
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး တပ်မတော် (DKBA)က ဆယ်တန်းစာမေးပွဲပြီးရင် မြ၀တီမြို့ကို ၀င်တိုက်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာကြောင့် မြို့ခံလူထုတွေက ကြောက်လန့်ပြီး တိမ်းရှောင်နေတာဖြစ်ပါတယ်။
“ သူတို့ မနေ့ကတည်းက ၁၀ တန်းစာမေးပွဲပြီးရင် ပစ်မယ်ခတ်မယ်ကြားတယ်။ အဒါ ဈေးသည်တွေ ဘာတွေလည်း ဆိုင်သိပ်မထွက်ဘူး။ ဒီနေ့လည်း လူတွေက သွားသွားလာလာနည်းတာပေါ့။ ဆိုင်ကြီး၊ အိမ်ဆိုင်တွေ ဘာတွေကတော့ ဖွင့်တယ်လို့ မြ၀တီမြို့ခံတဦးက ဆိုပါတယ်။
လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့က တောင်သုံးလုံး ဒေသ အနီးရှိ နအဖ တပ်စခန်းတွေကို ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် နအဖ ဘက်က ထိခိုက် ကျဆုံးမှုရှိကြောင်း သိရပါတယ်။
“စားမေးပွဲပြီးရင် နအဖရဲ့ စက်ယန္တရားသော်လည်းကောင်း၊ သူ့ရဲ့ အဆောက်အဦးသော်လည်းကောင်း ကျနော်တို့ တိုက်ခိုက်ဖြိုဖျက်ဖို့ အထိအောင် မြို့တွင်းတိုက်ပွဲ အနေအထား အကန့်လေးတွေတော့ရှိတယ်။ ကျနော်တို့ ရက်အတိအကျနဲ့ အချိန်ပဲ၊ ပြောလို့မရဘူးပေါ”့ လို့ ဒီကေဘီအေ ဗိုလ်မှုဆန်းအောင်က ပြောသွားတာဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပတဲ့၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ကစပြီး နအဖတပ် နဲ့ DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ အခုဆိုရင် (၅) လကြာသွားပြီးဖြစ်ပါတယ်။
Source: DVB
ယုန်ကလေး
0 comments:
Post a Comment