ယုန်လေးဒီနေ့ ဟိုကလိဒီကလိနဲ့ ဒေါသထွက်ထွက်သူတွေအတွက် စာလေးတွေ ယူလာပေးတယ်နော်။ လူတိုင်းကတော့ အနည်းနဲ့အများ ဒေါသဆိုတာ ရှိကြတာ ချည်းပဲမဟုတ်လား။ ဒါကြောင့် ဒေါသတအားထွက် မိမိကိုယ့်ပါ ပြန်အန္တာရယ်ရှိတဲ့အကြောင်း ဒီလိုဒေါသတအား ထွက်လာရင် ဘယ်လိုပြန်လည်ပြုပြင် ထိန်းချုပ် မလဲဆိုတာ ဒီမှာ ဖော်ပြပေးလိုက်တယ်နော်။ ဟဲဟဲ

ဒေါသကိုထိန်းချုပ်နိုင်သောနည်းလမ်းများ

ဒေါသကိုထွက်ခြင်းဟာ သွေးတိုးရောဂါ၊စိတ်ဓာတ်ကျရောဂါ၊ နှလုံးရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒေါသကြီး တဲ့ လူတွေဟာ ဒေါသနည်းတဲ့သူတွေနဲ့နှိုင်းယှဉ်ရင်နှလုံးရောဂါ (Heart attack) ဒါမှမဟုတ် သေစေနိုင်တဲ့ နှလုံး သွေးကြောကျဉ်းရောဂါသုံးဆပိုဖြစ် လွယ်ပါတယ်။ ဒါကြောင့် ရောဂါမရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ဒေါသကို ထိန်းချုပ်နိုင်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

  • ဒေါသထွက်လာပြီဆိုရင် အသက်ရှူလိုက်ပါ၊ ရင်ဘတ်တစ်ခုလုံးနဲ့ အပြည့်အသက်ရှူသွင်းပြီး ရှုထုတ်လိုက် ပါ။
  • လေကိုရှူသွင်းရှူထုတ်တစ်မိနစ်လောက် ပြုလုပ်ပြီးတဲ့အခါသင့်မှာတင်းအားတွေလျော့သွားပါလိမ့်မယ်။
  • သင်ဟာညစာစားပွဲမှာ ငြင်းရင်းခုံရင်း ဒေါသဖြစ်ချင်နေပြီဆိုရင် တောင်အသက်ရှူသွင်း/ရှူထုတ် လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ပြီးရင်ခဏ အနားယူလိုက် ပါ။
  • ဒေါသထွက်တဲ့ အခါအနေအထားကို ပြောင်းလဲလိုက်ပါ။ ဖြစ်နိုင်ရင် အခန်းထဲကနေ ထွက်သွားလိုက် တာမျိုး၊ လမ်းထလျှောက်တာမျိုးပြုလုပ်ပေးလိုက်ပါ။
  • စိတ်တိုတိုနဲ့ စကားမပြောမိအောင် တစ်ကနေတစ်ဆယ်အထိ ရေတွက်ပါ။ သင့်ကိုယ်သင် ကမ်းခြေတစ် နေရာရာမှာရောက်သလို စိတ်ကူးယဉ်ပါ။ ဒါမှမဟုတ်သင့်ကိုယ်သင် စိတ်သက်သာစေမယ့် စကားလုံး တွေနဲ့နှစ်သိမ့်လိုက်ပါ။ သက်ပြင်းမှုတ်ထုတ်ပါ။
  • သင်ဟာဒေါသကြီးတတ်တဲ့သူ တစ်ဦးဆိုရင် နေ့စဉ်အားကစား ပြုလုပ်ပေးပါ။ ကိုယ်ကာယ လှုပ်ရှားမှုဟာ စိတ်ဖိစီးမှုပြေပျောက်စေတဲ့ကြီးမားတဲ့စွမ်းအင်ကို ပေးပါတယ်။
  • ယောကကျင့်စဉ်လိုဖြည်းဖြည်းနဲ့ ညင်ညင်သာသာ အကြောဆန့်ရတဲ့လှုပ်ရှားမှုကိုလည်း ကြိုးစားကြည့် နိုင်ပါတယ် ဟု Good Health Journal တွင်ဖော်ပြထားသည်။

2 comments:

Pinkgold said...

အခုလိုမျိုး အဖိုးတန် နည်းလေးတွေ မျှဝေတာ ကျေးဇူးပါ မယုန်ကလေးရေ

Unknown said...

ဝိပသနာနဲ့လည်း ထိန်းလို့ရတယ်လေ။
ဒေါသထွက်ရင် ဒေါသထွက်နေတာကိုသိ စိတ်ကိုသတိကပ်။
လေအသွင်းအထုတ်ကလည်း ၀ိပသနာ အခြေခံ ပဲလေ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates