နိုဘဲလ်ဆုရှင် ဒလိုင်းလားမား နိုင်ငံရေး တာဝန်များမှ အနားယူတော့မည်

Thursday, 10 March 2011 07:52 Editor

အဝေးရောက် တိဗက်လှုပ်ရှားမှု ခေါင်းဆောင် ဒလိုင်းလားမားက နိုင်ငံရေးတာဝန် ၀တ္တရားများမှ အနားယူ တော့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။လွတ်လပ်စွာ ရွေးကောက်ထားသည့် ခေါင်းဆောင် တစ်ဦးဦးကို သူ့နေရာတွင် အစားထိုးရန် အချိန်ကျပြီဟု သူက ပြောဆိုခဲ့သည်။

အလုပ်တာဝန် ရှိမှုအပိုင်းကို လျော့ချ ပစ်ချင်လို့ ရာထူးစွန့်တာတော့ မဟုတ်ပါဘူး။တိဗက် အဝေးရောက် အစိုးရ အခြေစိုက်သည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒရမ်ဆာလာနယ်မြေတွင် နေထိုင်သူ ဘုန်းတော်ကြီးက ရှင်းပြခဲ့သည်။

ရေရှည်မှာ တိဗက်ပြည်သူတွေအတွက် အကျိုးရှိဖို့ဖြစ်တယ်။ ကျွန်ုပ်အနေနဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းသွားလို့ မဟုတ်ဘူး။

တရုတ်စစ်တပ်များ တိဗက်ကို ကျူးကျော် ၀င်ရောက်ခဲ့သည့် ၁၉၅၀ ခုနှစ်တွင် နိုင်ငံတော် ခေါင်းဆောင်ရာထူးကို ခန့်အပ်ခဲ့စဉ်က ဒလိုင်းလားမားမှာ အသက် ၁၅ နှစ်သာ ရှိသေးသည်။ တရုတ် အုပ်စိုးမှုကို ဆန့်ကျင် တော်လှန်ပုန်ကန်မှုများ ကျဆုံးခဲ့ရပြီးနောက် ၁၉၅၉ ခုနှစ်တွင် သူ့ဇာတိ တိဗက်မြေမှ စွန့်ခွါ ထွက်ပြေးခဲ့ရသည်။

အသက် ၇၅ နှစ်အရွယ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်က အဆောင်အယောင် နိုင်ငံရေး ရာထူးက အနားယူဖို့ကို ပြောဆိုနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ တိဗက်အစိုးရ၏ ဘာသာရေး ခေါင်းဆောင် အလုပ်အပေါ်မှာသာ ပိုပြီး အာရုံစိုက် လုပ်ဆောင်နေခဲ့၏။

၁၉၆၀ ပြည့်လွန် နှစ်တွေကတည်းက ကျွန်ုပ် ထပ်ခါတလဲလဲ ပြောနေခဲ့တာပါ။ တိဗက်တွေမှာ ခေါင်းဆောင်တစ်ဦး လိုအပ်နေပြီဆိုတာကို။ တိဗက်ပြည်သူတွေက လွတ်လွတ်လပ်လပ် ရွေးချယ်ထားတဲ့သူ။ ကျွန်ုပ်အနေနဲ့ အာဏာလွှဲပေးရမယ့်သူ။ဘုန်းတော်ကြီးက ပြောပြခဲ့သည်။

အခုတော့ ဒီဟာကို အသက်သွင်းဖို့ အချိန်ကျပြီဆိုတာ ရှင်းနေတာပဲ။

၁၉၅၉ ခုနှစ် ဆန္ဒပြပွဲ နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် နိုင်ငံရေး တော်လှန် လှုပ်ရှားမှုမှ အနားယူသွားမှာ မဟုတ်ဘဲ သူ့လုပ်ဆောင်နိုင်စွမ်း ရှိသမျှ တရားသော တိဗက်လှုပ်ရှားမှုမှာဆက်လက် ပါဝင်နေမည်ဟု ပြောခဲ့သည်။

အသက်အရွယ် အလွန်အမင်း ကြီးရင့်လာခြင်းနှင့် ကျန်းမာရေး ကျဆင်းလာခြင်းများ ရှိနေသော်လည်း တိဗက်လှုပ်ရှားမှု၏ နိုင်ငံတကာ ပြယုဂ်အနေဖြင့် ဒလိုင်းလားမားမှာ ကမ္ဘာတ၀ှမ်း ဒေသအနှံ့ကို ခရီး မနားမနေ ထွက်နေရဆဲပင်။

ဘာသာတရား ကိုင်းရှိုင်းကြပြီး သူ၏ဦးဆောင်မှု အောက်တွင် ရှိနေကြသော တိဗက် အများစုကြီးတွင် တော်လှန် လှုပ်ရှားမှု အယူအဆ ပြဿများရှိနေကြသောလည်း ဘုန်းတော်ကြီးမှာ အားလုံးကို သွေးစည်း ညီညွတ်အောင် ဖန်တီးနိုင်သူဖြစ်လေသည်။ အမြင်မတူသော အုပ်စုများကို စုစည်းထားဆဲ။

တိဗက် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော နည်းနာများနှင့် လုပ်ဆောင်မှုအပေါ် အားမလို အားမရဖြစ်နေကြပြီး တော်လှန်ရေးကို ပြုပြင်ပြောင်းလဲသည့် သူများလည်း ရှိနေလေသည်။

ဘုန်းတော်ကြီးက ဆက်လက်ပြီး နိုင်ငံရေး ဦးဆောင်မှုပေးဖို့ကို တိဗက်ပြည်တွင်း၊ ပြည်ပက လူထုက မေတ္တာရပ်ခံထားဆဲပါ။

လန်ဒန်အခြေစိုက် နိုင်ငံတကာ တိဗက်ကမ်ပိန်း ICT အဖွဲ့ကြီးက ဒလိုင်းလားမား၏ ကြေညာချက်သည် သူ၏ ဒီမိုကရေစီတန်ဖိုးနှင့် အမြင်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းတွေထဲမှာ ကြားနေရသလို အာဏာကို တစ်ဦးတည်း မောင်ပိုင်စီးထားတဲ့ အာဏာရှင်တွေနဲ့ မတူဘဲ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ပြည်သူတွေကို အာဏာလွှဲပေးလိုတဲ့ အမြော်အမြင် ကြီးမားလှသော ရှားရှားပါးပါး ရှေ့ဆောင်ပုဂ္ဂိုလ်မွန်ဖြစ်တယ်။” ICT ဥက္ကဌ မေရီဘာ့မက်ကေးက ပြောပြခဲ့သည်။

အဝေးရောက် တိဗက် ဒီမိုကရေစီ ရင့်သန်လာမှုအပေါ် အခြေခံထားတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရဲရင့် မှန်ကန်တဲ့အတွက် ထောက်ခံကြဖို့ပါပဲ။သူမ ထပ်လောင်း ပြောပြခဲ့သည်။

မောက္ခနိုင်ငံတကာသတင်း

Source: AFP

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates