အိန္ဒိယပြတ်ရွှေ့ကြောင်းကြီးကြောင့် မြန်မာနိုင်ငံက ငလျင်ဘေးအန္ဘရာယ်ကို သတိပြုရန်လို

အိန္ဒိယပြတ်ရွှေ့ကြောင်းကြီးဟာ အာရှတိုက်မှာ ဆက်လက် တိုးဝင်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ ငလျင်ဘေးအန္တရယ်ကို သတိပြုရန်လိုကြောင်း မြန်မာဘူမိသိပ္ပံအသင်း ဥက္ကဌ ဦးဝင်းဆွေက ပြောကြားခဲ့တယ်လို့ Weekly Eleven မှာ ဖော်ပြသွားပါတယ်။

အဲဒီ ပြတ်ရွှေ့ကြောင်းကြီးဟာ တဖြည်းဖြည်းနဲ့ မြောက်ဘက်ကို ရွှေလာပြီးတဲ့ နောက်ပိုင်း အာရှတိုက်နဲ့ ထိမိပြီး ဆက်လက် တိုးဝင်မှုတွေ ဖြစ်ပေါ်လာတဲ့အတွက် မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေ လှုပ်ရှားမှု ဖြစ်ကြောင်း ဆိုပါတယ်။

''ငလျင်ဆိုတာ မြေကြီးပြတ်ရွှေ့ကြောင်းတွေ ဆက်စပ်တဲ့ နေရာတွေမှာ အများအားဖြင့် လှုပ်တတ်ပါတယ်။ အိန္ဒိယပြတ်ရွှေ့ကြောင်းကြီးက တောင်ကနေမြောက်ဘက်ကို တဖြည်းဖြည်း ရွှေ့လာပြီး အာရှတိုက်ကို ၀င်တိုက်ပါတယ်။အဲဒီ ၀င်တိုက်မှု အရှိန်ကြောင့် ဟိမ၀န္တာတောင်တန်းကြီး ဖြစ်ပေါ်လာပါတယ်။ အဲဒါရဲ့ အစွယ်အပွားက ဒီဘက်အထိ ရောက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်က စစ်ကိုင်း Plate ကို ဆက်လက်တိုးဝင်နေဆဲဖြစ်လို့ မြန်မာနိုင်ငံမှာ ငလျင်ဘေးအန္တရာယ်ကို သတိရှိဖို့ လိုပါတယ်။ မတ်လ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်က လှုပ်ခေတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကလည်း ဒီဆက်စပ် ဖြစ်စဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့သဘော ရှိပါတယ်။ ဒီဖြစ်စဉ်တွေကို အသင်းတာဝန်ရှိသူတွေ ဆက်လက် လေ့လာသွားဖို့ ရှိပါတယ်။ လိုအပ်ရင် ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်သွားဖို့လည်း ရှိပါတယ်''ဟု မြန်မာဘူမိသိပ္ပံအသင်းဥက္ကဌ ဦးဝင်းဆွေ က ပြောပါတယ်။

ငလျင်ကြောရှိတဲ့ နေရာတွေမှာ အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ပြီးဆိုရင် နောက်ဆက်တွဲ ငလျင်ငယ်တွေက ဆက်ပြီး ဖြစ်ပေါ်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

''ရှမ်းပြည်နယ်တစ်ဝိုက်မှာ အရင်တုန်းကလည်း အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့ဘူးပါတယ်။ နောက်ပိုင်း မလှုပ်တာ တော်တော်ကြာသွားပြီ ဖြစ်ပါတယ်။ငလျင်ဆိုတာ လှုပ်လေ့ရှိတဲ့နေရာတွေမှာ တစ်နေ့နေ့မှာ ပြန် ကိုလှုပ်ပါတယ်။မလှုပ်တာ ကြာသွားတာမျိုးပဲ ရှိပါတယ်။ငလျင်ကြောရှိတဲ့ နေရာတွေမှာ အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ပြီးပြီဆိုရင် နောက်ဆက်တွဲ ငလျင်ငယ်တွေက ဆက်လက် ဖြစ်ပေါ်လေ့ ရှိပါတယ်''

မြန်မာနိုင်ငံ ငလျင်ဇုန်တွေ ပြ မြေပုံအရ ငလျင်ပြင်းထန်ဇုန်မှာ ကျရောက်နေတဲ့ မြို့ကြီးတွေမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀မ်းသို၊ ခန္တီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ကွမ်းလုံ တို့ ဖြစ်ပါတယ်။

Source : Weekly Eleven

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates