ကရင်နီ မီးလောင်း

မနေ့က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်မှာ မီးလောင်ခဲ့တဲ့အတွက် ဆိုင်ခန်းတချို့နဲ့ အိမ်တလုံး ပျက်စီး ဆုံးရှုံးးသွားတယ်လို့ သိရပါတယ်။

မီးလောင်တာ ဆိုင်ပြောင်သွားတယ်။ အကုန်လုံးပဲ လောင်သွားတယ်။ မီးရှိန်က တအားပြင်းတယ်။ လေ တအားတိုက်တော့လေ။ တစ်အိမ်လုံး ကုန်တယ်” လို့ လွိုင်ကော် မြို့ ဒေသခံ တဦးက ပြောပါတယ်။

အခု လောင်ကျွမ်းတဲ့ မီးဟာ မတော်တဆ လောင်ကျွမ်းမှု ဖြစ်ပြီး မီးအား ပြင်းတာကြောင့် အိမ်နဲ့တွဲပြီး ဖွင့်ထားတဲ့ ဖိနပ်ဆိုင်နဲ့ ဓါတ်ဆီဆိုင်ကိုပါ မီကူးသွားတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။

မီးလောင်ကျွမ်းမှုကိုလည်း ခက်ခက်ခဲခဲ မီးငြိမ်းသတ်ရတယ်လို့ ရွှေတောင်ရပ်ကွက် ဒေသခံ တဦးက ပြောပါတယ်။

မီးငြိမ်းသွားတော့ အသက်ရှူလို့တောင် မရဘူး လည်ချောင်းမှာ အလုံးကြီး ခံနေသလိုဘဲ။

အခုလို မီးလောင်ကျွမ်းခဲ့ပေမယ့် မီးသတ်ကားတွေ အချိန်မှီ ရောက်မလာတာကြောင့် ဒေသခံ ပြည်သူတွေကသာ ၀ိုင်းပြီး မီးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဘေးအိမ်ကိုမကူးအောင် လူတွေ အားလုံး ၀ိုင်းငြိမ်းကူတယ်လေ။ အချိန်မှီ မီးငြိမ်းနိုင်ခဲ့တာပေါ့။

ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ကျပ်ငွေသိန်း ၅၀ ခန့် ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

Source: Ktimes

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates