အဖွားမာရဲ့ (၉၂) ပြည့်မွေးနေ့


နိုဝင်ဘာလ (၂၉)ရက်နေ့မှာ အဖွားရဲ့အသက်က ၉၂ ရောက်သွားပါပြီး။ အခုဆိုရင် အဖွားမှာက ကျန်းမားစွာနဲ့ နေထိုင်နေတယ်လို့ သိရတဲ့အတွက် မြေးတစ်ယောက် အနေ နဲ့ ၀မ်းသာပါတယ်။ အဖွားမာတစ်ယောက် သက်တော်ရာကျော်ရှည်ပါစေလို့ဆု တောင်း ပေးလိုက်ပါတယ်။ အဖွားမာရဲ့ မွေးနေ့ပွဲကို ကဗျာရွတ်ဆိုပွဲ ပြုလုပ်ကျင်းပခဲ့ပါတယ်။ မွေးနေ့ပွဲကို ညနေ(၆)မှာ စတင်ကျင်းပခဲ့ပြီး ကဗျာဆရာတွေ သတင်းသမားတွေ လူကြီး များတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ကျမလည်း အဖွားမာရဲ့မွေးနေ့ပွဲကို သွား ရောက်တက်ခဲ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော အဖွားမာရဲ့ အကြောင်းကို ပိုပြီးသိလာရတယ်။ လူကြီးတွေက အဖွားမာအတွက် ဂုဏ်ပြုကဗျာတွေ ရွတ်ဆိုတာကိုလည်း နားထောင်ခဲ့ရတယ်။ ဒါကြောင့် ကျမလည်း အဖွားမာကို ဂုဏ်ပြုတဲ့ အနေနဲ့ပဲ ကဗျာတစ်ပုဒ်ကို တင်ပေးချင်ပါတယ်။ ကိုယ်တိုင်ရေး တာတော့မဟုတ်ဘူးနော်။ သူများကဗျာပါ။



မွှေးမြ မကြွေ ..အိုအမေ

မြန်မာနိုင်ငံလွတ်လပ်ရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာ စာပေအရေးအသားမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ခိုင်တည်မြင့်မားရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာပြည်သူလူထု အကျိုးစီးပွား

လူတန်းစားတိုက်ပွဲ တရားမျှတမှု လူ့အခွင့်အရေး

ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ယဉ်ကျေးမှုတွေမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

လူထုဒေါ်အမာ

(သူဟာ)

သမိုင်းစဉ်လာ ကလောင်သွား

မြားသွားလို ချွန်မြစူးရှ

အဓမ္မအားလုံးရဲ့ ရန်သူ

ပြည်သူလူထုရဲ့ နှလုံးသား

အစားထိုးမရနိုင်တဲ့ အမေ။

အမေဟာ

ရေ မြေ လေ မီး

ဓာတ်ကြီးလေးပါး

ရုပ်တရားများမှ လွန်မြောက်

ကွယ်ပျောက်မသွားနိုင်ဘူးလေ။

(အမေလူထုဒေါ်အမာရဲ့ အသက် (၉၂) နှစ်မြောက် မွေးနေ့ကို ဒီကဗျာနဲ့ ဦးညွတ်ဂုဏ်ပြုပါတယ်)

စိုးနေလင်း

ဆက်လက်ဖတ်ရူ့ရန်

ဘ၀ဆိုတဲ့အရာ

ဘ၀ဆိုတာ..

အပေးရှိမှ အယူရှိတယ်

အပေးအယူဆိုတာ နေရာတကာမှာ ရှိပြီး

ကိုယ်ပေးတာနဲ့ ယူတာ ညီမျှလား

အဖြေရှာကြည့်လိုက်တော့

ကိုယ်ပိုင်ဆန္ဒ ပြည့်ဝမူပဲပေါ့။

ဘ၀ဆိုတာ

ရလိုမူနဲ့ ပေးဆပ်မူပေါင်းပြီး

အမုန်းအိမ်နဲ့ အပြုံးအိမ်ဖြစ်ချင်လား။

ပေးဆပ်မူတွေများပြီး

အကြွေးယူမူတွေနည်ရင်တော့

အဖိုးတန်တဲ့ အိမ်ကလေးပဲပေါ့။

ဘ၀ဆိုတာ

နွေဦးရာသီမှာ လေတိုက်လို့

ကြွေသွားတဲ့ ရော်ရွက်ဝါလား

စိတ်ကူယဉ်ဆိုတဲ့ တောင်ပံနဲ့ ရွက်လွင့်ပြီး

အရာအားလုံးကို ကျော်ဖြတ်သွားရင်တော့

အဖိုးတန်တဲ့ ရတနာလေးပဲပေါ့။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

သူငယ်ချင်းအတွက်မွေးနေ့အမှတ်တရ

လာမယ့် ဒီဇင်ဘာ() ရက်နေ့ကျရောက်မယ့် သူငယ်ချင်းတစ်ယောက်ရဲ့ နှစ်(၂၀) မြောက်မွေးနေ့မှာ ပျှော် ရွင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နှစ်သစ်လည်းကူးပြီးဆိုတော့ သူငယ်ချင်းတစ်ယောက် နှစ်သစ် ကူးမှာ ပျှော်ရွင်နိုင်ပါစေ။ သူငယ်ချင်းက အလုပ်များနေတဲ့အတွက် ကိုယ့်ရဲ့မွေးနေ့ကိုတောင် မလုပ်အားဖူး လို့ပြောဖူးတယ်နော်။ အဲ့ဒီအတွက် လုပ်ပေးမယ်နော်။ ကျမရဲ့ သူငယ်ချင်းက အိမ်စာတွေ၊ အလုပ်တွေ ဖိနေတဲ့အတွက် သူရဲ့မွေးနေ့ကို မလုပ်တော့ဘူးတဲ့။ Happy Birthday to you သူငယ်ချင်းရေ ….။ အဝေးမှာနေရသော်လည်း အားမငယ်နဲ့နော်။ တကယ်လို့ စိတ်ညစ်စရာရှိရင် နှစ်ဟောင်းမှာ ကျန်ထားခဲ့ပြီး နှစ်သစ်ကူးမှာ ပျှော်ရွင်နိုင်အောင်ကြိုးစားနော်။ နှစ်သစ်ကူးမှာဘဲ အကုန်လုံး ဆေးကြောပစ်လိုက်ပါ။ အဲဒါမှ အရာအားလုံးပေါ့သွားမှာ။ သူငယ်ချင်းက အဝေးမှာနေတယ်ဆိုတော့ လက်ဆောင်ပေးလို့မရဘူး။ အဲ့ဒီ အတွက် ခွင့်လွတ်ပါလို့ ပထမဆုံးပြောချင်တယ်။ ဒီဇင်ဘာလမှာဆိုတော့ ခရစ္စမတ်သီချင်းလိုက်ဆိုနေကြပြီး။ သီချင်းလိုက်ဆိုတဲ့အချိန်မှာ သူငယ်ချင်းကို သိပ်သတိရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူများသီချင်းလာဆို ရင် နင်နဲငါ အတူတူလိုက်ဆိုတာကို သတိရတယ်။ ရတာ၊ မရတာ ဘေးဖယ်ထားပြီး လိုက်ရွတ်နေတာဘဲနော် ။ သီချင်းဆိုတဲ့အချိန်မှာ ဂျင်းသုတ်လုပ်စားကြတာကို မှတ်မိသေးလား။ ဂျင်းသုတ်ကို ဘာဖြစ်လို့စားကြတာလဲ သိလား နင် ငါ့ကိုမေးဖူးတယ်နော်။ အဲဒီအတွက် အခုဖြေပေးမယ်။ သီချင်းဆိုရင် အသံမ၀င်အောင်လို့ လူတွေ ကစားကြတာ။ အကယ်၍ ဒီဇင်ဘာ()ရက်နေ့မှာ မွေးနေ့တိုက်ဆိုင်တဲ့ လူရှိရင် ကျမရဲ့ သူငယ်ချင်းနဲ့ အတူ ထပ်တူခံစားနိုင်ကြပါစေနော်။ သူငယ်ချင်းတစ်ယောက် အသက်(၁၂၀)အထိ နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

Girly glitter comments from www.GirlyTags.com ဆက်လက်ဖတ်ရူ့ရန်

တန်ဆောင်တိုင်မီးထွန်းပွဲတော်

တန်ဆောင်တိုင်မှာ အားလုံးပျှော်ရွင်နိုင်ပါစေလို့ ယုန်ကလေး ဆုတောင်းပေးလိုက်ပါတယ်နော်။ ကျမက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရဲ့ တန်ဆောင်တိုင်ကို ရေးမှာပါ။ ထိုင်းနိုင်ငံ တန်ဆောင်တိုင်မီးထွန်းပွဲတော်က ၂၄ ရက်နေ့ဖြစ်တယ်။ ကျမတို့ ညဖက်သွားကြတယ်။ ပွဲတော်လုပ်တဲ့ နေရာကတော့ ထိုင်းနယ် စပ်နဲ့ မြန်မာ နယ်စပ်မှာ လုပ်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို မြ၀တီတံတားလေးက ခြားထား တယ်။အဲ့ဒီနေ့ ထိုင်းနိုင်ငံ ဘက်မှာ မီးတွေလင်းထိန်နေတာကို တွေ့ရပြီး မြန်မာပြည်မှာကတော့ မှောင်မည်းနေတာကို တွေ့ရတယ်။ မီးဗန်းတွေတော ဖောက်ကြပါတယ်။ လူမျိုပေါင်းစုံ လာကြတာကိုတွေ့ရတယ်။ သတင်းထောက်တွေလည်း သတင်းလာ ယူတာတွေ့ရတယ်။ သောင်းရင်းမြစ်ကတော့ တသွင်သွင် အဆက်မပြတ်စီးဆင်းနေဆဲပါ။ ကျမတို့ ဆီမီးသွား လွှတ်ကြတယ်။ သောင်းရင်း မြစ်ထဲ ဆီမီးလွှတ်နေတဲ့အချိန်မှာ ဘာတွေ့ရသလဲဆိုရင် ကလေး များ က ဆီမီး တွေကို လိုက်ဆယ်ယူနေတာကို တွေ့ရတယ်။ ကျမအတွက်တော့ နည်းနည်း ထူးဆန်း နေတယ်။ ဘာဖြစ်သလဲလို့မေးရင် ဘာကြောင့် ကလေးတွေက ဆီမီးတွေကို လိုက်ဆယ်ယူနေကြ သလဲဆိုတဲ့ မေးခွန်း ပေါ်မှာ မူတည်ပါတယ်။ အဲဒါနဲ့ ကျမလည်း ဘေးနားမှာရှိတဲ့ အစ်မတွေကို မေးကြည့်တော့ အခုလို အဖြေက ထွက် လာတယ်။တချို့ ဆီမီးတွေထဲမှာ ပိုက်ဆံထည့်ထားတဲ့အတွက် ကလေးတွေက လိုက်ဆယ်ယူတာပေါ့တဲ့။ ကလေး တစ်ယောက်က ဘာပြောသလဲဆိုရင် သူဆယ်ထားတဲ့ ဆီမီးတွေအများကြီးရှိနေပြီးတဲ့ ဒါပေမဲ့ အခုထိ ပိုက်ဆံတစ်ဘတ်မှ မပါသေးဘူးတဲ့။ အဲဒီအချိန်မှာ ကျမစိတ်ထဲမှာ မြန်မာပြည်က ပြည်သူလူထုတွေ ဘယ် လောက်အထိ ငတ်ပြတ်ခေါင်းပါးကုန်လဲဆိုတာကို သွားတွေးမိတယ်။ စိတ်လဲ မကောင်းဘူးပေါ့နော်။ အမှန် တကယ်ပြောရရင် ကျမလည်း အဲဒီနေ့က စိတ်နည်းနည်း ညစ်တယ်။ ဘာကြောင့်လဲလို့ မပြောတော့ဘူး နော်။ အဲဒီမှာ အစ်ကိုတွေ၊ အစ်မတွေနဲ့သွားတွေ့တော့ စိတ်ညစ်တာတွေ အနည်းငယ် ပြေသွားတယ်။ သူတို့ ကိုလည်း ကျေးဇူး တင်တယ်။ စိတ်ညစ်တာတွေ ပြေသွားအောင် စကားပြောလို့လေ။ ကျမတို့ ဆီမီးလွှတ်ပြီး တော့ ဈေးတန်းတွေ လိုက်ပတ်ကြ တယ်။ နောက် ဗိုက်ဆာတာနဲ့ အစ်မတွေက မုန့်ဝယ်ကျွေးတယ်။ အဲဒီနေ့ မှာ ကျမယုန်ကလေး အရုပ်နဲ့ပါတဲ့ လွယ်အိတ်တလုံးဘဲ ၀ယ်ခဲ့တယ်။ တန်ဆောင်တိုင်မှာ အမှတ်တရဆိုလို့ အိတ်တလုံးပါပဲနော်။ ည(၁၁)နာရီ ထိုးမှ ကျမတို့အိမ်ပြန်လာတယ်။

သူငယ်ချင်းတို့အတွက် သတိရပါတယ်။ ဒါပေမဲ့ ၀ယ်ဖို့ ပိုက်ဆံမရှိလို့ပါနော်။ ဓါတ်ပုံနဲ့ ဖော်ပြဖို့ကလည်း ဓါတ်ပုံလည်း တစ်ပုံမှ မရိုက်ခဲ့ဘူး။ ခွင့်လွှတ်ပါနော်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

Girly glitter comments from www.GirlyTags.com ဆက်လက်ဖတ်ရူ့ရန်

၂၂ ရာစုလူငယ် များအတွက်

ဒီကနေ့ ကျမတို့လူငယ်တွေအတွက် ဘာတွေလိုအပ်နေသလဲလို့မေးရင် အကို၊အမတို့ ဘယ်လို ဖြေကြမလဲ မသိဘူးနော်။ ဒါကတော့ အဖြေပေးတဲ့ သူတွေပေါ်မှာပဲ မူတည်တယ်မဟုတ်လား။ ကျောင်းနေတဲ့အရွယ် က လေးကိုမေးရင် သူတို့အတွက် စာမေးပွဲအောင်ဖို့အတွက်ပဲလို့ ဖြေကြမှာပဲ။ အဲလိုဘဲ တချို့ကျတော့ ပညာတို့၊ အခွင့်အလမ်းတို့ သူတို့အမြင်ကို သူတို့ပြောကြမှာဘဲ။ ကျမလည်း ကျောင်းနေတဲ့ အရွယ်မှာ ပညာရေးက အဓိကဘဲလို့ ထင်ထားတယ်။ဒါပေမဲ့ စာရေးဆရာတစ်ယောက်က ပြောထားတယ်။ဘာလဲဆိုတော အခွင့်အလမ်းတွေ ရှိဖို့လိုတယ်လို့ ပြောတော့ ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ ပိတ်နေသယောင်ထင်ရတယ်။ တကယ်တော့ အခွင့်အလမ်းတွေ ပိတ်နေတာမဟုတ်ပါဘူး။ ထွန်းသစ်စကာလမို့ အခြားဒေသထက် အခွင့်အလမ်းနည်းချင် နည်းမယ်။ သူအဓိက ပြောချင်တာကတော့ အခွင့်အလမ်းဆိုတာက ထိုင်စောင့်ရုံနဲ့ လာတာပဲဆိုတာမျိုး ထင်မနေဖို့တော့ လိုပါတယ်။ ဥပမာ-ပန်းပင်တပင်ဟာ သူအပွင့်ဘယ် လောက်ဘဲ များများ ခူးမယ့်လူမရှိရင် အလ ကားပါဘဲ။ တကယ်ခူးရင်လည်း ပန်းဆိုတာကို သိရမယ်။ တန်းဖိုးကိုလည်း သိရမယ်။ နောက်ပြီး ခူးတတ်ရမယ်။ ခူးပြီးရင်လည်း အဲ့ဒီပန်းကို အသုံးချလို့ရမယ့် အခြေအနေ အဆင် သင့်ရှိရမယ်။ အခွင့်အလမ်းတော့ သိပါပြီး။ သုံးချလို့ရမယ့် အခြေအနေကိုတောင် မသိဘူးဆိုရင် အဲ့ဒီ အခွင့်အလမ်းက အလကားပါပဲ။ နောက်တစ်ခုကတော့ ပညာရေးပါပဲ။ ပညာရေးကို လူတော်တော်များများ လိုက် စားကြတာတွေ့ရတယ်။ ကျမတို့ ပညာတတ်ဖို့ အတွက် ကျမတို့ မိဘတွေက မူကြိုအရွယ်က နေပြီး ကျောင်းထားပေးတယ်။ အဲ့ဒီိလိုဘဲ တဖြည်းဖြည်းနဲ့ အတန်းပညာကိုအောင်လာကြတယ်။ ကျမတို့စဉ်းစား ရမှာက ဘာကြောင့် ပညာကို သင်ယူချင်ကြတာလဲ။ တချို့ ဆရာတွေကလည်း စာရဲ့အသံထွက်ကို တောင်မှ မှန်အောင်မထွက်တတ်တာလဲ ရှိတယ်။ လက်ဆင့်ကမ်းသင်ယူနေတဲ့ ကျောင်းသားကလေးတွေက ဆရာတွေ အသံထွက်မှန်မှ သူတို့လည်းမှန်မှာဘဲ။ တချို့လူတွေက ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ်ကျိုးစီးပွား အတွက် အသုံးချတာ လဲရှိတယ်။ ရာထူးတိုးတက်ရေးကို အသုံးချတာလဲ ဒီကနေ့ခေတ်မှာ အများကြီး ရှိပါ တယ်။ ကိုယ်သင်တဲ့ ပညာဟာ တိုင်းပြည်အကျိုး၊ လူမျိုးကို မြှင့်တင်ဖို့အတွက် အသုံးချကြရင် ဘယ် လော ကောင်းမလဲနော်။

အခု စာရေးဆရာတစ်ယောက်က လူငယ်တွေ ဘာလိုအပ်သလဲ ဆိုတာကို ဖြေသွားပေးတယ်။လူငယ်တွေမှာ ရှင်းသုံးရှင်း လိုတယ်လို့ ပြောတာမျိုးကို စဉ်းစားစေချင်ပါတယ်။ ဗစ်ရှင်း visionဆိုတာက ရှေးရေးအမြင်ပါ။ ရှေ့ခေတ်ကို ကြိုတင် မြော်မြင်ဆင်ခြင်တာ မျိုးမဟုတ်ပါဘူး။ ကိုယ့်ဘ၀ဟာ တစ်ချိန်မှာ ဘာဖြစ် နေရမယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်တက္ကသိုလ်၊ ကိုယ့်လုပ်ငန်းဟာ တစ်ချိန်ကျရင် ဘာတွေဖြစ်ရမယ်ဆိုတဲ့ ရှေးရေး အမြင်ပါ။ ငါ အထူးကုဆရာဝန်ဖြစ်ပြီး တိုက်ကြီးကြီး ၊ကားကြီးကြီး နဲ့ချမ်းသာနေမယ်ဆိုတာgoal သာဖြစ် ပါတယ်။ visionမဟုတ်ပါဘူး။ မြန်မာတွေနဲ့ ကျန်းမာရေး အဆင့်အတန်း၊ မြန်မာ့ဆေးရုံတွေရဲ့ အဆင့် အတန်း ဘယ်လိုဖြစ်နေရ မယ်ဆိုတာမျိုးသာ vision ဖြစ်ပါ တယ်။ နောက်တစ်ခုက မစ်ရှင်း mission ဖြစ်ပါတယ်။ ပန်းတိုင်ရယ်၊ ပန်းတိုင်ကို ရဖို့စီမံချက်ရယ်ပါ၊vision ရှိပြီး မစ်ရှင်းမရှိရင် လေထဲမှာ တိုက်ဆောက်နေရတဲ့ အဆင့်ဘဲဖြစ်မယ်။ထီးပေါက်ဖို့ စိတ်ကူးယဉ်တဲ့ သူဟာ ထီထိုးဖို့တော လိုပါလိမ့်မယ်။ မစ်ရှင်ဟာ အဆင့်ဆင့်ရှိပါတယ်။ အထူးကုဆရာဝန်ကြီးဖြစ်ဖို့ vision ထားနေ တဲ့သူဟာ (ဆယ်တန်း ကျောင်းသားဆိုရင်) ဒီနှစ်အတွက် သူမစ်ရှင်ဟာ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ရေးပါပဲ။ အောင်ပြီးလို့ ဆေးတက္ကသိုလ်ဝင်ခွင့်ရရင် သူ့မစ်ရှင်ဟာ ပထမနှစ် စာမေးပွဲအောင်မြင်ရေး ဖြစ်သွားပါပြီး။ နောက်ဆုံးတစ်ခုက အက်ရှင်း Action ဖြစ်ပါတယ်။ လုပ်ရပ်ပေါ့လေ။ ဘာကြီးဘယ်လောက် စီမံချက်ဆွဲထားထား တကယ်လုပ်မှ အဟုတ်ဖြစ်ပါတယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ဖြစ်ချင်ရင်လုပ် ရင်လုပ်ရမယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ။ အက်ရှင်ဟာ ပုံဖော်တဲ့အဆင့်ပါ။ အက်ရှင် မပါရင် ဘာမှမဖြစ်ပါဘူး။

ဒီစာကိုဖတ်ပြီးရင်ဝေဖန်နိုင်ပါတယ်။အကြံညာဏ်လည်းပေးနိုင်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

တပင်စံပန်း


Girly glitter comments from www.GirlyTags.com ဆက်လက်ဖတ်ရူ့ရန်

သူငယ်ချင်းများအတွက်


သူငယ်ချင်းတို့ရေ….

ကိုယ်ဆီရည်မှန်းချက်နဲ့

ရောင်နီဦးကျောင်းတော်ဆီကို

နင်ရော ငါရော ပညာသင်ဖို့ရောက်ခဲ့တယ်။

သူငယ်ချင်းတို့ရေ…

အတန်းပညာအောင်ဖို့အတွက်

ဆရာပေးတဲ့ အိမ်စာတွေကို

နင်ရော၊ငါရော ကျက်မှတ်ခဲ့တယ်။

သူငယ်ချင်းတို့ရေ…

ပညာသင်ယူနေတဲ့အချိန်မှာ

အခက်အခဲ ရှိသော်လည်းဘဲ

နင်ရော ငါရော ကျော်ဖြတ်နိုင်ခဲ့တယ်။

သူငယ်ချင်းတို့ရေ…

ယခုအချိန်မှာ အတန်းညာအောင်လို့

အတောင်စုံတဲ့ ငှက်များပမာ

နင်ရော ငါရော ကျောင်းတော်ကြီးကို ခွဲခွာခဲ့တယ်။

သူငယ်ချင်းတို့ရေ…

နောက်ထပ် ပညာရဖို့အတွက်

အနာဂါတ်ဆိုတဲ့ ပန်းတိုင်ဆီသို့

နင်ရော ငါရော ဆက်လျှောက်လှမ်းရဦးမယ်မဟုတ်လား။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ရောင်နီဦးကျောင်းက ပုံရိပ်ဟောင်း

မမျှော်လင့်ပဲ ကံကြမ္မာက တို့တွေအားလုံးကို ဒီရောင်နီသန်းတဲ့ ကျောင်းလေးထဲမှာလာဆုံခွင်ပေးပြီး နောက် ကံကြမ္မာဆိုးကြီးက တို့တွေအားလုံးကို တစ်နယ်ဆီတစ်မြေဆီသို့ ပြန်ခေါ်သွားကြတယ်။ဒါတွေအားလုံးဟာ လောကရဲ့ နိယာမတွေဘဲ မဟုတ်လား။ မိုးလင်းတာနဲ့ရောင်နီဦးကျောင်းလေးမှာ နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ စာအယ်သံတွေကို ကြားရတဲ့ ဆရာ၊ ဆရာမတွေအားရဲ့ ရင်ထဲမှာအေးမြသွားတာပါပဲတဲ့ ။ကျမကျောင်းလေးရဲ့နာမည်ကတော့-ရောင်နီဦးကျောင်းလို့ခေါ်ပါတယ်။ထိုင်းနိုင်ငံ မဲလာအူးဒုက္ခသည် စခန်းမှာ ရှိတဲ့ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ မူလတန်းကနေ ဒဿမတန်းအထိ ရှိပြီးဘော်ဒါဆောင် လည်းရှိတယ်။ ဘော်ဒါဆောင်ထားရတဲ့ရည်ရွယ်ချက်ကတော့မြန်မာပြည်မှာကျောင်းမနေရတဲ့ ကလေးတွေအတွက် ဖြစ်တယ်။ ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်သောကလေးများမှာ အများအားဖြင့် ကရင်တိုင်းရင်းသားတွေ များပါတယ်။ စုစုပေါင်း ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားအားလုံးပေါင်း (၈၀)ကျော် ပါတယ်။ ဘော်ဒါဆောင်အားလုံးပေါင်း သုံးလုံးရှိပြီး တစ်လုံးမှာ နေခြည် (ခ)နှင်းဆီဆောင်လို့ခေါ်တဲ့ ကျမတို့မိန်းကလေး ဘော်ဒါဆောင်ဖြစ်ပါတယ်။ ကျန်ဘော်ဒါဆောင် ကတော့ ကျမတို့အကိုတွေ၊ မောင်လေးတွေနေကြတဲ့ မိုးမခနဲ့ဒေါနလို့ခေါ်တဲ့ ဘော်ဒါဆောင်ဘဲဖြစ်ပါတယ်။ ဘော်ဒါဆောင်မှာ နေကြတဲ့ ကျောင်းသူကျောင်းသား အားလုံးဟာ အမိမြန်မာပြည်နဲ့ ဝေးကွာရခြင်းသာမက မိဘ၊ ညီကိုမောင်နှမအားလုံးနဲ့ပါ ဝေးကွာနေရခြင်း ဖြစ်ပါတယ်။ တစ်ချို့သောကလေးများမှာ (၅) နှစ်အရွယ်လေးသာ ရှိသေးတယ်။ သို့သော် ထိုကလေးများသည် မိမိတို့ရဲ့ အနာဂါတ်လှပဖို့အတွက် ပညာကို လာသင်ယူနေရခြင်းဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး နေရသော်လည်း အလွန်ပျှော်ရွှင်စရာ ကောင်းပါသည်။ တစ်ယောက်နှင့် တစ်ယောက်မသိကြ သော်လည်း ညီကိုမောင်နှတွေလို သဘောထားပြီး မိသားစုစိတ်ဓာတ်နဲ့ နေကြပါတယ်။ ဘောင်ဒါဆော်မှာ နေရတဲ့အတွက် ဘော်ဒါဆော်ရဲ့ စည်းကမ်းကို လိုက်နာရပါတယ်။ စုစုပေါင်းစည်းကမ်း(၁၂) ချက်ရှိတယ်။ မနက်ကို (၅) နာရီအိပ်ယာထပြီး (၇)နာရီအထိ စာဖတ်ရတယ်။ ညကို(၆)နာရီကနေ (၉)နာရီအထိ စာဖတ်ချိန် သတ်မှတ်ထားတယ်။ တချို့သော သူငယ်ချင်းဆိုရင် စာကိုအော်ပြီးမှဖတ်တတ်တယ်။ ကျမရဲ့ သူငယ်ချင်းမ တစ်ယောက်ဆိုရင် ဆယ်တန်းရောက်ပြီး စာကိုအော်ဖတ်တုန်းပဲ။ သူစာဖတ်လို့ရှိရင် သူအသံပဲ တစ်ဘော်ဒါဆောင် ပျံ့နှံ့ သွားတယ်။ သူက ကရင်မလေး၊ ချစ်စရာကောင်းတယ်၊ဖော်ရွှင်တယ်။ ဆရာတွေ အားလုံးက ကျမတို့ကို တန်းတူညီတူ ဆက်ဆံတယ်။ အကယ်၍ စာမရှင်းတာရှိရင် သူတို့ဆီအချိန်မရွေး သွာမေးနိုင်တယ်။ အချိန်ကို အကတ်အသန့်မရှိ စာမေးချိန်ဖွင့်ထားပေးတယ်။ ကျမတို့ မိဘနဲ့ ဝေးကွာရ သော်လည်း ဆရာရဲ့မေတ္တာကို ရရှိပါတယ်။ အဲဒီအတွက် ဆရာတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ အခုဆိုရင် ရောင်နီဦးကျောင်းမှာ ဆယ်တန်းအောင်သွားကြတဲ့ ကျောင်းသား၊ ကျောင်းသူများမှာ မိမိတို့ ကျရာ တာဝန်တွေကို အနယ်နယ် အရပ်ရပ်မှာ ထမ်းဆောင်းနေပါတယ်။တချို့ဆိုရင် ဆေးလှိုင်း၊ ကျောင်းဆရာ၊ ဆရာမလှိုင်း၊ စစ်သားပြန်လုပ်တဲ့ သူတွေကပြန်လုပ်၊ ဗိုလ်သင်တန်းတက်တဲ့ သူတွေကတက်၊ ကျောင်းဆက်တက်တဲ့ သူတွေကတက် တာဝန်အမျိုးမျိုးကို ဆောင်ရွက်နေကြပါတယ်။ ဒါတွေအားလုံးဟာ ရောင်နီဦးကျောင်းက အနာဂါတ် အညွှန်အဖူးတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ရေ…လူတိုင်းလူတိုင်းဟာ မမျှော်လင့်ပဲတွေ့ကြပြီး မမျှော်လင့်ပဲ ခွဲခွာရတာဘဲမဟုတ်လား။ ဒါပေမဲ့ သူငယ်ချင်းတို့အားလုံးဟာ ဇွဲ၊ လုံးလ၊ ၀ိရိယနဲ့ လောကကြီးကို ရင်ဆိုင်ပြီး အရာရာကိုအောင်မြင်အောင် ကြိုးစားမယ်လို့ ယုံကြည်ပါတယ်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

လယ်ကွင်းအစပ်မှာ လေတဟူးဟူး

စိတ်ကူးထားတဲ့အကိုင်းမှာ
ငှက်ကလေးက မနားဘူး။

အရင်ဘ၀က ခုံပြာတန်းလေး
အခု
စူးဝင်နေတဲ့သံနဲ့
ဆွေးမြေ့နေတဲ့သစ်သား
ငါတို့ သူသေကိုယ်သေ ချစ်သွားကြတာ။

ဒီဘ၀မှာ
မီးလောင်ခြင်းက ရှုခင်းတခု
နောင်ဘ၀မှ
အလံတ၀က်ချထားခြင်းနှင်းများ။

ဘယ်ဆီဘယ်ဝယ်
တောင်စွယ်မှာ နေကွယ်မှာလား
ပင်လယ်မှ နေ၀င်မှာလား
ရောက်ရာအရပ်ကညနေခင်းများ
အုတ်စီ
သံချည်သံကွေး
နံရံဆေးတိမ်ပြာပြာ
တကယ့်ဘ၀ကိုသာ ငါတို့ရိုက်ယူထားခဲ့ပေါ့
ပြန်မလာဇာတ်ကား။ ။

စိုင်းဝင်းမြင့် ဆက်လက်ဖတ်ရူ့ရန်

ကိုယ်တိုင်မရေးတဲ့ပုံတူ

ကိုယ်တိုင်မရေးတဲ့ ပုံတူ

မေမေ့ပါးပြင်ပေါ် စံပယ်တွေ ပွင့်တဲ့နေ့ 
ဖေဖေ့မျက်နှာလေးကို နောက်ဆုံး မြင်လိုက်တယ်။

တိမ်တွေနဲ့ အရုပ်ရေးတမ်းကစားတတ်စအရွယ်
ဖေဖေ့လက်ဆောင် ကဘာငယ်လေးတခု အမည်ဟာ
စိမ်းလန်းသော အိပ်မက်များတဲ့။

မေမေ
မီးပြတိုက်သေလို့ ဝင်စားတဲ့ ကောင်ကလေးဆိုတာ
ကျနော်သေချာရဲ့လား
ထပ်တူ ထွန်းညှိထားလိုက်ပါတယ်။ ။

ဇော်မိုးလွင်
ကလျာ။ မေ၊ ၁၉၉၉
ဆက်လက်ဖတ်ရူ့ရန်

လွမ်းစေတီ

လွမ်းစေတီ

တို့ ထိခွင့်လည်း မရှိတော့
ဆုတ်ကိုင်ခွင့်လည်း မရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးပိုင်ခွင့်လည်း မရှိတော့
မင်းလည်း မေ့လျော့လိုက်ရုံ
ငါလည်း မေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ဘဲ တို့ တတ်နိုင်ခဲ့။
သူ့ ကို မင်းမချစ်ဘဲနဲ့ 
ဘာလို့  သူက မင်းကို သိမ်းပိုက်တာလဲ
မင်းနဲ့ ငါချစ်လျက်နဲ့ 
ဘာလို ငါတို့ ဝေးကွာခဲ့တာလဲ။
ရာဇ၀င်ခေတ်၊ ပဒေသရာဇ်တို့ ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ်ထုမှာ
ချစ်ရသူတို့  ဇာတ်နာခဲ့ဘူးပါပြီ။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးတဲ့နောက်
အငွေ့ အသက်တွေ ကျန်ရစ်ကြမယ်
ရှုမဆုံးတဲ့ အလွမ်းတွေ ငါပွေ့ ရင်း
တောင်ကုန်းလေးပေါ် ငါတက်ခဲ့တယ်
ညောင်ပင်က ဓမတေးကို ဆိုနေရဲ့
၇ိုးပြတ်တောက နေပူထဲမှာ ငိုနေရဲ့
ငါ့နှလုံးသားက လူ့ သမိုင်းထဲ လဲကျနေတယ်။
လွမ်းစေတီက မင်းနဲ့ ငါ့အကြောင်း
နှောင်းလူတွေကို ပြောပြမယ်။
တို့ နှစ်ယောက် လျှောက်ခဲ့ရတဲ့ ခရီးကို။
မိုဃ်းဇော်

ရနံ့ သစ် ။ အောက်တိုဘာ ၁၉၉၈
ဆက်လက်ဖတ်ရူ့ရန်

မိသားစု

မိသားစု

မိသားစုဆိုတာ
တယောက်ရှေ့ ရောက်ဖို့ 
တယောက်နောက်ဆုတ်ရတယ်။
သစ်ကိုင်းတကိုင်း တိုးထွက်ဖို့ 
သစ်ကိုင်းတကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူ ခြောက်ယောက်ရှိ လူခြောက်ယောက်
လက် ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို့ အတွက် အဆက်မပြတ်တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ၀င်ခဲ့တယ်
ယိုင်နဲ့ သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့ 
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်တွေ ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေ ငါးသွင်းခဲ့တာ။ ။
စိုင်းဝင်းမြင့်
ဆက်လက်ဖတ်ရူ့ရန်

ဘုရားကြီး

ဘုရားကြီး

ရင်ပြင်တော်ပေါ်
ဆည်းလည်းသံလေးတွေ အကင်းတဖြိုက်ဖြိုက်။
သံဝေဂကလည်း အညှာလွယ်တယ်။
သင်္ခါရကလည်း အညှာလွယ်တယ်။
သူတို့ နေထိုင်ခဲ့ကြောင်း
ယဉ်ယဉ်ကျေးကျေး ဖွဲ့ သီနိုင်ခဲ့ကြရဲ့။
မနှစ်ကအတိုင်းပါဘဲ။
ကိုယ်က သဲလမ်းလေးအတိုင်း လျှောက်ခဲ့တယ်။

ဆွေငြိမ်းသော်
ဆက်လက်ဖတ်ရူ့ရန်

ငါး

ငါး

ဒီဘ၀အပြင်
ဘယ်ဘ၀က ပိုကောင်းဦးမလဲ။
မရွေ့ မလျား
ငါတို့ ငြိမ်သက်နေတာ ငါတို့ ကူးခတ်ခြင်း။
အပြေးအလွှား
စိတ်ကိုလျော့လည်း
ကိုယ်က ပေါ့မသွား။
တကယ်တမ်း
ရေကို ထမ်းထားရသော ပွင့်ချပ်က တဖက်တည်း။ ။

ခင်ဇော်မြင့်
ဆက်လက်ဖတ်ရူ့ရန်

Girly glitter comments from www.GirlyTags.com ဆက်လက်ဖတ်ရူ့ရန်

ဆရာဖေမြင့် နှလုံးသားအာဟာရ ရသစာများ(ပထမအကြိမ်၊ နိုဝင်ဘာလ၊ ၁၉၉၇)မှ တဆင့် ကူုးယူဖော်ပြလိုက်သည်


ကောင်လေးနဲ့ခွေးလေး

စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တခု ထပ်ချိတ်သည်။ `ခွေးပေါက်က လေးမျှားရောင်းရန် ရှိသည်´တဲ့။ သည်ကျော်ကြော်ငြာမျိုးကို ကလေးတွေက အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။ `ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျာ´ သူကမေးသည်။ `ဒေါ်လာ ၃၀ က ၅၀ အထိဈေး အ စားစားရှိတယ်´ ဆိုင်ရှင်က ဖြေသည်။ ကောင်လေးက သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ `ကျွန်တော်မှာ ၂ ဒေါ်လာ နဲ့ ၃၇ ဆင့်ရှိတယ်။ ခွေးလေးတွေ ကျွန်တော် ကြည့်လို့ရမလားခင်ဗျာ´။ဆိုင်ရှင်က ပြုံးသည်။ထိုနောက် ခွေးအိမ်ထဲမှာ ရှိသည့် ခွေးမကြီးကို လေးချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နော်က ခွေးပေါက်ကလေး ငါးကောင် တန်းဆီ၍ လိုက်လာပါသည်။ ပိစိကွေးလေးတွေ ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေ ဖုံးကာ လုံးနေသည်။ အဲဒီအထဲမှာ တစ်ကောင်က ဟိုးနားမှာ ပြတ်ကျန်ခဲ့တယ်။ သူက ထော့တီးထော့နဲ့ လမ်းမလျှောက်တတ် သလို ။ ကောင်လေးက သည်ဟာလေးကို မြင်းတော့ ချက်ခြင်းစိတ်ဝင်စားသွားတယ်။ `ဒီခွေးက ဘာဖြစ်တာလဲဟင်´။ ခွေးကလေးက မွေးကတည်းက တင်ပါဆုံ အရိုးခွက် ပါမ လာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရိစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆို သည့်အကြောင်း ဆိုင်ရှင်ကြီးက ရှင်းပြသည်။ ကောင်လေးက ပို၍ စိတ်ဝင်စားသွားသည်။ `ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ´ သူကဆိုသည်။ `ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းလိုချင်ရင် ငါပေးပါ့မယ်´။ ဒီစကား ကြားတော့ ကောင်လေးက မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမှုအရာမျိုးနှင့်  ဆိုင်ရှင်ကြီးကို ပြန်ပြောသည်။ ` အလကားပေးတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျာ ၊ဒီခွေးလေးလည်း ကျန်တဲ့ခွေးလေးတွေနဲ့ တန်းတူတန်ဖိုးရှိတာပဲ၊တစ်ပြားသားမှ မလျော့ပါဘူး ကျွန်တော် တန်ဖိုးအပြည့်ပဲပေးမယ်။ ဒါပေမဲ့ ကျွန်တော်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ်၊ အခုအဲဒါ ယူထားပါ ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ပေးဆပ် ပါမယ်´။ သို့သော် စတိုးဆိုင်ရှင်က အလျော့မပေး။ `မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ် ပျက်သွားလိမ့်မယ်။ ဒီခွေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး။ မင်းနဲ့ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး´။ သည်အခါကျတော့ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်ဘီး အောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။ ´ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမြာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့´ တဲ့။ ကောင်းလေး ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ် တံများဖြင့် အားဖြင့်ပေးထားရလေသည်။

ဒီစာဖော်ပြရခြင်း ရည်ရွယ်ချက်မှာ တစ်ချို့သောသူများသည် ကိုယ့်အားနည်းချက်ကို မတွေ့ဘဲ သူများအားနည်းချက်ကိုသာ မြင်တတ်သည်။ အဲဒီအတွက် ဒီဘာသာပြန်လေးကို ဖတ်ပြီး ကိုယ်ကိုယ့်ပြန်သုံးသပ် ကြည့်ရင် အများကြီးတွေ့ရပါလိမ့်မယ်။

ဆရာဖေမြင့်

ဆက်လက်ဖတ်ရူ့ရန်

အသံနှစ်မျိုး

ကိုမာန်လှိုင်းငယ်ဆီကတဆင့်ကူးယူဖော်ပြလိုက်သည်။ ဒီမှာ သွားကြည့်လို့ရတယ်


အသံနှစ်မျိုး


ဆောင်းမနက်မှာ

အင်္ကျီလက်ရှည်ဝတ်

လက်အိတ်ကိုစွတ်ရင်း

လမ်းလျှောက်ထွက်ခဲ့တယ်။

တနေရာမှာ

`ဘယ်သွားမှာလဲ မိတ်ဆွေ´

မိတ်ဆွေတစ်ယောက်ရဲ့ နှုတ်ခွန်းဆက်သံ

ပြုံးရုံတာပြုံးရင်း

လမ်းဆက်လျှောက်ထွက်ခဲ့တယ်။

တကွေ့မှာ

`ကျန်းမာရေးအတွက်

လမ်းလျှောက်ထွက်နေတာလား´

ဆရာမ စင်သီတာမောင်ရဲ့အေးမြတဲ့အသံ

ဒါတော့မနေနိုင်

`ဟုတ်ကဲ့ ဆရာမ´

ပြန်ဖြေလိုက်ရင်း

လမ်းဆက်လျှောက်ထွက်ခဲ့တယ်။

မာန်လှိုင်းငယ်

ဆက်လက်ဖတ်ရူ့ရန်
လာအားပေးဖို့မျှော်လင့်ပါတယ်
အလည်လာကြပါ ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates