နားရွက်ကားကား အိုဘားမား ကလေးဘ၀က ရန်စခံခဲ့ရ




အမေရိကန်သမ္မတဟာ ငယ်ရွက်စဉ် ကျောင်းသားကလေးဘ၀မှာ သူရဲ့ ကြီးမားကျယ်ပြန့်တဲ့ နားရွက်ကားကားနဲ့ သူ့ရဲ့နာမည်ကြောင့် ရန်လိုရန်စ ခံခဲ့ရတယ်လို့ ဆိုတဲ့အကြောင်းကို မောက္ခမှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျနော်မှာ နားရွက် ကားကားကြီးတွေရှိပြီး ထူးဆန်းတဲ့ နာမည်ကြောင့် ကျနော်လည်းပဲ မလွတ်ခဲ့ပါဘူး။ အပွန်းအပဲ့၊ အထိအခိုက် မခံခဲ့ရဘဲ ကြီးပြင်းလာခဲ့ရတာ မဟုတ်ပါဘူး။အိမ်ဖြူတော်မှာကျင်းပသော ကျောင်းတွင်း ရန်လိုရန်စခြင်း ကာကွယ် တားဆီးရေး ညီလာခံကို တက်ရောက်လာကြတဲ့ ဆရာဆရာမများ၊ မိဘများနှင့် အစိုးရ အရာရှိများကို အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဝါရှင်တန်မှာ ရန်လိုရန်စမှု ဆန့်ကျင်ရေး ကြိုးပမ်းချက်တွေ အများကြီး လုပ်သွားမယ့် အစီအစဉ်တွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အမေရိကန်ကျောင်းတွေမှာ ရန်လိုရန်စခြင်း ဆန့်ကျင်ရေး အစီအစဉ် စတင်မယ့် ပညာရေးဌာနရဲ့ stopbullying.gov ၀ဘ်ဆိုဒ်လည်း ပါဝင်ပါတယ်။

ကလေးများ၊ မိဘများနဲ့ ကျောင်းများအနေနဲ့ ရန်လိုရန်စမှုကို ဖြစ်ရိုးဖြစ်စဉ်ပါဆိုပြီး လျစ်လျူ မရှုသင့်ဘူးလို့ သမ္မတက ပြောပြခဲ့ပါတယ်။

မကြာခဏဆိုသလို ဖြစ်နေတာရယ်၊ နေရာအနှံ့ တွေ့နေရတာရယ်ကြောင့် ဒီပြဿနာကို မျက်ကွယ်ပြုထား တတ်ကြပါတယ်။ ကျနော်တို့က ပြောလေ့ရှိတယ်မဟုတ်လား။ -- ကလေးတွေကတော့ ကလေးတွေပါပဲ-- လို့။ ဒီလိုနဲ့ပဲ ရန်လိုရန်စမှုက ဘယ်လောက်အထိ ထိခိုက်နစ်နာတယ်ဆိုတာကို ကျနော်တို့ အလေးမထားကြတော့ဘူး။သမ္မတ အိုဘားမားက ပြောပြခဲ့တာပါ။

Source: မောက္ခနိုင်ငံတကာ ပညာရေးသတင်း

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates