ဒေါ်အောင်ဆန်းစုကြည် မွှေးနေ့ကျင်းပ

ယုန်ကလေး ၂၂၊၆၊ ၂၀၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်မြောက်မွေးနေ့ အခမ်းအနားကို အခုလ (၁၉)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်ရဲ့ နေအိမ်မှာ ကျင်းပပြီး တာဝန်ရှိသူတွေ၊ မြို့နယ်အဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့ဝင်တွေ၊ NLD ကို အားပေးထောက်ခံတဲ့သူတွေ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စကားတွေ ပြောကြားခဲ့ကြသလို ကလေးထောင်မှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ ကိုမင်းအောင်ကို ဂုဏ်ပြုတဲ့ ကဗျာ တပုဒ်ကိုလည်း ရွှတ်ဖတ်ခဲ့ပါတယ်။

အာဏာပိုင်တွေက အခမ်းအနားကို နှောက်ယှက်တာတွေ မရှိပေမယ့် အ၀င်အထွက် ဓာတ်ပုံရိုက်တာတွေ ရှိတယ်လို့ သိရပါတယ်
အခမ်းအနားကို နံနက် (၈)နာရီမှာစတင်ပြီး (၁၀)နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ ဆက်လက်ဖတ်ရူ့ရန်

လယ်သမား ကလေးငယ်တွေကို ကျောင်းပစ္စည်း ထောက်ပံပေးအပ်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် တောင်သူလယ်သမား တွေရဲ့ ကလေး ၁၇၂ ဦးကို မေတ္တာအားမာန်အဖွဲ့က ကျောင်းသုံးပစ္စည်းတွေနဲ့ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ပါတယ်၊

အဲဒီပေးအပ်ပွဲအခမ်းအနားကို ၇န်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာ အခုလ ၁၈ ရက်နေ့ကကျင်းပ သွားခဲ့တာပါ၊

အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတောင်သူလယ်သမားအဖွဲ့က တာဝန်ရှိ သူတွေ ၊ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေ အပါအ၀င် ကလေးငယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကလေးတွေဟာ အစိုးရရဲ့ လယ်ယာမြေအဓ္ဓမ အသိမ်းခံရတဲ့ တောင်သူလယ်သမားတွေရဲ့ ကလေးတွေလည်း ဖြစ်ပါတယ်၊

အဲ့ဒီနောက် အခမ်းအနားမှာ တက်ရောက်လာသူတွေက ကဗျာရွတ်ဆိုတာတွေ၊ အမှာစကား၊ ဆုံးမစကား ပြောကြားခဲ့ပါတယ်။ ဆက်လက်ဖတ်ရူ့ရန်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မွေးနေ့ဆုတောင်းပွဲ ကျင်းပ


မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်ရဲ့ (၆၆) နှစ်မြောက်မွေးနေ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို KIAထိန်းချုပ်ရာ လိုင်ဇာမြို့မှာ ကျင်းပသွားခဲ့ပါတယ်။

အခမ်းအနားကို KIO ဗဟိုကော်မတီဝင်တွေ၊ အရာရှိကြီးတွေ၊ တပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ ကချင်းအမျိုသမီးရေးရာ အဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေ အပါအဝင် (၁၅၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။

တစ်ဆက်ထဲမှာပဲ မွေးနေ့ဆုတောင်းပွဲမှာ မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ရဲဘော်ဟောင်းတွေက စစ်ပြေးဒုက္ခသည်တွေအတွက် အလှူငွေ ကျပ် သိန်း(၅၀) လူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် အခမ်းအနားကို တက်ရောက်လာတဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွှေးနေ့ပွဲ အမှတ်တရာ လက်မှတ်ထိုး တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို နံနက် (၇) နာရီမှာ စတင်ပြီ (၉)ခွဲမှာ ပြီးဆုံးခဲ့ပါတယ် ဆက်လက်ဖတ်ရူ့ရန်

စစ်ပြေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးကုသမှုလိုအပ်

ယုန်ကလေး၊ ၂၀၊၀၆၊၂၀၁၁








ကချင်ပြည်နယ်မှာ မြန်မာ အစိုးရတပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ ကျန်းမာရေး အခက်အခဲ ကြုံနေကြရပါတယ်။

ဒုက္ခသည်တွေရဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေဟာ လိုအပ်နေဆဲဖြစ်ပြီး အခုလက်ရှိ KIO လိုင်ဇာဌာနချုပ် ဒုက္ခသည်စခန်း ၆ ခုက ဒုက္ခသည်တွေရဲ့ အစားအစာ၊ အသုံးအဆောင်တွေကို KIO ကထောက်ပံပေးနေတာ ဖြစ်ပါတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ထောင်သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မြစ်ကြီးနား ၀ိုင်းမော်ဘက်မှာရှိတဲ့ မြို့တွေနဲ့ တရုတ် မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

မြန်မာအစိုးရတပ်နဲ့ KIA တို့ ငြိမ်းချမ်းရေးယူပြီး ၁၇ နှစ် အကြာ၊ ဇွန်လ (၁၉) ရက်နေ့ကစပြီး နှစ်ဘက် တိုက်ခိုက်မှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့တာပါ...။ ဆက်လက်ဖတ်ရူ့ရန်

HAPPY BIRTHDAY DAW AUNG SAN SUU KYI








ဆက်လက်ဖတ်ရူ့ရန်

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ



ယုန်ကလေး။ ၁၇၊၀၆၊၂၀၁၁

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတခုကို အခုလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ဒေါ်အေးမြင့်သန်း၊ မုံရွာ အောင်ရှင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်သမားအဖွဲ့က ဦးကျော်မြင့်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသန်းလွင်အပါအ၀င် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီနောက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ မိသားစုတွေက အကျဉ်းသားတွေနဲ့ပါတ်သက်ပြီး အမှတတရ စကား ပြောကြားခဲ့ပါတယ်။

တဆက်ထဲမှာပဲ ကဗျာရွတ်ဆိုတာ၊ ဖယောင်းတိုင် ၈၈ တိုင် ထွန်းညှိတာနဲ့ ၊ မိုးပျံပူပေါင်း ၈၈ လုံး၊ ငှက် ၈၈ ကောင်ကိုလည်း လွှတ်တင် ဆုတောင်းခဲ့ကြပါတယ်၊

အလားတူ အဲဒါနေ့မှာပဲ မထ္ထီလာမြို့နယ်၊ ၇ခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်က နေရာအတော်များများမှာလည်း အခုလို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲတွေကို လုပ်ခဲ့ကြတယ်လို့ သိရပါတယ်၊

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ကျော် ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B စာရင်းအရ သိရပါတယ်။ ဆက်လက်ဖတ်ရူ့ရန်

အလုပ်သမား၊ လယသမား သမဂ္ဂပေါ်ပေါက်ရေး...


ယုန်ကလေး၊ ၁၆၊၀၆၊၂၀၁၁

မြန်မာအမျိုးသား အလုပ်သမား၊ လယ်သမား သမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းသူများ (MNTU)က လွတ်လပ်တဲ့ အလုပ်သမား၊ လယ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိတ်ထံ အိတ်ဖွင့်ပေစားပေးပို့ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို အခုလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတာပါ၊

အရပ်သားအစိုးရသစ်လက်ထပ်မှာ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် အနေနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း MNTUက ဆိုပါတယ်။

အလုပ်သမား အခွင့်အရေး ဖိနှိပ်မှုတွေ၊ စီးပွားရေး လွတ်လပ်ခွင့်တွေ မရှိတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) ရဲ့ နှစ်စဉ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာနိုင်ငံက စက်ရုံတချို့မှာ အလုပ်သမားတွေ လုပ်ခလစာတိုးရရေးနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့၊ မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့် ရဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို အခုလ (၁၃) ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ ဆက်လက်ဖတ်ရူ့ရန်

ကမ္ဘာ့သွေး အလှူရှင်များနေ့ ကျင်းပ


၂၀၁၁ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့  အထိမ်းအမှတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားသွေးဌာရဲ့ အစည်းအဝေး ခန်းမမှာ အခုလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ပြည်တွင်က သွေးသွင်းကုသမှုလုပ်ငန်း၊ သွေးလှူရှင် စုဆောင်းမှုလုပ်ငန်း၊ သွေးလှူဘဏ် လုပ်ငန်းတွေနဲ့ သွေးကူညီပေးရေးအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြ ပါတယ်။

အဲ့ဒီနောက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ဦးနေ၀င်းနဲ့ တာဝန်ရှိသူတွေက သွေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတ အကြောင်းအရာတွေကို ပညာပေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

A,B,O,AB ဆိုတဲ့ သွေးအုပ်စုတွေကို တွေ့ရှိ ခဲ့တဲ့ သြစတေးလျ နိုင်ငံသား Karl Landsteiner (ကရယ် လန်းစတိန်းနား) ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့ မွေးနေ့ကို သွေးလှူ ရှင်နေ့ အဖြစ် ၁၈၆၈ ခုနှစ်က စပြီး သတ်မှတ်ခဲ့တာပါ၊

WHO ရဲ့ ၅၈ ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပထမဆုံး သွေးလှူရှင် နေ့ကိုတော့ ၂၀၀၄ ခုနှစ်က တောင်အာဖရိက နိုင်ငံမှာ စတင်ကျင်းပခဲ့ပါတာ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရူ့ရန်

သန်လျင်နဲ့ ကျောက်တန်းမှာ လေပြင်းတိုက်

ယုန်ကလေး။ ၁၃၊၀၆၊၂၀၁၁

ရန်ကုန်တိုင်း သန်လျင်မြို့နယ်နဲ့ ကျောင်းတန်းမြို့နယ်တွေမှာ ဇွန်လ ၁၀ ရက်နေ့က လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် လူနေ အိမ်၊ အဆောက်အဦးတချို့ ပျက်ဆီးသွားခဲ့ပါတယ်။

"အရှေ့အိမ်က တအိမ်လုံးပေါ့။ နောက်ဖေး အပင်က တပင်လုံးလိပ်ပြီးပါသွားတယ်။ အချက်လိုက်ကြီးပါသွားတယ်။ ပြန်ကောက်တော့ ငါးချပ်လောက် ပျောက်သွားတယ်" လို့ ကျောက်တန်းမြို့က ဒေသခံတဦးက ပြောပါတယ်"

အဲ့ဒီ လေပြင်းကြောင့် ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်၊ (၆)လမ်းမှာ အဆောက်အဦး တချို့ ပျက်စီးခဲ့တဲ့အပြင် လူတွေလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့ဒီအိမ်မှာ သွပ်တွေအားလုံး အကုန်လှန်ကုန်တာပေါ့။ မီးကြိုးတွေ ပြတ်၊ လူကတော့ ကလေးတစ်ယောက် လက်မှာ အဆစ်လွဲသွားတာပေါ့.." လို့ စံချိန်မီရပ်ကွက်က ဒေသခံတဦး ပြောပါတယ်။



တစ်ဆက်ထဲမှာပဲ အဲဒီလေပြင်းကြောင့် ရန်ကုန်တိုင်း သာကေတမြို့နယ်က သစ်ပင်တချို့နဲ့ လျှပ်စစ်ဓာတ်တိုင်လဲပြိုခဲ့သလို မီးပြတ်တောက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

"ပထမဦးဆုံး သမီးတို့က မိုးအက်တာ။ ပြီးလဲပြီးရော မဟုတ်ဘူး လေယာဉ်ပျက်ကျတယ်လို့ ထင်တယ်။ ပြေးကြပြေးကြဆိုပြီးပြောတော့ လေက တဝှေ့ဝှေ့နဲ့ အပေါ်ကိုတက်သွားတယ်။ ဒီလေးအိမ်ကလူတွေ ပြေးရတယ်။ ကလေးရော လူကြီးရော အကုန်ထွက်ပြေးရတယ်။

ပြီးခဲ့တဲ့မတ်လ ၁၁ရက်နေ့ကလည်း ရန်ကုန်မြို့မှာ လေပြင်းတိုက်လို့ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်က လူနေအိမ် အလုံး (၄၀) လောက် ပျက်စီးသွားပြီး ကလေး၊ လူကြီး တရာကျော် အိုးမဲ့အိမ့်မဲ ဖြစ်ခဲ့ရပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

လူ နှင့် ဖေ့စ်ဘုတ်




တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။

ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်နေရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထာ...းတတ်သေးတာ။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။

ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။) တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။

ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလည်းရရော ဖေ့စ်ဘုတ်ကိုအဖက်မလုပ်တော့ဘူး။


အဲ… အိမ်ထောင်ပြုလို့ မင်္ဂလာဆောင်ပြန်တော့ ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်ဖြစ်ပြန်ရော..။ မဟုတ်ရင် မင်္ဂလာဆောင်ပုံတွေ တစ်အိမ်တက်ဆင်းလိုက်ပြနေရမှာပေါ့..။ အဲ.. မင်္ဂလာဆောင်ပြီး သွေးအေးသွားပြန်တော့ ဖေ့စ်ဘုတ်ခမျာ ချောင်ထိုးခံရပြန်ရော။ စောင့်ပေတော့ ကလေးရတဲ့အထိ။ အဲ.. ကလေးရပြီဆိုလို့ကတော့ ဖေ့ဘုတ်ပေါ်ပြန်ရောက်လာကြပြန်ပါရောမဟုတ်လား..။

ဖေ့စ်ဘုတ်ဘဝ သင်္ခါရပေါ့လေ။ တစ်ချို့တွေအတွက်တော့ ဖေ့စ်ဘုတ်က ယောက္ခမအိမ် လိုပဲဖြစ်နေပြန်တယ်။ ယောက္ခမများ မတော်မဖြစ်လို့တော်ရပေမယ့် တော်ယုံတော့ ပတ်ပတ်သက်သက်မလုပ်ကြတဲ့သဘောမဟုတ်လား။ အဲလိုပဲပေါ့။ အကောင့်တော့ သူများဖွင့် ကိုယ်ဖွင့် ဖွင့်ကြပြီး၊ တစ်လနေလို့လည်း တစ်ခါအလည်မလာ၊ လာပြန်တော့လည်း ဖင်ပူအောင်မနေကြတဲ့သူတွေပေါ့။ သူတို့အတွက် ဖေ့စ်ဘုတ်က ယောက္ခမအိမ် လေ။

အဲ… တစ်ချို့ကျပြန်တော့လည်း ဖေ့စ်ဘုတ်ကို ဘော့စ်(Boss) လိုသဘောထားကြပြန်ပါသေးတယ်။ ဒီနေ့ ဘယ်သွားတယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုပြီး မပြတ်တမ်း Report လုပ်ကြတယ်။

တစ်ချို့အတွက်တော့ ဖေ့စ်ဘုတ်က ဆရာဝန်ကြီး ကျလို့။ ဒီနေ့ အီးမပါဖြစ်ဘူး၊ ရှူရှူးတွေဝါတယ်၊ ခေါင်းတွေကိုက်တယ်၊ လည်ချောင်းထဲကပူတယ်၊ ဖင်ခေါင်းထဲကအေးတယ် နဲ့ လာလာပြောကြပြန်ရော။

တစ်ချို့လည်း တီးတိုးဖေါ် အဖြစ်မြင်ပြီး၊ ဒီနေ့ Moody ဖြစ်တယ်၊ ဒင်းတော့လား အစိမ်းလိုက်ကိုဝါးစားချင်တယ်၊ ဒီဘဝ သေတာအေးပါတယ်၊ ပျော်လွန်းလို့ဂျွမ်းတောင်ထိုးနေရတယ် ဆိုတာမျိုးတွေ လာလာပြောကြပြန်ပါရောလား။

တစ်ချို့တွေများကျတော့ ဖေ့စ်ဘုတ်ကို အမှိုက်ပုံကြီး လို ဖွထားတတ်ကြပြန်ရော။ ဘာမှန်းခွဲမရတဲ့ပုံတွေတင်၊ ဝါးတားတားပုံလည်းတင်၊ ခွေးပုံတင်၊ ကြောင်ပုံတင်၊ အရက်ပုလင်းပုံတင်၊ အကောင့်ပိုင်ရှင်က ဘယ်သူလည်းဆိုတာ မှန်းမရလောက်အောင်၊ တစ်ပြုံတစ်မကြီး အုပ်သင်းဖွဲ့တဲ့ပုံတွေချည်းရွေးတင်၊ ဝင်ကြည့်မိပလားဆို မူးနောက်နေအောင်ကို လုပ်ထားတတ်ကြတာကလား။ တစ်ချို့ တစ်ချို့တွေတော့ ဖေ့စ်ဘုတ်ကို Chat Room လုပ်ဖို့သုံးကြပြန်တယ်။

ဓါတ်ပုံတစ်ပုံအောက်မှာ ကွန်မင့်ပေးရင်းနဲ့ စကားလက်ဆုံတွေကျနေတတ်ကြတာမျိုး ကြုံဖူးမှာပေါ့။ ဟေ့ကောင်ကြီး မတွေ့တာကြာပေါ့ တို့။ ဟိုကောင်တွေနဲ့ရောတွေ့သေးလား တို့။ မင်းကတော့အရင်အတိုင်းပဲဟ၊ ခုဘယ်နိုင်ငံရောက်နေတုန်း တို့..၊ အဲဒီကနေစလိုက်ကြတာ ကွန်မင့်တွေအများကြီးဖြစ်ကုန်ရော..။

ဓါတ်ပုံရှင်ခမျာ ကွန်မင့်များလို့ မပျော်နိုင်ပါဘူး၊ မင့်ထားတာတွေက ပုံနဲ့မဆိုင်ဘဲကိုး။ သူတို့ဖာသာ စကားလက်ဆုံလာကျနေကြတာမှုတ်လား။ ဖေ့စ်ဘုတ်ကို ကာစီနိုတစ်ခု လို၊ စီးပွားရေးလုပ်ငန်းစုတစ်ခု လို သဘောထားတတ်တဲ့လူတွေလည်းရှိလေရဲ့။

တက်တက်ပြီး ဂိမ်းကစားကြတာကလွဲလို့ ဘာဆို ဘာမှ မလုပ်ကြဘူးတဲ့လေ။ အဲလိုကျတော့ အက်ပြီးထားတဲ့ သူငယ်ချင်းတွေက သောက်ရူးလား လို့ မေးရတော့မယ်။ (ဟိ..ဟိ.. ဒါက ရန်တိုက်ပေးတာ)။ ဆင်းရဲသား ဖေ့စ်ဘုတ်တန်းစား ဆိုတာလည်းရှိသေးတယ်။ ဆင်းရဲတော့ အကောင့် တစ်ခုကို လင်နှင့်မယား မျှပြီးသုံးကြရရှာတယ်လေ။

တစ်ယောက်တစ်ခုမရှိနိုင်ကြရှာတော့ ဒီလိုပဲ တိုးတိုးကြိတ်ကြိတ်ပေါ့..။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်သူရင်းငှားချ တာလည်းရှိတယ်။ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်လယ်မလုပ်ဘူး၊ သူရင်းငှားကို သီးစားပေးပြီး လယ်လုပ်ခိုင်းတာမျိုးပေါ့။ ကိုယ့်အကောင့်ကို ကိုယ်ကမဝင်ဖြစ်ဘူး၊ တစ်ခြားတစ်ယောက်က ဝင်ဝင်ပြီး activities တွေလုပ် လုပ်ပေးရတာမျိုးပေါ့..။

အများအားဖြင့်တော့ ကောင်လေးတွေက ပိုင်ရှင်၊ ကောင်မလေးတွေက သူရင်းငှားလုပ်တတ်ကြတာပေါ့..။ ဘာပဲပြောပြော ကိုယ့်ကိစ္စနဲ့ကိုယ်များနေကြတဲ့ လူမှုနယ်ပယ်ထဲက မိတ်ဆွေတွေနဲ့ Keep in touch ဖြစ်နေဖို့တော့ ဖေ့စ်ဘုတ်က အများကြီး စွမ်းဆောင်ပေးနေတာအမှန်ပါပဲ။ သဟာဖြင့် သြဘာတို့ သူများတွေလုပ်သမျှကို ဘေးထိုင်ပြီး ဘုပြောနေသလားလို့ မေးကြတော့မယ်။

ကျုပ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါနော်။ ကျုပ်အတွက်တော့ ဖေ့စ်ဘုတ်က ပြတိုက်တစ်ခု။ အပေါ်မှာပြောခဲ့တာမျိုး ကိုယ်ပိုင်ပြတိုက်တော့ဟုတ်ဘူးဗျ။ အများကြည့်စေချင်လို့ လုပ်ထားတဲ့ပြတိုက်။ ပြတိုက်လေးလူစည်အောင်၊ နုတ်စ်တွေရေးရ၊ ပုံတွေ အော်ဂနိုက်ဇ်ဖြစ်အောင်တင်ရ၊ လူပျိုကြီးပြတိုက်မို့ လူအထင်မသေးအောင် ပြုပြင်နေရတာအမော။ ခုတော့ ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်။

ဒါပေသည့် တစ်နေ့တစ်နေ့ ကျုပ်ပြတိုက် လူဘယ်လောက်လာလည်းရေတွက်ရတာ လောဘ။ ဘယ်သူတွေများ ဘယ်လိုမင့်သွားကြလည်း စောင့်ဖတ်ရတာလည်း မောဟ။ မတော်တရော် လာမင့်သွားလို့ မသိမသာ ပြန်တွယ်ရတာက ဒေါသ။ တစ်ခါတစ်ခါတော့တွေးမိသား၊ နိမ္ဗာန်ရောက်ကြောင်းလေးများ မျက်စပြစ်စတင်မယ်ကြံရင် ပထမဆုံးဖြတ်ရမှာ ဖေ့စ်ဘုတ်ပါလားလို့….။ သွပ်..သွပ်...သွပ်...

ယုန်ကလေးရဲ့ အီးမေးလ်ထဲ ၀င်လာတဲ့ စာလေးပါ။.. ဖတ်ပြီးသား သူငယ်ချင်းတွေရှိသလို မဖတ်ရသေးတဲ့ သူငယ်ချင်းတွေလည်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့် ဒီစာလေးကို မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။


ဆက်လက်ဖတ်ရူ့ရန်

နေပြည်တော် အနီး ပေါက်ကွဲခဲ့တဲ့ ရထားဗုံးပေါက်ကွဲမှုမှာ မပတ်သက်ကြောင်း KNU ငြင်းဆို



မကြာသေးခင်က နေပြည်တော် မီးရထား ဘူတာတခု အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတဲ့ မနေ့ကထုတ် မြန်မာ့ အလင်း သတင်းစာပါ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ကေအန်ယူက ငြင်းဆိုလိုက်ပါတယ်။

ဒီစွပ်စွဲမှုဟာ ထိုင်းနိုင်ငံက အဆင့်မြင့် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ကေအန်ယူ အဖွဲ့ အပေါ် ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကေအန်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေက ပြောပါတယ်။

ဒီကိစ္စဟာ လုပ်ကြံ ဖန်တီးမှုတခုသာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက ရေတပ်ဖက်ဆိုင်ရာ စစ်ဦးစီးချုပ်တွေ လာရောက်ချိန်၊ ကြည်းတပ်က သွားရောက်တော့မဲ့ အချိန်မျိုးမှာ KNU ကို နိုင်ငံတကာမှာရော ထိုင်းနိုင်ငံမှာပါ အကြမ်းဖက်တွေ အနေနဲ့ မြင်လာအောင် အချိန်ကိုက် လုပ်ဆောင်ချက်သာဖြစ်ကြောင်း ပြောဆိုပါတယ်။


အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန် နေပြည်တော်မှာ ရောက်ရှိနေစဉ် ပေါ်ပေါက်ခဲ့တဲ့ အဲဒိဗုံးကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒိ ပေါက်ကွဲမှုနဲ့ ပါတ်သက်လို့ သံသယ ရှိသူ ကေအန်ယူအဖွဲ့ဝင် တဦးကိုလည်း ဖမ်းဆီး ထားတယ်လို့ မြန်မာ့အလင်း သတင်းစာက ဖော်ပြ ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ရန်ကုန်မြို့ အပါအ၀င် မြန်မာ နိုင်ငံ တ၀ှမ်းမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုတိုင်းကို ကေအန်ယူနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်ပ အခြေစိုက် ဒီမိုကရေစီ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေရဲ့ လက်ချက် ဖြစ်ကြောင်း မြန်မာ့ အလင်း၊ ကြေးမုံ စတဲ့ အစိုးရထုတ် သတင်းစာ တွေကနေ ရေးသား ဖော်ပြ လေ့ရှိပါတယ်။
source: RFA
ဆက်လက်ဖတ်ရူ့ရန်

သုံးခွမြို့နယ် ကလေးပျောက်ဆုံး


ယုန်ကလေး၊ ၁၁၊၀၆၊ ၂၀၁၁

ရန်ကုန်တိုင်း သုံးခွမြို့နယ်ထဲက (၉)တန်းကျောင်းသား တစ်ဦး ထိုင်း-မြန်မာနယ်စပ်မှာ အလုပ်လုပ်ဖို့အတွက် လာရာက ပျောက်ဆုံးနေကြောင်း ကလေးရဲ့အဒေါ်က ပြောပါတယ်။

" ရန်ကုန်တိုင်း သုံးခွမြို့နယ် သဲကူးတူးမြောင်းကျေးရွာ ကိုကြည်အေး၊ မဆန်းဝေတို့ရဲ့သား ကျမရဲ့တူလေး တစ်ယောက်ဖြစ်ပါတယ်။ ကျမရဲ့တူလေးကို မိကျောင်းခေါင်းကျေးရွာ မဌေးမြင့်ကနေပြီးတော့ သူ့ကို မြ၀တီမှာ အလုပ်အကိုင်ကောင်းပါတယ် ဆိုပြီးတော့ လိုက်ခဲ့ပါ။ သူက (၉)တန်း ကျောင်းသားဖြစ်တဲ့ အတွက်ကြောင့်မို့ သူ့မိဘတွေမှာ အသိဒုက္ခရောက်နေတော့၊ ငွေရေးကြေးရေး အခက်အခဲဖြစ်နေတော့ သူ့ကိုလာခေါ်ပါတယ်။ သူ့ကို တလလျှင် နှစ်သိန်းပေးမယ် စာရေးလုပ်ရမှာ သစ်စက်မှာဆိုပြီးတော့ ခေါ်သွားတယ်"

အဲဒီထဲမှာ အခုလိုလယ်သမား ၊ လက်လုပ်လက်စား မိသားစုတွေရဲ့ ကလေးငယ်တွေဟာ အများဆုံး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။


အခုလို ပျောက်ဆုံးနေတာနဲ့ပါသက်ပြီး ကလေး မိဘက သက်ဆိုင်ရာကို တိုင်ကြားထာပေမယ့် တစုံတရာမှ ထုတ်ဖော်စုံစမ်းပေးခြင်း မရှိဘူးလို့ သူမက ဆက်ပြောပါတယ်။

"သုံးလကြာတဲ့အခါကျတော့ ဒီကလေးကို လိုက်တွေ့ချင်တဲ့မိခင်က လိုက်တွေ့တော့လည်း သူကိုသာ စရိတ်တွေခံပြီး ခေါ်သွားတယ်၊သူ့ကို လုံးဝတွေ့ခွင့်မပေးပါဘူး။ ဒီကလေးကို မတွေ့ဘဲ ပြန်လာခဲ့ရတယ်။ လိုက်လဲ မပေးဘူး။ အဲ့ဒါနဲ့ ကျမတို့လည်း မိကျောင်းခေါင်းကျေးရွာ၊ ရ၀က ဥက္ကဌဆီကို သွားတိုင်တယ်။ ဥက္ကဌ လိုက်သွားပါဆိုပြီးတော့လဲ မလိုက်ပေးဘူး။ မလိုက်တော့ ကျမတို့ အလှမ်းကုန်းရဲစခန်းကို သွားတိုင်ပေမယ့် ဘာသတင်းမှ မရသေးပါဘူး"

မြန်မာကလေးငယ်တွေအတော်များများဟာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ အများအားဖြင့် ရောင်းစားခံနေကြရတာပါ၊

"မြ၀တီသွားပြီး ရွေက္ကိုက်ရောက်တဲ့ အခါကျတော့ (၉၉၉) သုံးလုံးစခန်းရောက်တဲ့အခါ ဦးဝတုတ်ဆိုတဲ့သူက လူလာ လာပို့ပြီးတော့ ပိုက်ဆံယူသွားတယ်လို့ ထောက်ခံပါတယ်။ ကျမရဲ့သားကို ကျမ ပြန်ပဲလိုချင်ပါတယ်။ ဒါပေမယ့် အခုချိန်ထိလည်း ဘာမှ သတင်းမရသေးလို့ ကျမတို့မှာ ခုချိန်ထိ ခံစားရပါတယ်" လို့ မိခင်ဖြစ်သူ မဆန်းဝေက ပြောပါတယ်။

အစိုးသစ်လက်ထပ် လူကုန်ကူးမှုတွေ ကလေးပျောက်ဆုံးမှုတွေ အပေါ် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မတွေ့ရသေးဘူးလို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။





ဆက်လက်ဖတ်ရူ့ရန်

မြန်မာ ရေလုပ်သား နေရပ်ပြန်လာ

ယုန်ကလေး ၉၊၆၊၂၀၁၁


အိန္ဒိယသမုဒ္ဒရာထဲမှာ လေပြင်းမုန်တိုင်မိပြီး သီရိလင်္ကာနိုင်ငံမှာ သွားရောက်သောင်တင်နေတဲ့ မြန်မာ ငါးဖမ်း ရေလုပ်သားတွေ ရန်ကုန်လေဆိပ်ကို မနေ့က ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။


သီရီလင်္ကာရေတပ်ရဲ့ အကူအညီနဲ့ မြန်မာ ငါးဖမ်း ရေလုပ်သား ၁၂ ယောက်ကို ပြီးခဲ့တဲ့ဧပြီလ ၁၆ ရက်နေ့ က ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်အကြား တနာရီ မိုင် ၇၀ လောက်ရှိတဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် အခုပြန်ရောက်လာတဲ့ ၁၂ ယောက်အပါအ၀င် မြန်မာငါးဖမ်းလုပ်သား ၁ သောင်းလောက် ပျောက်ဆုံးသွားခဲ့ပါတယ်။


ရေလုပ်သားတွေဟာ ကမ်းလွန် ရေနံတွင်းတူးစင်၊ ကိုကိုးကျွန်း၊ ကော့သောင်း၊ ကျိုက်ခမီလို နေရာတွေအထိ ရောက်သွားကြတာရှိသလို ဟိုင်းကြီးကျွန်းဘက် အထိလည်း မျောပါသွားတဲ့သူတွေလည်း ရှိပါတယ်။


အဲဒီလေပြင်းကြောင့် ဒီနေ့ အချိန်ထိ ပျောက်ဆုံးနေတဲ့ ရေလုပ်သား ၄ဝဝ ကျော်အတွက် တစ်ဦးကို ကျပ် တစ်သိန်း ခွဲနှုန်းနဲ့ မိသားစုဝင် ကရုဏာကြေးငွေကို ဖျာပုံခရိုင်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပေးအပ်သွားမယ်လို့သိရပါတယ်၊

ဆက်လက်ဖတ်ရူ့ရန်

မန္တလေး ကမ္ဘာပျက်မယ့်နေ့

မန္တလေးဘက်မှာ ကမ္ဘာပျက်မယ့်နေ့ဆိုပြီး ဒီစာရွက်တွေ လိုက်ဝေနေတယ်လို့ ပြောပါတယ်။
ဈေးသည်တွေကလည်း နေရာအနှံ ပြောနေကြတာလည်း ဖြစ်ပါပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

ဒလမြို့ အစိုးရကျောင်းအပ်ခ ပိုမိုကောက်ခံ

ယုန်ကလေး။ ၈၊၆၊၂၀၁၁

အစိုးရသစ်လက်ထပ်မှာ မူလတန်းပညာရေးကို အခမဲ့ ဖြစ်ရမယ်လို့ သတ်မှတ်ထားပေမယ့် ရန်ကုန်တိုင်း ဒလမြို့နယ်က အစိုးရကျောင်းတွေမှာတော့ သတ်မှတ်နှုန်းထက် ကျောင်းအပ်ခ ပိုမိုကောက်ခံနေဆဲ ဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ အစိုးရကျောင်းတွေမှာ ကျောင်းအပ်ခ ပိုကောက်ခံတဲ့အပြင် ကျောင်းသုံး စာအုပ်တွေကို ရောင်းချနေတာတွေလည်း ရှိနေပါတယ်။

အခုလို ကျောင်းအပ်ခကို ပိုမိုကောက်ခံနေတာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းမအပ်နိုင်တာ တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အခုနှစ် ပညာသင်နှစ်ကစပြီး ကျောင်းတွေမှာ အလှူငွေ ကောက်ခံခြင်းမပြုရ၊ ပုံနှိပ်စာအုပ်တွေကို ဈေးတင်ရောင်းချခြင်း မပြုရ စတဲ့ကြေညာချက်တွေကို ပညာရေးဝန်ကြီးဌာနက ညွှန်းကြားထားပါတယ်။ ကျောင်းအပ်ခ ပိုမိုကောက်ခံတာနဲ့ ပါတ်သက်ပြီး ကျောင်းသားမိတွေနဲ့ ကျောင်းသားတွေကို အခုလို အင်တာဗျူးထားပါတယ်။





သတင်းစာတွေ၊ တီဗွီတွေမှာ ကျောင်းအပ်ခ ကုန်ကျစရိတ်တွေကို သတ်မှတ်နှုန်းထက် မကောက်ရဘူးလို့ ကြေညာထားပေမယ့် အခု ဒလမြို့မှာ သတ်မှတ်နှုန်းထက် ပိုပြီးပေးရတဲ့အပေါ် ဘယ်လိုမြင်သလဲ။

ကျနော်တို့ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံမှာပေါ့နော် အခုလိုမျိုးအောက်ခြေလူတန်းစားတွေလည်း တန်းတူညီတူ အဆင်ပြေအောင်လို့ဆိုပြီးတော့ အခု ကလေးတွေ ကျောင်းအပ်တဲ့ကိစ္စနဲ့ ပါတ်သက်လို့ သူတို့တွေကပေါ့နော်။ အောက်ခြေက ၀န်ထမ်းတွေက လုပ်စားနေကျတာပေါ။ အဲ့လိုပဲ ကျနော်ထင်ပါတယ်။ အထက်က လူကြီးတွေ မသိဘူး။ အထက်က ချမှတ်ထားတာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။

သတင်းစာတွေထဲမှာ ကြေညာထားတယ်။ သူတို့သတ်မှတ်နှုန်းနဲ့ ကြေညာထားတယ်။ အခုသူတို့ ဒလမှာ တော်တော်များများ ခပ်ဆိုးဆိုးဖြစ်နေတယ်။ ကျောင်းစရိတ်တွေ၊ ကျောင်းအပ်ခတွေ မြင့်မားနေတယ်။ ဒါပေမယ့် သူတို့ကလည်း မိဘတွေကို ရှင်းအောင်မပြောပြတော့ ဘယ်လိုမှန်းမသိဘူးခင်ဗျ။ ဘာကြောင့်နဲ့ (၇၀၀၀) (၈၀၀၀)တွေကျနေတယ်ဆိုတာ။

အစိုးရကျောင်းတွေ၊ သတင်းစာတွေ၊ တီဗွီတွေမှာ သတ်မှတ်နှုန်းထက်မပေးရဘူးလို့ ကြေညာထားတာသိလျှက်နဲ့ ဘာကြောင့် အဲ့လို ပေးရတာလဲ။

ကျနော်တို့ကတော့ သိတာတွေကို ဆရာမတွေကို ဟိုကျောင်းမှာ ဘယ်လောက် သိတာတွေ ပြောပြရင်တော့ ကျနော်တို့ကို မုန်းလိမ့်မယ်။ ကျနော်တို့ကိုမုန်းမှာ ထက်စာရင် ကျနော်တို့ရဲ့ ကလေးတွေကို တနှစ်ပါတ်လုံး နှိမ့်ကွတ်မှာလည်း စိုးရိမ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ကလေးအတွေကို မဲမှာကြောက်လို့ သူတို့ကို ကျနော်တို့ပေးရတာပါ။

ဒလမြို့က ကျောင်းအပ်တဲ့အချိန်မှာ ဘယ်လိုကောက်ခံနေကြတာလဲဆိုတာ နည်းနည်းလောက် ရှင်းပြပါလား။

ကျနော်တို့ဆီမှာ ကောက်တာကတော့ ကျောင်းအပ်ခကို (၃၅၀၀)ကျပ် ကျတယ်လို့ ပြောတယ်။ (၁) တန်းကို။ သူတို့က စာအုပ်တွေရောင်းတယ်ခင်ဗျ။ လေးကြောင်းမျည်း စာအုပ် ရောင်းတယ်။ တစ်ဒါဇင် အဲ့ဒါပါ ယူရမှာပေါ့။ အဲ့ဒါယူပြီးတော့ (၃၀၀၀)ကျပ် ထပ်ပေးရတယ်။ (၇၀၀၀)ကျပ် လောက်ကျတယ်။ ကျနော်တို့ကတော့ ကျောင်းတွေမှာလည်း ကြားတယ်။ သတင်းစာတွေမှာလည်း ကြားပါတယ်။ တီဗွီမှာလည်း ကြေညာပါတယ်။ အားလုံးညီတူမျှတူ၊ တန်းတူဖြစ်အောင် အများဆုံး (၅၀၀)ကျပ် ကျောင်းအပ်ခ ပြောထားပေမယ့် ဒလမြို့က ကျောင်းတိုင်းကျောင်းတိုင်းက (၇၀၀၀၊ ၈၀၀၀) ကျပ်တွေ ကျနေတော့။ သူတို့အဲလို ပိုက်ဆံတွေကို စာအုပ်တွေရောင်းပြီးတော့ ပိုက်ဆံရှာနေကြတာလို့ ကျနော်ထင်ပါတယ်။

သူငယ်တန်းကလေးတွေကို ကျောင်းသွားအပ်တဲ့ မိဘတဦးက ကျောင်းအပ်တာနဲ့ပါတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

သူငယ်တန်းကလေးကျောင်းသွားအပ်တာက အခုသူငယ်တန်းဆီမှာ ကျောင်းသွားအပ်တော့ စာအုပ်ကြေးတွေဘာတွေ (၃၅၀၀)ကျပ် တခါတည်းပေးထားခဲ့တယ်။ ဆရာမက ခနနေဦး ကျောင်းဆရာမကြီးနဲ့တွေ့ဦးပေါ့။ ဆရာမကြီးကလည်း စာတွေ ဘာတွေ ရေးပေးသွားပြီးတော့ သမီး ထည့်နိုင်သလောက် ထည့်ပေးသွားဦးတဲ့ အလှူငွေတော့ မဟုတ်ဘူးနော်။ အဲ့ဒါဆိုရင် ဆရာမက အခု သမီးလိုချင်တဲ့ ဆရာမဆီ ရမှာလားလို့မေးတော့ နေဦးဆရာမ စာမရေးနိုင်သေးဘူး။ အဲ့ဒီဆရာမပြောဆိုတော့ အဲ့ဒီ ဆရာမက စာအိတ်ကလေးထဲကို ပိုက်ဆံထည့်ပြီးတော့ အဲ့ဒီစာရာမကြီးကို သပ်သပ်ပေးရမှာပေါ့နော်။ အခုစာအိတ်ထဲကို (၃၀၀၀)ကျပ် ထည့်ပေးလိုက်ရတယ်။ ကျောင်းမှာကုန်ခဲ့တာက (၅၅၀၀)ကျပ် သူငယ်တန်းကလေးကို အခု (၃၅၀၀)ကျပ် ဆိုတော့ (၉၅၀၀)ကျပ် ကျတယ်။၊ ဒလ အမက (၇) အောင်မင်္ဂလာကျောင်း ၊ လိုချင်တဲ့ ဆရာမကိုရဖို့ ပိုက်ဆံသပ်သပ်ပေးရတယ်။

အမတို့ ကျောင်းသွားအပ်တော့ ကျောင်းက ကောက်ခံတာနဲ့ပါတ်သက်ပြီး နည်းနည်းလောက်ရှင်းပြပါလား။

ကျမသမီး အထက(၁)မှာ (၈)တန်းကျောင်းသွားအပ်တာ စာအုပ်ဖိုးက (၁၀၀၀)ကျပ်၊ ကျောင်း အပ်ခက (၈၀၀)ကျပ်၊ မိဘဆရာအလှူငွေက (၁၀၀၀)၊ တံဆိပ်က (၅၀၀)ကျပ်၊ ဗလာစာအုပ်က (၁၀၀၀)ကျပ်၊ အားလုံးပေါင်း (၄၃၀၀)ကျပ် ပေးရတယ်လေ။ တီဗွီထဲမှာ၊ ဂျာနယ်ထဲမှာ ကြေညာတုန်းကတော့ ဘာမှမကုန်ဘူးလို့ပြောပြီးတော့။

ကျောင်းသွားအပ်တဲ့အချိန်မှာ ကျောင်းအပ်ခနဲ့ပါတ်သက် နည်းနည်းလောက်ပြောပြပေးလား။

ကျနော်က ဆယ်တန်းပါ ဒလအထက ၂ ကပါ။ ကျောင်းအပ်ခကတော့ စာအုပ်တွေ၊ ဖြတ်ပိုင်းခတွေ ပေးတာနဲ့ဆိုရင်တော့ (၁၃၀၀၀)ကျပ် လောက် ကျပါတယ်။ ဖြတ်ပိုင်းမှာတော့ (၈၀၀)ကျပ် လောက်ပဲ ရေးထားတယ်။ ကျနော့် သူငယ်ချင်း သုံးလေးယောက်တော့ ကျောင်းမအပ်လိုက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေက သိပ်အဆင်မပြေတော့ ကျောင်းစရိတ်ကလည်း မြင့်တယ်။ ကျောင်းသွားအပ်တဲ့အချိန်က ၈၀၀၊ ၉၀၀ ထင်ပြီးတော့ သွားအပ်တာ။ ဒါပေမယ့် (၁၃၀၀၀) ကျတဲ့အတွက် သူတို့ပြန်သွားတယ်။


ဆက်လက်ဖတ်ရူ့ရန်

လူနေအိမ် (၁၇) လုံးကို စည်ပင်သာယာရေးက ဖျက်သိမ်းခိုင်း…

ယုန်ကလေး၊ ၇၊၆၊၂၀၁၁
ရန်ကုန်မြို့ သာကေတမြို့နယ် အလယ်ရွာ ပိတ်သိမ်းအမှိုက်ပုံ ဧရိယာရှိ အိမ်ခြေ (၁၇)နှစ်လုံးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကောင်မတီ ပတ်ဝန်းကျင်းထိမ်းသိမ်ရေးနှင့် သန့်ရှင်းရေးဌာနက ဇွန်လ (၇)ရက်နေ့ ညနေ (၄)နာရီမှာ နောက်ဆုံထားပြီး ဖျက်သိမ်းခိုင်းတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ စံနရပ်ကွက် အင်ယာလူကြီးတွေနေတာ (၁၅) နှစ်ရှိပါပြီး။ အခု ရန်ကုန်စည်ပင်သာယာရေးက ကျမတို့အိမ်ကို ဖျက်သိမ်းခိုင်းပါတယ်။ အိမ် (၁၇)လုံးရှိပါတယ်။ လူတစ်ရာကျော်လောက် ဒုက္ခရောက်နေပါတယ်။ ကျောင်းသားတွေ အားလုံးလည်း ကျောင်းထားရမလိုလို ဖြစ်နေပါတယ်။ လူကြီးမိဘတွေလည်း မကျန်မာပါဘူး”


အမိုက်ပုံဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ လူနေအဆောက်အဦးတွေကို ဖျက်သိမ်းခိုင်းတာ ဖြစ်ပါတယ်။

နေအိမ် အဆောက်အဦးတွေကို အတင်း ဖျက်သိမ်းခိုင်းပေမယ့် လျော်ကြေးမရတဲ့အပြင် ဒေသခံတွေကို တရားဆွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မူတွေလည်း ပြုခဲ့တယ်လို့ စည်ပင်သာယာရေး ၀န်ထမ်းတဦးက အခုလို ပြောပါတယ်။

“ ဧရာဝင်ကျူး ဆယ်မြောင်းရပ်ကွက် ဖြစ်ပါတယ်။ အခု ကျမတို့ကို ဖျက်သိမ်းခိုင်းတဲ့အတွက် ကျမတို့ ၀န်ထမ်းဖြစ်တဲ့အတွက် ကျမတို့ကို အိမ်ယာလည်း မပေးပါဘူး။ အိမ်ကိုမဖျက်ပေးရင် တရားဆွဲဖို့အတွက် သူတို့ ခြိမ်းခြောက်ပါတယ်။
အလုပ်ဖြုတ်ပါမယ်လို့ပြောပါတယ်။ စားစရာမရှိရတဲ့ကြားထဲ ကျမတို့မှာ နေစရာက ဘယ်လိုမှ မရှိပါဘူးရှင်”

အမိုက်စွန့်ပစ်တဲ့နေရာမှာ နေထိုင်တဲ့သူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပေမယ့် နေစရာ နေရာမရှိတာကြောင့် အခု နေထိုင်ရတာဖြစ်တာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒေသခံရွာသားတွေက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးမြင့်ဆွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ ဌာနဆိုင်ရာတွေကို စာပို့ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရန်ကုန်မြို့ခံ စည်ပင်သာယာရေးကို အသနားခံစာ တင်တော့လည်း သူက ဘယ်လိုမှ မဖြေရှင်းပေးဘူးပေါ့နော်။ လက်သင့်မခံပါဘူး။ ဒါကြောင့် လူကြီးမင်းတို့ နိုင်ငံတော် သမ္မတဆီမှာ အသနားခံစာတင်တာပေါ့။ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်အားလုံးကို အသနားခံစာ ပို့ထားပါတယ်။”

အခုလို ဒေသခံတွေရဲ့ နေအိမ်တွေကို စည်ပင်သာယာရေးကိုယ်တိုင်က လက်မှတ်ထိုးခိုင်းတာ (၂) ကြိမ်ရှိပြီး စာနဲ့ (၃) ကြိမ်ရှိခဲ့ပေမယ့် နောက်ဆုံးတကြိမ်မှာတော့ လက်မှတ်မထိုးခဲ့ဘူးလို့ သိရပါတယ်ရှင်…


ဆက်လက်ဖတ်ရူ့ရန်

လူကုန်ကူးမှုတာဆီးရေး ဂုဏ်ပြုပွဲ

ယုန်ကလေး ၆၊၆၊၂၀၁၁

လူ့ကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (UNIAP)နှင့် World Vision မြန်မာတို့မှ ပူးပေါင်းစီစဉ်တဲ့ လူကုန်ကူးမူ အစီအစဉ်မှာပါဝင်အားပေးကြသော အနုပညာရှင်တွေ ဂုဏ်ပြုပွဲအခမ်းအနားကို အခုလ (၄) ရက်နေ့ နံနက် (၉)နာရီခွဲက ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ သတင်းဌာနတွေ နဲ့ အနုပညာအသိုင်းအ၀န်းတွေ တက်ရောက်ခဲ့ပါတယ်။

“ တခြားလူမှုရေးအဖွဲ့အစည်းဖြစ်ဖြစ်။ အနုပညာဖြစ်ဖြစ် ကျနော်တို့ဖက်က တတ်နိုင်တာ ရှိလို့ရှိရင် ကျနော်တို့ အနုပညာမောင်နှမတွေအားလုံးက တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားကူညီပေးဖို့အတွက် ရှိနေပါတယ်လို့ ရုပ်ရှင်သရုပ်ဆောင် စည်သူမောင်က ပြောပါတယ်။




အဲ့ဒီအခမ်းအနားမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ရဲဦးဆီးအရာချုပ် ရဲမှူးကြီး ခင်မောင်စီက အမှာစကားပြောကြားပြီး မဲခေါင်ဒေသတွင်း လူကုန်ကူးခြင်းကို တိုက်ဖျက်တဲ့ ကုလသမဂ္ဂ စီမံချက် ရီဂျင်နယ် မန်နင်ဂျာ မစ္စတာ မတ်ဖရပ်မန်း၊ World Visionမြန်မာရဲ့ နယ်ရှင်နယ် ဒါရိုက်တာ မစ္စတာ ခရစ်စတိုဖါ ဟားရင်းတို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။

“ရင်ထဲမှာ တော်တော်လဲထိလည်း ထိတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်ပါတယ်။ အဲ့တော့ အချိန်မရွေး၊ နေရာမရွေးကူညီလို့ရရင် စိတ်ရော ကိုယ်ပါ အားတက်သရော ကူညီသွားဖို့ အဆင့်သင့်ပါပဲလို့ ပြောချင်ပါတယ်လို့” ရုပ်ရှင် သရုပ်ဆောင် ချစ်စနိုးဦးက ပြောပါတယ်။

ဒါအပြင် မိဘရပ်ထံ ပြန်ရောက်လာတဲ့ အမျိုးသမီး (၃)ဦးက သူတို့ရဲ့ အတွေ့အကြုံနဲ့ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လူကုန်ကုးမှုအစီအစဉ်ပေးရေးမှာ ပါဝင်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ၄င်းတို့ ပါဝင်ခဲ့ပုံနဲ့ ခံစားချက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ (၂၀၁၀)ခုနှစ်အတွင်း လူကုန်ကူးမှုစုစုပေါင်း (၁၇၃)ခု ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း (၅၀၂)ဦးဖော်ထုတ်ကာ၊ ၄င်းအမှုတွေထဲမှာ လူကုန်ကူးခံရသူပေါင်း (၃၈၁)ဦးကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်လက်ဖတ်ရူ့ရန်

ကချင်မိဘဂေဟာကို NLD အဖွဲ့ဝင် သွားရောက်ကြည့်ရှု

ယုန်ကလေး ၊ တနာလာင်္နေ့၊ ၆၊၆၊၂၀၁၁

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကူညီထောက်ပံ့မူနဲ့ ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ကချင်မိဘမဲ့ဂေဟာကို အခုလ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အဖွဲ့ဝင်တွေ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

အခုလို မိဘမဲ့ကလေးတွေကို လူဒါန်းတဲ့ အလူရှင်တွေကိုလည်း အထူးကျေးဇူးတင်ပြီး လေးစားတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေကိုလည်း ကူညီသွားမှာဖြစ်တဲ့အကြောင်း (NLD) ဒုဥက္ကဌ ဦးတင်းဦးက ပြောပါတယ်။




“ လူဒါန်းတဲ့ အလှူရှင်တွေလည်း လေးစားသောအားဖြင့် နိုင်ငံအတွက်လည်း ဒီဟာက အကျိုးပြုတယ်။ စေတနာဖြစ်တဲ့ အတွက် အခြားလူတွေလည်း အတုယူရမှာ ဖြစ်သလို၊ တို့တတွေကတော့ တိုင်းရင်းသားတွေ အပေါ်မှာ၊ တောင်ပေါ် သား တွေဆိုတဲ့နေရာ မှာ ချင်းတိုင်းရင်းသားတွေက အစစအရာရာ ဝေးလှန်ပါတယ်။ စီးပွားရေးအားဖြင့် သူ့တို့မှာ အားနည်းချက်တွေ ရှိတယ်။

သူတို့ ဆွေမျိုးသားချင်းတွေနဲ့ ပါတ်သက်လို့ လုပ်ငန်းကို လုပ်ကိုင် စားသောက်တဲ့အခါမှာ လည်း စီးပွားရေးမှာ အင်မတန် ပင်ပန်း အားထုတ် ကြိုးစားနေရတဲ့ တိုင်းရင်းသားတွေလည်း ဖြစ်ပါတယ်”


NLD အဖွဲ့ချုပ် ဒုဥက္ကဌဖြစ်တဲ့ ဦးတင်ဦး အပါအ၀င် ဦးဝင်းထိန်၊ ဒေါ်မေ၀င်းမြင့်၊ ဒေါက်တာမျိုးအောင်၊ ဦးလှသိန်းတို့အတူ (BG) သွေးကူညီပေးရေးအဖွဲ့ဝင်တွေလည်း လိုက်ပါခဲ့ကြပါတယ်။

ကချင်မိဘမဲ့ဂေဟာကို အန်လ်ဒီက ပြန်လည်ပြင်ဆင်ပေးပြီး ဂေဟာရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးချိုဝင်သိန်းဆီကို လာရောက် အပ်နှံတာ ဖြစ်ပါတယ်။

အခုလို NLD က တိုင်းရင်းသားတွေကို ကူညီမှုတွေ ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိတဲ့အကြောင်း ကချင်မိဘမဲ့ဂေဟာ တာဝန်ခံ ဦးဂျွန်အေးသိန်းက အခုလိုပြောပါတယ်။

“ ဒီကလေးတွေနဲ့ ပါတ်သက်ပြီးတော့ ကျနော် အရမ်းပဲ ကျေးဇူးတင်ကြောင်း၊ ရင်ထဲမှာ အရမ်းခံစားရပြီး ဖွင့်မပြောနိုင်လောက်အောင်၊ ကျနော်တို့ ချင်းတိုင်းရင်းသားတွေကို တကယ်ပဲ စေတနာရှိစွာနဲ့၊ မမျှော်လင့်ဘဲ ဒီအိမ်ပြင်ဆင်မှုကို ထင်တာထက်ပိုပြီးတော့ ကောင်းအောင် ကူညီသွားတာဖြစ်တယ်”

အဲ့ဒီနောက် (BG) သွေးကူညီပေးရေးအဖွဲ့က တည်ဆောက်ပေးနေဆဲဖြစ်တဲ့ တောင်ဒဂုံမြို့နယ် (၁၉) ရပ်ကွက်က လေလွင့်ကလေးငယ်တွေအတွက် (BG) မိဘမဲ့ စာသင်ကျောင်းကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

တဆက်ထဲမှာပဲ သမ္မတ ဦးသိန်းစိန်လက်ထက်က ပထမဦးဆုံး အဖမ်းခံထားရတဲ့ (BG) သွေးကူညီပေးရေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ မိဘနှစ်ပါးကိုလည်း အဲ့ဒီနေ့မှာပဲ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပါတယ်။



ဆက်လက်ဖတ်ရူ့ရန်

ရေလွှာလျှောစီးရင်း လူငယ်တစ်ဦး သေဆုံး၊

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြည်တွင်း ကုမ္ပဏီ တစ်ခုထံသို့ ကန်ထရိုက် ငှားရမ်း လုပ်ကိုင်ခွင့် ပေး ထားသော ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း လူငယ်တစ်ဦး သေဆုံးပြီး အခြား လူငယ်တစ်ဦး လက်ချောင်းသုံးချောင်း ပြတ်သွားခဲ့ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနမှ စုံစမ်း ရရှိချက်၊ မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်က အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ရေလွှာလျှော စီးရင်း ရေပေါ် တွင် ပေါ်နေကြောင်း၊ ထို့ကြောင့် ထိုလူငယ်၏ သူငယ်ချင်းများနှင့် ရေလွှာဥယျာဉ်မှ ဝန်ထမ်းများက ဆယ်ယူပြီး အသက်ကယ် လုပ်ငန်းများ လုပ်ဆောင်ပြီး ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း မျက်မြင် ကြုံတွေ့သူများက ပြောကြားသည်။

"ဘေးနားက လူတွေက အဲဒီ ကောင်လေးကို ရေထဲက ဆယ်ပြီး အသက်ကယ် ပြုစုနည်းတွေ လုပ်ပြီး ဆေးရုံပို့တယ်။ ဒါပေမဲ့ သေသွားတယ်" ဟု ကိုယ်တိုင် မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ သွားရောက် စုံစမ်းခဲ့ရာတွင်လည်း ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း သေဆုံးခဲ့သော လူငယ်တစ်ဦး ရှိခဲ့ကြောင်း အတည်ပြုသည်။



ဒဂုံမြိုနယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းချက်အရ ဇွန်လ ၁ ရက်နေ့က သေဆုံးသွားသောသူမှာ ဖိုးခွားခွား (ခ) စန်းထွန်းဝင်း၊ အသက် (၂၄) နှစ် ၊ အမှတ် (၉၆) ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် တွင် နေထိုင်သူဖြစ်ပြီး ရေ လွှာလျှောစီးရင်း ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်း သေမှုသေခင်းကို ဒဂုံရဲစခန်းတွင် သေမှုသေခင်းအမှတ် ၅/ ၂၀၁၁ ဖြင့် အမှုဖွင့်ထားသည်။ ယင်းနေ့ ညနေ ၄နာရီခွဲခန့် တွင် ဝေဘာဂီမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် မောင်တင်အောင်ဖြိုးဆိုသူ
လူငယ်တစ်ဦးလည်း ရေလွှာလျှောစီးရင်း လက်ချောင်း သုံးချောင်း ပြတ်သွားခဲ့ကြောင်း ကာယံကံရှင်၏ ကိုယ်တိုင် ပြောကြားချက်အရ သိရှိရသည်။

"ရေလွှာလျှောစီးတဲ့ နေရာ အမြင့်က ပေ ၂၀ ကျော်၊ ၃၀ လောက် ရှိမယ်ထင်တယ်။ အဲဒါက ကျွန်တော်က ရေလွှာလျှောစီးရင်း အရှိန်များ သွားပြီဆိုတာ သိလိုက်တော့ ရေလွှာလျှော ဘေးနံရံဘောင်ကို လှမ်းကိုင်ရင်း အရှိန်ထိန်းလိုက်တာ ။ ဖြစ်ချင်တော့ ရေ လွှာလျှောရဲ့ သံပြားတွေက ဟနေတယ်။ အဲဒီ သံပြားဟနေတဲ့ ကြားထဲကို ကျွန်တော့်လက်က ဝင်သွားတာ။ ကျွန်တော်
လက်သုံးချောင်းပေါ့။ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုး တစ်ဆစ်ကျော်လောက် ပြတ်ထွက်သွားတယ်" ဟု မောင်တင်အောင်ဖြိုးက ပြောကြားသည်။

မောင်တင်အောင်ဖြိုးသည် ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမှတ် ၅/ ၆ ဆောင်တွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ မောင်တင်အောင်ဖြိုး၏ ပြောကြားချက်အရ ယင်းနေ့က ရေလွှာလျှောစီး ရင်း သေဆုံး သွားသော လူငယ် မှာ ခေါင်းနှင့် ဘေး နံရံ ဆောင့်မိခြင်းကြောင့် ဖြစ်ကြောင်းသိရှိရသည်။ ပြည်သူ့ ဥယျာဉ် ရှိ ရေလွှာလျှောစီးသော နေရာသည် ပြုပြင်ထိန်းသိမ်းမှု မရှိဘဲ အလွန် အန္တရာယ်များလှကြောင်း၊ ရေလွှာစီး ကြာင်း၊ ရေလွှာလျှော၏ ဘေးနံရံဘောင်များတွင် သံပြားများ ဟနေပြီး အရှိန်ဖြင့် ရေလွှာလျှော စီးပြီး ဘောင်နံရံကို အားပြုပါက လက်ချောင်းများ ပြတ်ထွက်သွားနိုင်ကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ သူများက ပြောကြားသည်။




ထို့ပြင် စည်းကမ်းပိုင်း ထိန်းသိမ်းမှု
အားနည်းပြီး ရေလွှာလျှောစီးသူများ၏ ဘေးကင်းရေးအတွက် အရေးပေါ် အစီအမံများ မရှိကြောင်း သွားရောက် လည်ပတ်ခဲ့သူများက ရှင်းပြသည်။

"ပြုပြင် ထိန်းသိမ်းမှုလည်း မရှိလှ ဘူး။ ဘေးနံရံတွေမှာ သံပြားတွေ ဟနေတယ်။ နောက်ပြီး လူဦးရေကို ကန့်သတ်ထားတာမျိုး မရှိဘဲ လူတွေ စုပြုံပြီး ရေလွှာလျှောစီးတာမျိုးတွေ လုပ်ကြတယ်။ မူးနေတဲ့သူတွေလည်း အများကြီးဘဲ။ အရှိန်နဲ့ ရေလွှာလျှောက ဆင်းချလာရင် အောက်မှာ ထိခိုက်နိုင်တာတွေလည်းအများကြီးပဲ။ ဥပမာ - ရေကန်နံရံနဲ့ ဆောင့်မိတာမျိုးတွေ ဘာတွေ ဖြစ်နိုင် တယ်။ ဘယ်လိုမှ ဘေးကင်းလုံခြုံမှု မရှိသလို ခံစားရပါတယ်" ဟု ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူ ပြည်တွင်းသတင်းထောက် တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ထိခိုက် ဒဏ်ရာရမှုများနှင့် သေဆုံးမှုအတွက် ကုမ္ပဏီက တစ်စုံတစ်ရာ တာဝန်ယူခြင်း မရှိကြောင်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ မောင်တင်အောင်ဖြိုးက ပြောကြားသည်။

"ကုမ္ပဏီက ကန်ထရိုက်ယူ ဖွင့်ထားတဲ့ ကစားကွင်းမှာ၊ ရေကူးကန် မှာ အခပေးပြီး ကစားလို့ တစ်ခုခုဖြစ်ရင် ကုမ္ပဏီမှာ တာဝန်အများကြီး ရှိတယ်။ နစ်နာကြေး အများကြီး ပေးရမယ်။ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ မဖြစ်အောင် ကုမ္ပဏီက လုပ်ရမယ့် တာဝန် ရှိတယ်" ဟု အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ ကိစ္စအတွက် ၎င်းကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို အကြောင်းကြား သွားမည်ဟု ဦးဖုန်းမြင့်အောင်က ပြောကြားသည်။ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ် တစ်ဦးကမူ အဆိုပါ ဖြစ်စဉ်အတွက် တာဝန်အရှိဆုံးမှာ ကန်ထရိုက် ငှားရမ်းပေးသူနှင့် ကန်ထရိုက် ငှားရမ်းလုပ်ကိုင်သူတို့ ဖြစ်ပြီး အပန်းဖြေ လာရောက်သော ပြည်သူများအတွက် ဘေးကင်းအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသည်။

"နံပါတ်တစ် တာဝန်ရှိတာက ကလေးတွေအတွက် ကစားကွင်းတွေ၊ ရေကူးကန်တွေကို ကြီးကြပ်ပြီးတော့ ခွင့်ပြုပေးတဲ့ အာဏာ ပိုင်။ အာဏာပိုင်ဆိုတာက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပေါ့။ သူတို့မှာ ကစားကွင်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိနေရမယ်။ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ညီတဲ့ ကစားကွင်းကို ခွင့်ပြုထားတယ် ဆိုတာ မျိုး ဖြစ်ရမယ်။ ခွင့်ပြုထားတဲ့ ကစားကွင်းတွေကလည်း အရည်အသွေးနဲ့ ပတ်သက်လို့ ဘေးကင်းမှုနဲ့ ပတ်သက်လို့ ပုံမှန် စစ်ဆေး မှုတွေ ရှိရမယ်။ ကြပ်မတ် စစ်ဆေးမှုက နေ့စဉ်ပုံမှန် ရှိနေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကစားကွင်းတွေက ကလေးတွေ အတွက်။ ကလေးဆိုတာက အသိအမြင် မကြွယ်သေးဘူး။ စဉ်းစားတတ်တာမျိုး မဟုတ်သေးတဲ့ ကလေးတွေ အတွက် ဘေးကင်းအောင် လုပ်ထားဖို့ လိုတယ်" ဟု သုံးသပ်သည်။

အဆိုပါ အယ်ဒီတာချုပ်ကပင် အာဏာပိုင်ထံမှ ခွင့်ပြုချက်ယူပြီး ကန်ထရိုက် လုပ်ဆောင်သော ကုမ္ပဏီသည်လည်း ကလေးသူငယ်နှင့် အပန်းဖြေသော ပြည်သူများအတွက် တာဝန်ရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
"အခကြေးငွေယူပြီး သူ့ကစားကွင်းမှာ ကစားခွင့်ပြုတယ်၊ ဝင်ခွင့်ပြုတယ် ဆိုကတည်းက သူ့မှာ တာဝန်ရှိတယ်။ ကစားကွင်းမှာ တစ်ခုခု ဖြစ်ရင် သူ့မှာ လုံးဝ တာဝန်ရှိတယ်။ အရက်သောက်တဲ့သူ လုံးဝ ဝင်ခွင့် မပြုဘူး၊ လုံးဝ ကစားခွင့် မပြုဘူး ဆိုတာမျိုးတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ရမယ့် အပြင် ဝန်ထမ်းတွေနဲ့လည်း စနစ်တကျ တားဆီးရမယ်။ ဆိုင်းဘုတ် ထောင်ထားရုံနဲ့မရဘူး။ ဆိုင်းဘုတ်ရှိရုံနဲ့ မရဘူး"ဟု အဆိုပါ အယ်ဒီတာချုပ်က ပြောကြားသည်။

ပြည်တွင်း သတင်းထောက် တစ်ဦးကလည်း ပြည်ပနိုင်ငံများရှိ ကစားကွင်းများ၊ ရေကူးကန်များတွင် ဘေးကင်း လုံခြုံရေးကို အဓိကထားကြောင်း ရှင်းပြ သည်။"ဘေးကင်း လုံခြုံရေးကိုလည်း အဓိက ထားတယ်။ ကစားကွင်းဝင်မယ့် သူတွေကိုလည်း သူတို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီ၊ မညီ လိုက်စစ်တယ်။ သေသေချာချာ စစ်တယ်။ စစ်ပြီးမှ ဝင်ခွင့်ပေးတယ်။
တကယ်လို့ ကစားကွင်းထဲမှာ တစ်ခုခု ဖြစ်သွားရင်လည်း အစအဆုံး လိုက်ပြီး ဆောင်ရွက်ပေးတယ်" ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြည်သူ့ရင်ပြင် အပန်းဖြေစီးပွားရေး လုပ်ငန်းများကို ပြည်တွင်း ကုမ္ပဏီကြီး သုံးခုသို့ ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားသည်။
Source: The Voice


ဆက်လက်ဖတ်ရူ့ရန်

ဘုရားသုံးဆူတွင် ဖေါက်ခွဲ ပစ်ခတ်မှုဖြစ်၊ ကလေးငယ် ၁ ဦး ဆုံး၊ ၃ ဦး ဒဏ်ရာရ

အတည်မပြုနိုင်သေးသည့် လက်နက်ကိုင်အဖွဲ့တဖွဲ့က ယနေ့ မွန်းလွဲ ၃ နာရီ နောက်ပိုင်းတွင် ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဝင်ရောက် ဖေါက်ခွဲ ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။

နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး နယ်ခြားစောင့်တပ် လက်မခံ ဒီကေဘီအေ အဖွဲ့က ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခံရသည့် အက်စ်ပီ ရုံး မြင်ကွင်း (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ) အသက် ၉ နှစ် အရွယ်ရှိ ကလေးငယ်တဦး သေဆုံးကာ၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးမှ ဒုတပ်ကြပ် ကျော်ကျော်အောင်၊ မွန်ပြည်သစ်ပါတီ ကြံတောဂိတ်မှူး နိုင်ဆံရှည်နှင့် တက္ကစီသမားတဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။



“အလှပြင်ဆိုင်မှာ ဆံပင်သွားညှပ်တဲ့ အသက် ၉ နှစ်လောက် ရှိတဲ့ ကရင်မလေးတဦး သေနတ်မှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။

အဖွဲ့ဝင် ၄ ဦး ပါဝင်သည့် လက်နက်ကိုင် အဖွဲ့က ရပ်ကွက် ၂ ရှိ သာသနဗိမာန်ကို ဗုံးဖေါက်ခွဲပြီးနောက် အနီးရှိ စရဖရုံးမှ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ကာ မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု အမည်မဖေါ်လို့သည့် ရဲအရာရှိ တဦးက ပြောသည်။

“သူတို့ ကားနဲ့ ဝင်လာတယ်၊ မျက်နှာကို အားလုံး စည်းထားတော့ ဘယ်အဖွဲ့ကလည်း ဆိုတာ ပြောဖို့ ခက်တယ်” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ဒဏ်ရာရရှိသူများ ဘုရားသုံးဆူ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရကြောင်းလည်း သူက ပြောသည်။

ဘုရားသုံးဆူမြို့ ထိုင်းဘက်ကမ်းရှိ စက်ရုံများတွင် နေစဉ် သွားရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများကလည်း ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားမည်ကို စိုးရိမ်ပြီး အလုပ်ရပ်နားကာ အိမ်သို့ ပြန်ခဲ့ကြသည်။ ၎င်းပြင် ဘုရားသုံးဆူမြို့ရှိ ဈေးဆိုင်များလည်း ပိတ်လိုက်ကြပြီး လမ်းသွားလမ်းလာ မရှိကြောင်း မြို့ခံများက ပြောသည်။

ပြန်လည်ထွက်ခွာသွားသည့် ဖေါက်ခွဲပစ်ခတ်သူများကို ဘုရားသုံးဆူမြို့ရှိ ခလရ ၂၈၄ ရှေု့တန်းတပ်ရင်းက လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရပါသည်။

Source: လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ဆက်လက်ဖတ်ရူ့ရန်

အိုင်ပက် ၂ ကွန်ပျူတာအတွက် ကျောက်ကပ်တခြမ်း ရောင်းချခဲ့သူလူငယ်


အိုင်ပက် ၂ ကွန်ပျူတာကို အလွန်အမင်း လိုချင်လှသဖြင့် တရုတ်ဆယ်ကျော်သက် တစ်ဦးသည် မိမိ ခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ် တခြမ်းကို ဖြတ်ထုတ် ရောင်းချခဲ့သည်။ အများပြည်သူလူထုမှာ မကျေမနပ်နှင့် စိုးရိမ် ကြောင့်ကြလျက် ရှိနေရသည်။

အသက် ၁၇ နှစ် အရွယ် ရှောက်ဇန်မှာ တပ်ဘလတ်စတိုင် ကွန်ပျူတာငယ်လေးကို ပိုင်ဆိုင်နိုင်ရန် ငွေကြေး မတတ်နိုင်ခဲ့ရှာ။

တရုတ်နိုင်ငံတွင် လပ်တော့နှင့် တပ်ဘလတ်များကို ပိုင်ဆိုင်ခြင်းမှာ ကြွယ်ဝချမ်းသာမှု၏ ပြယုဂ်သဖွယ် ဖြစ်နေသည်။

သို့နှင့် ကျန်းမာရေး ကောင်းသူများအနေဖြင့် ကျောက်ကပ်တခြမ်းကို လှီးထုတ် ရောင်းချပြီး ငွေကြေး ရရှိနိုင်သည့် နိုင်သည့် ကြော်ငြာကို လက်ခံခဲ့မိတော့သည်။



မိခင်ဖြစ်သူအား အလွန်ထိတ်လန့် တုန်လှုပ်စေခဲ့ပြီး လူထုအကြား မကျေနပ်ချက်များ ကြီးထွားလို့ လာခဲ့သည်။

တရုတ် TV သို့ ပြောကြားရာတွင် ဆယ်ကျော်သက် လူငယ်လေးက “ကျနော်ဟာ အိုင်ပတ် ၂ ကွန်ပျူတာငယ်လေးကို အရမ်း လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံက မရှိဘူးလေ။” ဟုဆိုခဲ့သည်။

“အင်တာနက်မှာ လျှောက်လည်ပတ်နေတုန်း ကျောက်ကပ် ၀ယ်ချင်တယ်ဆိုတဲ့ ကြော်ငြာနဲ့ ကိုယ်စားလှယ်ကို တွေ့ခဲ့တာပါ။”
အန္တရာယ် များလွန်းလှသော ကျောက်ကပ်တခြမ်း လှီးထုတ်သည့် ခွဲစိတ်မှုကို ဆေးရုံငယ်လေးတွင် အငှါး ခွဲစိတ်ကု ဆရာဝန် တယောက်က လုပ်ပေးခဲ့သည်။

သုံးရက်ခန့် ဆေးရုံ တက်ခဲ့ရပြီးနောက်တွင် ကျောက်ကပ်အတွက် ဒေါ်လာ နှစ်ထောင့် ကိုးရာ (၂၉၀၀) ရရှိခဲ့သည်။
iPad2 နှင့် iPhone တို့ကို သူ ၀ယ်ယူခဲ့သည်။ သို့ရာတွင် အိမ်ရောက်သောအခါတွင်မူ မိခင်ဖြစ်သူက ပစ္စည်းများ မည်သို့ရခဲ့ပုံကို မေးမြန်းခဲ့သည်။

ခွဲစိတ်မှုလုပ်ခဲ့ရကြောင်းကို ရှောက်က ၀န်ခံပြောဆိုခဲ့ပြီး ချုပ်ရိုး ဒဏ်ရာကို ပြသခဲ့၏။ ယင်းအချိန်မှစပြီး ခွဲစိတ်မှု နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ခံစားနေခဲ့ရတော့သည်။

“သား အိမ်ပြန်လာတော့ လပ်တော့ကွန်ပျူတာတစ်လုံးနဲ့ အဲပဲလ်လက်ကိုင်ဖုန်းတစ်လုံး ပါလာခဲ့တယ်။” မိခင်ဖြစ်သူက ရှင်းပြခဲ့သည်။
“ငွေတွေ အများကြီး ဘယ်လိုရခဲ့တာလဲဆိုတာ ကျမသိချင်လိုက် တာ။ နောက်ဆုံးမှာတော့ ကျောက်ကပ်တခြမ်း ကို ဖြတ်ထုတ်ရောင်းချခဲ့တာကို သူ ၀န်ခံခဲ့ပါတယ်။”

Source: မောက္ခသတင်း



ဆက်လက်ဖတ်ရူ့ရန်

တွေ့ဆုံဆွေးနွေးနိုင်ဖို့ကိစ္စ အစိုးရသစ်ထံ ထပ်မံ တင်ပြမည်

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာနှင့် ဆက်သွယ်မေးမြန်းချက်တစ်ခု ဖြစ်ပါ သည်။

ကေအိုင်စီ – ကရင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်း ပြန်လာနိုင်ဖို့အပြင် လက်နက်ကိုင်ကရင်တပ်ဖွဲ့နဲ့ လက်ရှိအစိုးရတို့အကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတဆီကို ဖလုံ-စဝေါ်ပါတီအနေနဲ့ တင်ပြတောင်းဆိုထားတဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

နန်းစေးအွာ – တင်ထားတာ အခုထိ တရားဝင် အကြောင်းပြန်တာမရှိသေးဘူး။ ကျမတို့ဖြစ်ချင်တာက သူတို့(အစိုးရ)က တရား ၀င် စာနဲ့ဘာနဲ့ အကြောင်းပြန်ဖို့ပေါ့နော်။ ဒါပေမယ့် အခု ကျမတို့ တင်ထားတဲ့ဟာက အခုထက်ထိ ဘာမှ မထူးသေးဘူး။ ကျမ တို့တောင်းဆိုတဲ့ ငြိမ်းချမ်းရေးတို့ ပြည်တွင်းဒုက္ခသည်တို့အရေးတွေ ဘာတခုမှ အကြောင်းမပြန်ကြားသေးဘူး။



ကေအိုင်စီ – အခုလို တင်ပြချက်အပေါ် ကရင်ပြည်နယ်မှာရှိတဲ့ အခြားနိုင်ငံရေးပါတီတွေကရော ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိပါသလဲ။

နန်းစေးအွာ – ကရင်ပြည်နယ်မှာ တခြားပါတီက တခုမှ မပူးပေါင်းဘူးနော်။ အဲဒါကတော့ ဖလုံ-စဝေါ်တခုတည်းပဲ လိုလားတာ ပေါ့နော်။ ကျမတို့ ဖလုံ-စဝေါ်ပါတီအနေနဲ့ကတော့ (Development) ပိုင်းထက် (Peace)ကို ပိုပြီးတော့ လိုလားတယ်။ ကျမတို့ က အဲဒါကို တောင်းဆိုထားပါတယ်။ ပထမဦးဆုံး လွှတ်တော်အစည်းအဝေးထဲမှာပေါ့နော်။ ကျမတို့ပြည်နယ် ငြိမ်းချမ်းချင် တယ်။ တခြားပြည်နယ်တွေမှာ အကုန်လုံးငြိမ်းချမ်းနေပြီ။ ငြိမ်းချမ်းမှုမရှိရင် တိုးတက်လို့မရဘူးလေ။ အဲဒါကြောင့် ငြိမ်းချမ်းမှု ကို လိုလားတဲ့အတွက် ကျမတို့ တောင်းဆိုတာပါ။

ကေအိုင်စီ – ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင် ကရင်အဖွဲ့အစည်းတွေနဲ့ကော ဖလုံ-စဝေါ်ပါတီ အနေနဲ့ ဘယ်လိုချဉ်းကပ်မှုတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

နန်းစေးအွာ – ကျမတို့ ဖလုံ-စဝေါ်ပါတီက ငြိမ်းချမ်းရေးအတွက်ပဲ အလုပ်လုပ်တယ်။ လက်နက်ကိုင်အဖွဲ့တွေက ကျမတို့ကို ကြိုက်နှစ်သက်လား၊ မနှစ်သက်လားတော့ မသိဘူး။ သူတို့တွေနဲ့ ချဉ်းကပ်လို့မရဘူး။ ကျမတို့ အလုပ်လုပ်တာက ကရင်ပြည် နယ်မှာရှိတဲ့ ပြည်သူတွေအကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ဖို့ပေါ့နော်။ သူများတွေ တစ်ပြားရရင် ကိုယ်လည်း တစ်ပြား ရအောင်၊ သူများတွေ တကျပ်ရရင် ကိုယ်လည်းတကျပ် လုပ်ဖို့ပါပဲ။

တခြားပြည်နယ်တွေ ငြိမ်းချမ်းသလို ကျမတို့ ပြည်နယ်လည်း ငြိမ်းချမ်းဖို့အတွက်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျမတို့လုပ်တာပါ။ အဲဒါကတော့ ကျမတို့ဘက်က ပြည်သူတွေ ဖြစ်ချင်တဲ့ဆန္ဒနဲ့ စိတ် အားထက်သန်မှုပေါ့။ လက်နက်ကိုင်အဖွဲ့တွေက သူတို့ အစီအစဉ်နဲ့ သူတို့တော့ ရှိမှာပါ။ သဘောထားတူညီမှုရှိရင်တော့ ကျမ တို့နဲ့ လာပူးပေါင်းမှာပါ။ လက်နက်ကိုင်အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက်တော့ (KPC-Karen Peace Committee)က တာဝန် ယူပေးနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီကဏ္ဍမှာ ကျမတို့လွှတ်တော်အနေနဲ့ လုပ်ပေးလို့မရဘူး။ အဲဒါကြောင့် လက် နက်ကိုင်အဖွဲ့တွေနဲ့တော့ (KPC)အဖွဲ့ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေပါတယ်။ လက်နက်ကိုင်အရေးကိစ္စကိုတော့ KPC တာ ၀န်ယူတာပေါ့နော်။ ကျမတို့ လုပ်နိုင်တာတော့ ဒီက နိုင်ငံတော်သမ္မတနဲ့ တင်ပြတောင်းဆိုမယ် ဆိုတာပါပဲ။

ကေအိုင်စီ – စစ်မက်ဖြစ်ပွားရာဒေသမှာ ဒုက္ခရောက်နေကြတဲ့ လူတွေတွေကို ဖလုံ-ဝေါ်ပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို ကူညီ ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။

နန်းစေးအွာ – လက်ရှိအချိန်မှာ ဖလုံ-စဝေါ်ပါတီဟာ ရန်ပုံငွေမရှိဘူး။ စစ်ကြောင့် ဒုက္ခရောက်နေတဲ့လူတွေကို အရမ်းကို ကူညီ ချင်ပါတယ်။ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့ လူတွေ ကူညီဖို့အတွက် ဘယ်လိုအစီအစဉ်တွေရှိလဲလို့ လွှတ်တော်မှာ တင ပြခဲ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့လူမရှိဘူးလို့ သူတို့(အစိုးရ)ဘက်က ပြောတယ်။

အဲဒါ သူတို့ ဘက်က မြင်တယ်။ ကျမတို့ပြည်နယ်ရဲ့ အခြေအနေကို ကျမတို့ အသိဆုံးပါပဲ။ လူတွေ ဘယ်လိုဒုက္ခ ရောက်နေလဲ။ ဘယ်လို ညှင်းပန်းနှိပ်စက်မှုတွေရှိလဲဆိုတာကို ကျမတို့ မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒါပေမယ့် ကျမတို့ ပြည်တွင်းထဲမှာဆိုတော့ အားလုံး ကို ပြောဆိုလို့ မရဘူး။

ကေအိုင်စီ – အစိုးရထံ တင်ပြတောင်းဆိုတဲ့အပေါ်မှာ ပါတီအနေနဲ့ ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။

နန်းစေးအွာ – နောက် သုံးလကျရင် လွှတ်တော်အစည်းအဝေးရှိတယ်။ အဲဒါကို ကျမတို့ သွားတက်ရမယ်။ အခုတခေါက် တောင်းလို့မရရင် နောက်တခေါက် ထပ်တောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေပြောင်းလဲနေပြီလေ။ သူတို့လက်ခံ သည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျမတို့ဘက်က တောင်းနိုင်သလောက်တော့ တောင်းရမှာပဲ။ ကျမတို့ပြည်သူတွေ၊ ကရင် ပြည်နယ်မှာ ရှိတဲ့ပြည်သူတွေ ဘာကိုလိုလားဆိုတာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကျမတို့တောင်းရမယ်။

ကေအိုင်စီ - အစိုးရသစ်တက်ပြီးတဲ့နောက်ပိုင်း ဖလုံ-စဝေါ်ပါတီက လွှတ်တော်အမတ်တွေ၊ ၀န်ကြီးတွေက ကိုယ့်ပြည်နယ်ထဲမှာ ဘာတွေ လုပ်ဆောင်နေကြပြီလဲ။

နန်းစေးအွာ – အခု လွှတ်တော်အမတ်တွေ၊ အစိုးရ၀န်ကြီးတွေရဲ့အလုပ်တွေ ရှိမရှိတော့ မီဒီယာမှာကြည့်ပြီး သဘောပေါက်မှာ ပါ။ ကရင်စာပေနဲ့ ယဉ်ကျေးမှုသင်တန်းတွေတော့ ဖလုံ-စဝေါ် လုပ်တာတော့ မဟုတ်ဘူး။ ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်းက လုပ်ဆောင်တာပါ။ ဖလုံ-စဝေါ်ပါတီက ဘာမှမလုပ်ဆောင်ရသေးဘူး။ အခုမှ သင်ယူတုန်းပါ။

Source: KIC news

ဆက်လက်ဖတ်ရူ့ရန်

တတိယအကြိမ်မြောက် ပဒို့မန်းရှာ လူငယ်ခေါင်းဆောင်ဆု


ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ပဒိုမန်းရှာလားဖန်းရဲ့ တတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်ဆုကို နော်ဒီဇင်ဘာဖောက ရရှိသွားတယ်လို့ သိရပါတယ်။

ဒီဆုကို ကရင်မျိုးဆက်သစ်လူငယ်တွေထဲက ဒေသတွင်းခေါင်းဆောင်ပြုနိုင်သူ၊ ဆင်းရဲမှု ပပျောက်ရေးအတွက် ဆောင်ရွက်နိုင်သူ၊ ပညာရေး မြှင့်တင်ပေးနိုင်သူ၊ ဖွံ့ဖြိုးရေးအစီအစဉ်ကို မြှင့်တင်ပေးနိုင်သူနဲ့ ကရင်ယဉ်ကျေးမှုကို ထိန်းသိမ်း ဆောင်ရွက်နိုင်သူကို ချီးမြှင့်တာ ဖြစ်တယ်လို့ နန့်ဇိုယာဖန်းက ပြောပါတယ်။

“ အဓိက ရည်ရွယ်ချက်ကတော့ ကျမတို့က ဒီထူးခွန်တဲ့ လူငယ်တွေရဲ လုပ်ဆောင်ချက်တွေကို အခြားလူငယ်တွေအတွက် စံနမူနာကောင်းတဲ့ လူငယ်တယောက်အနေနဲ့ ကျမတို့က ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။ပြီးတော့ ကျမအဖေ ပဒိုမန်းရှာလားဖန်းနဲ့ ကျမအမေ နန်းကြည်ရွှေ နှစ်ပါးလုံးရဲ့သူတို့ ဖြစ်ချင်တဲ့ ဆန္ဒကို ဖြစ်မြောက်အောင် ကျမတို့ သားသမီးတွေက ဆုကို ပေးတဲ့ အနေနဲ့ ကျမတို့ မိဘနှစ်ပါးစလုံးကို ဂုဏ်ပြုတာ ဖြစ်ပါတယ်”




နော်ဒီဇင်ဘာဖေါကို ထားဝယ်ဒေသက ရွာတရွာမှာ မွေးဖွားခဲ့ပြီး သူ့မရဲ့အိမ်နဲ့ရွာကိုတော့ မြန်မာ အစိုးရတပ်က ဖျက်ဆီးခဲ့တဲ့အတွက် ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းမှာ လာရောက် ခိုလှုံခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ ၁၀ တန်း အောင်မြင်ပြီးနောက် နယ်စပ်မှာရှိတဲ့ ဒေါက်တာစင်သီယာမောင်ဆေးခန်းမှာ ဆေးပညာလေ့လာ သင်ယူပြီး ထားဝယ်ခရိုင်မှာ လူထုကို ဆေးကုသပေးနေသူ ဖြစ်ပါတယ်။

တဆက်ထဲမှာ သူမဟာ ကရင်အမျိုးသမီး လူငယ်တွေအတွက် စံပြကောင်းတယောက်ဖြစ်တယ်လို့ ကော်သူးလေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUK) စည်းရုံးရေးနဲ့ သတင်း ရေးရာ တာဝန်ခံ စောလေးစေးက အခုလို ပြောပါတယ်။

“သူမဟာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အမျိုးသားအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူပါ။ ဒုက္ခသည်ခခန်းမှာ ကြီးပြင်းလာခဲ့ပေမယ့် ပြည်တွင်းထဲပြန် ၀င်ပြီး အမျိုးသားရေးအတွက် အလုပ်လုပ်တယ်။ USAမှာ သူ့ မိသားစုတွေနဲ့အတူ သွားနေရမယ့်အစား ကိုယ့်အမျိုးသားကို ကူညီတဲ့လမ်းကို သူမရွေးချယ်ခဲ့တယ်။ ဆင်းရဲဒုက္ခ မျိုးစုံကြားက စိတ်အားထက်သန်စွာနဲ့ လူမှုအသိုင်းအ၀ိုင်းကို ကူညီတယ်။ သူမဟာ အမျိုးသမီး လူငယ် တွေအတွက် စံပြကောင်းတစ်ယောက်ပဲလို့ ကျနော်မြင်တယ်”

အမေရိကန်ဒေါ်လာ (၂၀၀,၀)နဲ့ညီတဲ့ ဒီဆုကို မေလ ၂၇ရက်နေ့က KNU ထိန်းချုပ်ရာနယ်မြေတနေရာက ကရင် အမျိုးသားများ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှာ ချီးမြှင့်သွားတာ ဖြစ်ပါတယ်။

ပထမအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ခုနှစ်က ညောင်လေးပင်ခရိုင်မှ ကရင်အမျိုးသမီး အစည်းအရုံး ကော်မတီဝင် နော်ဖောက ဘလာထူးက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယအကြိမ်ဆုကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ကျန်းမာ ရေးဝန်ထမ်း စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့ပါတယ်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းရဲ့သားသမီးများက တည်ထောင်ခဲ့ခြင်းတာ ဖြစ်ပါတယ်။



Source: KIC and DVB ဆက်လက်ဖတ်ရူ့ရန်

ဗွီဒီယိုသတင်းထောက်များ လွတ်မြောက်ရေး ဆောင်ရွက်ပေးနေ


မြန်မာနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရုပ်သံ သတင်းထောက် ကိုငွေစိုးလင်းရဲ့ မွေးနေ့ပွဲမှာ မြန်မာပြည်က ဗွီဒီယို သတင်းထောက်တွေ လွှတ်မြောက်ဖို့အတွက် လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ည ကျင်းပမှာ ဖြစ်ပါတယ်။

“ဒီကနေ့ တိုက်ဆိုင်တာက သူရဲ့ အနှစ် (၃၀) ပြည့်မွေးနေ့ ဖြစ်ပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေအနေနဲ့၊ သူထောင်မကျခင်မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်လေးကို ပြပြီး၊ သူ့ကိုလည်း အမှတ်တရရှိအောင်၊ သူလိုပဲ တခြားထောင်ကျနေတဲ့ ဗွီဒီယိုသတင်းထောက်တွေရဲ့ အကြောင်းကို တခြားသူတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပိုသိရအောင် ဒီအစီစဉ်ကို လုပ်ရခြင်းဖြစ်ပါတယ်လို့” (DVB) ထိုင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က ပြောပါတယ်။

ဒီလှုပ်ရှားမှုကို အကျဉ်းကျခံ မြန်မာ ဗွီဒီယို သတင်းထောက်တွေ လွတ်မြောက်ရေး လှုပ်ရှားတဲ့ Free Burma VJ အဖွဲ့နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် နယ်စည်မခြား သတင်းထောက်များ အဖွဲ့ (RSF) တို့က ပူးပေါင်း ကျင်းပမှာ ဖြစ်ပါတယ်။


သူ ရိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး မိဘမဲ့ ကလေးငယ်တွေရဲ့အကြောင်း (Orphans of Burma’s Cyclone) မှတ်တမ်း ဗီဒီယိုကို လန်ဒန်အခြေစိုက် Rory Peck Trust ဆု ချီးမြှင့်ခြင်းခံရတာ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တာမွေမြို့နယ် ကျောက်မြောင်းရှိ အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှာ သူရဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ ဖမ်းဆီးခံတာ ဖြစ်ပြီး အီလက်ထရောနစ် အက်ဥပေဒ ထောင်ချခံရတာ ဖြစ်ပါတယ်။ သူနဲ့အတူ စုစုပေါင်း ဗွီဒီယို သတင်းသမား (၁၇) ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။

အခုလို မြန်မာပြည်မကဘဲ ကမ္ဘာက သိရှိလာအောင် ရုပ်သံမှတ်တမ်းရိုက် ယူတဲ့အခါမှာ လုံခြံရေးကို စိုးရိမ်ရပေမယ့် သတင်းသမားတွေက ပြည်သူတွေအတွက် စိတ်ဓါတ်နဲ့ အလုပ်လုပ်နေတာ ဖြစ်တဲ့အကြောင်း သူရဲ့ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်တဲ့ ကိုအောင်ထွန်းက ပြေပါတယ်။

“ဒီပြင်ပ မီဒီယာနဲ့ ဆက်သွယ်ပြီး လုပ်တဲ့ သူအားလုံးဟာ တချိန်မှာ အဆုံးသတ်သွားနိုင်တာ၊ ရလာမယ့် ဆုလဒ်ကတော့ အစိုးရက ထောင်ဒဏ် အပစ်ပေးခံရမှာတွေ လူတိုင်းက သိပြီးသားပဲ။ ကိုယ်လုပ်နေတဲ့ ကာလမှာပဲ အလုပ်ကို အာရုံစိုက်ပြီးတော့ အကောင်းဆုံး ပြည်သူတွေ ခံစားနေရတဲ့ မပြောနိုင်၊ မကြားနိုင်တဲ့ အသံတွေ၊ အရုပ်တွေကို သူတို့ကိုယ်စား၊ မြန်မာပြည်သူ အချင်းချင်းပဲဖြစ်ဖြစ်၊ ကမ္ဘာက သိအောင် ဘယ်လို ပေးပို့နိုင်မလဲဆိုတဲ့ စိတ်နဲ့ပဲ သူတို့ လုပ်နေကြတာ။”

မြန်မာနိုင်ငံမှာ ကိုငွေစိုးလင်း အပါအ၀င် သတင်းသမား ၂၆ ဦးနဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၆၁ ဦးကို အစိုးရက ဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မေလ (၂၄) ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားကို သတင်းနဲ့ပါတ်သက်ပြီး ဆက်နွယ်နေတဲ့ နိုင်ငံရေးအကျဉ်းသားအကြောင်းတွေကို ပိုမို ကိုင်တွယ်ဖို့အတွက် Free Burma VJ အဖွဲ့က တင်ပြခဲ့တယ်လို့ သိရပါတယ်။

ယုန်ကလေး


ဆက်လက်ဖတ်ရူ့ရန်

NLD နဲ့ ပြင်ပ ချိတ်ဆက်တဲ့ ဓါတ်ပုံပြပွဲ တစ်ရက်တိုး


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ လူမှုရေးလုပ်ငန်း ရံပုံငွေအတွက် “အလင်းနဲ့ရေးတဲ့ ပန်းချီ” ဓါတ်ပုံပြပွဲကို နောက်ဆုံးနေ့အဖြစ် ၂၆ ရက်နေ့ အထိ တစ်ရက် ထပ်တိုးလိုက်တဲ့ အကြောင်း ပြပွဲတာဝန်ခံ ဦးကြည်တိုးက ပြောပါတယ်။

“အရင်က ပြပွဲကို ၃ ရက်ကျင်းပဖို့ပါပဲ။ ဒါပေမယ့် ကျနော်တို့ဆီကို ပရိတ်သတ်တွေက ဖုန်းဆက်ပြီး Request လုပ်ကြတယ်။ ကျနော်တို့က ဒီပြပွဲစီစဉ်တာ ရက်နည်းနည်း နည်းသွားတယ်လေ။ ဖိတ်တာက ၃ ရက်လောက်ပဲ ကြိုဖိတ်လိုက်ရတယ်။ သိတာက နောက်ကျလို့ “လာပါရစေ ဦးခင်ဗျာ” ပြောလို့ ကျနော်တို့ တစ်ရက်တိုးလိုက်တာပါ။”


ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်မှာ လူငယ် အမျိုးသမီး ဓါတ်ပုံပညာရှင် ၅ ဦး အပါအ၀င် ဓါတ်ပုံအနုပညာရှင် စုစုပေါင်း ၃၈ ဦးတို့ရဲ့ ဓါတ်ပုံပြပွဲကို မေလ ၂၃ ရက်-၂၅ အထိ အရင်က သတ်မှတ်ထား ပေမယ့် ၂၆ ရက်နေ့ ညနေ (၄) နာရီ အထိ ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။

စုစုပေါင်း ဓါတ်ပုံ ၉၈ ပုံ ပြသထားပြီး တစ်ပုံကို (၅၀,၀၀၀) ကျပ်နှုန်း ရောင်းချနေပါတယ်။ ဒီကနေ့ ညနေအထိ ဓါတ်ပုံအားလုံးပေါင်း (၂၄) ပုံ ရောင်းရပြီးဖြစ်ပါတယ်။

ဒီဓါတ်ပုံပြပွဲကို လာရောက်အားပေးတဲ့ သူတွေထဲမှာ နိုင်ငံခြားက ဧည့်သည်တွေ၊ ဓါတ်ပုံ ၀ါသနာပါသူတွေ၊ လူမှုအထောက်အကူလုပ်ငန်းတွေကို စေတနာနဲ့ ကူညီချင်တဲ့သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

အခုလို လူတန်းစား အသီးသီးက လာရောက် ၀ယ်ယူကြတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေကို အားပေးထောက်ခံတဲ့ သဘောဆောင်တယ်လို့ ဦးကြည်တိုးက ဆက်ပြောပါတယ်။

“မြန်မာပြည်မှာ ဓါတ်ပုံတပုံကို (၅၀,၀၀၀) ကျပ် ပေးဝယ်နိုင်တဲ့ လူတန်းစား နည်းနည်းရှားတယ်။ အခု ကျနော်မြင်တာက ကျနော်တို့ဆီကို ဓါတ်ပုံ ၂၄ ကားအထိ လာအားပေးကြတယ်ဆိုတာကတော့ အဖွဲ့ချုပ်ကို အားပေးထောက်ခံမှု ပြသတယ် လို့ ထင်ပါတယ်”

ခင်းကျင်း ပြသထားတဲ့ ဓါတ်ပုံအမျိုးအစားတွေ အထဲမှာ ဘုန်းကြီး ဆွမ်းခံတဲ့ပုံ၊ ဆည်းဆာပုံ၊ ဘုရားပုံ၊ တိုင်းရင်းသားရိုးရာပုံ၊ လက်လုပ်လက်စား အလုပ်သမားပုံ စတဲ့ ပုံတွေ ပါတယ်။

ဓာတ်ပုံပြပွဲကို နာမည်ရ ဂီတအနုပညာရှင် တချို့နဲ့ အမေရိကန်နဲ့ ဗြိတိန်သံရုံးက တာဝန်ရှိသူတွေလည်း လာရောက် အားပေးသွားတယ်လို့ သိရပါတယ်။

တဆက်ထဲမှာပဲ “အလင်းနဲ့ရေးတဲ့ ပန်းချီ” ဆိုတဲ့ စာအုပ်ကိုလည်း တစ်အုပ်ကို ၃၅၀၀ ကျပ်နှုန်း နဲ့ အုပ် ၁၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

တစ်ခုတည်းသော ရှမ်းပြည်တပ်မတော် “ညီညွတ်ရေး ပြယုဂ်”


ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (SSA-S) တို့ ပြန်လည် ပေါင်းစည်းလိုက်တာဟာ ညီညွှတ်ရေးရဲ့ ပြယုဂ်ဖြစ်ကြောင်း မဟာမိတ် အဖွဲ့တွေက သုံးသပ်ပြောဆို ကြပါတယ်။

SSA တောင်ပိုင်းဌာနချုပ် ထိုင်းမြန်မာနယ်စပ် လွိုင်တန်လျန်းမှာ မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် ရှမ်းပြည် တော်လှန်ရေးနေ့မှာ SSA-S ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က နှစ်ဖွဲ့ ပြန်လည် ပူးပေါင်းမယ်လို့ ပြောဆိုကြောင်း သတင်း မီဒီယာတွေရဲ့ ဖေါ်ပြချက်တွေကို တုံ့ပြန်ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစိုးရကို ဆန့်ကျင်ပြီး အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းမယ့် အရေးကို ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ ထောက်ခံ ကြိုဆို တယ်လို့ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ရှမ်းအမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း (၂) ခုဟာ တစည်းတလုံးထဲ ဆိုတော့ ဒါ စည်းလုံး ညီညွတ်ခြင်းရဲ့ ပြယုဂ်တစ်ခု ဖြစ်ပြီး ရှမ်းပြည်အရေး၊ အမျိုးအရေး ကိစ္စတွေကို စဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြတဲ့အခါ တဘောထဲ တစ်သံထဲ ဖြစ်တော့ ပိုကောင်းတာပေါ့”


(SSPP) ဟာ တိုင်းရင်းသား လက်နက်ကိုင် အမာခံအဖွဲ့ (၆) ဖွဲ့နဲ့ ပေါင်းစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

UNFC မှာ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့လည်း ဖြစ်ပါတယ်။

UNFC ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ မွန်ပြည်သစ်ပါတီရဲ့ အထွေအထွေအတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာကတော့ မဟာမိတ်အင်အားတရပ် တိုးလာတယ်လို့ ယူဆပါတယ်။

“တော်လှန်ရေးအဖွဲတွေ အချင်းချင်း နီးစပ်လာတာ ပိုကောင်းတာပေါ့လေ။ ကျနော်တို့ အခြေခံမူ ထဲမှာ လူမျိုးတမျိုးထဲမှာ အဖွဲ့ နှစ်ခုသုံးခုရှိနေရင် သူတို့အချင်းချင်းနီးစပ်ဖို့နဲ့ နောက်ဆုံးပေါင်းစည်း ရေး ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်”

ဒါပေမယ့်လည်း ရှမ်းပြည် တပ်မတော် တောင်ပိုင်းဟာ (UNFC) ရဲ့ အဖွဲ့ဝင် ဖြစ်လာမှာကိုတော့ မသေချာသေးဘူးလို့ နိုင်ဟံသာက ဆက်ပြောပါတယ်။

ဗိုလ်မှူးစောလှငွေကတော့ မြန်မာအစိုးရက နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေမှာ အပစ်ရပ်အဖွဲ့နဲ့ အပစ်မရပ်သေးတဲ့အဖွဲ့အကြား ကွဲပြားနေမှုအပေါ် အသုံးချနိုင် တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါ တယ်။

“တစုတစည်းထဲ တိုက်တဲ့အခါကျတော့ စစ်အစိုးရအနေနဲ့ မတိုက်တဲ့ကောင်နဲ့ နားလည်မှု လုပ်ထား ပြီး တိုက်တဲ့ကောင် အတင်းဖိဆိုတဲ့ စစ်ရေးကစားတာတို့၊ နိုင်ငံရေးကစားတာတို့ မလုပ်နိုင်တော့ဘဲ တကယ့်ကို တိုင်းရင်းသားညီညွတ်ရေးနဲ့ တိုင်းပြည်အတွက် နိုင်ငံရေးအဖြေရှာမှုနဲ့ စစ်မှန်တဲ့ အင်အားကို ထိရောက်နိုင်တာပေါ့”

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ခေါ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဟာ ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ကို ဗိုလ်ချုပ် ပန်ဖက ဦးဆောင်ပြီး ယခင် မြန်မာစစ်အစိုးရက တောင်းဆိုတဲ့ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့အတွက် ဒီနှစ် မတ်လကစပြီး အစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ် နေခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) ကတော့ အစဉ်တစိုက် တိုက်ပွဲဝင်နေခဲ့တာ ဖြစ်ပါတယ်။

SSA မြောက်ပိုင်း တပ်ဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃,၀၀၀ လောက်နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့ ကတော့ လက်နက်ကိုင်အင်အား ၇,၀၀၀ ခန့် ရှိမယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းကြပါ တယ်။

ယုန်ကလေး


ဆက်လက်ဖတ်ရူ့ရန်

ချင်းမိုင်မြို့က အလှစာမျက်နှာ


ဒီပုံတွေကို ချင်းမိုင်းရဲ့ အမြင့်ဆုံးတောင်ပေါ်ကို သွားတဲ့အချိန်မှာ ရိုက်ခဲ့တဲ့ လက်ရာတွေ ဖြစ်ပါတယ်။


ချင်းမိုင်မြို့က အမြင့်ဆုံး တောင်ပေါ်သို့


အလွန်လှတဲ့ ရှုခင်းပုံ


ဒါကတော့ ရင်ကိုအေးစေတဲ့ ရေတံခွန်ပေါ့

နွယ်ပင်တွေနဲ့ဖုံးလွှမ်းနေတဲ့ တံတာလေး
အေးချမ်းလှတဲ့ တောင်ပေါ်ဘုရား


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

NLD နဲ့ ပြင်ပ ချိတ်ဆက်တဲ့ ဓါတ်ပုံပြပွဲ

“အလင်းနဲ့ရေးတဲ့ ပန်းချီ” လို့ နာမည် ပေးထားတဲ့ ဓါတ်ပုံပြပွဲ တစ်ခုကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီကနေ့ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပါတယ်။

ပြင်ပ အနုပညာရှင် လောကနဲ့ NLD တို့အကြား ကွန်ယက် Network တည်ဆောက်တဲ့ အနေနဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြပွဲတာဝန်ခံ တစ်ဦးဖြစ်တဲ့ ဦးကြည်တိုးက အခုလို ပြောပါတယ်။

“အဓိက ရည်ရွယ်ချက် ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြန်ကြားရေးအဖွဲ့ နဲ့ ပြင်ပ လူငယ် ဓါတ်ပုံပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ပေးတယ်။ ကျနော်တို့ ခေါင်းဆောင် အထွထွေအတွင်းရေးမှူး ပြောပြောနေတဲ့ Network ပေါ့။ ဒုတိယအချက်ကျမှ ရံပုံငွေအတွက် ဖြစ်ပါတယ်။”


လူငယ် အမျိုးသမီး ဓာတ်ပုံပညာရှင် ၅ ဦး အပါအ၀င် ဓာတ်ပုံအနုပညာရှင် စုစုပေါင်း ၃၈ ဦးတို့ရဲ့ ဓါတ်ပုံတွေကို မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ ဆရာ-ဆရာမများရဲ့ အမည်တွေ ကိုတော့ “လုံခြုံရေး” အရ ပြောဆိုခြင်း မရှိပေမယ့် ဓာတ်ပုံပြပွဲတွေ ကျင်းပလေ့ရှိတဲ့ နာမည်ရထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ခင်းကျင်း ပြသထားတဲ့ ဓါတ်ပုံအမျိုးအစား တွေ အထဲမှာ ဘုန်းကြီး ဆွမ်းခံတဲ့ပုံ၊ ဆည်းဆာပုံ၊ ဘုရားပုံ၊ တိုင်းရင်းသားရှုခင်းပုံ၊ လက်လုပ်လက်စား အလုပ်သမားပုံ စတဲ့ ပုံတွေ ပါတယ်။

ဒီပြပွဲမှာ လူသားတွေရဲ့လိုအပ်ချက်တွေ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဆင်းရဲတဲ့ အခြေခံလိုအပ်ချက်တွေကို ပိုပြီး တွေ့လာရတယ်လို့ ကိုယ်တိုင် သွားရောက်ကြည့်ခဲ့တဲ့ ရန်ကုန်လူငယ်တဦးက ပြောပြပါတယ်။

“ဒီနေ့ ကျနော် Photo Gallery ကို လာတဲ့အခါ တဲအိမ်လေးထဲမှာ ကလေးလေးနှစ်ယောက်က ငုတ်တုတ် ထိုင်နေတယ်။ သူ့အဖေက လှမ်းကြည့်နေတဲ့ပုံကို ကျနော်တွေ့လိုက်တယ်။ အဲ့ဒါလေးကို ကြည့်တဲ့အခါမှာ ကျနော်တို့နိုင်ငံရဲ့ အခြေခံ လူတန်းစားတွေ အောက်ခြေလူတန်းစားတွေရဲ့ ဘ၀အခြေအနေကို ကျနော်သွား တွေ့ရတယ်”

ပြသထားတဲ့ ဓာတ်ပုံတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုရေးလုပ်ငန်းအတွက် ရန်ပုံငွေအနေနဲ့ တစ်ပုံကို (၅၀,၀၀၀) ကျပ်နှုန်း ရောင်းချမှာ ဖြစ်ပြီး စုစုပေါင်း ဓါတ်ပုံ ၉၈ ပုံ ပြသထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေအထိ ဓာတ်ပုံ ၁၁ ပုံ ရောင်းချပြီးကြောင်း ဦးကြည်တိုးက ပြောပါတယ်။

ဒီကနေ့ ဓာတ်ပုံပြပွဲကို လူဦးရေ စုစုပေါင်း ၁၀၀ ကျော် လာရောက် ကြည့်ရှုတဲ့ အထဲမှာ နာမည်ရ ဂီတအနုပညာရှင် တချို့နဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အနုပညာရှင်ထဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ ကြည်လတ်၊ ဇေယျာသော်တို့ ပါဝင်ပြီး ဂီတပညာရှင်တွေကတော့ ကိုရဲလွင်၊ ကိုတိုးလွင်၊ ကိုသားထွေး၊ ကိုညီညီလွင်တို့ နဲ့အတူ ကဗျာဆရာတွေဖြစ်ကြတဲ့ ကိုကြည်မောင်သန်း၊ ကိုငြိမ်းသစ်၊ ကိုရင်နီ နဲ့ ကိုမိုးဇော်တို့ ဖြစ်ပါတယ်။

တဆက်ထဲမှာပဲ “အလင်းနဲ့ရေးတဲ့ ပန်းချီ” ဆိုတဲ့ စာအုပ်ကိုလည်း တစ်အုပ်ကို ၃၅၀၀ ကျပ်နှုန်း နဲ့ အုပ် ၁၀၀ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်ရှင်။


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

မွေးမိခင်နဲ့ ကျွေး မိဘတို့ရဲ့ ပဲ့တင်သံ


သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတဲ့ စကားအတိုင်း လူတွေဟာ နေ့စဉ်ဝမ်းတစ်ထွာ ပြည့်ဖို့အတွက် ဖြတ်သန်းရုန်းကန် နေကြတဲ့သူတွေဖြစ်ကြတယ်။ အဲဒီလို ဖြတ်သန်း ရုန်းကန်နေကြတဲ့ သူတွေထဲမှာ လူအားလုံး ပါဝင်ကြပေမယ့် ဖြတ်သန်းရုန်းကန်ရတဲ့ အနေအထားကတော့ တစ်ဦးနဲ့တစ်ဦး ပုံစံအနေအထားချင်း မတူညီနိုင်ကြပါဘူး။

နေ့စဉ် ၀မ်းတစ်ထွာအတွက် လူငယ်တွေလည်း ရုန်းကန်နေကြသလို လူကြီးတွေလည်း တစ်မျိုးတစ်ဖုံနဲ့ ကြိုးစားရုန်းကန်နေကြရတယ်။ အဲဒီထဲမှာမှ သက်ကြီးရွယ်အိုတွေလည်း အသက်အရွယ်ကြီးရင့်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့နေ့စဉ် ၀မ်းတစ်ထွာပြည့်ဖို့အတွက် နည်းမျိုးစုံနဲ့ တက်စွမ်းနိုင်သလောက် ကြိုးစားရုန်းကန် နေရပုံတွေကို သက်ကြီးရွယ်အိုတွေနဲ့ စကားပြောကြည့် မိတဲ့အခါ . . .

ဦးခင် (အသက် ၈၂ နှစ်)

အဘတို့က အခုအချိန်ထိ နေ့စဉ် စားဝတ်နေရေးအတွက် လင်မယားနှစ်ယောက်စလုံး မုန့်ရောင်းစား နေကြရတုန်းပါပဲ။ အဘတို့ လင်မယား နှစ်ယောက်စလုံး ကျန်းမာရေး ကောင်းနေတာကိုပဲ ၀မ်းသာလှပြီ။ အဘအမျိုးသမီးက ဈေးထဲမှာကိတ်မုန့်ရောင်းတယ်။ အဘကတော့ စက်ဘီးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် မုန့်လိုက်ရောင်းတယ်။

မုန့်တစ်ခုကို အရင်းချည်းပဲကျပ် ၄၀ ယူရ တယ်။ အဘတို့က မုန့်တစ်ခုရောင်းမှ ကျပ် ၁၀ ပဲ မြတ်တာ။ အခုရက် ပိုင်းမှာတော့ အဘတို့ မုန့်ရောင်းမထွက်နိုင်ဘူး။ သင်္ကြန်တွင်းမှာ ပိတ်ရက်တွေများတော့ ဈေးမရောင်းရဘူးလေ။ ရှိတဲ့ပိုက်ဆံ အရင်းလေးနဲ့ ပဲ ထိုင်စားနေရတာ။ အခုဈေးပြန် ရောင်းဖို့ အရင်းအနှီးကမရှိဘူး ဖြစ်နေတယ်။ ပိုက်ဆံချေးပြီးတော့ပဲ ဈေးပြန်ရောင်းရမှာပဲ။ အဘတို့ ဒီ အလုပ်မလုပ်ဘဲနဲ့လည်း ထိုင်စားလို့ရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလေ။

အခုအဘတို့နေတဲ့ အိမ်ကလည်း သူများက ခဏနေခိုင်းလို့ နေနေရတာ။ အခုအဘတို့ အင်္ဂါနေ့ရောက်တိုင်း Global Vision ကစောင့်ရှောက်ပေး တဲ့နေရာကို လာတယ်။ အဲဒီကိုသွားရတာ စိတ်ချမ်းသာတယ်။ သက်ကြီးရွယ်အို အချင်းချင်းတွေ့ပြီး စကားတွေ ပြောကြတယ်လေ။ သူ တို့ကအဘတို့ကို ထမင်းတစ်နပ်ကျွေးတယ်။ အဘတို့ အဲဒီနေ့ဆိုရင်တော့ မနက်စာအတွက် အဆင်ပြေပေမယ့် ညနေရောက်ရင်တော့ ညနေစာစားဖို့အတွက် စိတ်ပူရပြန်ရော။ ဘယ် တတ်နိုင်မလဲ၊ အခြေအနေက ဒီလိုပဲ ဖြစ်လာတာကို။ တစ်ခါတလေ စားဖို့ အတွက်ဘာမှမရှိရင် အဘအမျိုးသမီးက စိတ်အားငယ်တယ်။

အဲဒီလိုအချိန်မျိုးမှာ အဘက သူ့ကိုပြန်ပြီး အားပေးနေရပေမယ့် အဘကိုယ်တိုင်လည်း ဗိုက်ထဲကဆာလှပြီ။ နောက်ပြီးတော့ အဘတို့အသက်အရွယ်ကြီး လာတော့ ကော်ဖီလေး၊ မုန့်ပဲသရေ စာလေးစားချင်တဲ့စိတ်ကရှိတာပေါ့။ ထမင်းတစ်နပ်စားဖို့တောင် အဘတို့ ရုန်းကန်နေရတာ။ စားချင်တဲ့စိတ်ကိုပဲ မျိုသိပ်ထားရတာပေါ့။ အခုအချိန်မှာ ဘုရားတရားကိုပဲ ယုံကြည် အားကိုးတယ်။ အဲဒီအတွက်ကြောင့်တော့ ငတ်ပြီးတော့ မသေနိုင်ဘူး ထင်တယ်လေ။

ဦးလှရွှေ (အသက် ၇၃ နှစ်)

အဘက တစ်ယောက်တည်းနေရတယ်။ မွေးထားတဲ့သား၊ သမီး တွေက သူအိမ်နဲ့သူနေကြတယ်။ အဘရဲ့စားဝတ်နေရေး အတွက် အဘ ခြံထဲမှာ ၀က်မွေးထားတယ်။ မွေးထားတဲ့ဝက်မကြီးကနေ ၀က်ပေါက် လေးတွေမွေးရင် ၀က်မ၀ယ်နိုင်တဲ့သူ တွေကို အလကားပေးပါတယ်။ အဲဒီလို ပေးတဲ့နေရာမှာ အဘက မိဘမဲ့ ကလေးကျောင်းတို့၊ မုဆိုးမတို့၊ အဘလို စားဝတ်နေရေး အဆင်မပြေတဲ့သူတွေကိုပဲ ပေးတယ်။ အဲဒီလို ပေးလိုက်တဲ့အခါမှာလည်း အဘပေးလိုက်တဲ့ ၀က်တွေက ကလေးပြန်မွေးရင် အဘကို နှစ်ကောင်ပြန်ပေးရမယ်။

သူတို့ပြန်ပေးတဲ့နှစ်ကောင်ကို ပြန်ပြီး မတတ်နိုင်တဲ့သူတွေကို အခမဲ့ပြန်ပေး တယ်။ အဘ၀က်မွေးတာကို ရပ်ကွက်ထဲက ကလေးတွေက ၀ိုင်းပြီး ကူညီ ပေးကြတယ်။ အဘရဲ့အိမ်မှာ မီးအတွက် ပိုက်ဆံမရှိတာကြောင့် လျှပ်စစ်မီးမသွယ်နိုင်ဘူး။ အခုတစ်ခေါက် ၀က်ပေါက်တွေ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ လေးသောင်းတန် ဆိုလာမီးနဲ့ ထွန်းနေရတယ်။ အဘလည်း အင်္ဂါနေ့တိုင်းတော့ အဘတို့ဆုံနေကျ သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့နေရာကတော့ အပတ်တိုင်းမပြတ်အောင် ကြိုးစားပြီးသွားတယ်။

အဲဒီမှာသက်ကြီးသူတွေ အချင်းချင်းစကားတွေ ပြောကြ၊ ဂိမ်းကစားနည်းလေးတွေ ကို စေတနာ့ဝန်ထမ်းလေးတွေ အကူအညီနဲ့ကစားကြ၊ စာဖတ်တာတို့၊ ရုပ်ရှင်ကြည့်ကြတာတို့ လုပ် ကြတယ်။ အဲဒီလိုလေးနေရတဲ့ တစ်နေ့တာအတွက်တော့ စိတ်အပန်းဖြေမှုလေးရပြီး စိတ်ချမ်းသာပါတယ်။

ဒေါ်ခင်စိန် (အသက် ၇၅ နှစ်)

အဖွားမျက်စိက နှစ်ဖက်စလုံး မမြင်ပါဘူး။ ဂျပန်ခေတ်တုန်း က မိဘတွေက ပုခက်ထဲ ထည့်ထားတော့ ငိုရင်းငိုရင်းနဲ့ တိမ်ကွယ်သွားလို့ မျက်စိမမြင်တော့ပါဘူး။ အဖွား က အိမ်ထောင်မရှိပါဘူး။ အဲဒီအတွက် သားသမီးမရှိတော့ တူမနဲ့အတူတူနေပါတယ်။ အဲဒီတူမကပဲ အဖွားကို ပြုစုစောင့်ရှောက် ထားပါတယ်။ အဖွားက မျက်စိမကောင်းပေမယ့် အိမ်အလုပ်တွေ အားလုံးကို လုပ်ပေးပါတယ်။

ကိုယ့်ကိစ္စတွေ ကိုလည်း ကိုယ့်ဟာကိုယ် လုပ်ရတယ်။ အဖွားက စားဖို့သောက်ဖို့ အတွက် စီးပွားမရှာရပေမယ့် အိမ်အလုပ်တွေ အကုန်လုံးကို လုပ်ပေးပါတယ်။ အဖွားလည်း အင်္ဂါနေ့ တိုင်း သက်ကြီးရွယ်အိုတွေ ဆုံကြတဲ့နေရာလေးကို အမြဲတမ်းလာပါ တယ်။ အဲဒီကိုသွားရင် အဖွားက မျက်စိမမြင်တဲ့အတွက် မြေးလေး က အကြိုအပို့ လုပ်ပေးပါတယ်။

Source: Weekly Eleven

ဆက်လက်ဖတ်ရူ့ရန်

ဂတ်(စ်) ပိုက်လိုင်းအတွက် ယာယီငုတ်တိုင်မှား စိုက်ထူနေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိလာနိုင်တယ်လို့ တအောင်း ခေါ် ပလောင် ကျောင်းသားလူငယ် အစည်းအရုံးက ပြောပါတယ်။

“တချို့နေရာတွေဆိုရင် မှတ်တိုင်တွေ အကုန်လုံးချပြီးသွားပြီလေ။ ရေနံနဲ့ သဘာဝဓါတ်ငွေ ပိုက်လိုင်း နှစ်ခု သွယ်မယ်ဆိုရင်တော့ သူတို့ တိုင်းတာမှုထဲက လယ်ယာသိမ်းဆည်းမှုပိုင်းတွေ ဖြစ်လာနိုင်တယ်။ တချို့နေရာတွေမှာဆိုရင် အိမ်တွေပြောင်းခံရမှုတွေအများကြီးဖြစ်လာနိုင်တယ်”


ပြီးခဲ့တဲ့လက စပြီး ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမယ့် လမ်းကြောင်းအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်စံ - နမ္မတူ - မိုင်းမော်အထိ ယာယီငုတ်တိုင်တွေ၊ အမှတ်အသားတွေကို စိုက်ထူခဲ့တယ်လို့ အတွင်းရေးမှူး မိုင်အောင်ကိုက ပြောပါတယ်။

အခုလောလောဆယ်တော့ နမ္မတူကနေ ဗန်းမော်မှာရှိတဲ့ ရွာပေါင်း (၁၀)ရွာကိုလည်း ပိုက်လိုင်းဖြတ်သန်းမယ့် လမ်းကြောင်း အမှတ်အသားအဖြင့် တိုင်တွေကိုစိုက်ထူထားပြီး ဖြစ်တယ်လို့သိရပါတယ်။

ဒါ့ပြင် အဲဒီဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားမယ့်နေရာက ဒေသခံတွေဟာ စားဝတ်နေရေးလည်း ပိုပြီး အခက်ကြုံနိုင်သလို လူ့အခွင့်အရေးချိုးဖေါက်ခံရမှု တွေလည်း ရှိလာနိုင်တယ်လို့လည်း သူကပြောပါတယ်။

“ ဒီသိမ်းဆည်းခံရမယ့် လူတွေမှာဆိုရင် လက်ဖက်ခြံ၊ စိုက်ပျိုးခြံမှာပဲ အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ သူတို့ရဲ့စားဝတ်နေရေးအတွက်ကို တော်တော်လေးအခက်အခဲ ရောက်မယ်၊ ပြီးတော့ လုံခြုံရေးတွေ စစ်တပ်တွေတိုးချဲ့လာရင် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်"

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် ဂတ်(စ်) ပိုက်လိုင်းကို၂၀၁၃ အထိ အပြီးလုပ်ဆောင် သွားမယ်လို့ သိရပါတယ်။




ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

ငြိမ်းချမ်းရေးအတွက် ဖလုံ-စဝေါ်ပါတီ ကြိုးပမ်း


ကရင်ပြည်နယ်အတွင်း စစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရသစ် အကြား တွေ့ဆုံဆွေးနွေးဖို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ က သမ္မတဦးသိန်းစိန်အစိုးရ ကို တောင်းဆိုထားပါတယ်။


ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကို လိုလားတဲ့ အတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဖလုံ-စဝေါ်ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာက ပြောပါတယ်။

“သဘောထား မတိုက်ဆိုင်လို့ နားလည်မှုလွဲလို့ ဒီလိုမျိုး လက်နက်ကိုင်တွေ ခွဲထွက်တာ ဖြစ်တယ်လို့ ကျမက ယူဆတယ်။ တဖက်က လျှော့ပြီးတော့ တဖက်က တင်းနေရင်လည်း မရဘူးပေါ့နော့်။ အဲ့ဒီသဘောထားလေး တူညီအောင် တွေဆုံဆွေးနွေးပြီး သူလျှော့ ကိုယ်လျှော့ပေါ့။”

ဖလုံ-စဝေါ်ပါတီရဲ့တင်ပြချက်ကို ဦးသိန်းစိန် အစိုးရဘက်က တရာဝင် တုံ့ပြန်တာမရှိသေးပေမယ့် အစိုးရရဲ့ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူက လက်ခံကြိုဆိုတာမျိုး ပြောဆိုတာရှိတယ်လို့ နန်းစေအွာက ပြောပါတယ်။

KNU အနေနဲ့တော့ အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမှန်တကယ် တွေ့ဆုံ ဆွေးနွေးချင်တယ်ဆိုရင် လက်ခံ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ KNU အထွေထွေ အတွင်းရေးမှု နော်ဇီဖိုးရာစိန်က ပြောပါတယ်။

“ကျန်မတို့က တွေ့ဆုံဆွေးနွေးမှုကို လိုလားတယ်။ ဒါပေမယ့် KNU မူအရဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှပေါ့နော်။ အခုအခြေအနေမှာ အစိုးရသစ်ဘက်က ဘာပြောင်းလဲမှုမှ မတွေ့ရသေးဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထိုးစစ်ဆင်မူတွေ ရှိနေတုန်းပဲလေ”

ယခုလက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းက နေရာဒေသ အတော်များများမှာ ကရင် လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေမကြာခဏ ဆက်တိုက်ဖြစ်ပွားနေပြီး ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ် တလျောက်မှာ စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေဆဲပဲ ဖြစ်ပါတယ်။

sourceး KSNG
ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates