တောင်ဒဂုံမှာ NLD အခမဲ့ ဆေးခန်းဖွင့်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နေ လူထုတွေရဲ့ ကျန်းမာရေးအတွက် အခမဲ့ ဆေးခန်း တခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဒီနေ့ မနက်မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဒီဆေးခန်းကို ဒဂုံတောင်ပိုင်း (၇၀) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းက NLD ပါတီဝင် ဦးသိန်းစိုး နေအိမ်မှာ ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် စည်းရုံးရေး အလုပ်ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ကိုညီညီက ပြောပါတယ်။

အဆင်မပြေတဲ့ လူနာတွေ အတွက်ပေါ့ ဗျာ။ ငွေရေးကြေးရေး ချို့တဲ့လူနာတွေအတွက် အဆင်ပြေရန်အတွက် ကျနော်တို့ အခမဲ့ ဆေးခန်းဖွင့် လှစ်လိုက်တာပေါ့

ယနေ့ ဆေးခန်းဖွင့် ဖွင့်ချင်းနေ့မှာပဲ လာရောက် ဆေးကုသတဲ့ လူနာပေါင်း ၅၀ ခန့်ရှိတယ်လို့ ကိုညီညီက ပြောပါတယ်။

အခုလို အခမဲ့ ဆေးခန်း ဖွင့်ပေးတဲ့ အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိတယ်လို့ မြေးဖြစ်သူ အတွက် ဆေးလာရောက် ကုသတဲ့ အဖွားဒေါ်မြက အခုလို ပြောပါတယ်။

ကိုက်တာခဲတာ ကလေးကလဲ ၀က်သက်တွေပေါက်နေတာပေါ့နော်။ မြေးလေးက ၀က်သက်တွေပေါက်ပြီး အဲဒါကို ဆေးကုသလာခံယူနေတာပေါ့နော်။ အခမဲ့ဆေးကုသပေးတဲ့အတွက် ကျေနပ်နှိပ့်သိမ့်မိပါတယ်။ မရှိတဲ့ ချိုတဲ့တဲ့ လူတွေကိုလည်း အမြောက်အများ ပေးစေချင်တာပေါ့

(NLD) အနေနဲ့ အခုလို အခမဲ့ ဆေးခန်းမျိုးကို တခြားနေရာတွေမှာလည်း တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လဲ ကိုညီညီက ပြောပါတယ်။

လောလောဆယ် တွေ့ရတာကတော့ တီဘီသမားဆိုရင် သုံးယောက်လောက်ရှိပြီ။ ပြီးတော့ ၀က်သက် ပေါက်တာလေးတွေ တွေ့တယ်။ နှလုံးမကောင်းတာတွေ တွေ့တယ်။ တော်တော်စုံတယ်ဗျ။ ပြောရမယ်ဆိုရင် အင်မတန်ကိုမှ သနားဖို့ ကောင်းတယ်။ အဲ့ဒါကြောင့် ကျနော်တို့က လူထုအကျိုးပြုလုပ်ငန်းကို တတ်နိုင်သမျှ စွမ်းစွမ်းတမံ ကူညီသွားမယ်

အခု ဆေးခန်း ဖြစ်မြောက်ရေး အတွက် ငွေကြေး ထောက်ပံ့မှုတွေ ပေးအပ်တဲ့ အထဲမှာ အနုပညာရှင်တွေ ပါဝင်တယ် လို့ ကိုညီညီက ပြောပေမယ့်၊ ဘယ်သူတွေလဲ ဆိုတာကိုတော့ ထုတ်ဖေါ် ပြောဆိုသွားခြင်း မရှိပါဘူး။

ယခုလ ၁၁ ရက်နေ့က ရန်ကုန်တိုင်း အတွင်း မိုးသက်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒဂုံဆိပ်ကမ်း ၉၆ ရပ်ကွက်က ဒုက္ခရောက်ခဲ့သူတွေ ကိုလည်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက အ၀တ်အစားတွေ သွားရောက် ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates