ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်း ကိုသိမ်းဖို့ကြိုး ပမ်းမှုမအောင်မြင်


NEJ/၃၀ အောက်တိုဘာ ၂၀၀၈

ယနေ့ နံနက်()နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ()နယ် မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှု များကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ()အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း ()ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ()မှ အရာခံဗိုလ် စောထိခုက

ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)(၉၀၇)(၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ()စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း()လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)(၇၅မမ) (၆၀မမ) လက်နက်ကြီးတွေနဲ့ ကျနော်တို့စခန်းထဲ ပစ်ချတာ အလုံး(၄၀)လောက် ရှိ ပြီ။ ဒါပေမယ့် သူတို့ချဉ်းကပ်လို့ မရဘူး။ ကျနော်တို့ ရရှိတဲ့ကြားဖြတ် စက်သတင်းအရ ဒီညသူတို့စစ် ကူတွေ လာမယ်။ ပြီးရင် ကျနော်တို့စခန်းကို တက်ရှင်းမယ်လို့ သိရတယ်။ ကျနော်တို့ဖက်ကလည်း သူ တို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ DKBAနဲ့ နအဖစစ်တပ်တွေဟာ ထိုင်းဖက်ကဝင်ပြီး ကျနော်တို့ကိုပိုင်းဖို့ လုပ်နေတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ မရအရခုခံသွားရမှာပဲဟု ခေတ်ပြိုင်သို့ ပြောသည်။

နံနက်လင်းအားကြီးအချိန်က စတင်ခဲ့သည့် ပစ်ခတ်မှုများသည် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းအဆင့် မျိုးမရှိသေးသည့်အတွက် နှစ်ဖက်အကျအဆုံး အခြေအနေကို မသိရှိရသေးသော်လည်း မိမိတို့မိုင်း() လုံးပေါက်ကွဲခဲ့မှုတွင် DKBA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရရှိနိုင်သည်ဟု ၎င်းက ဆက်ပြော သည်။

နောက်ထိုင် မြန်မာစစ်တပ်မှ အကူပစ်ပေးသည့် လက်နက်ကြီးကျည် အလုံး(၄၀)ခန့်မှာ ထိုင်းနိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိသေးဟု အုန်းဖန်နှင့်မဲဆောက် လိုင်းကားမောင်းသူတဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဒေသတွင်းလုံခြုံရေး တိုးမြင့်ချထား ကြောင်း မြန်မာဘက်ခြမ်းမှ ရွာသားများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာမှုများ မရှိသေးကြောင်း သိ ရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် နယ်မြေစိုးမိုးရေးရရှိရေးအတွက် DKBAနှင့် မြန်မာစစ်တပ်တို့သည် ယခုနှစ်အတွင်း အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်မှုများ ရှိသော်လည်း စခန်းသိမ်းနိုင်သည့် အနေအ ထား မရှိသေးကြောင်း သိရှိရသည်။

နအဖနှင့် DKBA၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဖလဲခို့(ခေါ်) စောအော်လီဗာက ကျွန်တော်တို့ ဘက်ကတော့ စစ်ရေးနည်းနဲ့ဖြေရှင်းတာကို မလိုချင်ပေမဲ့ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ တော်လှန်စစ်ရဲ့ သဘောအရ ခုခံကာကွယ်စစ်ကိုဆင်နွဲဘို့ အရံသင့်ရှိတယ် လက်အောက်ခံ တပ်မဟာ တပ်ရင်း တပ်ဖွဲ့တွေကို ညွန်ကြား ထားပြီးဖြစ်တယ် အဓိက ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးပြီး ရန်သူကို ရင်ဆိုင်မှာဖြစ် တယ်ဟုပြော သည်။

နအဖအနေနှင့် မြန်မာပြည်၏နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်း၍ မရကြောင်း KNUနှင့် တိုက်နေသည်မှာနှစ် (၆၀)ရှိပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖေါ်မှသာ စစ်မှန်သည့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရမည်ဆိုသည့်အချက်ကို သဘော ပေါက်သင့်သည် ဟုလည်းဖြည့်စွက်ပြောသည်။

ဆက်လက်ဖတ်ရူ့ရန်

"ဆောင်းဦးပေါက်တေး "

ဒီဇင်ဘာနံ့ ခပ်သင်းသင်းလေးဝေ့တိုက်လာတယ်

တံစက်မြိတ်ကနှင်းရည်စက်တွေကျလာတာ

စောင်ခြုံထဲကနေ အိပ်ချင်မူးတူးငေးမကြည့်နိုင်တော့ဘူး

သမိုင်းကို လက်ကြောတင်းတင်းထမ်းပိုးဖို့

အလွမ်းကိုဘောင်းဘီအိပ်ထဲထိုးသိပ်ထည့်ထားရ

ကြေချင်ကြေ မွချင်မွ ဖြစ်ချင်တာသာဖြစ်ပစေတော့

ခဏခဏ ထုတ်ယုယမနေနိုင်ဘူး

အိမ်နဲ့ဝေးနေတာ

ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ



မိုဃ်းသွေး

ဆက်လက်ဖတ်ရူ့ရန်

ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်


NEJ/ ၁၈ အောက်တိုဘာ ၂၀၀၈။

အောက်တိုဘာလ () ရက်မှ (၁၈) ရက်နေ့ထိ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်တင်မြှောက်ခဲ့သော်လည်း မူဝါဒရေးရာ အပြောင်းအလဲမရှိဟု သတင်းရသည်။

(
၁၄) ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

-စောတာမလာဘော———–ဥက္ကဌ
-
ပဒိုဒေးဗစ်သာကပေါ်——–ဒုဥက္ကဌ
-
နော်စီဖိုးရာစိန် ————- အထွေထွေအတွင်းရေးမှူး
-
စောလှငွေ—————- တွဲဘက်အတွင်းရေးမှုး ()
-
စောဒေါလေမှူး————- တွဲဘက်အတွင်းရေးမှုး ()
-
ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး
-
ပဒိုဒေးဗစ်ထော
-
စောရောဂျာခင်
-
ပဒိုအားတိုး
-
ပဒိုဟေးဆာ
-
ပဒိုလားစေး တို့ဖြစ်သည်။

အလုပ်အမူဆောင်အဖွဲ့ဝင်တဦးကို ခေတ်ပြိုင်က မေးမြန်းရာ

ဒီညီလာခံမှာမူဝါဒရေးရာအရဘာမှအပြောင်းအလဲမရှိဘူး ညီလာခံကချမှတ်ထားတဲ့ကေအင်ယူ ရဲ့မူအတိုင်းဘဲ ဆက်လက်ဆောင်ရွက် သွားကြမှာဖြစ်တယ်ဟု ခေတ်ပြိုင်သို့ပြောသည်။ (၁၃) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်တွင် ကေအန်ယူအနေနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရူ့ရန်
သူငယ်ချင်းတို့ရေ …ချယ်ရီစာအုပ်ကိုဖတ်ရတော့ မှတ်သားစရာလေးတွေ တွေ့ရတယ်။ အဲ့ဒါနဲ့သူငယ်ချင်း တွေအတွက် မျှဝေမယ်ဆိုတဲ့စိတ်နဲ့ ကူးယူဖော်ပြပေးလိုက်တယ်နော်။ ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ ကောင်းမလေးတစ်ယောက်ကို ကောင်လေး တစ်ယောက်ကရေးပေးလိုက်တဲ့ ရည်းစားစာတစ်စောင်ပါ။ တကယ့်တော့ ကောင်မလေးက အဲ့ဒီကောင်လေးကို တအားမုန်းတယ်တဲ့။ ကောင်မလေးက မြ၀တီမှာလာတဲ့ တရုတ်ကား တွေကို မလွတ်တမ်း ကြည့်သတဲ့။ ဒါပေမယ့် သူမကြည့်လိုက်ရတဲ့ ဇာတ်လမ်းတွဲတွေကို ဆိုင်မှာခွေသွားငှားကြည့်တတ်တယ်။ တစ်နေ့မှာတော့ သူမတရုတ်ကားသွားငှားကြည့်ရင် ခွေထဲမှာ သူမအလွန် မုန်းတဲ့သူတစ်ယောက်က စာလွှာလေးတစ်စောင်ထည့်ပေးလိုက် တယ်။ အဲ့ဒီကောင်လေးကို မုန်းပေမယ့် ကောင်လေးရေးပေးလိုက်တဲ့စာကို ဖတ်ပြီးတော့ ပျော်မိတယ်တဲ့။ စာလေးကတော့ ဒီလိုပါ…

သို့….

ချစ်သူ….

မင်းနဲ့တို့ဟာ ရှောင်လင်မင်းသားလေးထဲကလို မမျှော်လင့်ဘဲတွေ့ခံရတယ်နော်။ စိမ်းစိမ်း ကားကားကြည့် သွားတဲ့ မင်းအကြည့်ဟာ တို့နှလုံးသားကို ရေခဲစိမ်အဆိပ်လက်ဝါးလို စူးရှခဲ့တာမို့ ဂူတိသခင်လို ဂူအောင်းပြီး အဆိပ်ထုတ်ခဲ့ရတယ်ကွာ… ဒါပေမယ့် မကုန်စင်သေးတဲ့ ဝေဒနာအပိုင်းအစတွေ တို့ရင်မှာ ကျန်နေသေးတယ် ဆိုတာ ငွေကြယ်ပွင့်တို့ကို သက်သေ တည်ပြီး ပြောရဲပါတယ်…

တို့ဟာ ၀ူကျိလို မျက်နှာမများပါဘူး ချစ်သူ.. ကွမ်းကျုံလျှမ်းလိုလည်း မယုတ်မာပါဘူး ကွယ်..ဟိုရှီနိုစံလို နောက် အနှစ်ငါးဆယ်ထိ မပြောင်းလဲပဲ ချစ်နေမှာပါ..မင်းသာ တို့အ သည်းကို နဂါးနိုင်ဓားနဲ့ခွဲပြီး အစိမ်းချွေသွားခဲ့ရင် တို့လေ… ကျိကုန်းလို ရှုးသွပ်သွားမှာပါ။ တကယ်လို့မင်းမှာ ကွမ်ရင်မယ်တော်လို ကြင်နာသနားတတ်တဲ့စိတ်ရှိရင် .. တို့မင်းအချစ် ကို သစ္စာရှင်မလေးရမ်းကျင့်လို စောင့်မျှော်နေမှာပါ။

မင်းသာတို့ကို မမေ့ရက်ဘူးအချစ်ဦးရယ်လို့ ပြောကြည့်စမ်းပါ။ တို့မင်းကို ပေါင်တရားသူ ကြီးရဲ့ ခိုင်ဖုန်းရုံးမှာတောင် လက်ထပ်ဝံ့ပါတယ်။ အဲဒီအခါကျရင် မင်းအပေါ်မှာ ဖေးမိုဝင်လို မြင့်မြတ်တဲ့အချစ်နဲ့ ချစ်ပြီး ကျန်ကျောင်းလို ကိုယ်ရံတော်အဖြစ် မင်းအနားမှာ အမြဲရှိနေမှာ ပါ။ ဒါပေမယ့်ကွယ်….

ဒါတွေဟာ ..တို့ရဲ့ မိုးကောင်းကင်အိပ်မက်တွေလို့ တို့ကိုတို့သိနေပါတယ်။ တစ်ရာ့တစ် ကြိမ်မြောက် ချစ်ခွင့်ပန် ခြင်းကို မင်းနားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းအနားမှာ သစ်ခွလိပ်ပြာလို အမြဲ ပျံဝဲနေမယ့်….

(မိုးနှလုံးသားပိုင်ရှင်)

ကဲ့ သူငယ်ချင်းတို့ကော့ ကိုယ်ချစ်တဲ့သူကို ဘယ်လိုစာရေးရမှာလဲဆိုတာ သိပြီးပေါ့နော်.


ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်

အချစ်ဆိုသည်မှာ


ကြယ်စင်သွေးတို့တော့ လုပ်ချလိုက်ပြန်ပြီး။ အခုလည်း အချစ်ဆိုတာကို ရေးခိုင်းတယ်။ အင်း...အချစ်ဆိုတာ ဘာလဲ အခုထိမသိသေးဘူး ဖြစ်နေတယ်။ နားလည်သလိုပဲ ရေးလိုက်တော့မယ်။ အမှားပါရင်လည်း ခွင့်လွတ်နော် ကြယ်စင်ရေ...။ ကဲစရေးပြီးနော်....

တကယ်တော့ အချစ်ဆိုတာ ဘယ်သူကမှမသင်ပဲ ကိုယ်ဘာသာကိုယ် အချိန်တန်တော့ တတ်လာတာပဲထင် တယ်။ ယုန်လေးသိသလောက်ပြောရရင် အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်ပညာရှိ။ ဘယ်အတွေးအခေါ်ပညာ ရှင်။ ဘယ်သူကမှ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ကြသေးပါဘူး။ အချစ်ဆိုတာ နှစ်မျိုးနှစ်စားရှိတယ် ထင် တယ်။ တမျိုးက မီးလိုပူဘဲ ပူလောင်တယ်။ အဲ့ဒီပူလောင်တဲ့ အချစ်ကို လူတွေက သာယာတယ်။ ပျော်ရွင်နေ ကြတယ်။ ဥပမာ. ပိုးဖလံမျိုးဖြစ်နေတဲ့ လူတွေက ပိုပြီး တိုးကျတော့တာပေါ့.. အဲဒီအခါမှာ တခါတရံ ပျော်ရွင် မှုတွေရှိတယ်။ ကြည်နှုးမှုတွေတွေရှိမယ်။ စိတ်ပူလောင်မူတွေ ရှိကြတာပေါ့။

နောက် အချစ်ဆိုတာ မိမိရဲ့ ပိုင်ဆိုင်လိုမူအတ္တလို လူတွေက ပြောကြတယ်။ မိမိကို ပြန်လောင်မြိုက်နေတဲ့ မီးပါတဲ့။ တချို့ကျတော့လည်း အ လိုချစ်တာတဲ့.... ။အချစ်ကို လူတွေက အဓိပါယ်အမျိုးမျိုးဖွင့်ကြပြန်ရော။

အချစ်ဟာ အချစ်ပဲ

အချစ်ဆိုမှတော့ အမုန်းရဲ့ဆန့်ကျင်ဘက်ပေါ့

အချစ်ဆိုတာ တ့ခါတရံပူလောင်သလို တခါတရံအေးမြတယ်

အချစ်ဆိုတာ ပေးဆပ်ခြင်းတစ်ခုပါပဲ သူဆီကဘာမှမမျှော်လင့်ပဲ ကိုယ့်နှလုံးသားတခုလုံးနဲ့သတိရနေတာ ဘာလို့ချစ်တာလည်းဆိုရင်လည်း အဖြေကမရှိ အရာအားလုံးကို သိလျက်နဲ့ ထားခဲ့မယ်ဆိုတာ သိလျက်နော်။

အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယေယာက်နားလည်ဖို့ပါပဲ။ ရှေးစကားပုံတောင် ရှိသေးတာပဲ။ မလျော့မတင်း စောင်းကြိုးညင်းသကဲ့သို့တဲ့။ တကယ်လို့ နှစ်ယောက်စလုံး တင်းကြရင်တော့ ပြတ်ထွက်သွားမှာ အမှန် ပါပဲ။ အချစ်ဟာ အချစ်ပါပဲ ပေးဆပ်ဖို့မဟုတ်သလို ရယူဖိုလဲ မလိုပါဘူး။ ညီမျှဖို့ပဲလိုပါတယ်နော်

ယုန်လေးမျှော်လင့်ထားတဲ့အချစ်ဆိုတာကတော့ တယောက်နဲ့တယောက် အနိုင်ယူမှုမရှိဘဲ အပြန်အလှန်ချစ် နေတာမျိုးပါပဲ။ အဲဒါမျိုးဆိုရင် ပျော်ရွင်စရာကောင်းမယ်လို့ ထင်ပါတယ်။

rainbow

မမသက်ဇင်

ကိုမော်စီ

ကော်ဖီ

ကဲ ကိုကို မမတွေ ရေးပေးပါဦးနော်


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

မသေခင် (၁၀) ရက်အလို






ဘလော့ဂ် ကြယ်စင်သွေးကလာ Tag တက်ထားတော့ ရေးရမှာပေါ့နော်။ ကဲ ကြယ်စင်ရေ .. ရေးလိုက်ပြီး နော်။ တကယ်တော့ ဘယ်တော့ သေရမှာဆိုတာ တခါမှမစဉ်းစားဖူးဘူး။ တခါတလေကျတော့လည်း တခါတည်းသေချင်တယ်။ ဘယ်အချိန်လဲဆိုတော့ စိတ်တအားညစ်တဲ့အချိန်ပေါ့...။ စိတ်ညစ်တာတွေလည်း ပြီးရော မသေချင်ပြန်ဘူး။ စိတ်အလိုကို နတ်မလိုက်နိုင်ဆိုတာ တာမျိုးလားမသိဘူးနော်။ မသေခင် (၁၀)ရက် အလိုဆိုတော့ အချိန်က တအားနည်းသွားတာ ပေါ့နော်။ ဒါပေမယ့် သေမင်းကလာခေါ်ရင်တော့သွားရမှာပဲ။ လုပ်ချင်တာတွေတော့များနေတာပေါ့။

(၁၀)ရက်မြောက်နေ့
တခါမှ မရောက်ဖူးတဲ့နေရာတွေကို သူငယ်ချင်းတွေနဲ့အတူတူသွားပျော်ပစ်လိမ့်မယ်။ အဓိကနေရာတွေကတော့ ဘုရား၊ စေတီပုထိုးရှိတဲ့ နေရာတွေသွားချင်တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး ကဲလိုက်မယ်။ (အကဲလေးလို့ မထင်လိုက်နဲ့ဦး နော်...ဟဲဟဲ။)

(၉)ရက်မြောက်နေ့
မနက်စောစောထပြီး ဘုရားပန်းလဲမယ်။ ဘုရားစာတော့ကောင်းကောင်းမရဘူး...။ စာအုပ်ကြည့်ပြီး တော့ပဲဆိုတော့မယ်။ ဆုတောင်းချင်တာတွေ ဆုတောင်လိုက်မယ်။ ဖြစ်လာ မဖြစ်လာ နောက်မှထား။ အဓိက ဆုတောင်းဖို့ပဲ။ (ဖြစ်ချင်တာကိုပဲ ဆုတောင်းမှာ)

(၈) ရက်မြောက်နေ့
စာကြည့်တိုက်သွားပြီး ဖတ်ချင်တဲ့စာအုပ်တွေကို တနေကုန်ဖတ်ခဲ့မယ်။ ဖတ်ပြီးတဲ့စာအုပ်တွေကော မဖတ် ဖူးတဲ့စာအုပ်တွေကို တ၀ကြီးဖတ်ခဲ့မယ်။ (စာအုပ်ပဲဖတ်ပြီး အိမ်ပျော်သွားမလား နော်...)

(၇)ရက်မြောက်နေ့
မိသားစုအားလုံးကို ခေါ်ပြီး မွေးရပ်မြေကို ပြန်မယ်။ အဘိုးအဘွားတွေကို ပြန်ကန်တော့မယ်။ အဘိုးအ ဘွားတွေမေး ရင် လည်း သတိရလိုပြန်လာတာပဲ ဖြေမယ်။ သေမှာကို ဘယ်သူ့ကိုမှ မပေးသိစေချင်ဘူး။ ရွာမှာရှိတဲ့ လိုအပ်တဲ့အရာကို တွေကို တတ်နိုင်သလောက်ဖြည့်စည်းပေးခဲ့မယ်။ (ရွာကို ပြန်ချင်လို့ပါ.....)

(၆) ရက်မြောက်နေ့
ဘလောဂ့်မောင်နှတွေဆီ လိုက်လည်မယ်။ စကားတွေ ပြောမယ်။ ဘလောဂ့်တွေအတွက် နောက်ဆုံး ပို့စ်တပုဒ်ရေးခဲ့ ပေးမယ်။ နတ်ပြည်ရောက် သွားရင်လည်း ဘလော့ဂ်တွေကို သတိရနေမယ်ဆိုတာကိုပေါ့ . ဟဲဟဲ.. (ဘယ်ကိုရောက်မ လဲမသိပဲနဲ့နော်...)

(၅)ရက်မြောက်နေ့
ကိုယ့်ရဲ့ပြည်နယ်ကို နေရာအနှံ့သွားလည်မယ်။ မိဘမဲ့ကလေးတွေကိုလည်း ကူညီမယ်။ စစ်ဒဏ်ကြောင့် ဒုက္ခရောက်တဲ့ တိုင်းရင်းသားတွေ ကိုလည်း တတ်နိုင်သလောက် ကူညီမယ်။ သူတို့ဘ၀တွေကို ကိုယ်ချင်းစာ တယ်။ သနားတယ်။ ဘ၀တူသမားတွေကို ပိုပြီး ဖြည့်စည်းပေးချင်တယ်။ (တကယ်ပြောတာပါ...နော်)

(၄) ရက်မြောက်နေ့
ဘာလိုလိုနဲ့ သေမယ့်ရက်နဲ့ နီးလာပြီးနော်။ အင်း ဒီနေ့တော့ စာသင်ကျောင်းတွေသွားပြီးတော့ ကလေး တွေကို မုန့်လုပ်ကျွေးမယ်။ လူစရာရှိတာ လူခဲ့မယ်။ ကလေးတွေရဲ့ ပညာရေးကို တတ်နိုင်သလောက် ဖြည့် စည်းခဲ့မယ်။ (စိတ်ထဲမှာ လုပ်ချင်တာ...)

(၃) ရက်မြောက်နေ့
အော်မေ့သွားလို့ ။ ဖြစ်ချင်တာ နောက်တခုရှိသေးတယ်။ အချိန်လည်းကုန်တော့မယ်နော်။ ဘာပဲဖြစ်ဖြစ် (၂)တောင် ကျန်သေးတာပဲ။ ဒီတရက်တော့ မိသားစုနဲ့အတူ ကမ္ဘာကို တပတ်လောက်ပတ်ချင်တယ်။ လည်ချင်တယ်။ ဘယ်လောက် ပျော်ဖို့ကောင်းမလဲနော်။ အဲ့ဒီအချိန်ဆို သေရမှာကို မေ့သွားမယ်ထင်တယ်။ (အပြင်မှာလည်း ကမ္ဘာကို တကယ်ပတ် ချင်တာ....)

(၂) ရက်မြောက်နေ့
ဒီတရက်တော့ ဘယ်မှမသွားတော့ဘူး။ ဖြစ်ချင်တာတွေလုပ်ခဲ့ ပြီးသွားပြီဆိုတော့ အိမ်ထဲမှာပဲနေတော့ မယ်။ ဒါပေမယ့် စာတွေ တနေကုန်ထိုင် ရေးမယ်။ ကဗျာတွေ။ ဆောင်းပါတွေ။ ၀တ္တုတွေ။ စိတ်ထဲပေါ်လာတွေ အကုန်ချရေးမယ်။ ရေးပြီးသားစာတွေကို စနစ်တကျ သိမ်းထားမယ်။ (စာရေးတာဝါသနာပါလို့....)

(၁) ရက်မြောက်နေ့
ဒီတစ်ရက်တော့ အိပ်ယာထဲမှာပဲ လဲနေပြီး လှူခဲ့တာတွေ။ သွားခဲ့တာတွေ။ ပျော်ရွင်ခဲ့တာတွေ..ကို တွေး နေမယ်။ မျက်လုံးလေးတွေကို စင်းပြီး ဟိုကမ္ဘာတဘက်ခြမ်းကို မျှောသွားနေလျက်... (သေသွားပြီးပေါ့နော်..)

ကြယ်စင်ရေ လာလည်ပြီး ဖတ်ပါဦးနော်။

တခြားသူငယ်ချင်းတွေကိုလည်း Tagလိုက်ဦးမယ်နော်...


ကိုမာန်လှိုင်းငယ်

Dream Angle
ကောင်းကင်ကို
မသက်ဇင်

ကဲ ကိုကို မမတို့ရေ ရေးပေးပါဦးနော်

ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်

တော်လှန်ရေးမောငှ်မမျာှးင့်သူငယ်ချင်းများခင်ဗျား




ပြီးခဲ့သည့ှ်စ်က ပေပေါက်ခဲ့သောစက်တင်ဘာ ရေ၀ါရောင်တော်လှန်ရေးကီး အတွင်းကမတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရသော သံဃာတော်များ ၊ကျောင်း သာလူငယ်များ၊ လူထုခေါင်း ဆောင်ဒေအောင်ဆန်းစုကညှ်င့် အခြားသောယုံကည်ချက်ကောင့် အကျဉ်းကျနေရသောသူများအားလုံးကို ခွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွကဗမိာုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲချပ်၊ တရားမျှတရေး မျိးဆက်သစ်လူငယ်များ လပ်ရှားအဖွဲ Generation Wave (မျိးဆက်သစ်လူငယ်များအစည်းအရုံး)ှင့်အခြားသော တက်ကွလှုပ်ရှားသည့် အင်အားစုမျာှးင့်အချို့သော ပြည်သူလူထုတိုမှ ငွေစက္ကူများပေတွင်


၁- ရေ၀ါရောင်တော်လှန်ရေးသံဃာများတ်ပေး၊
၂- ဒေအောင်ဆန်းစုကညှ်င့်တကွိုင်ငံရေးအကျဉ်းသားများအားလတ်ပေး

ဟုရေးသား ဆန္ဒထုတ်ဖော်ခြင်း လပ်ရှားမကို လုပ်ဆောင်လျက်ရှိနေပါသည် ပြည်သူအပေါင်းမှလည်းပူး ပေါင်းပါဝင် ဆန္ဒထုတ်ဖော်ကပါရန် တိုက်တွန်နူးဆော်အပ်ပါသည်။ ဓါတ်ပုံသစ်များလည်းဆက်လက်ဖြန်ဝ ပေးပိုသွား ပါမည်။



ဆက်လက်ဖတ်ရူ့ရန်

ဒဏ်ရာ

သူငယ်ချင်းတို့ေ၇...

ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....ကျမ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်..............
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပို လွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကိုထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။

အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။

ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင် လုပ်ပေး သင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

ယုန်လေးရဲ့အမက မေးလ်ကနေ ပို့ပေးလိုက်တာပါ။ ဖတ်လို့ကောင်းပြီး ဗဟုသုတတစ်ခုရ တာနဲ့ သူငယ်ချင်းတို့ မျှဝေခံစားစေချင်လို့ တင်ပေးလိုက်တာပါ။ အခုလာဖတ်တဲ့သူတွေ အားလုံးဟာ ယုန်လေးအတွက် သူငယ်ချင်းကောင်း ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်နော်။


ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်

တပ်သားသစ်များ ဒီကေဘီအေ အဓမ္မ စုဆောင်းနေ


ဧရာဝတီ | စက်တင်ဘာ ၃၀၊ ၂၀၀၈


မြန်မာစစ်အစိုးရှင့် ငိမ်းချမ်းရေးယူထားသော ကရင်အမျိးသားအဖွဲအစည်းများထဲတွင် အင်အားအကီးဆုံးဖြစ်သည့် တိုးတက်သောဗုဒဘာသာ ကရင်အမျိးသား ဒီမိုကရက်တစ် တပ်မတော် (ဒီကေဘီအေ) က ယခုအခါ ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာများတွင် တပ်သားသစ်များ အဓမစု ဆောင်းနေသည်ဟု ကရင်လူအခွင့်အရေး အဖွဲအစည်း (ကေအိတ်ခ်ျအာဂျီ) မှ သိရသည်။


KHRG လတ်တလော သတင်းထုတ်ပြန်ချက်အရသဂုတ်လလယ်က တပ်မ ၉၉၉ တပ်ရင်းမ ဗိုလ်ချစ်သူ ဦးဆောင် သော ဒီကေဘီအေ တပ် သည် ကရင်ပြည် နယ်၊ ဖားအံမို့နယ် အတွင်းရှိ ကျေးရွာများတွင် အဓမတပ်သား စုဆောင်းမများ ပြလုပ်ခဲ့ကောင်း သိရသည်။


ထိုသိုတပ်သားသစ် စုဆောင်းရာတွင် ဒီကေဘီအေ တပ်သည် ရွာသားများအား မဲစနစှ်င့် ရွေးချယ်၍ မဲပေါက်သူကို အတင်းအဓမခေဆောင်ခြင်း ပြလုပ်ခဲ့သည်။ တပ်သားသစ်များ ထဲတွင် အငယ်ဆုံးမှာ အသက် ၁၃ှစ်ခန်သာရှိသေးပီး ရွာတရွာလျင် အနည်းဆုံး တပ်သားသစ် ၁၅ ဦးမှ ၂၅ ဦးထိ ခေဆောင်သွားကောင်း ကေအိတ်ခ်ျအာဂျီ ထုတ်ပြန် ချက်အရ သိရသည်။


လက်ရှိတွင် ထိုတပ်သားသစ်များကို စစ်သင်တန်းပေးလျှက်ရှိပီး စုစုပေါင်း ၁၇၅ ဦးခန်ရှိကောင်း သိရသည်။ တပ်သား သစ်များမှာ ဒီကေဘီအေ တပ်အတွင်း အနည်းဆုံး ၁၈ လခန်စစ်မထမ်းရမည် ဖြစ်ကာ တပ်သားသစ် စုဆောင်းခံရသော ကျေးရွာက တပ်သား တဦးအတွက် ကျပ် သိန်းမှ သိန်းအထိ အခွန်ပေးဆောင်ရမည် ဖြစ်ကောင်း ကေအိတ်ခ်ျအာဂျီ က ထုတ်ပြန်ထားသည်။


ယခုကဲ့သို ဒီကေဘီအေက တပ်သားသစ်များ အဓမစုဆောင်းနေရခြင်းမှာ လွပ်လပ်သော ကရင်အမျိးသားတပ်မတော် ကေအန်အယ်အေကှိုမ်နင်းရန်ဖြစ်ပီး ယခုလက်ရှိတွင် ကေအန်အယ်အေ တပ်မဟာ က ကာကွယ်ထားသည့် ဒေသ အနီး၌ ဒီကေဘီအေတပ်ရင်းများ ဖြစ်သော တပ်မ ၉၀၇၊ ၉၀၃ှင့် ၃၃၃ တိုက နေရာယူထားပီ ဖြစ်ကောင်း ကေအန်အယ်အေ မှ တာဝန်ရှိသူတဦးက ပြောသည်။


ကေအန်အယ်အေ သည် ကရင်အမျိးသား အစည်းအုံး (ကေအန်ယူ) လက်အောက်ခံ စစ်တပ်ဖြစ်သည်။

သူကီးဆီက ကားတာကတော့ ဒီကေဘီအေ က ဒီဒေသကို ကေအန်အယ်အေ လက်ထဲက သိမ်းပေးဖိုနအဖနဲ သဘောတူညီချက် ယူထားတယ် ဆိုတာါပဲဟု ဒေသခံရွာသား တဦးက ဆိုသည်။


လက်ရှိ ကေအန်အယ်အေ စောင့်ရှောက်ထားသော ဒေသမှာ အဖိုးတန် သယံဇာတများ ပေါကွယ်ဝ သည့် နေရာတခုဖြစ်ပီး အထူးသဖြင့် အဖိုးတန် ကွန်းသစ်များ အလွန်ပေါများသည့် ဒေသဖြစ်သည်။ ထိုပြင် ကျောက်မီးသွေးတွင်းများ၊ သတ္ထုတွင်းများ ရှိသည့် ဒေသ ဖြစ်သည်ဟု ကေအန်အယ်အေ တပ်မဟာ မှ တာဝန်ရှိသူတဦးက ပြောပြသည်။


ယခှုစ်ဆန်းမှစတင်၍ ဒီကေဘီအှေင့် ကေအန်အယ်အေ တိုတိုက်ပွဲဖြစ်ပွားမများ စိတ်လာခဲ့သည်။ကျနော်တို ကာကွယ်ထားတဲ့ ဒေသက သယံဇာတတွေ အရမ်းပေါများတော့ ဒီကေဘီအေ က ဒါကို လိုချင်ပုံရတယ်။ ဒီဒေသကို ရအောင်တိုက်ပီး စီးပွားရေး တိုးချဲမယ်လို ယူဆရတယ်ဟု ကေအန်အယ်အေ တပ်မဟာ မှ အဆင့်မြင့် အရာရှိ တဦးဖြစ်သူ စောဆဲဂေးက ပြောသည်။


ကေအန်အယ်အေ တပ်များအနှေင့် ဒီကေဘီအေ တပ်များ၏ တိုက်ခိုက်မကို အချိနှ်င့်အမျှ ခံရဖွယ် ရှိကောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိအနေအထားအရ ဒီကေဘီအေ န္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရှိနေသော်လည်း ကေအန်ယူ ၁၄ကိမ် မြောက် ညီလာခှံင့်အတူ အမဆောင် သစ်များ ရွေးချယ်ပွဲကို ကျင်းပမဲ ကျင်းပနေကောင်း ကေအန်အယ်အေ မှ တာဝန် ရှိသူများက ပြောသည်။



ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates