ဆင်းရဲမှု စာမတတ်မှုကြောင့် မိန်းကလေးများ ၁၈ နှစ်မတိုင်မီ အိမ်ထောင်ပြု

Monday, 28 February 2011 22:13 မောက္ခ နိုင်ငံတကာသတင်း

တောင်အာရှနဲ့ ဆဘ်ဆာဟာရ အာဖရိက ရှိ အမျိုးသမီး ၄၀ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ် မတိုင်ခင် အိမ်ထောင်ပြုကြသည်။ ယူနီဆက်ဖ် နဲ့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ အေဂျင်စီ သတ်မှတ်ချက်အရ

အသက် ၁၈ နှစ်ပြည့်ပြီးမှ အမျိုးသမီးများ အိမ်ထောင်ပြုဖို့ သတ်မှတ်ထားသော်လည်း အသက် ၁၅ နှစ်နှင့် ၁၈ နှစ် မတိုင်မီ အိမ်ထောင်ပြုမှု အများအပြားရှိနေသည်။

နိုက်ဂျာ၊ ချဒ်နဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံတွင် မိန်းကလေး သုံးပုံ နှစ်ပုံကျော်က အသက် ၁၅ နှစ်တွင် လက်ထပ်ကြပြီး အသက် ၂၀ နဲ့ ၂၃ နှစ် မတိုင်မီတွင် အားလုံးနီးပါး လက်ထပ်ပြီး ဖြစ်နေကြပြီ။ အိန္ဒိယတွင် မိန်းကလေးများ တရားဝင် လက်ထပ်နိုင်ခွင့် အသက်ကို ၁၈ နှစ် သတ်မှတ်ထားသော်လည်း၊ စစ်တမ်းများအရ အိန္ဒိယမိန်းကလေး တစ်ဝက်ကျော်က ၁၈ နှစ်မတိုင်ခင် လက်ထပ်ကြသည်။

အရွယ်မတိုင်မီ စောစော အိမ်ထောင်ပြုခြင်း အဓိက အကြောင်းတစ်ခုမှာ အိမ်တွင်းမှုကိစ္စနဲ့ ကလေး မွေးဖွားဖို့ အတွက် မိန်းကလေးများကို ကျောင်းပညာရေးမှ ဖယ်ထုတ်ထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် အရွယ်မတိုင်မီ အိမ်ထောင် ပြုမှု များပြားတဲ့ တိုင်းပြည်များတွင် မိန်းကလေး စာတတ်မြောက်မှုနှုန်းမှာ အလွန် နိမ့်ကျလျက် ရှိသည်။ အထူးသဖြင့် အလယ်တန်းဆင့် မပြီးမြောက်တဲ့ မိန်းကလေးများမှာ အရွယ်မတိုင်မီ လက်ထပ်ကြသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates