တမနက်ကမ္ဘာ


မရေရာဘဲ စမ်းချောင်းနံဘေးမှာ

ငါထိုင်မိနေခိုက်၊ အတွေးများက

အတွေးကမ္ဘာထဲ ၀င်လာမိတယ်။


တသွင်သွင် စီးဆင်းနေတဲ့

စမ်းချောင်းရေများက

ငါနဲ့အတူ အဖော်ပြုနေပေးတယ်။


ရောင်စုံလိပ်ပြာနှင့် ပုဇဉ်းများက

ခေါက်တုန့်ခေါက်ပြန်လူးလာပျံသန်းရင်း

စမ်းချောင်းကလေးကို အဖော်ပြုပေးတယ်။


ကျေးငှက်ကလေးတွေက

သာယာချိုမြသောတေးသံများနှင့်အတူ

ပတ်ဝန်းကျင်ကို အဖော်ပြုပေးတယ်။

နောက်ဆုံးမှာတော့

တသွင်သွင်စီးဆင်းနေတဲ့စမ်းချောင်းကလေး

ရောင်စုံလိပ်ပြာနှင့် ပုဇဉ်း

တေးသံများနှင့်ငှက်ငယ်များ

အားလုံး…အားလုံးက ငါနှင့်အတူ

တမနက် ကမ္ဘာကို ဖန်တီးကြတာပါ။

ယုန်ကလေး

1 comments:

Anonymous said...

ညီမလေးဒူမေးရေ!
အဟ...အမ ညီမလေးတောင် ဂလိုတွေဖစ်လာပီပေါ့...
ကောင်းတယ်နော်...ဆက်ရေး...အားပေးနေတယ်...:)

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates