ဆူနာမီကြောင့် မြန်မာနဲ့ ဂျပန်မိသားစုတွေ အဆက်အသွယ်ရနိုင်


ငလျင်နဲ့ ဆူနာမီ လှုပ်ခတ်သွားပြီးတဲ့
နောက်ပိုင်းမှာ အဆက်အသွယ်တွေ ပြတ်တောက်နေကြတဲ့ ဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံရောက် ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုတွေ ပြန်လည် ဆက်သွယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မတ် ၁၇ ရက်နေ့က စတင်ပြီး နိုင်ငံတကာ ကွန်ရက်တွေနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးနေပြီ ဖြစ်တဲ့အကြောင်း သိရပါတယ်။

ဂျပန်ရောက် မြန်မာလူမျိုးတွေ၊ မြန်မာမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေ အတွက် မြန်မာနိုင်ငံ ကြက်ခြေနီက တစ်ဆင့် နိုင်ငံတကာမိသားစု ပြန်လည်ဆက်သွယ်ရေး ကွန်ရက်ကနေ အဆင့်ဆင့် ရှာဖွေ ဆက်သွယ် ပေးသွားမှာပါ။ ရှာဖွေပေးနိုင်ဖို့ ချိတ်ဆက်ပေးသွားမှာပါ။ နိုင်ငံတကာမှာလဲ RFL Network ဖွင့်ပြီး လုပ်ဆောင်နေတာ ငလျင်လှုပ်ပြီး နှစ်ရက်အကြာ ၁၃ ရက်ကတည်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ်လဲ အဲဒီ Network မှာ Register လုပ်တဲ့လူတွေ အများကြီးရှိနေပါပြီ။ ကျွန်မတို့အနေနဲ့ အကူအညီ လိုအပ်ခဲ့ရင် ရှာဖွေပေးနိုင်ဖို့ အမြန်ဆုံး ဆက်သွယ်ပေးမှာပါ။ အခုလဲ အဲဒီကွန်ရက်ကို သူတို့ ဘေးကင်း လုံခြုံမှုရှိကြောင်း အဆက်အသွယ် လုပ်လာတဲ့လူတွေ နေ့စဉ်နဲ့အမျှ တိုးနေပါတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည်ဆက်သွယ် ပေးရေး ယူနစ်က တာဝန်ရှိသူက ဆိုပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ဆက်သွယ်ချင် ကြတယ်ဆိုရင်တော့ ကိုယ်ရေး အချက်အလက်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email Address အစရှိသည်တို့ကို ဖြည့်စွက် စာရင်းပေးသွင်း နိုင်ပြီး အကူအညီ တောင်းခံလိုရင်လည်း အမှတ် ၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း- ၃၈၃၆၈၀၊ ၃၉၂၀၂၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ-၇၊ အမှတ်- ၁၂ တွင် ဖော်ပြထားပါတယ်။

Source: Khit Lut Nge



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates