အလွမ်းညတည


ဒီဇင်ဘာလ၊ ဟေမန်ဆောင်းမှာ

အေးချမ်းတဲ့ ဆောင်းတွင်းလေက

တိုးဝှေစွာနဲ့ တိုက်ခိုက်နေချိန်

ငါ့ အလွမ်းတွေက

ဟိုးအဝေးမှာ လွင့်ပျံ့သွားတယ်။


ညအချိန်မှာ

ပတ်ဝန်းကျင်တခုလုံး

မည်းမှောင်စွာနဲ့ တိတ်ဆိတ်နေခိုက်

ငါ့ …သတိရစိတ်တွေက

အမှောင်ထုမှာ သင်းပျံ့နေတယ်။


အိပ်မရတဲ့အချိန်မှာ

ကောင်းကင်က ကြယ်နဲ့ လမင်းလေးကို

လွမ်းဆွတ်ကြေကွဲစွာနဲ့ မျှော်ကြည့်နေမိခိုက်

ငါ…အချစ်စိတ်တွေက

အတွေးကမ္ဘာနဲ့အတူ မျောလွင့်နေတယ်။


ယုန်ကလေး

3 comments:

Unknown said...

အေးချမ်းတဲ့ ဆောင်းတွင်းလေက

တိုးဝှေစွာနဲ့ တိုက်ခိုက်နေချိန်

ငါ့ အလွမ်းတွေက

ဟိုးအဝေးမှာ လွင့်ပျံ့သွားတယ်။

ကဗျာစာသားလေးတွေက
အလွမ်းအဆွေးဓါတ်ကိုဆွပေးနေသလိုပါပဲ....

Anonymous said...

ညီမငယ်လေးဒေးမူရေ...
ညီမလေးရဲ့အတွေးကမ္ဘာလေးထဲမှာလဲ
အမြဲပျော်ရွင်နိုင်ပါစေနော်...
ကောင်းလာပီနော် စာသားလေးတွေက...အဟဲ...:P

Mintasay said...

ရသမြောက်တယ်ဗျာ

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates