ဂျာနယ်နှင့် မဂ္ဂဇင်းစောင်များ စာပေစိစစ်ရေး ကင်းလွတ်ခွင့်ရ

မြန်မာနိုင်ငံမှာအစိုးရသစ် ပေါ်လာပြီး နောက်ပိုင်း ယခု ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများကို စာပေစိစစ်ကိုတင်ထံစရာ မလိုဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စုစုပေါင်း ဂျာနယ်အမျိုးအစားပေါင်း ၁၇၂ ရှိရာ အဲဒီထဲမှ စောင်ရေ ၈၄စောင်နဲ့ မဂ္ဂဇင်း ၁၈၄စောင်ထဲမှ ၁၁၃ စောင်တို့ကို ကင်းလွှတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်လို့ အလဲဗင်း မီဒီယာဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာတော့ အနုပညာသုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စတာတွေကို စာပေစိစိရေးကို ကြိုတင်ပို့စရာမလိုပဲ ပုံနှိပ်ပြီး အချောစာစောင်၊ စာအုပ်တွေကိုသာ စာပေစိစစ်ရေးဌာနနဲ့ မှတ်ပုံတင်ဌာနကို တင်ပြရမယ်လို့ သိရပါတယ်။

အခုလို စိစစ်ရေး ကင်းလွတ်ခွင့်ရတာဟာ ဂျာနယ်သမားတွေအတွက် တိုးတက်မှုတခုဖြစ်တယ်လို့ ရန်ကုန်မြို့က သတင်းအမှုဆောင် အယ်ဒီတာတစ်ဦးက ပြောပါတယ်။

ကျမတို့ သတင်း ဂျာနယ်တွေ အတွက်လည်း ပေးဖို့ ရှိလာနိုင်တာပေါ့။ မျှော်လင့်လို့ ရနိုင်တာပေါ့။ ဘာဘဲ ပြောပြော ကျမတို့ မရနိုင်ရင်တောင်မှ တခြား မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေ သွားနိုင်တာပေါ့။ ဒါဟာ ကောင်းတဲ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်

ဒါပေမယ့် ဂျာနယ်တွေဟာ စာပေစိစစ်ရေးအတားအဆီး မရှိရင် ယဉ်ကျေးမှုပိုင်းနဲ့ပါတ်သက်ပြီး စိုးရိမ်မူရှိတယ်လို့ သူမက ဆက်ပြောပါတယ်။

ဓါတ်ပုံတွေ အရင်တုန်းကဆိုရင် ယဉ်ကျေးမှုအရ စာပေစိစစ်ရေးက ထိန်းပေးထားတာတွေ ရှိတယ်လေ။ တချို့ဟာလေးတွေ မဖော်ပြသင့်တဲ့ ဟာလေးတွေ။ အရမ်း အဖော်အရွတ်တွေ မဖြစ်တဲ့ ဟာလေးတွေ၊ ဖြစ်တဲ့ဟာလေးတွေကို သူတို့ ကန့်သတ်ပေးထားတာတွေ ရှိတယ်။ အခု အဲဒီဟာတွေ အတားအဆီး မရှိတဲ့အခါကြောင့်မို့လို့ ယဉ်ကျေးမှုနဲ့ ပါတ်သက်ပြီးတော့ သိပ်ပြီး မကိုက်ညီတဲ့ ပုံမျိုးတွေ စာမျက်နှာပေါ်မှာ မြင်တွေ့လာ ရမလား၊ အဲ့ဒါမျိုးလေးတွေတော့ ရှိတာပေါ့လေ

ဒါ့ပြင် စာပေစိစစ်ရေးကို တင်ပြဖို့ မလိုအပ်တဲ့အတွက် စာရေးသူတွေ၊ ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေမှာ ပိုပြီး တာဝန်ကြီးနိုင်တယ်လို့ ရန်ကုန်မြို့ ဂျာနယ်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးကိုကိုက ခုလို ပြောပါတယ်။

အရင်တုန်းကတော့ စာပေစီစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလားဆိုတာ စဉ်းစားတယ်။ အခုကတော့ ငါ တရားစွဲခံရမှာလား၊ မရဘူးလားဆိုတာ စဉ်းစားရတယ်။ အဲ့ဒါ စဉ်းစားရမယ့် ပုံစံ ပြောင်းသွားမယ်။ အဲ့တော့ ကိုယ်ဘက်က စာနယ်ဇင်းကျင့်ဝတ်ကို ဥပဒေကို နားလည်ဖို့တော့ လိုမယ်

စီးပွားရေး ဂျာနယ်၊ သတင်း ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကိုတော့ အခုကျင့်သုံးနေတဲ့ လက်ပုံစံအတိုင်းဆက်ပြီး စာပေစိစစ်ရေးကို တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်ရှင်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates