ကနဲလေးမှာ တိုက်ပွဲဆက်ဖြစ်


မနေ့ မနက်က ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဘက် နှစ်မိုင် အကွာရှိ ကနဲလေးစခန်း အတွက် ရိက္ခာနဲ့ ကျည်ဆံတွေ ပို့တဲ့ နအဖ စစ်ကြောင်းကို ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁) က ခြုံခို တိုက်ခိုက်တာကြောင့် နအဖဘက်မှ ထိခိုက် သေဆုံးမှု ရှိတယ်လို့ KNLA ကပြောပါတယ်။

ကနဲလေးဒေသ မှာရှိတဲ့ နအဖစခန်း () ခု အတွက် မြင်းတွေကို အသုံးပြုပြီး ရိက္ခာနဲ့ ကျည်ဆံတွေ လာပို့တဲ့ စစ်ကြောင်းကို KNLA နဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ ပူးတွဲ တပ်ဖွဲ့ဝင်တွေက ခြုံခို တိုက်ခိုက်တာ လို့လည်း သိရပါတယ်။

မနက်ပိုင်းမှာ ခြုံခို တိုက်ခိုက်ပြီး ညနေပိုင်းမှာတော့ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တဲ့ အတွက်ကြောင့် နအဖဘက်က () ဦး ကျဆုံးပြီး ၄ ယောက် ဒဏ်ရာ ရတယ်လို့ KNLA တပ်ရင်း (၂၀၁) က တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ကျနော်တို့ KNLA နဲ့ ဒီကေဘီတို့ အတူတူပဲ ခြုံခို တိုက်တယ်။ မနေ့ မနက်ကတော့ နအဖဘက်က ၇ ယောက် သေတယ်။ ၃ ယောက် ဒဏ်ရာ ရတယ်ဆိုတာ ကနဲလေး ရွာသားတွေက ပြောပြလို့ သိရတာပါ။ ဒါပေမယ့် ညနေ ()နာရီမှာ ဆွဲမိုင်းကြောင့် နအဖဘက်က ၁ ယောက် သေတယ်။ ၁ ယောက် ထိခိုက် ဒဏ်ရာ ရတယ်။

KNLA နဲ့ ဒီကေဘီ ဘက်မှာတော့ ထိခိုက် ကျဆုံးမှု မရှိဘူးလို့ သူက ဆိုပါတယ်။ ဒီသတင်းတွေ အပေါ် သီးခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိပါဘူး။

ကျနော်တို့ နေရာ ကောင်းကောင်း ရွေးပြီးမှ ပစ်တယ်။ သူတို့က တက်လာတာဆိုတော့ ကျနော်တို့ကို ပစ်ဖို့ မလွယ်ဘူးလို့ သူက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က တိုက်ပွဲမှာလည်း KNLA တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် နအဖဘက်က ၉ ယောက် ကျဆုံးပြီး ၁၁ ယောက် ဒဏ်ရာ ရတယ်လို့ KNLA တာဝန်ခံက ပြောပါတယ်။


ယုန်ကလေး



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates