ဆိုင်းဘုတ်အဟောင်းဖြုတ်ချပြီး ဆိုင်းဘုတ်အသစ်မတင်နိုင်သေး



မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် မြို့နယ်နဲ့ ရပ်ကွက် အချို့ရှိ အုပ်ချုပ်ရေးရုံး ဆိုင်ရာ ဆိုင်းဘုတ်အဟောင်းတွေကို ဖြုတ်ချထားပေမယ့် ဆိုင်းဘုတ် အသစ် တင်ရေးနဲ့ ပါတ်သက်လို့တော့ မရေမရာ ဖြစ်နေကြပါတယ်။

အစိုးရသစ်ကို အာဏာလွဲပြောင်းလိုက်တဲ့ မတ်လ (၃၀) ရက်နေ့မှာပဲ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မ.ယ.က ရုံးရဲ့ ဖွဲ့စည်း အုပ်ချုပ်ရေး ပိုင်းတွေကို စတင် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။

ပြောင်းလဲမှုကတော့ မနေ့က စပြောင်းတယ်။ အုပ်ချုပ်ရေး အပိုင်းမှာလေ။ အရင်က ဖွဲ့စည်းပုံမှာတော့ ဥက္ကဌ (၁) ယောက်၊ အဖွဲ့ဝင် (၂) ယောက်၊ စာရေးမ (၁) ယောက်။ အခု ဖွဲ့စည်းပုံမှာကတော့ အုပ်ချုပ်ရေးမှူး (၁) ယောက်၊ အဖွဲ့ဝင် (၁) ယောက်၊ စာရေးမ (၁)ယောက် ပေါ့လေ” လို့ စီတာပူ ရပ်ကွက်မှာရှိတဲ့ မယက ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

ဒီကနေ့ ၁၂ နာရီမှာတော့ မ.ယ.က ရုံး ဆိုင်းဘုတ်တွေကို မြို့နယ်အုပ်ချုပ်ရုံးလို့ ပြောင်းလဲ တပ်ဆင်ဖို့အတွက် ဖြုတ်ချ ထားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆိုင်းဘုတ် အဟောင်းတွေကို ဖြုတ်ထားရပေမယ့် ဆိုင်းဘုတ်အသစ်နဲ့ ပါတ်သက်ပြီး ဘာမှ မသိရသေးဘူး လို့ သူက ဆက်ပြောပါတယ်။

ဆိုင်းဘုတ် ဖြုတ်လိုက်တာတခုပဲ ထူးခြားမှုရှိတယ်။ စနေနေ့တိုင်း အစည်းအဝေးရှိတယ်၊ အဲ့ဒီကျမှ အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်အကြောင်းနဲ့ ပါတ်သက်ပြီး နယ်မြေမှူးတွေကို ပြန်တင်ပြမှာလေ”

ရှမ်းပြည်နယ် တာချီလိတ်မြို့ ပုန်းထွန် ရပ်ကွက်မှာလည်း ရ.ယ.က ရုံးက ဆိုင်းဘုတ်တွေကို ဖြုတ်ချထားပြီး ဖြစ်တယ်လို့ ရ.ယ.က ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

ဟုတ်ကဲ့ မနေ့က ဖြုတ်တော့ ဖြုတ်ထားတယ်။ ဘာလို အစီအစဉ်လာမလဲ မသိသေးဘူး။ တင်ရင် အကုန်လုံးတူတူတင်မယ်။ ဘယ်တော့ တင်မလဲဆိုတာတော့ မသိသေးဘူး။” လို့ တာချီလိတ် ပုန်းထွန်ရပ်ကွက်မှာရှိတဲ့ ရ.ယ.က ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

အလားတူ ကယားပြည်နယ်၊ ဒီမောဆိုးမြို့ စည်ပင်သာယာ ရပ်ကွက်ရှိ ရ.ယ.က ရုံးက ဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ချထားပြီ ဖြစ်ပါတယ်။

နိုင်ငံတော် အဆင့်မှာ နအဖ လို့ခေါ်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ ကိုဖျက်သိမ်းခဲ့ ပြီး နိုင်ငံတော် သမ္မတက အုပ်ချုပ်သလို မြို့နယ် နဲ့ ရပ်ကွက်အဆင့် မှာလည်း မ.ယ.က၊ ရယက ရုံးတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလို့ အမည်ပြောင်းလဲ ခေါ်ဆိုလိုက်တာ ဖြစ်ပါတယ်။


ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

ကော့ကရိတ် တိုက်ပွဲ KNU မတိုက်ခဲ့ကြောင်း ငြင်းဆို


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ KNU ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအချို့ ဒဏ်ရာ ရရှိကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာကို ကရင်အမျိုးသား အစည်းအရုံး (KNU) က မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုလိုက်ပါတယ်။

တိုက်ပွဲဖြစ်ခဲ့ ပေမယ့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ကရင်အမျိုးသား တပ်မတော် တပ်ရင်း (၁၀၁) ဒု တပ်ရင်းမှူး ဗိုလ်မှူး ဖေါဒို့က ပြောပါတယ်။

“KNUက မဟုတ်ဘူး။ အဲဒီမှာ DKBA က ဗိုလ်ကျော်သက်တို့ အဖွဲ့ပဲ ရှိတယ်။ ကော့ကရိတ်မြို့အတွင်းပိုင်းလောက် ကျတယ်လေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရဲ့ စစ်ဆေးရေးဂိတ်တခုကို (DKBA) တပ်မဟာ ၅ က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် နအဖဘက်က ကျဆုံးမှုရှိတယ်လို့လည်း သူကဆိုပါတယ်။

မနေ့က မွန်းလွဲ တစ်နာရီ အချိန်လောက်မှာ ဖြစ်တယ်။ DKBA ဘက်က ပြောတာက ရန်သူ ခမရ (၂၃၀) က ၄ ဦး သေတယ်။ ၃ ယောက် ဦး ဒဏ်ရာ ရတယ်။ ရွာသားတစ်ဦး ဒဏ်ရာ ရတယ်။ ရွာသားတွေက DKBA ကို သတင်းပေးလို့ သိရတာပေါ့

မြန်မာ့အလင်း သတင်းစာထဲမှာတော့ ဒဏ်ရာရရှိတဲ့ ပြည်သူ (၂) ဦးကိုတော့ ကောကရိတ်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါး ကုပေးထားကြောင်းနဲ့ KNU တွေကို တပ်မတော် စစ်ကြောင်းက လိုက်ပြီး ရှင်းလင်းနေတယ်လို့ ရေးထားပါတယ်။

အဲဒီ့သတင်းစာ ထဲမှာပဲ ကရင်ပြည်နယ် ဖာပွန်မြို့မှာ KNU ထောင်ထားတဲ့ မိုင်း ပေါက်ကွဲတဲ့အတွက် ရွာသား (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိတယ်လို့လည်း သီးခြား ဖော်ပြထားပါတယ်။

အဲ့ဒီဒေသမှာ KNU အပြင် နအဖ နဲ့ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ DKBA အဖွဲ့တွေလည်း ဗုံး ထောင်လေ့ ရှိကြောင်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောပါတယ်။

ဘယ်ဗုံးက ဘယ်သူ့ ဗုံးလဲဆိုတာကတော့ ဘယ်မှာ သွားပြောလို့ရမလဲ။ ဒါကြောင့်မို့လို့ ဒီလိုမျိုး စွပ်စွဲတဲ့ ဟာကတော့ ဦးတဲ့သူက ပေါက်တဲ့ဟာ ထိတဲ့ဟာ ငါဟာမဟုတ်ဘူး ဆိုပြီးတော့ ပြောလို့ ရနေတာပဲ။ ဒါကတော့ အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေက အသိဆုံးပါပဲ။ ဘယ်သူကထောင်လေ့ရှိသလဲဆိုတာ

၁၉၉၄ ခုနှစ်မှာ KNU ကနေ ခွဲထွက်သွားတဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဟာ နအဖနဲ့ အပစ်အခတ် ရပ်စဲရေး ယူထားပြီးတဲ့နောက်မှာ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ အဖွဲ့ရှိသလို၊ လက်မခံတဲ့ အဖွဲ့လည်း ကျန်ရှိ နေတာဖြစ်ပါတယ်။

ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

ရပ်ကွက်ရုံး ဆိုင်းဘုတ်ပြောင်း


ဒီကနေ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်း ပေးလိုက်ပြီးတဲ့နောက် ရပ်ကွက်တွေက ရုံးဆိုင်းဘုတ်တွေ ပြောင်းလဲတပ်ဆင်နေပြီ ဖြစ်ပါတယ်။

နအဖစစ်အစိုးရ ဥက္ကဌ ဗိုလ်မှူးကြီး သန်းရွှေ အမိန့်နဲ့ နအဖ အာဏာအရပ်ရပ်ကို သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက် အခုလို ရပ်ကွက်တွေ ရုံး၊ ဆိုင်းဘုတ်တွေ စတင်ပြောင်းလဲနေတာ ဖြစ်ပါတယ်။


ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

Crossing Salween - Short Film Trailer



ဆက်လက်ဖတ်ရူ့ရန်

လျှပ်စစ် တာဝါတိုင် ဖေါက်ခွဲခံရ

မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာ လျှပ်စစ် ဓါတ်အားပေး တာဝါတိုင်တစ်ခု ဖေါက်ခွဲ ဖျက်စီးခံရတဲ့ အတွက် ဘီးလင်း၊ သထုံနဲ့ မော်လမြိုင်မြို့တွေမှာ လျှပ်စစ် ဓါတ်အား ပြတ်တောက်နေတယ်လို့ မွန်ဒေသခံတွေ က ပြောကြပါတယ်။

ပြီးတဲ့အပတ် သောကြာနေ့ မတ်လ (၂၄) ရက်နေ့ က သထုံ-ဘီးလင်း ကားလမ်းမရဲ့ အရှေ့ဘက် (၁) မိုင်ကျော်မှာ ရှိတဲ့ လျှပ်စစ် ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲခံရတာ ဖြစ်ပြီး ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ အခုထိ မသိရပါသေးပါဘူး။

ဘီးလင်းမြို့ဈေးထဲက ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပေါက်ကွဲမှုအကြောင်းကို အခုလိုပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တာတော့ ဟုတ်တယ်။ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ညဖက် (၂) နာရီ လောက်က ဖြစ်တာ။ ထိခိုက် ဒဏ်ရာ ရတာတွေတော့ မကြားဘူး။ ပျက်စီးသွားတာတော့ သိတယ်။ မီးတွေတော့ ပြတ်သွားတယ်လေ

အဲဒီပေါက်ကွဲမှုနောက်ပိုင်းမှာ လျှပ်စစ်ဖြန့်ဝေရေးဌာနက လျှပ်စစ် မီးပျက်မယ်ဆိုတဲ့ အကြောင်းကို ကားနဲ့ လှည့်လည် ကြေညာပြီး အသိပေးခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေ က ပြောပါတယ်။

လျှပ်စစ်မီးမလာတဲ့အတွက် အင်တာနက်ဆိုင်တချို့ပိတ်ထားရတယ်လို့လည်း မော်လမြိုင်မြို့က အင်တာနက်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောပါတယ်

အင်တာနက်ဆိုင်မှာတော့ မီးမလာတဲ့အတွက် မီးစက်မောင်းပြီးတော့ ဖွင့်ထားရတယ်။ တခြားဆိုင်တွေကတော့ ပိတ်ထားတာ တွေ့တယ်

ဒီ တာဝါတိုင်ဟာ မွန်ပြည်နယ် အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးမှာ အဓိကကျတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ လည်း ဖြစ်ပါတယ်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ကော့ကရိတ်မှာ တိုက်ခိုက်မှုဖြစ်ပွား

ဒီကနေ့ နေ့လည် ၂ နာရီခန့်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့က ခလရ ၉၇ နဲ့ မြို့အဝင် အဖွဲ့ပေါင်းစုံ စစ်ဆေးရေး ဂိတ်လုပ်ထားတဲ့ ချက်ပွိုင့် စတဲ့ နေရာ နှစ်ခုကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကော့ကရိတ်မြို့ခံတဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ

တိုက်ပွဲဖြစ်တယ် နေ့ခင် ၂ နာရီလောက်ကပဲ၊ ၉၇ ထဲကို လက်နက်ကြီး ၂ လုံးကျသံကြားတယ်။ ချက်ပွိုင့်ကိုလည်း ပစ်တယ်။ ဆေးရုံဘက်တော့ ဒဏ်ရာရ ရဲဘော် ၂ ဦး သယ်သွားတာတွေ့တယ်။ ပစ်သံခတ်သံတွေကြားတော့ ဆိုင်တွေ လည်း ပိတ်ကုန်တယ်၊ ရာသီဥတုကလည်း မကောင်းတော့ အိမ်မှာပဲ ပုန်းနေရတယ်လို့ ပြောပြသွားပါတယ်။

Source: Naytthit

ဆက်လက်ဖတ်ရူ့ရန်

ဂျာနယ်နှင့် မဂ္ဂဇင်းစောင်များ စာပေစိစစ်ရေး ကင်းလွတ်ခွင့်ရ

မြန်မာနိုင်ငံမှာအစိုးရသစ် ပေါ်လာပြီး နောက်ပိုင်း ယခု ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများကို စာပေစိစစ်ကိုတင်ထံစရာ မလိုဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စုစုပေါင်း ဂျာနယ်အမျိုးအစားပေါင်း ၁၇၂ ရှိရာ အဲဒီထဲမှ စောင်ရေ ၈၄စောင်နဲ့ မဂ္ဂဇင်း ၁၈၄စောင်ထဲမှ ၁၁၃ စောင်တို့ကို ကင်းလွှတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်လို့ အလဲဗင်း မီဒီယာဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာတော့ အနုပညာသုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စတာတွေကို စာပေစိစိရေးကို ကြိုတင်ပို့စရာမလိုပဲ ပုံနှိပ်ပြီး အချောစာစောင်၊ စာအုပ်တွေကိုသာ စာပေစိစစ်ရေးဌာနနဲ့ မှတ်ပုံတင်ဌာနကို တင်ပြရမယ်လို့ သိရပါတယ်။

အခုလို စိစစ်ရေး ကင်းလွတ်ခွင့်ရတာဟာ ဂျာနယ်သမားတွေအတွက် တိုးတက်မှုတခုဖြစ်တယ်လို့ ရန်ကုန်မြို့က သတင်းအမှုဆောင် အယ်ဒီတာတစ်ဦးက ပြောပါတယ်။

ကျမတို့ သတင်း ဂျာနယ်တွေ အတွက်လည်း ပေးဖို့ ရှိလာနိုင်တာပေါ့။ မျှော်လင့်လို့ ရနိုင်တာပေါ့။ ဘာဘဲ ပြောပြော ကျမတို့ မရနိုင်ရင်တောင်မှ တခြား မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေ သွားနိုင်တာပေါ့။ ဒါဟာ ကောင်းတဲ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်

ဒါပေမယ့် ဂျာနယ်တွေဟာ စာပေစိစစ်ရေးအတားအဆီး မရှိရင် ယဉ်ကျေးမှုပိုင်းနဲ့ပါတ်သက်ပြီး စိုးရိမ်မူရှိတယ်လို့ သူမက ဆက်ပြောပါတယ်။

ဓါတ်ပုံတွေ အရင်တုန်းကဆိုရင် ယဉ်ကျေးမှုအရ စာပေစိစစ်ရေးက ထိန်းပေးထားတာတွေ ရှိတယ်လေ။ တချို့ဟာလေးတွေ မဖော်ပြသင့်တဲ့ ဟာလေးတွေ။ အရမ်း အဖော်အရွတ်တွေ မဖြစ်တဲ့ ဟာလေးတွေ၊ ဖြစ်တဲ့ဟာလေးတွေကို သူတို့ ကန့်သတ်ပေးထားတာတွေ ရှိတယ်။ အခု အဲဒီဟာတွေ အတားအဆီး မရှိတဲ့အခါကြောင့်မို့လို့ ယဉ်ကျေးမှုနဲ့ ပါတ်သက်ပြီးတော့ သိပ်ပြီး မကိုက်ညီတဲ့ ပုံမျိုးတွေ စာမျက်နှာပေါ်မှာ မြင်တွေ့လာ ရမလား၊ အဲ့ဒါမျိုးလေးတွေတော့ ရှိတာပေါ့လေ

ဒါ့ပြင် စာပေစိစစ်ရေးကို တင်ပြဖို့ မလိုအပ်တဲ့အတွက် စာရေးသူတွေ၊ ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေမှာ ပိုပြီး တာဝန်ကြီးနိုင်တယ်လို့ ရန်ကုန်မြို့ ဂျာနယ်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးကိုကိုက ခုလို ပြောပါတယ်။

အရင်တုန်းကတော့ စာပေစီစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလားဆိုတာ စဉ်းစားတယ်။ အခုကတော့ ငါ တရားစွဲခံရမှာလား၊ မရဘူးလားဆိုတာ စဉ်းစားရတယ်။ အဲ့ဒါ စဉ်းစားရမယ့် ပုံစံ ပြောင်းသွားမယ်။ အဲ့တော့ ကိုယ်ဘက်က စာနယ်ဇင်းကျင့်ဝတ်ကို ဥပဒေကို နားလည်ဖို့တော့ လိုမယ်

စီးပွားရေး ဂျာနယ်၊ သတင်း ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကိုတော့ အခုကျင့်သုံးနေတဲ့ လက်ပုံစံအတိုင်းဆက်ပြီး စာပေစိစစ်ရေးကို တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်ရှင်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates