို့ ညီမတစ်ယောက်တည်းရှိတယ်တဲ့။ ကောင်းရောလား။ သူငယ်ချင်း တို့ကော Aprilfool နေ့မှာ ဘာတွေ အညစ်ခံလိုက်ရလည်းမသိဘူးနော်… ယုန်လေးထင်တယ် တချို့ဆိုရင် ချစ်သူတို့။ သူငယ်ချင်းတို့။ ညစ်တာကို ခံရမှာပဲလို့…..


ယုန်ကလေး

စိတ်ဝင်စားရင်...

မြ၀တီလောင်းအားကစားတဦး ဒီကေဘီအေ ပစ်သတ်လို့သေ

NEJ / မတ်လ(၃၀) ရက်၊ ၂၀၀၉
မြဝတီမြို့ ကညနရုံးအနီးရှိ အဓိဋ္ဌာန်အောင်ဘုရားဝင်းအတွင်း ဒီကေဘီအေအဖွဲ့မှ ဦးစီးကျင်းပသည့် လောင်း ကစား အခြေခံ ပျော်ပွဲရွှင်ပွဲ (အာဝါဒေးပွဲ) တွင် လူသတ်မှုဖြစ်ပွားသဖြင့် မြို့နယ်အာဏာပိုင်များက ပွဲကျင်းပခွင့် ပိတ်ပင်လိုက်သည်။

ယခုလ (၂၇) ရက်နေ့ညက ကျင်းပသည့် အဆိုပါအာဝါဒေးပွဲတွင် ဒီကေဘီအေအဖွဲ့ဝင်များနှင့် အချင်းများသည့် လောင်းကစားသမား (၂) ဦးကို ဒီကေဘီအေက သေနတ်ဖြင့်ပစ်ရာ တဦးပွဲချင်းပြီးသေဆုံးပြီး ကျန်တဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု မျက်မြင်သက်သေ မြန်မာအလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြော သည်။

၎င်းက “(၂၇) ရက်နေ့ညကဖြစ်တာ။ ကျနော်တို့ရှေ့တင်ပဲ။ ဒီကေဘီအေ ပြောတာက ဒီလူနှစ်ယောက် မူးပြီး သေနတ် ဝင်လုတယ်လို့ ပြောတယ်။ ကျနော်တို့တွေ့တဲ့ အဖြစ်မှန်က သူတို့ပြောသလိုမဟုတ်ဘူး။ မတရား အလုပ်ခံရတာ” ဟု ပြောသည်။

ပွဲမိန့် ပိတ်ခံရသောကြောင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် ကမ်းနားပိုင်းရှိ ဓမ္မရန်အောင် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ကာ မြန်မာဇာတ်အဖွဲ့နှင့် ရောင်ပြန်ဗွီဒီယိုများ ပါရှိသည့် အာဝါဒေးပွဲကို ဆက်လက်ကျင်းပကြသည်။

ဆယ်တန်းစာမေးပွဲအပြီးတွင် မြဝတီမြို့နယ်အတွင်းရှိ ဝါးတော၊ ဟေမာန်ဦးကျောင်း၊ ဓမ္မရန်အောင်ကျောင်း၊ အဓိဋ္ဌာန် အောင်ဘုရားနှင့် မြဝတီမြို့တောင်ဘက်ရှိ ၉၉၉ ဒီကေဘီအေဂိတ်အသစ်တွင် ရက်ခြား၍ နေ့စဉ်ကျင်း ပ လျက်ရှိသည်။

အာဝါဒေးပွဲ တပွဲလျှင် လောင်းကစားဝိုင်း (၅၀) ခန့်ရှိပြီး တဝိုင်းလျှင် အနည်းဆုံး သုံးသောင်းမှငါးသောင်းအထိ ဒီကေဘီအေသို့ အကောက်ပေးရသည်။ ရရှိသည့်အကောက်ငွေများကို ဒီကေဘီအေအဖွဲ့က အဖွဲ့ရန်ပုံငွေ အဖြစ် အသုံးပြုသည်ဟု ပြောသည်။

အာဝါဒေးပွဲတွင် သေဆုံးသူနှင့်ပတ်သက်၍ ခရိုင်အာဏာပိုင်များက တစုံတရာအရေးယူခြင်းမရှိဘဲ “ဒီကိစ္စ ဒီကေဘီအေက သူ့ဖာသာသူ ရှင်းလိမ့်မယ်" ဟု ပြောကြောင်း မြဝတီမြို့ခံတဦးက ပြောသည်။ အာဝါဒေးပွဲ ကြောင့် မြဝတီခရိုင်အတွင်း ခိုးဆိုးလုယက်မှု များပြားလာကာ လူငယ်အများစု လေလွင့်ပျက်စီးမှုနှုန်း ပိုများလာ သည်ဟု လည်း ဆက်ပြောသည်။

ရိုးမ၃ ကူးယူဖော်ပြပါသည်။

စိတ်ဝင်စားရင်...

၂၀၁၀ ရွေးကောက်ပွဲကို ဒီကေဘီအေ အဖွဲ့များက ထောက်ခံဖို့ ကတိပေး

နအဖပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ခွဲထွက်အဖွဲ့များက လက်ရှိ တပ်မတော်အစိုးရကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု နအဖကို ကတိပေးလိုက်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။

နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့်အဖွဲ့ ယခုလ (၂၁) ရက်နေ့၌ ကရင်ခွဲ ထွက်အဖွဲ့များဖြစ်သည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ စောဌေးမောင်အဖွဲ့တို့၏ အခြေချရာ နေရာများ သို့ လာရောက်စဉ် အဆိုပါအဖွဲ့များက ကတိက၀တ်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ ကေအန် ယူနဲ့ ပြန်ပေါင်းဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ခေတ်ကာလ အခြေအနေက ပြောင်းသွားပြီ။ ကေအန်ယူဘက်က လာတာပဲ ရှိရင် ရှိမယ်၊ ဒီဘက်ကတော့ ဟိုဘက်ကို သွားစရာ မရှိတော့ ဘူး၊ လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို ဘယ်သူမှ စွန့်မှာမဟုတ်ဘူး” ဟု ပြောသည်။

နအဖအတွင်းရေးမှူး (၁) ၏ ခရီးစဉ်သည် ကရင်ခွဲထွက်အဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် လာရောက် တွေ့ဆုံအားပေးသည့် ခရီးစဉ်ဟုဆို သော်လည်း အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များအတွက် တဖက်လှည့်ဖြင့် ချည်ပြီး တုပ်ပြီးဖြစ်အောင် လာရောက်သည့် ခရီးစဉ်သာဖြစ်သည်ဟု ကရင်ခွဲထွက်အဖွဲ့ဝင်အချို့က ပြောဆို သုံးသပ်ကြသည်။

နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခင်လက ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ကူးပြောင်းသွားသည့် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင် သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ကရင်ခွဲထွက် အဖွဲ့တခုမှ ယာဉ်မောင်းတဦးက “အခြေအနေမှန်ကို အားလုံးသိကြပါတယ်။ ဒါပေမယ့် လွန် သွားပြီ။ ကိုယ်လိုချင်တာကို ဥပဒေဘောင်ထဲက တောင်းမယ်ဆိုပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့လူတွေ သူတို့ဆီက ဘာမှ ဖမ်းလို့မရဘူး။ ကိုယ့်ကို ပြန်မဖမ်းနိုင်အောင်ကိုဘဲ မီးစင်ကြည့်ပြီး လှုပ်ရှားနေ ရတယ်။ ကျနော်ဆိုရင် မာနယ်ပလော ဌာနချုပ်မှာနေတုန်းက အကောင်၊ အခုတော့ အဖွဲ့က ထောင်ထားတဲ့ ခရီးသည် တင်ကားမောင်းတဲ့ ဒရိုင်ဘာလိုလို ကုန်သည်ပွဲစားလိုလိုဖြစ်သွားပြီး ကိုယ့်ရည်ရွယ် ချက်ကတမျိုး၊ ဖြစ်လာတာ ကတမျိုး ကိုယ်ရွေးတဲ့ လမ်းဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ များ သည် နအဖ ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြသော်လည်း ကေအန်ယူ အဖွဲ့ကမူ လူထုဆန္ဒနှင့်အညီမဟုတ်ဘဲ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ယခုရက်ပိုင်း အတွင်း ခေတ်ပြိုင်သို့ ပြောကြား ခဲ့သည်။

ပဒိုအောင်ဆန်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ဘားအံမြို့နယ် ဘုရားကုန်းရွာတွင် အခြေချပြီး ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီကေဘီအေအဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် ဌာနချုပ် အခြေစိုက်ကာ စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ သည် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။

ရိုးမ ၃ မှ ကူးယူဖေ။ာ်ပြပါသည်

စိတ်ဝင်စားရင်...

အကြပ်အတည်းကြားက ကေအန်ယူ


Friday, 20 March 2009 19:58 ဧရာဝတီ

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် ကို လက်လွှတ်ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ ပြီးခဲ့သည့် နှစ်များအတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ် စောဘိုမြကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်းတို့နှင့်အတူ KNU၏ ထိန်းချုပ် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ KNU သည် ပြည်ပရောက် အတိုက်အခံများနှင့် ရင်းနှီးမှုအရှိဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။ ဧရာဝတီက KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုဒေးဗစ်ထော နှင့် တွေ့ဆုံပြီး KNU၏ လက်ရှိအခြေအနေများကို မေးမြန်းခဲ့သည်။ ဖဒိုဒေးဗစ်ထောသည် ယခင်က KNU၏ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူဖြစ်သည်။
မေး။ ။ ထိုင်းနိုင်ငံထဲက KNU စစ်ခေါင်းဆောင်တွေ မကြာသေးခင်က မြန်မာနိုင်ငံဘက်မှာ ရှိတဲ့ KNU ထိန်းချုပ်နယ်မြေထဲကို ပြန်ရတဲ့အကြောင်းတွေ ပြောပြပါဦး။

ဖြေ။ ။ ၂ဝဝ၈ ခုနှစ် KNU ညီလာခံ အပြီးမှာ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖ က တွေ့ဆုံ ဆွေးနွေးရေးကို မသွားချင်တော့ဘူး ဆိုတော့ တချို့ ဌာနတွေ ဖျက်ပစ်လိုက်တာရှိတယ်။ ဥပမာ အရင်က နအဖနဲ့ ဆက်ဆံတဲ့ ဗိုလ်မှူးစိုးစိုးရဲ့ ဌာနမျိုးပေါ့။ အဲဒါကို ထိုင်းဘက်က အမြင်မရှင်းတာမျိုး ရှိတယ်။ နအဖက ကမ်းလှမ်းမှုတွေကို ကျနော်တို့ဘက်က စ ဖျက်တယ်လို့ ထိုင်းက မြင်တယ်။

ညီလာခံအပြီး တပ်မဟာ ၆ ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အဲဒီဘက်က တပ်ရင်း ၂ဝ၁၊ ၂ဝ၃ ရှိတယ်။ မြန်မာ စစ်အစိုးရဘက်က တောင်းဆိုမှုကြောင့် ထိုင်းက လမ်းတွေကို တတ်နိုင်သလောက် လိုက်ဖြတ်တောက်တာ တွေ့ရတယ်။ ဒါကြောင့် တချို့ နယ်မြေတွေ ရှုံးရတာ၊ ဆုတ်ပေးရတာ အဲဒါတွေ ပါတယ်။ ရိက္ခာ မပို့နိုင်သလို နောက်ကျောကနေ ဝင် အပစ်ခံရတာတွေ ရှိတယ်။

အဲဒီမှာ ဆက်ဆံရေးက ကျဲလာတဲ့ အခါကျတော့ ဖေဖော်ဝါရီမှာ ထိုင်းဘက်ကနေ ကျနော်တို့ဆီ စာဝင်လာတယ်။ သူတို့နယ်မြေထဲကနေ ကိုယ့်တပ်တွေကို လှမ်းပြီး အမိန့်မပေးဖို့ပေါ့။ ဒါပေမယ့် ကျနော်တို့ ထိုင်းနယ်မြေထဲမှာ ဆက်ပြီး နေနေတယ်။ အဲဒီမှာ စာရလာတယ်။ စာအရ တော့ အမိန့်ပေးနိုင်တဲ့ တပ်မှူးတွေအနေနဲ့ ဖေဖော်ဝါရီ ၂၅ မှာ နောက်ဆုံး ဟိုဘက်ကမ်း ပြန်သွားပေးဖို့ပေါ့။

နောက် … ပို့ရတဲ့ အကြောင်းရင်းတချက်က ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တာနာ လာတဲ့ အချိန်မှာ (ကရင်ပြည်နယ်) မြဝတီမှာ ပေါက်ကွဲမှု ဖြစ်သေးတယ်၊ အဲဒါ ကျနော်တို့ လုပ်တာလို့ ပြောတယ်။ အရှေ့တောင်တိုင်း တိုင်းမှူး ကိုယ်တိုင် လာကြည့်တယ်။ ဆိုတော့ ပိုပြီး ထိုင်းဘက်က ပိုစိုးရိမ်လာတယ်၊ ဖိအား ပိုများလာတယ်။ မြန်မာ စစ်အစိုးရဘက်ကလည်း KNU, KNU ဆိုပြီး ဝါဒဖြန့်တာတွေ ပို ကြီးလာတဲ့ အခါကျတော့ ထိုင်းအနေနဲ့ ဖဒိုမန်းရှာလို နောက်တယောက် ဖြစ်မှာ စိုးရိမ်လာတယ်။

မေး။ ။ တကယ်လို့ KNU က ငြိမ်းချမ်းရေးယူမယ်ဆိုရင် ကိုယ်ပိုင်နယ်မြေ ရနိုင်မလား။

ဖြေ။ ။ နယ်မြေပေးမယ် ဆိုတာ ဘုရားသုံးဆူရဲ့ မြောက်ဘက်ပိုင်းပေါ့။ အရင် ကျနော်တို့ ၂ဝဝ၅ ခုနှစ် သွားပြီး ဆွေးနွေးတုန်းက အရှေ့တောင်တိုင်း တိုင်းမှူးက သုံးနေရာပေးတယ်။ အဲဒီ နေရာက ကရင်ပြည်နယ်ထဲမှာ ဆိုတော့ ဘယ်တပ်မဆို အဲဒီကို ပြန်လာနေဖို့ ပြောတာ။

အဲဒီမှာ DKBA (KNU၏ ခွဲထွက်အဖွဲ့တခု) လည်း ရှိတယ်၊ နောက်တခုက မွန်ပြည်သစ်ပါတီရဲ့နေရာ ဖြစ်နေတယ်။ ဘယ်သူ ပြန်ပြန် နေပြည်တော်ကတော့ ခေါင်းအေးမယ်၊ ဒါပေမယ့် အဲဒီနေရာမှာ ရှိတဲ့သူတွေကတော့ ခွက်စောင်းခုတ်မှာပဲ။ အခုကလည်း တနိုင်ငံလုံး အတိုင်းအတာကို မကြည့်ကြဘူးလေ။ အားလုံးလိုလိုက နယ်မြေလေး တခုလောက် ရပြီး ရပ်တည်နိုင်တဲ့ အနေအထားရှိရင် တော်ပြီ ဆိုတာမျိုး။

မေး။ ။ KNU ရဲ့ အောက်ခြေ တပ်တချို့က သူတို့သဘောနဲ့ သူတို့ အစိုးရနဲ့ သွားပြီး ပူးပေါင်းမယ် ဆိုရင် ခွင့်ပြုမလား၊ ဘယ်လို သဘောထားရှိလဲ။

ဖြေ။ ။ တခြားတပ်မဟာတွေကတော့ ပြဿနာ မရှိလောက်ဘူး။ ဖြစ်မယ်ဆိုရင်တော့ အထူးတပ်ရင်း ဗိုလ်ချုပ်မြရဲ့ လူတွေ ဘက်က ဖြစ်စရာ အကြောင်းရှိတယ်။ အမှန်က ကျနော်တို့က ကိုယ့်လူကိုယ်လည်း မထိန်းနိုင်ဘူး၊ ဗိုလ်ချုပ်မြ ရှိတုန်းက သူပျိုးထောင်ခဲ့တာတွေက ဗိုလ်ချုပ်မြလူ ဆိုပြီး သဘောထားကြတယ်။ တကယ်က တပ်ဆိုတာက အားလုံး တစုတစည်းတည်း တပ်ဗိုလ် တပ်မှူးရဲ့ အောက်မှာပဲ ရှိသင့်တာကို ခုလို ခွဲခြားလိုက်တော့ ပြဿနာက ဖြစ်လာရော။

တပ်မဟာ ၆ က ထုတ်ပယ်ထားတဲ့သူတွေ ဥပမာ - တဲခီး ဆိုရင် ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတယ်။ သူက DKBAနဲ့လည်း အဆက်အစပ် ရှိတယ်။ ဗိုလ်မဟာဆွေ ဆိုရင်လည်း ဗိုလ်ချုပ်မြဆီမှာ တောက်လျှောက် နေလာခဲ့တယ်။ ဒါပေမယ့် သူ့ကို ဦးစီးချုပ်က တခါမှ ပြောဆို ဆွေးနွေး တိုင်ပင်တာ မရှိခဲ့တော့ သူက လွတ်နေတယ်။ သူတို့ကို ရွာသားပြောမလား၊ ဗိုလ်ချုပ်မြလူလို့ ပြောမလား။

ဒီဟာတွေက မရှင်းမရှင်း ရှိနေတော့ ကျနော်တို့ တပ်က ဖွဲ့စည်းပုံကိုက အားနည်းတယ်။ ကျနော်တို့ကလည်း တပ်မဟာ ၃၊ ၄၊ ၅၊ ၆ စသည်ဖြင့် တပ်မဟာတွေကို အာရုံစိုက်ပေမယ့် အထူးတပ်ရင်းတွေကိုကျတော့ အာရုံမစိုက်တော့ အထူးတပ်ရင်းကို ဗိုလ်ချုပ်မြတပ် ဆိုပြီး ဘေးဖယ်သလို ဖြစ်နေတယ်။ တခါ အထူးတပ်ရင်းကလည်း ဗိုလ်ချုပ်မြက သူ့သားတွေကိုပဲ ဦးဆောင်ခိုင်းထားတယ်။ မိသားစုကနေ ပျိုးထောင် ထားတဲ့ တပ်လိုဖြစ်နေတော့ တချို့က သိပ် အမြင် မကြည်ကြဘူး။ နောက်တခါ မာနယ်ပလောတို့ တခြား တပ်ရင်းတွေ ကျတုန်းက ပြေးခဲ့တဲ့ တပ်သားတချို့ကို ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတာမျိုးလည်း ရှိတယ်။

အဝေးတပ်ရယ်၊ ဗဟိုတပ်ရယ် ဆိုတဲ့ ဇာတ်လမ်းက ရှိနေတော့ အရေးယူရမလား၊ လိုက်လျောရမလား ဘာမှန်းကို မသိဘဲ ဖြစ်နေတယ်။ အဲလိုမျိုး တခြား တပ်ရင်းတွေကပါ လုပ်မယ် ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပဲ့ ပဲ့ ပြီး ထွက်သွားဖို့က များနေတယ်။ DKBA တုန်းကတော့ ပုံစံတမျိုးနဲ့ ဖြစ်ခဲ့တာပဲ။ ဗိုလ်ထိန်မောင် ဖြစ်တော့လည်း ပုံစံတမျိုးပဲ။ ကျနော်တို့ဆီမှာ အကွဲကွဲ အပြားပြား ဖြစ်နေတယ်။

မေး။ ။ KNU မှာ စစ်တပ် အင်အားက ဘယ်လောက် ရှိသလဲ။

ဖြေ။ ။ ၃ဝဝဝ ထက် မပိုဘူး။ တပ်မဟာ ၅ ကတော့ အများဆုံးပဲ။ မြိတ်၊ ထားဝယ်ဘက်မှာလည်း လူရှိရင်တောင် လှုပ်ရှားမှုက တော်တော်နည်းတယ်။ တပ်ရင်းအရ ပြောမယ်ဆိုရင်တော့ တပ်ရင်း ၉၊ ၁ဝ၊ ၁၁ ရှိတယ်။ စာရင်းအရတော့ များတယ်။ ဒါပေမယ့် တကယ့်လူဦးရေက မပြောနိုင်ဘူး။

မေး။ ။ KNUက အင်အား အတော်နည်းနေတော့ နအဖက မဖြိုနိုင်ဘူးလား။

ဖြေ။ ။ ကျနော့်အထင်တော့ မွေးထားတယ်လို့ ထင်တယ်ဗျ။ ဒီကောင်တွေရှိနေတယ်၊ တိုင်းပြည်ကို ကမောက်ကမ လုပ်နေတဲ့ ကောင်တွေ ဆိုပြီး ပြစားလို့ ရတာပေါ့။ တဘက်ကလည်း ကျနော်တို့ လူတွေဘက်ကလည်း စိတ်ဓာတ်တော့ မကျဘူးဗျ။ ကျနော်တို့က ပြောက်ကျားပစ်တယ်၊ ဗုံးထောင်တယ်။ ကျနော်တို့လည်း ဒါပဲ တတ်နိုင်တာကိုးဗျ။

မေး။ ။ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့နဲ့ မယူတဲ့အဖွဲ့ နိုင်ငံရေးအရ ဘာကွာမလဲ။

ဖြေ။ ။ အမှန်ကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ နိုင်ငံရေးအရ မျှော်လင့်ချက်လေး နည်းနည်း ရှိသေးတယ်ပေါ့ဗျာ။ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့၊ နိုင်ငံတကာရဲ့ ဖိအားနဲ့ ပေါင်းပြီး အပြောင်းအလဲကို မျှော်နေတယ်ဗျ။

ငြိမ်းချမ်းရေး အဖွဲ့တွေကျတော့ တချို့က ကျေနပ်လို့တော့ မဟုတ်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး ယူလိုက်တဲ့ အခါကျတော့ သူတို့နယ်မြေထဲမှာ သတ်တာတွေ အများကြီးလျော့သွားတယ်၊ နည်းနည်းလျော့တာ မဟုတ်ဘူးနော် .. အများကြီး လျော့သွားတာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိကောင်းရှိမယ်၊ ဒါပေမယ့် သတ်တာကတော့ လျော့သွားတယ်။ နောက်တခု အားသာချက်က လူတွေနဲ့ အနီးစပ်ဆုံး ထိတွေ့ခွင့် ပိုရှိတယ်။ အဲဒါကတော့ အရမ်းကို အကျိုးရှိတယ်ဗျ။ သူ့လူထုကို သူတို့ရဲ့ သဘောတရားကို ပြောပြလို့ရတယ်။

ဒီက လက်နက်ကိုင် အဖွဲ့တွေကျတော့ ဟိုဘက်က ထိုးခွဲလိုက်တဲ့အခါမှာ သွားလည်း မရှင်းနိုင်၊ မီဒီယာမှာ ရှင်းပြန်တော့လည်း သတင်းထုတ်ပြန်ချက် ဆိုတာနဲ့ပဲ ပြီးသွားရော။ ကျနော်တို့ လူတွေကို ရွာတွေမှာ ခေါ်စုပြီး စကားပြောနိုင်တာမျိုး မလုပ်နိုင်တော့ဘူး။ နေရာတိုင်းမှာ နအဖရဲ့ စခန်းတွေ တပ်တွေက ရှိနေတယ်။ ဒီတော့ ရွာတွေကလည်း မင်းတို့ ဘာလိုချင်လဲပြော လုပ်ပေးမယ်၊ ခေါ်ပြီး လူစုတာမျိုးတော့ မလုပ်ပေး နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ အရင်က ဆိုရင်တော့ ခေါ်စုပြီး ရှင်းလင်းပွဲလေး ဘာလေး လုပ်နိုင်သေးတယ်။

မေး။ ။ ပြန်ဝင်သွားတဲ့ ငြိမ်းချမ်းရေး အဖွဲ့တချို့ ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ရှိနေတာပဲ။ KNU ကရော ဘာလို့ ငြိမ်းချမ်းရေး ကိစ္စကို မစဉ်းစားတာလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ဆုံး သွားတွေ့တုန်းကဆိုရင် ဗိုလ်ချုပ်ခင်ညွှန့်ရှိတုန်းက ကျနော်တို့ရဲ့ အခြေခံ လိုအပ်ချက် တွေကို ဆွေးနွေးလို့ ရသေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားပြီး နောက်လူတွေကျတော့ အဲလို ဆွေးနွေးလို့ မရတော့ဘူး။ ပြန်လာနေရင်နေ၊ မပျော်ရင်ပြန် ဆိုတာမျိုးပဲ သူတို့ဘက်က ပြောတယ်။

နောက်တခါ အဖွဲ့ငယ်လေးတွေကို ခွဲပြီး ခေါ်နိုင်ပြီ ဆိုတာမျိုး ဖြစ်နေတယ်။ ကျနော် ရန်သူဆိုလည်း ဒီတိုင်းလုပ်မှာပဲလေ။ ခွဲနိုင်သမျှ ခွဲထုတ်မယ်၊ အဆောက်အအုံကြီးကိုတော့ ဒီတိုင်း ထားမယ်။ ကျနော်တို့ မပြန်နိုင်ဘူး ဆိုတာကလည်း နိုင်ငံရေး အရ ယုံကြည်ချက်တွေ ရှိကြတယ်။ ညီလာခံကလည်း ဆုံးဖြတ်ထားတာ ရှိတော့ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ် ထားတာကို အောက်ခြေက ဖောက်ပြီး မလုပ်နိုင်တာ ရှိတယ်။ တချို့အောက်ခြေကတော့ ပြန်ချင်တဲ့ စိတ်မျိုး ရှိကောင်းရှိမယ်။

နောက်တခုက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ဆုံးဖြတ်ချက် ချထားတာ ဖဒိုမန်းရှာ ရှိကတည်းကပဲ။ အဲဒါက ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြန်နေဖို့။ ကျနော်တို့ကို ကျနော်တို့ တပ်တွေနဲ့ လူထုက လေးစားမှုရှိဖို့။ အနည်းဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ သူတွေ ကရင်ပြည်နယ်ဘက်ကို ပြန်နေကြဖို့ပဲ။ ဒါပေမယ့် ဖဒိုမန်းရှာသာ ဆုံးသွားရော အဲဒီ အစီအစဉ်က ဖြစ်မလာဘူး။

ခုဟာက ဗဟိုက မဲဆောက်ဆိုတော့ လူက အထင်သေးတာပေါ့။ ကရင်ပြည်နယ်မှာ ရွာသားတွေက KNU ခေါင်းဆောင်ကို တခါမှ မတွေ့ဖူးဘူး။ ပြက္ခဒိန် ရောက်လာမှ မြင်ဖူးကြတာမျိုး ဖြစ်နေတာ။ တကယ်ဖြစ်သင့်တာက ညီလာခံက ဆုံးဖြတ် ပြီးရင် ဟိုဘက်ကမ်း ပြန်ကြပေါ့၊ တပ်တွေဆီလည်း ကိုယ်သွားနိုင်သလောက် သွားပြီး အားပေးပေါ့ ..။ တပ်နဲ့ တူတူနေတဲ့ ဒုက္ခသည်တွေကို တွေ့သင့်တာပေါ့။ ဒါပေမယ့် ကျနော်တို့ကအစ ဒီဘက်ကမ်း (ထိုင်းနိုင်ငံဘက်အခြမ်း)ကနေ လုပ်နေကြတယ်။ အဲဒီတော့ အထဲက တကယ်လုပ်နေတဲ့ တပ်မှူးတွေကလည်း ကျနော်တို့ကို အားကျတာပေါ့။ အဲဒီတော့ ဒီဘက်ကို လာနေချင်ကြကော။ ဟိုထဲမှာ မလွှဲသာမရှောင်သာလို့ နေနေရတဲ့သူတွေက ဒီလူတွေကို ကြည့်ပြီး စိတ်ဓာတ်ကျတာပေါ့ဗျာ။

မေး။ ။ ကျန်တဲ့ ငြိမ်းချမ်းရေး တပ်တွေကကော လက်နက်ပြန်ကိုင်ပြီး တိုက်မယ်လို့ ထင်သလား။

ဖြေ။ ။ ရိုးရိုး ပြောရရင်တော့ ဒီလူတွေ စစ်ပြန်တိုက်ကြဖို့ မရှိဘူးဗျ။ သူတို့ လူထုနည်းအရ၊ နိုင်ငံရေး အရပဲ ဆန့်ကျင်နိုင်မယ်။ ဝ ဒေသဆိုရင်လည်း စစ်ရေးအရ တရုတ်ကသာ ပံ့ပိုးပေးနေမယ်ဆိုရင် .. ပံ့လည်း ပံ့ပိုး ပေးနေတာပဲ ဆိုတော့ နအဖက သွား တိုက်ဖို့ တော်တော် စဉ်းစားရမယ်။ ဝ ကိုက တရုတ်က တော်တော်လေး ချုပ်ကိုင်ထားနိုင်တယ်၊ ဝ ရဲ့ ထွက်ပေါက်ကလည်း တရုတ်ပဲကိုး။ ကချင် ဆိုရင်ကော အရင်က တော၊ ခြုံဆိုတဲ့ နေရာတွေ ခု လူနေအိမ်ခြေ တိုက်တာနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုတော့ စစ်ပြန်ဖြစ်ဖို့ ဘယ်သူမှ စဉ်းစားမှာ မဟုတ်တော့ဘူး။

သူတို့ထဲမှာ စစ်သားဦးရေက နည်းတာ မဟုတ်ဘူး။ ဒါက စစ်မတိုက်ရလို့ကိုး။ စစ်တိုက်ရရင် ဘယ်သူမှ စစ်ထဲ လိုက်မှာ မဟုတ်တော့ဘူးလေ။

မေး။ ။ KNU နဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုတွေ၊ တပ်ပေါင်းစုတွေအပေါ် အမြင် ပြောပြပါဦး။

ဖြေ။ ။ ခုအချိန်မှာတော့ တပ်ပေါင်းစုတွေမှာတော့ KNU ကို ဗန်းပြအနေနဲ့ နေရာပေးထားတာတော့ ရှိတယ်။ NCUB တပ်ပေါင်းစုအဖွဲ့က စင်ပြိုင်အစိုးရ ဖွဲ့မယ် ဆိုတာမျိုး ဖြစ်လာတယ်။ KNU ကလည်း ရန်သူကို တိုက်မယ် ဆိုရင် ကြိုက်တာပဲ၊ ဘယ်လိုပဲ တိုက်တိုက်လေ။

ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစားတဲ့ အပိုင်းတွေ ရှိတာလည်း တွေ့လာရတယ်။ အဲလို ပုံစံဆိုတော့ အထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်ပေါ့။ ငြိမ်းချမ်းရေး အဖွဲ့တွေကော ပါနိုင်မလား။ မလွယ်ဘူး။ သူတို့ သွားချင်တဲ့ ပုံစံက တမျိုးပဲ။ အိပ်မက်ကြီးလို ဖြစ်နေတယ်။ လက်ရှိ သူတို့ ရှိတဲ့ အခွင့်အရေးကို လွှတ်ပြီး ကျနော်တို့ ပေးတဲ့ လေထဲက အခွင့်အရေးကို ယူမလားဗျ။

မေး။ ။ လုပ်ကြံခံရတဲ့ KNU ခေါင်းဆောင် ဖဒိုမန်းရှာက ရန်သူ တော်တော်များခဲ့လား။

ဖြေ။ ။ KNU တခုလုံးရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အထွေထွေ အတွင်းရေးမှူး ဆိုတော့ သူက မူပေါ်မှာ ရပ်တည်ပြီး အကောင်အထည်ဖော် ပြောဆိုတဲ့အခါမှာ သူ့ကို မကြိုက်တာမျိုးတွေ ရှိကောင်း ရှိနိုင်မယ်။ သူ့ကို မသတ်ခင်မှာ DKBAတို့၊ နအဖတို့က ဖြန့်တဲ့စာတွေ တွေ့ကြမှာပါ။ ကားဗုံးခွဲတဲ့နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေတာ မန်းရှာလက်ရာ၊ ကိုကြည်လင်း (စစ်အစိုးရနှင့်သွားရောက်ဆွေးနွေးသူ KNU ဒု ဗိုလ်မှူးကြီး) သေတာ မန်းရှာလက်ရာ အဲလိုတွေ မြှောက်ပေးတော့၊ စွပ်စွဲတော့ သူက ပိုကြီးထွားလာရော။ အဲဒီမှာ ထိုင်းဘက်က လမ်းဖောက်ဖို့တို့၊ ရေလှောင်တမန် ကိစ္စတို့မှာ သူက မူအရ ငြင်းရတော့ တချို့က မန်းရှာနဲ့ စကားပြောရတာ ခက်တယ် ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။ ကျနော့်အထင် သူ့မှာ ရန်သူ များတယ်လို့ ပြောရလောက်အောင်တော့ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အဖွဲ့အစည်းတခုလုံးရဲ့ဒဏ်ကို ခံလိုက်ရတာပါ။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာဖြစ်လာမယ်လို့ ထင်သလဲ။

ဖြေ။ ။ စစ်တပ်ကို သုံးပြီး အပစ်ရပ် အဖွဲ့တွေကို လက်နက် လုံးဝ ဖြုတ်ခိုင်းမလား .. ဒါမှမဟုတ် အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို အပြတ် ချခိုင်းမလား၊ ဒါကတော့ နောက်တက်မယ့် အစိုးရပေါ်မှာ မူတည်တာ။

ကျနော်တို့ကတော့ ဒီတိုင်း ဆက်နေသွားမယ် ဆိုတာ ရှင်းပေမယ့် နောက်တက်မယ့် အစိုးရ ဘာလုပ်မယ်ဆိုတာ ခုထိမရှင်းဘူး။ ၂ဝ၁ဝ ပြီးသွားလို့ ရှေ့လျှောက်မှာ နအဖလည်း အခက်အခဲ ပိုများလာမယ်။ ကျနော်တို့ကတော့ ဒီထက် ပိုခက်စရာ အကြောင်း မရှိတော့ဘူးလို့ ထင်တယ်။ ကျနော်တို့အတွက်က အခုကာလက တကယ့်အကြပ်အတည်း ဆုံးပဲ။ ဘဏ္ဍာငွေအားဖြင့် အခက်အခဲရှိတယ်၊ လူစုရတာလည်း အခက်အခဲရှိတယ်။ အခက်အခဲက မျိုးစုံတယ်။

မေး။ ။ KNU ရဲ့ တပ်တွေကို ထောက်ပံ့ဖို့ မလွယ်တော့ဘူး ဆိုတဲ့ သဘောလား။

ဖြေ။ ။ အဲဒါပေါ့ .. ခုလောလောဆယ် ကျနော်တို့ လူထုကလည်း အကုန်လုံး ဒုက္ခသည်ဖြစ်ကုန်ပြီ .. အရင်ကလို ကျနော်တို့ ဝန်ကို မထမ်းနိုင်တော့ဘူး။ ရုန်းကန်တဲ့နေရာမှာ မိသားစုတွေက ကိုယ့်ဘာသာ စားနိုင်ပေမယ့် တပ်တွေအနေနဲ့ က အနည်းအကျဉ်းတော့ လိုတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ပံ့ပိုးတာလောက်တော့ ရှိပါတယ်။

လက်နက်ဆိုရင်လည်း ရှိရင်တောင် ဝယ်ဖို့ အတော်ခက်ခဲနေပြီ။ ကျနော်တို့ကို ထိုင်းက လက်နက် စ ဖြတ်တောက်တာ ဆိုရင် ၁၉၉ဝ လောက်က စတာပဲ။ အစောပိုင်းက ကျန်နေတာတွေ ရှိနေလို့သာ ခုနောက်ပိုင်း တော်တော်လေးခံသာတာ။

မေး။ ။ ဖိအားတွေ များနေတယ်၊ ပြဿနာ ပေါင်းစုံရှိတယ်၊ KNU ထဲက နောက်ထပ် ခွဲထွက်နိုင်မယ့်သူတွေကလည်း ရှိနေတယ် ဆိုတော့ KNUရဲ့ နိုင်ငံရေး ရပ်တည်ချက် ပြောင်းသွားနိုင်လား။

ဖြေ။ ။ ပြောင်းသွားနိုင်တယ်ဗျ။ အဲဒါတွေ ပြန်ထိန်းတဲ့အနေနဲ့ ပေါ်လစီ ပြောင်းနိုင်တယ်။ ပြောင်းမယ့် ပေါ်လစီကလည်း ပြန်မယ့်သူပြန်၊ နေမယ့်သူနေ .. ဒါပေမယ့် ရန်မဖြစ်နဲ့ ဆိုတာမျိုးဖြစ်နိုင်တယ်။ သဘောက DKBA ပြန်တယ်။ ရန်ဖြစ်တယ်။ ထိန်မောင် ပြန်တယ် ရန်ဖြစ်တယ်ဆိုတာရှိတယ်လေ .. အဲဒါက ပေါ်လစီ မကျဘဲ ပြန်ကြတာကိုး။

နောက်တခုရှိတာကတော့ ပြန်ရင်တောင် အရင်ကလို အစုလိုက် အဖွဲ့လိုက် ပြန်တာမျိုး မဖြစ်နိုင်တော့ဘူး၊ နယ်မြေတွေကလည်း ကွဲပြားကုန်ပြီကိုး။ ဒီတော့ ပြန်ရင်လည်း နီးစပ်တဲ့အဖွဲ့လေးတွေ ပြန်ကြလိမ့်မယ်။ ဒါကလည်း ထိုင်းရဲ့ ပေါ်လစီပေါ်မှာ မူတည်တယ်။ အရင်ကတော့ ထိုင်းက တစုံလုံး အစုနဲ့ အဖွဲ့နဲ့ ပြန်တာမျိုး လုပ်စေချင် တယ်။ တစစီပြန်ရင် သူတို့ မထိန်းနိုင်ဘူးလေ။ ခုတော့ သူတို့လည်း တစုံလုံးပြန် ဆိုတာမျိုး မလုပ်နိုင်တော့ဘူး။ တစစီ ပြန်ချင်လည်း ပြန်။ ပြန်ဖို့ပဲ လိုရင်း ဆိုတာမျိုး ဖြစ်နေပြီ။

မေး။ ။ အထဲပြန်ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး ဦးဒေးဗစ်ထောရဲ့ သုံးသပ်ချက် ပြောပြပေးပါ။

ဖြေ။ ။ တင်းခံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်မှာ တင်းခံနိုင်လောက်တဲ့ အနေအထားတော့ ရှိဖို့ လိုတယ်။ ဟိုအရင်ကတော့ ဖြစ်နိုင်တယ်၊ (စစ်အစိုးရနဲ့) မတွေ့လည်း ရတယ်။ အခု အခြေအနေမှာ တွေ့ချင်ပါတယ် ဆိုရင်တောင် တွေ့ဖို့လွယ်တဲ့ အနေအထား မဟုတ်ဘူး။

မေး။ ။ တကယ်လို့ KNU က အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ယူခဲ့မယ် ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ဖို့ စိတ်ကူးထားသလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ ၂ဝ၁ဝ ကတော့ ဝင်လည်း မထူးဘူး။ လူထုစည်းရုံးမှုတွေ အများကြီး ပြန်လုပ်ရဦးမယ်။ ဒီတော့ အရှိကို အရှိအတိုင်း ပြောရရင် KNU အနေနဲ့ မဲပုံး ထောင်လို့ကို မရသေးဘူး။ နိုင်ငံရေး ပြန်လုပ်ချင်ရင် အများကြီးကို ပြန်လုပ်၊ ပြန်တည်ဆောက်ရဦးမယ်။

စိတ်ဝင်စားရင်...

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ကစားသင့်မသင့် ဆိုတာနဲ့ပတ်သက်ပြီး မြန်မာအရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနှင့် ရဲဘော်ဖိုးသံချောင်းတို့ကို ဗွီအိုအေမှ ဆက်သွယ်မေးမြ



ရက်စွဲ။ ၁၉။၃။၂ဝဝ၉

ဗွီအိုအေ၊ ၊ စစ်အစိုးရက ကျင်းပဖို့စိုင်းပြင်းနေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ တိုင်းပြည်တွက် အကျိုးထက် အဆိုးကိုသာ ဖြစ်စေနိုင်တယ်လို့ယူဆပြီးလုံးဝပြစ်ပယ်သင့်ပါသလား၊ ဒါမှမဟုတ် ဒါဟာအခွင့်အရေး တစ်ရပ် ဖြစ် ယူဆပြီးဝင်ကစားသင့်ပါသလား လို့ဆိုတာနဲ့ပတ်သက်ပြီး မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနဲ့ (ဗကပ)ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနဲ ဦးကျော်စံသာက ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဦးအောင်သူငြိမ်း ကစပြီး ဆွေးနွေးတင်ပြထားပါတယ်၊

ဦးအောင်သူငြိမ်း၊ ၊ဒီနေရောမှာ ကျနော်ပထမဦးဆုံးဆွေးနွေးချင်တာကတော့ ဒီရွေကောက်ပွဲနဲ့ ပတ်သက် လို့ ကျနော်က အကောင်းမြင်တယ်ဆိုတဲ့ ဟာမျိုးဆိုလို့ရှိရင် တစ်ဖက်ဟိုမှားနိုင်တာမျိုးလည်း ရှိနိုင်တယ်၊ ကျနော်မြင်တာကတော့ အခုရွေး ကောက်ပွဲဟာ ဘာပဲဖြစ်ဖြစ် မလွဲမသွေ (၂ဝ၁ဝ)မှာ စစ်အစိုးရက ဒီအတိုင်း ကျင်းပတော့မယ့် ပုံစံဖြစ်ပါတယ်၊ ဒီရွေးကောက်ပွဲ ပြီးတဲ့အခါမှာလည်း ပြီးခဲ့တဲ့ (၂ဝဝ၈)ခုနှစ် ကျင်းပတဲ့ ဒီဆနခြံယူပွဲအတိုင်းပဲ ဖွဲ့စည်းပုံကို အတင်းအကျပ်အတည်ပြုသွားသလို ဒီလိုမျိုးလုပ်သွား နိုင်တဲ့အနေအ ထားလည်း အများကြီးတွေ့ရပါတယ်၊ ဒါပေမယ့် ကျနော်သုံးသပ်တာကတော့ ကျနော်တို့ဒီမိုက ရေစီထပ် လှုပ်ရှားမယ်ဆိုတာက ရေရှည်ဖြတ်သန်းရမယ့် ခရီးပုံစံမျိုး ကျနော်မြင်ပါတယ်၊ အဲ့တော့ (၂ဝ၁ဝ) ရွေး ကောက်ပွဲဆိုတာကလည်း ဒီရေရှည်ခရီးရှည်ခရီးထဲမှာ အဆင့်တခုပဲလို့ ကျနော်မြင်ပါတယ်၊ အဲတော့ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီရွေးကောက်ပွဲတဆင့်မှာတော့ ကျနော်တို့က ထပ်ပြီးလှုပ်ရှားရဦးမယ့်အနေအထားမျိုး ကျနော်မြင်လို့ ပြော တာဖြစ်ပါတယ်၊

ဗွီအိုအေ၊ ၊ဆိုတော့ဒီရွေးကောက်ပွဲအဆင့်မှာဝင်ပြီးတော့ လှုပ်ရှားကြမယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားနိုင်တဲ့အခွင့် အလမ်းမြင်မိပါသလဲ၊

ဦးအောင်သူငြိမ်း ၊ ၊အခုအနေအထားမှာတော့ ကျနော်က တိုင်းပြည်ပြင်ပမှာရှိနေတဲ့အတွက်ကြောင့် ဝင်အရွေးခံဖို့ဆို တာလည်း လုံးဝအကြောင်းမရှိပါဘူး၊ နောက်တစ်ခုက ဒီလိုဝင်အရွေးခံမယ်ဆိုတာမျိုးလည်း ဒါလုံးဝမဖြစ်နိုင်တဲ့ အခြေအနေပါ၊ ဒါပေမယ့်လည်း ကျနော်တို့ တိုင်းပြည်ထဲမှာ တချို့ အင်အားစုတွေ သို့မဟုတ်ရင် ရပ်ရွာထဲမှာရှိတဲ့ခေါင်းဆောင်တွေ တချို့က ဝင်ပြီးတော့ ယှဉ်ပြိုင်ချင်တယ်၊ တချို့နိုင်ငံရေး ပါတီတွေက စစ်အစိုးရနဲ့ မနီးစပ်တဲ့အုပ်စုတွေထဲကနေပြီးတော့ စုထုံစပြီးတော့ ထူထောင်ပြီး တော့ယှဉ်ပြိုင် မယ်ဆိုလိုရှိရင်လည်း ကျနော်တို့တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးတဲ့ အနေအထားမျိုးပဲ ဖြစ်နိုင်ပါလိမ့် မယ်၊

ဗွီအိုအေ၊ ၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်မယ်။ သပိတ်မှောက်မယ်ဆိုတဲ့အယူအဆမျိုးတော့မရှိဘူးပေါ့၊

ဦးအောင်သူငြိမ်း ၊ ၊ဒီလိုရွေးကောက်ပွဲကို ဆန့်  ကျင်မယ်ဆိုတာကတော့ ကျနော်ထင်တယ် ကျနော်တို့  နိုင်ငံပြင်ပမှာ ရှိနေတဲ့ အတိုက်အခံအင်အားစု အတော်များများက ပြောနေကြပါတယ်၊ အဲ့ဒီတော့ ကျနော်မြင် တာကတော့ ဆန့်ကျင်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ဆန့်ကျင်တဲ့ကိစဏက ဘယ်လောက်အထိအကျိုးသက်ရောက်မလဲဆိုတာ ကျနော့်အနေနဲ့ တွက်ထားလိုက်ရှိရင် ပြီးခဲ့တဲ့ဆနခြံယူပွဲ တုန်းကလိုပဲ ကျနော်တို့ရဲ့ဆန့်ကျင်မထဟာလည်း သိပ်ပြီးအကျိုးသက်ရောက်နိုင်မယ်လို့ ကျနော်မမြင် ပါဘူးခင်ဗျာ၊


ဗွီအိုအေ၊ ၊ ဟုတ်ကဲ့ ရဲဘော်ဖိုးသံချောင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်း တစ်ရပ်အနေနဲ့ ဝင်ပြီးတော့ ဒီဟာကို အသုံးချမှာလား သိုနည်းမဟုတ် ဒါ ၊

ရဲဘော်ဖိုးသံချောင်း၊ ၊ ပထမအခြေခံ သဘောမျိုးပြောထားချင်တာတခုက ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့လူတိုင်းဟာ အချောင် သမားဆိုတာမျိုးကျနော် မပြောပါဘူး၊ ကိုယ်စီကိုယ်စီ စဉ်းစားချက်တွေနဲ့ ဝင်ကြတာဖြစ်ပါတယ်၊ တချို့ကလည်း နအဖအကုန်လုံး လက်ဝဲကြီးအုပ်မှာဆိုးလို့ ဝင်နေတယ်ဆိုတဲ့ဟာမျိုး ရှိပါလိမ့်မယ်၊ အဲသလိုစဉ်းစားပြီးဝင်တဲ့လူမျိုးဆိုရင် ကျနော်တို့က မဆန့်ကျင် သင့်ပါဘူး၊ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ တခုလုံးနဲ့သဘောမျိုးနဲ့ပြောရမယ်ဆိုလိုရှိရင် ပြီးခဲ့တဲ့ နှစ်ကသူတို့လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့ ပိုပြီးတော့ တရားဝင်သွားအောင်လုပ်ဖို့အတွက် ပြင်ဆင်ထားတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်၊ ဒီဖွဲ့ စည်းပုံသာ မြန်မာပြည်မှာအတည်ပြုသွားလို့ရှိရင် ဗမာပြည်ဟာ နောက်နှစ်ပေါင်းများစွာ ဒီစစ်အာဏာရှင်တွေက သဏာန် တစ်မျိုး အုပ်ချုပ်တဲ့အောက်မှာ ဆက်ခံနေရမှာဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့ ရွေးကောက်ပွဲအပါအဝင် ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ လှုပ်ရှားမထမှန်သမျှကို ကျနော်တို့က ဆန့်ကျင်ပြောဆို နေကြတာဖြစ်ပါတယ်၊ အဲ့တော့ ဖြစ်လာနိုင်တာက ဘာဖြစ်လာနိုင်တယ်ဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ ကိစ္စလေးအသံလေးထွက်လာတာနဲ့ပဲ တကယ့်ကျတော့ ရွေးကောက်ပွဲဥပဒေ ပေါ်မလာသေးဘူး၊ တခြားလဲဘာမှခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ကျနော်တို့ မသိကြသေးဘူး၊ အဲလိုအခြေအနေမျိုးမှာကိုပဲ ဗမာပြည်ထဲမှာ အတော်ကို လှုပ်လှုပ်ရွရွဖြစ်လာကြတယ်၊ ရွေးကောက်ပွဲကို ဘယ်လိုပါဝင်ကြမလဲ ဆိုတာအတွက် ညီလာခံသဘောမျိုး လုပ်ကြတာတွေ ဘာတွေ ဒါတွေကို အကုန်လုံးနအဖ ခွင့်ပြုထားတယ်၊ နအဖခွင့်ပြုထားတယ်ဆိုကတည်းက ကျနော်တို့အများဒကီး စဉ်းစားစရာကောင်းတယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့နောက်ပြီးတော့ ရဲဘော်ဖိုးသံချောင်းခင်ဗျာ တိုင်းပြည်မှာ နိုင်ငံရေးကိုလုံးဝခွင့်မပြုထား တာကနေပြီးတော့ နည်းနည်းပါးပါးခွင့်ပြုလာတယ်၊ ခွင့်ပြုတဲ့ လူတွေကလည်း။ လှုပ်ရှားမယ့်လူတွေကလည်း စစ်အစိုးရအလိုကျ လိုက်လုပ်မယ်လူတွေ ချင်းမဟုတ်ဘူးဆိုတာ ဒါဟာ တဖက်သက်အခြေအနေ လို့သုံးသပ် လို့မရပါဘူး၊

ရဲဘော်ဖိုးသံချောင်း၊ ၊ အဲလိုသုံးသပ်လို့မရပါဘူး ဒီဟာ သိပ်ပြီး ဒကာနောက်ပါသွားတယ်ထင်တယ်။ အနှစ်သာရဟာ ဒီစစ်အာဏာရှင်စနစ်ကို အခုအတိုင်းဆက်သွားလို့မရဘူး စစ်အာဏာရှင်စနစ်ဟာ အဲ့လိုအခါမှာ ပိုပြီးတော့ ချောင်ချောင်ချိချိလေး လှုပ်နိုင်ရှားနိုင်မယ့် ပိုပြီး သူတို့ရဲ့တာရှည်တည်မြဲမူကို အာမှခံချက်ရှိစေမယ့်နည်းနာ ဖန်တီးတာဖြစ်ပါတယ်၊ ကျနော် အဲ့လိုမျိုးလုပ်ဖို့လိုတယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့စစ်အာဏာရှင်တွေ ယွင်းသာလွန်းသာဖြစ်အောင် သူတို့အခြေအနေနဲ့ ဖန်တီးခြင်းသာ ဖြစ်တယ်၊

ရဲဘော်ဖိုးသံချောင်း၊ ၊ ဟုတ်ပါတယ်ခင်ဗျာ။ အဲ့လိုချည်းကပ်ခြင်းမျိုး ကျနော်ထင်တယ်၊ အဲ့တော့အခု ဘာတွေ့လာတာလဲဆိုတော့ ဒီရွေးကောက်ပွဲ စစ်အာဏာရှင်တခုလုံးပဲပြောပြော သူတို့ဘေးမှာ ဝန်းရံနေတဲ့ အင်အားစုတွေ။ ကြံ့ဖွံ့အပါအဝင်အားလုံး ဒါတွေအားလုံးဟာ ကိုယ်ကျိုးစီးပွားတွေပေါ်မှာ တည်ဆောက်ထား တာပါ၊ တိုင်းပြည်ရဲ့စီးပွား ဒါမှမဟုတ်ရင် အယူအဆတစ်ရပ်အပေါ်မှာ ဟို တခုခု အပေါ်မှာ တည်ဆောက် ထားတဲ့ ညီညွတ်မထမဟုတ်ပါဘူး၊ စစ်အုပ်စုထဲမှာလည်းဖြစ်မယ်။ သူလူ ကိုယ့်လူ။ စစ်အုပ်စုထိပ်ပိုင်းမှာ မဖြစ်တောင်မှ တချို့အောက်ခြေ တွေထဲမှာ တချို့ ဘယ်သူကျတော့ တပ်ထဲထားတယ်။ ဘယ်သူကျတော့ တပ်ပြင်ထုတ်လိုက်တယ်၊ ဘယ်သူ့ကျတော့ အမတ်ရွေးခိုင်းတယ်။ ဘယ်သူကျတော့ ဝန်ကြီးလုပ်ခိုင်းတယ် ဆိုတာမျိုး ဖြစ်လာမှာပါ၊ အဲ့လိုပဲ သူတို့ရဲ့ ကြံ့ဖွံ့လိုဟာတွေ ငါတို့ကို အသေခံခိုင်းစရာ။ လူမုန်းခံခိုင်းစရာ ရှိတဲ့အခါကျတော့ ခိုင်းတယ် အခုလိုနေရာမျိုးကျတော့ မပေးဘူး၊ အဲ့ဒါမျိုးတွေ ဖြစ်လာမှာပါ၊

ဗွီအိုအေ၊ ၊ အဲလိုဆိုတော့လည်း သူစရိတ်နဲ့သူသွားမယ့်ပွဲပေါ့ဗျာ၊

ရဲဘော်ဖိုးသံချောင်း၊ ၊ ဟုတ်ကဲ့အများကြီးအသစ်တွေ အဆန်းတွေထူးထူးခြားခြားဖြစ်လာနိုင်တဲ့ ကိစ္စလို့ ထင်ပါတယ်၊

ဗွီအိုအေ၊ ၊ အဲ့လိုဆိုတော့ ကိုအောင်သူငြိမ်းက တချို့ဒီရွေးကောက်ပွဲဝင်ကြမယ်ဆိုရင် ကိုအောင်သူငြိမ်းတို့ ကိုယ်တိုင်တော့ ဝင်မှာမဟုတ်ဘူး၊ ဒါပေမယ့် အဲ့ဒီလူကို ပံ့ပိုးပေးချင်တယ်ဆိုတဲ့ ဟာကိုပြောပါတယ်။ ဘယ်လိုသဘောမျိုးနဲ့ ပံ့ပိုပေးချင်ပါသလဲခင်ဗျာ၊

ကိုအောင်သူငြိမ်း၊ ၊ လာမယ့်အထက်လွတ်တော်ဖြစ်စေ။ အောက်လွတ်တော်ဖြစ်စေ ဒါတွေက တစ်နှစ်တခါ လာပြီးတော့ တံဆိပ်တုံးထုခိုင်းတဲ့သဘောမျိုးလောက် အနေအထားပဲရှိပါသေးတယ်၊ ဆိုတော့ အဲ့ဒီအနေအ ထားမှာ ဒါပေမယ့် ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့တစ်ချက်က အမတ် နှစ်ဆယ့်ငါး ရာခိုင်နှုန်းက လွတ်တော်ခေါ် ခိုင်းမယ်ဆိုရင် လွတ်တော်ခေါ်ပေးရမယ် ဆိုတာမျိုးပေါ့ လေ အဲ့တော့တချိုတွေကလည်း ဒီလွတ်တော်ကို လွတ်တော်ပီသအောင်လုပ်ဖို့ အနည်းဆုံးကတော့ ဒီလိုတံဆိတ်တုံးထုတဲ့ လွတ်တော်မျိုးမဟုတ် ပဲနဲ့ ပိုပြီးတော့ပြောရေးဆိုခွင့်ရှိလာမျိုးတဲ့အထိ လုပ်မယ်ဆိုတဲ့ စဉ်းစားချက်တွေလည်းရှိကြပါတယ်၊ ဆိုတော့ အဲ့လိုဟာမျိုး ကိစ္စမျိုးတွေမှာဆိုလိုရှိရင် ကျနော်တို့ကူညီနိုင်တာ ဆိုတာကလည်း ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုပြုပြင်သင့်သလဲ မူဝါဒမျိုးနဲ့ပတ်သက်လို့ အကြံပေးနိုင်တာတွေရှိပါတယ်၊ နောက်တစ်ခုကတော့ ပါလီမန်စစ်စစ်တရပ်ကဘယ်လိုမျိုး လှည်ပတ်သလဲ၊ စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေဆိုရင် ကျနော်တို့ဆွေးနွေး အကြံပေးနိုင်တဲ့ အနေအထားလောက်ပဲ ရှိတယ်ထင်တယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့ရဲဘော်ဖိုးသံချောင်းခင်ဗျာ၊ ဥပမာအားဖြင့် မြန်မာနိုင်ငံလိုပဲပေါ့။ အင်ဒိုနီးရှားကိုပဲ နမူနာယူကြပါစို။ တချိန်တုန်းက အင်ဒိုနီးရှားမှာလည်းပဲ စစ်ဗိုလ်တွေတွဲဖက်ပြီးတော့ ကြီးစိုးထားတဲ့ပါလီမန် စနစ်တခေတ်ကို ဖြတ်သန်းပြီးတဲ့အခါမှာမှ အခုဒီမိုကရေစီ လမ်းကြောင်းကို တော်တော်လေး မှန်မှန်ရောက် နေပြီးလို ဆိုကောင်းဆိုနိုင်မယ့် အနေအထားပေါ့ဗျာ။ အင်ဒိုနီးရှားမှာလည်၊ ဆိုတော့ မြန်မာနိုင်ငံမှာလည်းပဲ သည်ငှာ သမိုင်းလိုအပ်ချက်တခေတ်ကိုတော့ ဖြတ်သန်းရမယ်လို့မထင်ဘူး လားခင်ဗျာ၊ တခါတည်း လိုချင်တဲ့ ဒီမိုကရေစီစစ်စစ်ကြီးကို အာဏာရှင်စနစ်အောက် တန်းရောက်သွားမယ်လို့ ထင်ပါသလား ခင်ဗျာ၊

ရဲဘော်ဖိုးသံချောင်း၊ ၊ အဲ့ဒီဟာကတော့ အတိအကျဗေဒင်ပြောသလို နိုင်ငံရေးမှာ အဲ့သလိုဗေဒင်ပြောတာ နည်းနည်း တော့ခက်ပါတယ်၊ အမျိုးမျိုး ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဗမာပြည်နိုင်ငံရေးအနေအထားနဲ့ အင်ဒိုနီး ရှားနိုင်ငံရေးအနေအထား မတူတာတွေလည်းရှိပါတယ်၊ အဲဒါ ဘာလဲဆိုရင် ဗမာပြည်ပြည်သူလူထုဟာ အခုထက်ထိတိုက်ပွဲဝင်နေတယ်။ ဆန့်ကျင်နေတယ်။ လမ်းပေါ်ထွက်ပြီးဆန္ဒမပြပေမယ့် ပြည်သူလူထုရဲ့ ရင်ထဲမှာ အမြဲတမ်းမခံမရပ်နိုင်အောင် နာကျည်းမုန်းတီးနေတာ၊ အဲ့ဒါကြီးက ရှိနေတယ်၊ အင်ဒိုနီးရှားမှာက ကျနော် အသေအချာ သူ့လူထုရှိတယ်ဆိုတာ မပြောနိုင်ပါဘူး၊ ဒါပေမယ့် အင်ဒိုနီးရှားနဲ့ ဗမာပြည်နဲ့မတူတဲ့ နောက်ထပ် အချက်တစ်ချက်က ဘာလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့စီးပွားရေးဟာ အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ် များတယ်၊ ဆိုလိုတာက အနောက် နိုင်ငံတွေက သူတို့အပေါ်မှာ သြဇာညောင်းလို့ရယ်၊ ဗမာပြည်က အဲလိုမဟုတ်ဘူး၊ ဗမာပြည်က ဘယ်နိုင်ငံမှ သြဇာညောင်းလို့မရအောင် စစ်အစိုးရ တမင်လုပ် ထားတာ၊ အနောက်နိုင်ငံတွေလည်း သြဇာညောင်းလို့မရဘူး။ တရုတ်တွေကလည်း သြဇာညောင်းလို့မရဘူး၊ သူတို့ဘာသူတို သီးခြားရပ်တည်လို့ရအောင် လုပ်ထားတာ၊ မွဲရင်မွဲပါစေ အဲလိုအနေအထားမျိုး သူတို့ရ အောင် လုပ်ထားတာဖြစ်တယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့ရွေးကောက်ပွဲဝင်မယ်လို့ပြောနေတဲ့ အထဲက ပုဂ္ဂိုလ်တဦးဦးကို ကျနော်က အလုပ်သဘောမေးကြည့်တော့ သူကဘာပြောသလဲဆိုတော့ မြန်မာပြည်သူတွေ သိပ်ဆင်းရဲနေပါတယ်တဲ့၊ စီးပွားရေးအားဖြင့် ပိုပြီးပွင့်လင်းလာစေချင်တဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူဝယ်မယ်လို့သူကပြောပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ ပြောပါတယ်၊ ကိုအောင်သူငြိမ်းကကော အလားအလာမြင်ပါသလား၊ အကယ်လို့ဒီရွေးကောက်ပွဲပြီးခဲ့ရင် တိုင်းပြည်စီးပွား ရေးအားဖြင့်တော့ ရုပ်ဆိုးအဆိုး ပိုပြီးတော့ အနောက်နိုင်ငံကလွမ်းမိုးလာနိုင်တယ်ပဲ ထားပါတော့လားခင်ဗျာ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမထတွေ ဖြစ်လာနိုင်တယ်၊ ဆိုတော့ စီးပွားရေးသြဇာကို နည်းနည်းလိုက်နာရမယ့် သဘောမျိုးရှိတယ်လို့ မြင်မိပါသလားခင်ဗျာ၊

ကိုအောင်သူငြိမ်း၊ ၊ အဲလို့ပြောမယ်ဆိုရင် စောသေးပါတယ်ခင်ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အစိုးရအနေ အထားရော နောက်တစ်ခုက ပျော့ပြောင်းလာမယ့်အနေအထား။ ပွင့်လင်းလာမယ်အနေအထား ပြထားတဲ့ လက်လျောမှုဘာမှတော့ မရှိသေးပါဘူး၊ ဆိုတော့ ဒါပေမယ့်လည်း ကျနော်တို့ ပြောင်းသွားနိုင်တဲ့ အနေအထားက ဒီမိုကရေစီတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီစစ်တပ်လုံးဝအုပ်ချုပ်တဲ့ စနစ်က နည်းနည်းဖြေ လျော့တဲ့ အနေအထားတခုခုတော့ ရောက်သွားနိုင်တဲ့အနေအထားတခုတော့ ရှိတယ်ထင်ပါတယ်၊ ဆိုတော့ ဒီလိုအနေအထားကပဲ နောက်ထပ်အနေအထား မူဝါဒအသစ်တွေ အပြောင်းအလဲလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်၊

ဗွီအိုအေ၊ ၊ စစ်အစိုးရက အပြည့်အဝနဲ့အုပ်ချုပ်နေတာနဲ့စာရင် နည်းနည်းလေးတော့သက်သာသွားမယ် သက်သာသွားခွင့်ရ မယ်ပေါ့လေ စစ်အာဏာရှင်စနစ်အပြည့်အဝ အုပ်ချုပ်နေတာနဲ့စာရင် ဆိုတဲ့အယူအဆ ပေါ့။ ရဲဘော်ဖိုးသံချောင်း ဘာများပြန်ပြော ချင်ပါသလဲ၊

ရဲဘော်ဖိုးသံချောင်း၊ ၊အဲ့ဒါမျိုးကတော့ မရပါဘူး။ လူနာရောဂါကုရင်လိုဏ္ဍရှိရင် ခေါင်းကိုက်ကလေးသက် သာသွားတာ နည်းသလား ဆိုတာမျိုး အဲလောက်နဲ့  ကျေနပ်လို့မရဘူးဗျာ၊ ရောဂါပျောက်မှရတာ နောက်မ ဟုတ်ရင် လူကသေမှာ၊ လူမမာက အဲ့တော့ သေမယ့် ပြဿနာကို မဖြေရှင်းပဲနဲ့ခေါင်းကိုက်သက်သာ ဆေး လေးလောက်နဲ့  ညာထားလို့ရှိရင် ဒါဟာညာနည်းတစ်မျိုးဖြစ် သွားလိမ့်မယ်၊

ဗွီအိုအေ၊ ၊ သောတရှင်များခင်ဗျာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ မြန်မစစ်အာဏာပိုင်တွေက တခါလားပဲ ပြောရပါသေးတယ်၊ နှုတ်ခမ်းနာနဲ့တည်ပါမလားလို့ဆိုသူတွေက ဆိုကြပါလိမ့်မယ်၊ ဒါပေမယ့်ဆန္ဒ ခြံယူပွဲလုပ် ခဲ့တဲ့ နမူနာကို ကြည့်မယ်ဆိုရင် မြန်မာစစ်အာဏာပိုင်တွေဟာ ရွေးကောက်ပွဲကိုလည်း ရုတ်ချည်းထားပြီး မလုပ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး၊ ဒါကြောင့် ပြည်သူလူထုအနေနဲ့သိသင့်တာကိုသိ။ ပြင်သင့်တာကို ပြင်ထားနိုင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


စိတ်ဝင်စားရင်...