မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ


မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်ကစပြီး စစ်အစိုးရနဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)တို့ တိုက်ပွဲတွေဟာ အခုနောက်ဆုံး လွှတ်တော်သစ်တွေ စတင်ခေါ်ယူနေတဲ့ အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။


အခုလို စစ်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားလာတဲ့နောက်ပိုင်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်မှာလဲ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာခဲ့ပါတယ်။ တဆက်တည်းမှာပဲ စစ်ပြေးဒုက္ခသည်တွေလဲ ထိုင်းနိုင်ငံဘက်ခြမ်း အဆက်မပြတ်ထွက်ပြေးလာခဲ့ပါတယ်။


ကရင်ပြည်နယ်တွင်းက ဝေါလေ၊ ချောက်ခက် စတဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ကစလို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က လက်နက်ကြီး ကျည်ဆံတွေ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နယ်စပ်ဒေသက သောင်ရင်းမြစ်အနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး အခုအခါ ဆေးရုံတင် ကုသထားရတယ်လို့လည်း ထိုင်းအစိုးရ သတင်းတရပ်က ဖော်ပြခဲ့ပါတယ်။

ယုန်ကလေး



ဆက်လက်ဖတ်ရူ့ရန်

တာမွေမြို့က ခိုက်ရန်ဖြစ်ပွားမှု

ရန်ကုန် တာမွေမြို့နယ် ၊ မအူကုန်းရပ်ကွက်မှာ တပ်မတော် အရာရှိ အငြိမ်းစားတဦးဖြစ်တဲ့ ဗိုလ်မှူး စိုးဝင်းထိုက်နဲ့ တာမွေအရပ်သားတွေ ရေပိုက် ကွန်ကရစ်လောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့တဲ့ပေါ်မှာ အရပ်သားတွေအပေါ် တဖက်သတ် ဖိနှိမ့်တာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


အခုလ ၂၈ ရက်နေ့ကစပြီး အချင်းများခဲ့ရာမှာ ဗိုလ်မှူးက ၄င်းပိုင် အင်ပါယာ စားသောက်ဆိုင်မှဝန်ထမ်းများနှင့် ကြံ့ခိုင်ရေးပါတီဝင် အချို့ကို ဒိုင်နာကား ၂ စီးနှင့် တင်ဆောင်ခေါ်ယူလာကာ ရပ်ကွက်နေပြည်သူများ၊ လူငယ်များကို ဒုတ်၊ဒါး ၊ လက်နက်များနှင့် ရမ်းကားခဲ့ပါတယ်။

အရပ်သားခြင်း ခိုက်ရန်ဖြစ်ပွားတဲ့အပေါ်မှာ အာဏာပိုင်တွေဘက်က အဓိကလူတွေကိုဖမ်းဆီးအရေးယူခြင်းပြုလုပ်ခြင်းမရှိတဲ့အပြင် ရပ်ကွက်နေ အရပ်သားတွေကို တဖက်သတ် ဖမ်းဆီးခဲ့တာလဲဖြစ်ပါတယ်။

ရပ်ကွက်လူထုက ဖြောင့်ဖျပြီး ရဲများ ရောက်လာသောကြောင့်ရမ်းကားမှု ပြီးဆုံးခဲ့ပေမယ်လည်း ရမ်းကား သူကို အရေးမယူဘဲ၊ ရပ်ကွက်ထဲမှ မူဆလင် လူငယ်များဖြစ်သော ပူစီ ၊ ဘွန်း၊ ဟူစိန် ၊ မျိုးဝင်း ၊ ဟာလစ် ၊ ကိုမျိုး အပါအ၀င် လူငယ်များ ကိုဖမ်းဆီးသွား သောကြောင့် ရပ်ကွက်နေပြည်သူများ မကြေမနပ်ဖြစ်နေကြပါတယ်။

၎င်းနှင့် အချင်းများသူမှာ အစ္စလာမ် ဘာသာဝင်ဖြစ်တာကြောင့် ဘာသာရေး ပဋိပက္ခအသွင်မျိုးဆောင်ကာ ၄င်းဘက်မှ ဗမာလူငယ်များပါဝင်လာစေရန် ရမ်းကားခဲ့တာဖြစ်ပါတယ်။


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ဆောင်းကဗျာပန်းချီပြပွဲ

ဆောင်းကဗျာလို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲလေးကိုဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တန်းမှာရှိတဲ့
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို)မှာ ကျင်းပသွားပါတယ် ဒီပန်းချီပြပွဲကို ဒီလ ၂၇ ရက်နေ့ကနေ လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွှတ်လာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ အရင်နှစ်တွေထက် ပိုမိုလာကြတာဖြစ်တဲ့အတွက် ပန်ချီပြပွဲတွေကိုလဲ အဆက်မပြတ်ကျင်းပလာတာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

BGF Defectors' Families Abducted



Type your summary hereType rest of the post here ဆက်လက်ဖတ်ရူ့ရန်

ခလုတ်မှန်းမသိလို့ပါကွယ်


Written by ကိုစွမ်း

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက်၊ ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့ နေကြတယ်။

သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင် အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင် လာခဲ့ပါလေရော။ ခက်ပြီ။ အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ အရှက် ဟက်တက် ကွဲတော့မှာပဲ။

လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။

အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက “အချစ်ရဲ့ ခြေချောင်းလေးတွေက
လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့ ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။ မိန်းမပျိုမှာ အောင့်ထားလို့ မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ လေလည်လိုက်မိသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို ဖြစ်သွားတယ်။ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ ချော့မော့တောင်းပန် လိုက်တာက “အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိ စေရပါဘူးနော်”တဲ့။

ကိုစွမ်း

ဆက်လက်ဖတ်ရူ့ရန်

နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်


ဧရာဝတီ Wednesday, 26 January 2011 18:47

ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နအဖ တပ်ဖွဲ့ဝင်တချို့ထိုင်းနယ်မြေဘက်မှ ၀င်ရောက် တိုက်ခိုက်မှုပြုလုပ်သည်ဟု DKBA ကလိုထူးဘော ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က ဧရာဝတီ သို့ ပြောသည်။

၎င်းက"ဒီမနက် ၇ နာရီကစပြီးကျနော်တို့ ချောင့်ခက်စခန်းရှိတဲ့နယ်မြေကို နအဖ တပ်တွေက ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးတွေနဲ့ပစ်တာ အလုံး ၁၀၀ ကျော်သွားပြီ၊ အခုမွန်းလွှဲ ၃ နာရီ ခွဲ ရှိပြီ၊ တိုက်ပွဲကမပြီးသေးဘူး၊ တိုက်ပွဲက ထိပ်တိုက် ရင် ဆိုင် တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့စခန်းကို နအဖ တပ်တွေက အနောက်ကနေ၀င်တိုက်ဖို့ ထိုင်းဘက်ခြမ်း ချောင့်ခက်ရွာကနေ အရပ်ဝတ်တွေနဲ့ဝင်ပြီး တိုက်တာတွေရှိတယ်၊ တိုက်ပွဲကတော့ တိုက်နေတုန်းပဲ၊ စခန်းကိုတော့ထိန်းထားနိုင်ပါတယ်" ဟု ပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ၀င်ရောက်ခဲ့မှုကို ထိုင်း နယ်ခြားစောင့် တပ်များက တစုံတရာ ဟန့်တား အရေးယူမှုများ ပြုလုပ်ခြင်း မရှိဟုလည်း ဗိုလ်မှူးကြီး ကျော်သက်က ဆက်လက်ပြောကြားသည်။

တိုက်ပွဲတွင် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခမရ ၅၄၆-၅၄၈- ၅၄၉ နှင့် စကခ ၉ လက်အောက်ခံ ၃၅၆-၃၅၇ တပ်ရင်းများ၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ပါရှိ ပြီး နအဖ ဘက်မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၄ ဦး ကျဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု DKBA ဘက်က ပြောသည်။

တိုက်ပွဲ၌ ထိခိုက်ဒဏ်ရာရရှိသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ယနေ့တွင် တဦးမျှ ရောက်ရှိလာခြင်းမရှိဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ကုသဌာနမှ သူနာပြု တဦးက ပြောသည်။

ထိုင်းနယ်စပ် အာဏာပိုင်များက ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ် ပွားသည့်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရရှိခဲ့ကြသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင်ဆေးဝါးကုသခွင့်နှင့် ထိုင်းနယ် မှ တဆင့် မြန်မာနိုင်ငံ ဘက်သို့ သယ်ဆောင်မှုများကို ခွင့်ပြု ထားသည်။

အဆိုပါ ဒေသတွင် တာဝန်ကျသည့် ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် တပ်ကြပ်တဦးက ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲမှာပြင်း ထန် သော်လည်း ထိုင်းနိုင်ငံဘက်သို့လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းမရှိကြောင်းနှင့် နအဖ တပ်ဖွဲ့ဝင်များထိုင်းဘက်မှ တဆင့် မြန်မာဘက်ကူးကာ DKBA ကို ၀င်တိုက်သည့်ကိစ္စကိုလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

ယနေ့ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းရှိ ချောင့်ခက်နှင့် အူးကလေးထာ့ ရွာများ မှ ရွာသား ၂၀၀ ကျော်ထိုင်း
နိုင်ငံ ဖုတ်တရ မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ DKBA အဖွဲ့က နအဖ တပ်ဖွဲ့ဝင် သုံ့ပန်းတချို့နှင့် လက်နက်ကြီးကျည် တချို့ဖမ်းဆီး ရမိ ထားသည်ဟု ဗိုလ်မှူးကြီးကျော်သက်ကပြောသည်။

ဆက်လက်ဖတ်ရူ့ရန်

DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း


ဧရာဝတီ Tuesday, 25 January 2011 18:54

ကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င် တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) သို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့သည်။

KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)


KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ခွဲမှူး စောနေဘလူးထူးက “DKBA ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုး အတွက် ကျနော်တို့ကို နအဖဆီ တဖက်လှည့်နဲ့ ရောင်းလိုက်ပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ သူတို့သာ ကြီးပွား ချမ်းသာသွားပြီး အောက်ခြေ ရဲဘော်တွေကတော့ နအဖ ကျွန်ဖြစ်နေတာပဲ အဖတ်တင်တယ်။ ကိုယ့်အမျိုးသားရေး အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့တဲ့အပြင် အခု ကရင်အချင်းချင်း ပြန်တိုက် နေရတယ်။ ဒါ့ကြောင့် KNU နဲ့ ပြန်လာပေါင်းတာ ဖြစ်တယ်ဟု ဧရာဝတီသို့ ပြောသည်။

လာရောက် ပူးပေါင်းသည့် အဆိုပါတပ်ဖွဲ့ဝင် ၁၇ ဦးအနက် ၁၆ ဦးသည် KNU တပ်မဟာ ၇ နှင့် အတူ တိုက်ပွဲဝင်ရန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မာနယ်ပလော ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

KNU
တပ်မဟာ ၇ မှ ဗိုလ်ကြီး မျိုးမင်းသူက ပြန်လည် ပူးပေါင်းလာသူတွေရဲ့ ဆန္ဒအတိုင်းပဲ အကူအညီ ပေးပါတယ်။ သာမန် အရပ်သားလို နေချင်လည်း ရတယ်။ တပ်ထဲမှာပဲ ပြန်လုပ်ချင်လည်း ရတယ်။ သူတို့သဘောဆန္ဒ အတိုင်းပါပဲဟု ပြောသည်။

ယခုနှစ်ဆန်းမှစ၍ KNU တပ်မဟာ (၇) သို့လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၂၆) ဦးအထိ ရှိနေပြီဖြစ်ပြီး လာ ရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မာနယ်ပလောတိုက်ပွဲမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ၂၉ ဦးတို့ကို အကူ အညီများ ပေးခဲ့သည်ဟု ဗိုလ်ကြီးမျိုးမင်းသူက ဆက်လက်ပြောဆိုသည်။

ဆက်လက်ဖတ်ရူ့ရန်

Unease Over Draft of Burma's Military Service




ဆက်လက်ဖတ်ရူ့ရန်

တစ်ခဏတာ ပြုံးနိုင်ဖို့ရာ



တစ်ခါတလေမှာ ဘာမှမဟုတ် စကားလုံးလေး၊ အဖြစ်အပျက် လေးက ရှုပ်ထွေး နောက်ကျိနေတဲ့ စိတ်တွေကို ပြေလျော့ သွားစေ နိုင်ပါတယ်။

အဲဒါကြောင့် အခုတစ်လော အင်တာနက် စာမျက်နှာမှာ ဖတ်ဖြစ်လိုက်တဲ့ ဟာသလေးတွေ မျှဝေ ပေးလိုက် ရပါတယ်။

တကယ် ကံဆိုးတဲ့နေ့

စားသောက်ဆိုင် တစ်ဆိုင်မှာ လူတစ်ယောက် ငူငူငေါင်ငေါင်ထိုင်ပြီး သူ သောက်မယ့် ဖန်ခွက်ကို စိုက်ကြည့်နေတာ နာရီဝက်လောက် ရှိပါပြီ။ အဲဒီအချိန်မှာ အင်မတန် ပြဿနာ ရှာတတ်တဲ့ ကုန်ကားမောင်း သမား တစ်ဦး ရောက်လာပြီး ဖန်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်တယ် ဆိုရင်ပဲ ဖန်ခွက် ပိုင်ရှင်ခမျာ စတင် ငိုကြွေးပါတော့တယ်။

ကုန်ကားမောင်းသမားလည်း မနေနိုင်တော့ဘဲ...
ဟေ့လူ ကျုပ်က ခင်ဗျားကို နောက်တာပါ။ ရော့ ခင်ဗျားအတွက် ကျုပ် နောက်တစ်ခွက် ပြန်ဝယ် တိုက်လိုက်မယ်။
ကျုပ်က ယောက်ျားကြီး တန်မယ့် ငိုတာမျိုးကို ဘယ်လိုမှ သည်းမခံနိုင်ဘူးလို့ ပြောချပစ်လိုက်ပါတယ်။

အဲဒီအချိန် ကျတော့မှ ငိုကြီး ချက်မနဲ့...

မဟုတ်ဘူး။ အဲဒီလို မဟုတ်ဘူး။ ဒီနေ့က ကျုပ်အတွက် ကံအဆိုးဆုံး နေ့ပါပဲဗျာ။ နောက်ကျလို့ အလုပ် ထုတ်ခံရတဲ့ ကြားထဲ ကျွန်တော့် ကားကလည်း အခိုးခံရတယ်။ တက္ကစီ ငှားပြီး အိမ်အပြန် အလာမှာ ပိုက်ဆံအိတ်နဲ့ ကြွေးဝယ်ကတ်တွေ အားလုံး တက္ကစီပေါ်မှာ ပါသွားပြန်တယ်။ အိမ်ရောက်တော့ ခြံစောင့်က ကျွန်တော်တို့ လင်မယားရဲ့ အိပ်ရာပေါ်မှာ ရောက်နေတယ်။ အဲဒါကြောင့် ဒီကို ရောက်လာပြီး ကျွန်တော့် ဘ၀ကို အဆုံး စီရင်မလို့ လုပ်နေတုန်း ခင်ဗျား ရောက်လာပြီး အဆိပ် ထည့်ထားတဲ့ ဖန်ခွက်ကို မော့ချ ပစ်လိုက်တာလေဗျာလို့ ပြောရှာတယ်။

Disney Password (
လျှို့ဝှက်နံပါတ်)

ကျွန်မရဲ့ ကလေးတွေက အင်တာနက် သုံးရတာကို အင်မတန် သဘော ကျပါတယ်။ တစ်နေ့ ကျွန်မ သတိ ပြုမိတာက ကျွန်မသားရဲ့ Password က Mickey Minnie Goofy Pluto ဆိုတာပါပဲ။ ကျွန်မသားလည်း အဲဒီလောက် ရှည်လျားတဲ့ Password ပေးထားရခြင်း အကြောင်း မေးဖြစ်တယ်။

သား ရှင်းပြတာက
“Password
မှာ အနည်းဆုံး Character (ဇာတ်ကောင်)လေးခုပါရမယ်ဆိုလို့ပါတဲ့ရှင်။

အကြည့်

မနက်စာ သုံးဆောင်နေတဲ့ ဧည့်သည်က ဆိုင်ဝန်ထမ်းကိုခင်ဗျားရဲ့ ခွေးက အဲဒီမှာ ထိုင်ပြီး ကျွန်တော် စားသောက် နေတာကို ဘာကြောင့် စောင့်ကြည့် နေရတာလဲလို့ အပြစ် ရှာတယ်ဆိုရင်ပဲ ဆိုင်ဝန်ထမ်းလေးကလည်း ကျွန်တော်လည်း ပြောမပြ တတ်အောင်ပါပဲ ခင်ဗျာ။ လူကြီးမင်း စားနေတဲ့ ပန်းကန်က သူ စားနေကျ ပန်းကန် ဖြစ်နေလို့ များလား မသိပါဘူးလို့ ဖြေလိုက်တယ်လေ။

အဖေလိုပဲ စေ့စပ်ကြောင်း လမ်းတော့မယ့် သတို့သမီးလောင်းလေးက အမေ ရှိရာကို ရောက်လာပြီး
အမေရေ သမီးတော့ အဖေ့လို ယောက်ျား တစ်ယောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့
ဝမ်းသာအားရ ပြောပါတယ်။

အဲဒီအခါ အမေဖြစ်သူ ပြန်ပြောလိုက်တာက...
အဲဒီတော့ သမီးက မေမေ့ဆီကနေ သနား ကရုဏာသက်မှုတွေ လိုချင်တယ် ဆိုပါတော့..တဲ့။

တက္ကစီ

တက္ကစီ စီးလာတဲ့ ခရီးသည် တစ်ဦးက ယာဉ်မောင်းကို မေးစရာ တစ်ခုရှိတာကြောင့် ပခုံးကို လှမ်းပုတ် လိုက်ပါတယ်။ အဲဒီ အချိန်မှာ ယာဉ်မောင်းက ကြောက်လန့်တကြား ထအော်ပြီး သတိလက်လွတ် ဖြစ်သွားလိုက်တာ ဘတ်စ်ကား တစ်စီးကို ၀င်တိုက်လု နီးနီးပါပဲ။ ခဏနေလို့ ကိုယ့်ကိုယ်ကို ပြန်ပြီး ထိန်းချုပ်နိုင်တဲ့ အချိန်ကျတော့မှ ယာဉ်မောင်းက...
ကျေးဇူးပြုပြီးတော့ နောက်ကို အဲဒီလို မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်အတွက် မှောင်အတိ ကျသွားသလို ချောက်ချားစရာ ကောင်းလွန်းလို့ပါဆိုပြီး ပြောပါတယ်။

မယုံကြည် နိုင်လောက်တဲ့ အဖြစ်အပျက်ကြောင့် တော်တော်လေး တုန်လှုပ်သွားတဲ့ ခရီးသည်က ယာဉ်မောင်းကို တောင်းပန်ပြီး ဘယ်လိုကြောင့် အဲဒီလောက် ချောက်ချား သွေးပျက် သွားရတာလဲလို့ မေးလိုက်တယ် ဆိုရင်ပဲ ယာဉ်မောင်းက...
စိတ်မရှိပါနဲ့ဗျာ။ ခင်ဗျားရဲ့ အမှား လုံးဝ မဟုတ်ပါဘူး ခင်ဗျာ။ ဒီနေ့က ကျွန်တော် တက္ကစီ ပထမဆုံး စမောင်းတဲ့ နေ့ပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်စလုံး ကျွန်တော်က နိဗ္ဗာန်ယာဉ် မောင်းလာခဲ့ရတာပါလို့ ဖြေရှင်းချက် ထုတ်လိုက်လေရဲ့။

နေလွင်
(Teen
မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

ဆက်လက်ဖတ်ရူ့ရန်

စိတ်ဖိစီးမှုတွေ လျော့ပါးစေဖို့







အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းမှာ ကျောင်းသားလည်း ကျောင်းသားအလျောက်၊ အလုပ်သမားလည်း အလုပ်သမား အလျောက် နိစ္စဓူဝ လှုပ်ရှားရုန်းကန် နေကြရတာပါ။

အဲဒီအခါမှာ စိတ်ဖိစီးမှုတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် လာကြရပါတယ်။ စိတ်ဖိစီးမှုတွေ နေ့စဉ် ခံစား နေရသူများ အတွက် အင်တာနက် စာမျက်နှာများ ထက်မှာ လှန်လှော ရှာဖွေထားတဲ့ နည်းလမ်း တချို့ မျှဝေ ပေးလိုက်ပါရစေ။

(
၁) အိပ်ရေးဝအောင် အိပ်စက်ပါ။

လူတစ်ယောက်ဟာ အနည်းဆုံး ၆ နာရီတော့ အိပ်စက် သင့်ပါတယ်။ လူငယ်တွေ အနေနဲ့ ၈ နာရီနီးပါး အိပ်စက်ခြင်းက ပိုပြီး သင့်တော်ပါတယ်။ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည် ပြည့်ဝစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျ စေပါတယ်။

(
၂) လုပ်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာကို သိပါစေ။

တစ်ခါတလေ အလုပ်တွေကို လောဘတကြီး လုပ်ရင်းက မနိုင်ဝန် ထမ်းထားရသလို ဖြစ်ပြီး ၀န်ပိတဲ့ ဒဏ်ကို ခံစားကြရပါတယ်။ အဲဒါကြောင့် ၀န်ထုပ်ဝန်ပိုး ဖြစ်မယ့် အပိုအလုပ်တွေကို ဟင့်အင်း လို့ ငြင်းနိုင်စွမ်း ရှိဖို့ လိုပါတယ်။

(
၃) သင့်တင့် မျှတစွာ စားသောက်ပါ။

အစား မကျူးပါနဲ့။ အစားအစာတွေကို ချင့်ချိန် ရွေးချယ်ပြီးမှ စားသောက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ် အတွက် လိုအပ်မယ့် ကာဗိုဟိုက်ဒရိုက်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေ သင့်တင့် မျှတစွာ ပါဝင်နေတဲ့ အစားအသောက်တွေကို နေ့စဉ် သုံးဆောင်ပါ။

(
၎) လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း လုပ်ခြင်းက ကျန်းမာကြံ့ခိုင် သက်လုံ ကောင်းစေသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျ စေပါတယ်။ မနက်မိုးလင်း အိပ်ရာနိုးနိုးချင်း အနည်းဆုံး ၁၀ မိနစ်တော့ နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ လမ်းများများ လျှောက်ပါ။ ဓာတ်လှေကား အစား လှေကားကနေ အတက်အဆင်း လုပ်ပါ။

(
၅) အစီအစဉ် ရေးဆွဲပါ။

ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာတွေကို သေချာ အစီအစဉ် ရေးဆွဲ ထားခြင်းက အချိန်နဲ့ ငွေကို ချွေတာရာ ရောက်သလို စွမ်းအင်တွေ အလဟဿ ကုန်ဆုံးခြင်းမှလည်း ကာကွယ် ပေးပါတယ်။

(
၆) အနားယူ အပန်းဖြေပါ။

ကြိုးကြိုးစားစား စိတ်အား ထက်သန်မှု အပြည့်နဲ့ အလုပ် လုပ်ပြီးတဲ့ အချိန်မှာ ပျော်စရာလေးတွေ အတွက် အချိန်သီးသန့် ပေးဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး အချိန်များ ကုန်ဆုံးပါစေ။ အလုပ် ကိစ္စတွေ အားလုံး စိတ်ထဲက ခဏ ထုတ်ထားလိုက်ပါ။

(
၇) ရယ်မော ပျော်ရွှင်ပါ။

ကိုယ်တိုင် ပျော်ရွှင်စွာ နေထိုင်သလို တခြား သူများလည်း ရယ်မော ပျော်ရွှင်စေနိုင်ဖို့ ကြိုးစားပါ။ အသေးအမွှား အရာလေးတွေထဲမှာ ရယ်မော ပျော်ရွှင်စရာများ ရှာဖွေပါ။ မှားယွင်း ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့ အခါ ရယ်မော ပျော်ရွှင်စွာ နေနိုင်အောင် ကြိုးစားပါ။

(
၈)ခွင့်လွှတ်ပါ။

မုန်းတီး နာကြည်းခြင်းရဲ့ အကျိုး သက်ရောက်မှုက ကိုယ့်ကိုယ်ကိုသာ ဖြစ်တတ်ပါတယ်။ အမုန်းတွေ သယ်ပိုး ထားရတဲ့ အခါ စိတ်ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစား ရတတ်ပါတယ်။ ခွင့်လွှတ်လိုက်ခြင်းကသာ လွတ်လပ် ပေါ့ပါးတဲ့ ပျော်ရွှင်မှုကို သယ်ဆောင် လာမှာပါ။

(
၉) ဆုတောင်းပါ။(ဒါမှမဟုတ်) တရားထိုင်ပါ။

အိပ်ရာ ၀င်ခါနီးမှာ သမ္မာကျမ်းစာ ဖတ်တာမျိုး၊ ဒါမှမဟုတ် တရား ထိုင်တာမျိုးက လန်းဆန်း ကြည်လင်စွာ နိုးထခြင်းမျိုးကို ပေးစွမ်း နိုင်ပါတယ်။

(
၁၀)လူအများနဲ့ ရင်းနှီး ခင်မင်စွာ ပေါင်းသင်းပါ။

ပွင့်လင်း ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ လူတစ်ယောက် ဖြစ်ပါစေ။ လူအများနဲ့ စကားပြောပါ။ မေတ္တာရှိရာ မေတ္တာ လာတတ်ပါတယ်။

နေလွင်
Ref: www.ehow.com
(Teen
မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

သူငယ်ချင်းတို့အားလုံး ဒီစာကိုဖတ်ပြီးရင်တော့ ကိုယ်ရဲ့အိပ်ချိန် (ကျန်းမာရေး) ကို ဂရုစိုက်ပေတော့နော်...

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates