
အသက် ၇၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အဲလစ်ဇဘက် တေလာ (Elizabeth Taylor)ဟာ အခုလ ၂၃ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
ဝါရင့်သရုပ်ဆောင် အဲလစ်ဇဘက် တေလာဟာ နှလုံးရောဂါ ဝေဒနာ ခံစားနေရတာဖြစ်ပြီး လော့စ်အိန်ဂျလိစ် (Los Angeles) မြို့မှာရှိတဲ့ ဆေးရုံတရုံမှာ လွန်ခဲ့တဲ့ ၂ လ လာက်ကတည်းက ဆေးကုသမှု ခံယူနေရတာပါ။
သူမဟာ အသက် ၁၂ နှစ် အရွယ်ကစလို့ သရုပ်ဆောင် အဖြစ်နဲ့ ထင်ပေါ်ကျော်ကြားလာသူ တဦးဖြစ်ပါတယ
သူမဟာ AIDS သုတေသန လုပ်ငန်းလို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ပြောခွင့်ရသူ အမျိုးသမီးတဦးအဖြစ် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: VOA
0 comments:
Post a Comment