အလွမ်းပြေ


ချစ်သူရယ်....

မင်းကို ချစ်ခဲ့သော်လည်း

ဖွင့်မပြောရဲတဲ့...

ကိုယ့်ရဲ့ စိတ်တွေကြောင့်

မင်း အပြစ်လို့ ဆိုမှာလား....။

ကိုယ်ကတော့...

လွမ်းတဲ့စိတ်တွေကို

မင်းပေးခဲ့တဲ့...

ဓါတ်ပုံလေးနဲ့ပဲ

ဖြေနေရတယ် ချစ်သူရယ်...

ယုန်ကလေး

8 comments:

တည်ညိမ်းကို ( သို့မဟုတ် ) said...

ကိုယ်ကတော့...
လွမ်းတဲ့စိတ်တွေကို မင်းပေးခဲ့တဲ့...
ဓါတ်ပုံလေးနဲ့ပဲ
လွမ်းစိတ်တွေကို ဖြေနေရတယ် ချစ်သူရယ်...

အဲဒီအပိုဒ်လေးမှာ ... လွမ်းစိတ်နှစ်ခုထပ်နေတော့ ဖတ်ရတာ ထောက်နေတယ်ဗျ ...

ကိုယ်ကတော့...
လွမ်းတဲ့စိတ်တွေကို မင်းပေးခဲ့တဲ့...
ဓါတ်ပုံလေးနဲ့ပဲ
ဖြေနေရတယ် ချစ်သူရယ်...

ဒီလိုဆိုရင်ပိုဖတ်လို့ကောင်းမလားပဲ ... အကြံပေးတာပါ ယုန်လေးရေ ... ကဗျာလေးကောင်းတယ်ဗျ ...

Unknown said...
This comment has been removed by the author.
Unknown said...

ယုန်ကလေးရေ..

ဖြေသိမ့်ရတဲ့ မိန်းခလေးဘ၀က မလွယ်ပါလား...
အချစ်ဆိုတာကလည်း အခက်သားနော်....

အပြင်မှာလည်း မိုးတွေရွာနေတယ်....
မိုးရေတွေနဲ့အတူ...
စိတ်ညစ်ညစ်နဲ့ မရွာချလိုက်နဲ့အုံး....

အချစ်မှန်ရင် တနေ့နေ့တော့....

ကောင်ဆိုးလေး said...

ယုန်လေးရာ ဖွင့်ပြောလိုက်ရင်
အဆင်ပြေပြီပေါ့ အခုတွေ့ လွမ်းနေလား
အဆင်ပြေသွားတဲ့ အကြောင်းကဗျာလေးထပ်ရေးနော်
အားပေးနေတယ် :O

Anonymous said...

ကဗျာလေးကို ဖတ်သွားတယ်နော် ....
ယုန်ကလေး ပျော်ရွှင်ပါစေ ....

ein said...

ညလေးဒူမေးလေးရေ ...
ဟုတ်တယ်ညလေးရ ကိုတည်ပြောသလိုပဲ
အလွမ်းနေရာလေးက နှစ်ခု ထပ်နေတယ်လေ ကိုယ်ကတော့...
လွမ်းတဲ့စိတ်တွေကို မင်းပေးခဲ့တဲ့...
ဓါတ်ပုံလေးနဲ့ပဲ
ဖြေနေရတယ် ချစ်သူရယ်... အဲဒါလေးဆို ပိုကောင်းတယ်ညလေးရ...
ပြင်လိုက်ဦးနော်...
ညလေးလဲ ကဗျာ လေးတွေကိုပျော်ရွှင်စွာရေ်းနိုင်ပါစေနော်...ချစ်တဲ့ မမအိမ်လေး

Saing Khan Tun said...

ယုန်ကလေးရဲ့  ဓာတ်ပုံက တော်တော်ကောင်းပုံပဲ ဟဟ

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com

lwansay said...

အလွမ်းတွေ ပြေပါစေဗျာ။
ဆုတောင်းပေးပါတယ်။
ကဗျာဆရာတွေ လွမ်းနေကြတယ်။ :D

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates