နံမည်ပျက် စာရင်းသွင်းခံ အမတ်လောင်းများဘက်က ပျက်ကွက်ဟု NDPD ပြော

ရွေးကောက်ပွဲ ကုန်ကျစားရိတ် စာရင်းတွေကို သတ်မှတ်ထားတဲ့ရက်အတွင်းမှာ မတင်သွင်းနိုင်တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းတွေရဲ့ အမည်စာရင်းကို အရည်အချင်း ပျက်ယွင်းသူတွေ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ မနေ့က ထပ်မံ ကြေညာ လိုက်ပါတယ်။

နောက်ဆုံး ကြေညာခဲ့တဲ့ စာရင်းထဲမှာ အမတ်လောင်း (၁၈) ဦးပါဝင်ပြီး၊ ဒီအထဲမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၀င်ပြိုင်ခဲ့တဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) က ကိုယ်စားလှယ်လောင်း () ဦး ပါဝင်တယ်လို့ ပါတီ ဒု-ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

ကျနော်တို့ ပါတီက () ယောက်ပါတယ်။ ဦးခင်မောင်တင်၊ ဦးနူရုလ်ဟောက်၊ ဦးမောင်မောင်မြင့်၊ ဦးစိုးဝင်း၊ ဦးတော်ယူဘေဒ္ဒိန်၊ ဦးအလီဟူစိန်တို့ ပါတယ်

ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းကို ရွေးကောက် တင်မြောက်ခံရတဲ့ လွတ်တော် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း ကြေညာတဲ့ နေ့ကစပြီး ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်အဖွဲ့ ခွဲတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။ ဘာကြောင့် အချိန်မှီ မတင်သွင်းနိုင်တာနဲ့ ပါတ်သက်ပြီး သူကပဲ အခုလို ဆက်ပြောပါတယ်

ကျနော်တို့ လူတွေက ပေါ့ပေါ့ လျော့လျော့ နေလိုက်တဲ့ သဘောပါ။ နေမကောင်းတာတွေလည်း ပါတယ်။ ကျနော် ငွေစာရင်းကိစ္စနဲ့ ပါတ်သက်ပြီး အားလုံးကို အစည်းအဝေး ခေါ်တယ်။ သူတို့က ပေါ့လျော့နေတဲ့သူ၊ သိတော့ သိတယ်

ဒီလူတွေဟာလည်း နောက်လာမယ့် လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၅၊ ၇၇ တွေကို အဲ့မှာ ကြေညာ ပြီးသားပဲ။ ဒါ ဥပဒေ ပြဌာန်းပြီးတဲ့ နောက်မှာ ဒါမလုပ်တဲ့ သူတွေက သူ့ တာဝန်ပဲလေ။ သူ့ဘက် ကိုယ့်ဘက် ပြန်ပြီး ကြည့်ရမယ်လေ။ အစိုးရက ပထမဆုံး ပြောကတည်းက ဒီလိုဖြစ်ရင် ဒီလိုဖြစ်ရမယ်ဆိုပြီး ဥပဒေ ပြဌာန်းပြီးတဲ့ နောက်ပိုင်းမှာ အဲ့ဒီ ဥပဒေကို လိုက်နာရမယ်ဆိုတာ ကျနော်တို့ တာဝန်လေလို့ ဦးလှသိန်းက ပြောသွားတာဖြစ်ပါတယ်။

အခုဆိုရင် အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၃ ဦး ရှိပြီး ဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates