အမျိုးသားသူရဲကောင်း တယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ --- နောက် (၁၈) လထက် မပိုဘူးလို့ ယူဆတယ်

ဗိုလ်ချုပ်အောင်ဆန်း

ဆက်လက်ဖတ်ရူ့ရန်

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Burma Partnership) ရဲ့  တာဝန်ခံ တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာကို ဗွီအိုအေမှဆက်သွယ်မေးမြန်းချက်

ဇူလိုင် ၁၃၊ ၂၀၀၈ - စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲမှာ အာဆီယံပဋိဥာဉ် စာတမ်းကို နိုင်ငံတွေအလိုက် အတည်ပြုနိုင်ရေး ပိုပြီးဖြစ်လာနိုင်စရာတွေ ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန် (Dr. Surin Pitsuwan) ပြောကြားထားပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ကြီးရဲ့ လုပ်ငန်းဆောင် တာတွေကို ပိုပြီးတိတိကျကျ တာဝန်ခွဲဝေ သတ်မှတ်နိုင် ရေးအပြင် ဒေသအတွင်း လူ့အခွင့်အရေး စောင့်ရှောက်နိုင်ရေးအပိုင်းကိုပါ ဒီပဋိဥာဉ်စာချုပ် ထဲမှာ ထည့်သွင်း ထားတာဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေသအတွင်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ မြန်မာ နိုင်ငံလို နိုင်ငံမျိုးအတွက် အခြေအတင် ငင်းခုံစရာ အချက်တွေလည်း ဖြစ်နေခဲ့တာမို့ ဒီအကြောင်းနဲ့ ပတ်သက် ပြီး အာရှပစီဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Burma Partnership) ရဲ့  တာဝန်ခံ တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာ ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

ဗွီအိုအေ။ ။ အာဆီယံဒီပဋိဥာဉ်စာချုပ်ကိုတော့ ပြီးခဲ့တဲ့နှစ်အာဆီယံထိပ်သီး ညီလာခံ မှာထဲက နိုင်ငံအား လုံးတွေက သဘောတူညီခဲ့ပြီးဖြစ်ပေမယ့် အဲ့ဒီပိဥာဉ်စာချုပ်ကို နိုင်ငံတွေအသီးသီးမှာ ဒီသက်ဆိုင်ရာလွှတ် တော်တွေအနေနဲ့ဥပဒေအဖြင့် ပြဌာန်းပြီးတော့ အတည်ပြုနိုင်ဖို့ အကောင်အထည်ဖော်ဖို့ကိစ္စတွေက ဘယ်လို ပြဿနာတွေ ရှိနေလဲခင်ဗျာ။

ဒေါ်ခင်ဥမ္မာ။ ။ ဟုတ်ကဲ့အဲ့ဒီ ဥစ္စာကတော့ဒီ ပထမအဆင့်အနေနဲ့ပေါ့နော်။ ခုနကနိုင်ငံ တွေကနေပြီးတော့ သူတို့ဒီထိပ်သီးညီလာခံမှာ မနှစ်ကပိဥာဉ်စာချုပ်ကိုတော့ သဘောတူ လိုက်ကြပြီး။ ဒါပေမယ့်နိုင်ငံတခုခြင်း အဖွဲ့ဝင်နိုင်ငံတခုခြင်းအနေနဲ့က ဒီစာချုပ်ပါအချက် အလက်တွေအတိုင်း လိုက်နာကျင့် သုံးကြမယ်ဆိုတဲ့အပေါ် မှာတော့ ခုနကနိုင်ငံတခုခြင်းမှာ ရှိတဲ့လွှတ်တော် ပါလီမန်ကနေပြီးတော့မှ သဘောတူရမယ်။ ဆိုတော့ဒါမှပဲ ခုနက ဒီစာချုပ် ကို တကယ်သူတို့ တရားဝင်လိုက်နာမယ်ဆိုတဲ့ဥစ္စာ စာချုပ်လက်မှတ်ထိုးတဲ့ ဟာဖြစ်တယ်။ ဆိုတော့ အခုလိုအနေအထားမျိုးမှာ ကျမတို့ဒီမြန်မာနိုင်ငံဆိုလိုရှိရင် အခုလောလောဆယ် ဒီစာချုပ်ထဲမှာပါ နေတဲ့အထဲမှာ လူ့အခွင့်အရေးအရ ကျမတို့လူ့အခွင့်အရေး body တခုဖွဲ့ဖို့ ဆိုတာတွေရှိတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှ မြှင့်တင်ဖို့၊ လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အချက် ဒါမျိုး တွေဒီစာချုပ်ထဲမှာရှိနေတယ်။ ဆိုတော့ ကျမတို့နိုင်ငံမှာက လောလောဆယ်နအဖအနေနဲ့က ဒီလူ့အခွင့်အရေး ချိုးဖောက်မှုနဲ့သူလုပ် နေတဲ့အချိန်မှာ ခနကစာချုပ်ကိုလိုက်နာပါမယ်ဆိုပြီးမှ လက်မှတ်ထိုးဖို့ အခက်အခဲဖြစ် သလို မြန်မာနိုင်ငံက အစိုးရမရှိဘူး။ ပြီးတော့ တရားဝင်ပေါ့နော် တရားဝင်ရွေးကောက်ပွဲတင် မြှောက်ထားတဲ့ အစိုးရလည်းမရှိဘူး၊ ပါလီမန်လည်းမရှိဘူးဆိုတော့ G-8စာချုပ်ကို သဘော တူဖို့အတွက် အကောင်အထည် ဖို့ခက်နေတယ်။ ပြီးတော့ ဖိလစ်ပိုင်လို နိုင်ငံလိုမျိုးကြတော့ ဖိလစ်ပိုင်က စာချုပ်ကိုသဘောတူတဲ့အကြောင်း ဒီထိပ်သီးညီလာခံမှာ ပြောတဲ့အချိန်မှာထဲက သဘောတူတယ်ဆိုပေမယ့် သူတို့အနေနဲ့ ဒီဟာကို တကယ်လိုက်နာဖို့အတွက်လက် မှတ်ထိုးဖို့အထိကိုတော့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား တွေမလွတ်မြောက်သေးဘူးဆို လိုရှိရင်တော့ သူတို့အနေနဲ့ဒီဟာကို လက်မှတ်ထိုးဖို့ လွှတ်တော်က အတည်ပြုဖို့ အတွက်ခက်လိမ့်မယ်။ အတည်ပြုမှာ မဟုတ်ဘူးဆိုတာကိုလည်း သူ တို့ပြောခဲ့တော့။

ဗွီအိုအေ။ ။ဟုတ်ကဲ့ အခုအဲ့ဒီစကားက ဒီပြီးခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ ဖိလစ်ပိုင် သမ္မတကိုယ်တိုင်က ပြောသွားတယ်ဆိုတာကိုလည်း ကျနော်တို့ကြားလိုက်ရတယ်လေ။ အဲ့တော့အခုလာမယ့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီး ဆွေးနွေးပွဲနဲ့အခုနောက်ဆက်တွဲအနေနဲ့ အာဆီယံထိပ်သီးညီလာခံပိုင်းမှာကော တစုံတရာဒီသဘော ထားတွေ ပြောင်းလဲလာဖို့အ နေအထားတွေ ပြောင်းလဲလာဖို့မြင်သလားခင်ဗျာ။

ခင်။ ။ ကျမတို့ ဒီသဘောထားတွေပြောင်းမယ်လို့တော့ ကျမမမြင်ဘူး။ အထူးသဖြင့် လောလောဆယ်မှာ မြန်မာနိုင်ငံမှာခုနလိုကျမတို့ ဒီဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးသွားတဲ့ အချိန်မှာနအဖရဲ့ တုန့်ပြန်မှုတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီပံ့ပိုးမှုအပေါ်မှာ သူတို့ရဲ့ ပြန်လည်ပြီးတုန့်ပြန်မှုတွေ ပူးပေါင်းပါဝင်မှုတွေ အရမ်းအား နည်းတဲ့ကိစ္စတွေဒီလိုမျိုးအခြေ အနေနောက်တခုက ပြည်သူတွေပေါ်မှာ တာဝန်ကင်းမှုကိစ္စပေါ့နော်။ တာဝန်မဲ့မှု တွေ။ ဆို တော့လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ ကိစ္စတွေဒါတွေကကျမထင်တယ်။ ခုနကလာ မယ့်အာ ဆီယံရဲ့အခုဒီနှစ်ထဲမှာ ရှေ့ဆက်ပြီးလာမယ့် နိုင်ငံခြားရေးဝန်ကြီးတွေကောထိပ်သီး ညီလာခံမှာကော ခုနတုန်း ကနဂိုရှိတဲ့ သဘောထားမှာတော့ ပြောင်းလဲဖြစ်မယ်လို့တော့ ကျ မမမြင်ပါဘူး။

ဗွီအိုအေ။ ။ နောက်တချက်ကဒီစောစောတုံးကပဲ ဒေါ်ခင်ဥမ္မာပြောတယ်လေ။လူ့အခွင့် အရေးနဲ့ပတ် သက်လို့ အာဆီယံလူ့အခွင့်အရေး body တခုဖွဲ့မယ်ဆိုတဲ့နေရာမှာဘယ်လိုစံ နှုန်းနဲ့ သူတို့မူတည်ပြီးတော့ အာဆီယံလူ့အခွင့်အရေးအဖွဲ့အစည်းမှာ ဖွဲ့စည်းမယ် ရပ်တည် မယ်လို့ယူဆသလဲ။ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာဆိုလိုရှိရင် ကုလသမဂ္ဂရဲ့ လူ့အ ခွင့်အရေး ပိဥာဉ်စာတမ်းကိုဝေငှာဖို့ လူသိရှင်ကြားဖြန့်ချီဖို့ ကိစ္စတွေတောင်မှပဲ ဒီကိစ္စကို လိုက်ပြီးတော့ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့သူတွေ အဖမ်းခံရတာတွေ ခြိမ်းခြောက် ခံရတာတွေ တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်တွေရှိနေတော့ ဒါမျိုးဟာအာဆီယံ level မှာ အာဆီ ယံအဆင့် အတန်းမှာ ဖြစ်လာတယ်ဆိုပေမယ့်လည်း ဗမာနိုင်ငံလိုနိုင်ငံမျိုးမှာ ထိထိရောက် ရောက် အကောင်အထည် ဖေါ်လာဖို့ အလားအလာကော ရှိရဲ့လား။

ခင်။ ။ အဲ့လိုမျိုး ရှိနိုင်ဖို့အတွက် ၀ိုင်းပြီးတော့ ကြိုးစားနေရတဲ့ အနေအထားပါ။ အခုဟာက ဘာပဲပြောပြော အာဆီယံဒေသတွင်းမှာက အခုလိုမျိုးပိဥာဉ်စာတမ်းပေါ့။ိဥာဉ်စာချုပ်ပေါ်လာတာ။ ပြီးသွားတော့ လူအခွင့် အရေးbody တခုကို ဖွဲ့ဖို့အတွက် သဘောထား ဆုံးဖြတ်ချက်ချထားပြီးတဲ့အပေါ်မှာ အခုဆိုလိုရှိရင် သူတို့ ကျမတို့ဒီ high level final ခေါ်တဲ့ အဖွဲ့တခုပေါ့နော်။ အဲ့ဒီအဖွဲ့ကို ခနက အာဆီယံအနေနဲ့က သူတို့ဖွဲ့စည်း ထားပြီး။ ဖွဲ့ပြီးတော့မှ လူ့အခွင့်အရေး body ထဲမှာ ဘာတွေပါဖို့လိုတယ်။ ဘယ်လိုအချက် အလက်လဲ။ ပါသင့်တဲ့ဥစ္စာအကုန်လုံးပေါ့နော်။ ဒါတွေကို သူတို့သေချာ အကြမ်းစပြီးရေး ဆွဲဖို့ဆိုပြီးတော့ တာဝန်လည်း ပေးပြီးပြီ။ ဆိုတော့ အဲ့ဒီမှာ ကျမတို့ခုနက မြန်မာနိုင်ငံရဲ့ အနေအထားမှာက ဒီအခြေအနေမှာ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုက ဘာပဲပြောပြော အများ ကြီး အခက်အခဲရှိနေတာကို ကျမတို့တွေ့တယ်။ ဘာပဲပြောပြော ဒီကျမတို့ ဒီcivil society ဒီလူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒေသထဲမှာက အားလုံးပူးပေါင်းပြီး တော့မှ ခုနက high level final လို့ခေါ်နေတဲ့ အဖွဲ့ပေါ့နော်။ ခုနက ဒီအကြမ်းရေးဆွဲတဲ့ လူ့အခွင့်အရေး body မှုကြမ်းကို ရေးဆွဲဖို့ ရှိနေတဲ့အဖွဲ့မှာ ကျမတို့ ဒီလူထုအခြေပြုအဖွဲ့ အစည်းအနေနဲ့က နေပြီးတော့မှ အကြံပေးပို့တယ်။ လမ်းဖွင့်ပေးထားတယ်။ ဒါကြောင့်မို့ လဲ အခုနိုင်ငံအသီးသီးက အခုလိုမျိုး ကျမတို့တွေ့ဆုံ ဆွေးနွေးပွဲတွေ သဘောထား ဖယ်လှယ်တာတွေ ကျမတို့ ဘာတွေတင်ပြမလဲဆိုတဲ့ ဘာတွေပါချင်လဲဆိုတဲ့ အချက်တွေ ဆွေးနွေးဖို့ အများကြီးလုပ်ပြီးတော့မှ သိပ်မကြာခင်လပိုင်းတွင်းမှာပဲ အခုလာမယ့် ပထမ အကြိမ် သူတို့ရဲ့ ပထမမှုကြမ်းပေါ့။ ပထမမှုကြမ်းကို လာမယ့်ဒီ (၂၀၀၈)မှာလုပ်မယ့် အစည်းအဝေးမှာ စပြီးတော့မှ အကြမ်းရေးတဲ့ အဖွဲ့ကနေပြီး တင်လိမ့်မယ်။ အဲ့ဒီမတိုင်ခင်မှာ ကျမတို့ ဒေသအဖွဲ့အစည်းတွေက လူထုအခြေပြု အဖွဲ့အစည်းတွေက အဲ့ဒီမှာ လူအခွင့် အရေးနဲ့ပတ်သက်ပြီးတော့မှ အထူးသဖြင့်တော့ ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းရဲ့ အချက်အလက်တွေ ပါနိုင်ဖို့ကို ကျမတို့စပြီးတော့မှ ထည့်သွင်း ရေးဆွဲနိုင်ဖို့ကို အကြံပြုစာတင်ပြဖို့ကို အကုန်လုံး လုပ်နေကြပြီး။

ဗွီအိုအေ။ ။ ဆိုတော့ အဓိပ္ပာယ်ကတော့ ဒီအာဆီယံဒေသတွင်း လူ့အခွင့်အရေး အဖွဲ့တခုဖွဲ့တယ်ဆိုတဲ့ ကိစ္စမှာ သက်ဆိုင်ရာအစိုးရ ကိုယ်စားလှယ်တွေမကပဲနဲ့ ဒီဒေါ်ခင်ဥမ္မာတို့လို ဒီအာရှပစီဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့မျိုးရဲ့ အကြံပြုချက်တွေ နောက်ပြီးတော့ ပူးပေါင်းပါဝင်မှုဆိုတဲ့ သဘော ပေါ့။ ဒါဆိုလို့ရှိရင် မြန်မာအစိုးရရဲ့ ဒီလိုအဖွဲ့အစည်းတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော ဒီကိစ္စမျိုးမှာ ဒေါ်ခင်ဥမ္မာတို့လို ပြင်ပက အဖွဲ့အစည်းတွေနဲ့ တစားပွဲတည်းထိုင်ပြီးတော့ ညှိနှိုင်း ဆောင်ရွက် တာမျိုးတွေကော ရှိရဲ့လား။

ခင်။ ။ အဲ့ဒီအခြေအနေမျိုးကတော့ အခုဒီရှိနေတဲ့ အာဆီယံရဲ့တံခါးဖွင့်ထားမှုမှာတော့ အခုလို အစိုးရလိုမျိုး အာဏာပိုင်လိုမျိုးတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်တဲ့ လမ်းဖွင့်ပေးမှုကတော့ တချို့နိုင်ငံ တွေမှာ ရှိပါတယ်။ ဒါပေမယ့် ကျမတို့မြန်မာနိုင်ငံတွေ နဲ့ မရှိပေမယ့်တခြား နိုင်ငံတော်တော် များများမှာ ထိုင်းနိုင်ငံလိုမျိုး။ ဖိလစ်ပိုင်လိုမျိုး။ အင်ဒိုနီးရှားနိုင်ငံလိုမျိုး။ မလေးရှားသူတို့တွေမှာတော့ ခုနတုံးက လူထု အခြေပြုအဖွဲ့အစည်း နဲ့ အစိုးရတွေနဲ့ ကြားထဲမှာ တွေ့ဆုံဆွေးနွေးတာတွေ ဒါတွေတော့ သူတို့လှမ်းဖွင့်ပေး ထားတာရှိပါတယ်။ ကျမတို့ သူတို့ဆီမှာတော့ ဒါတော့မတွေ့ရဘူးပေါ့နော်။

ဗွီအိုအေ။ ။ဟုတ်ကဲ့ အဲ့ဒါကနိုင်ငံတနိုင်ငံခြင်းဆီရဲ့အနေအထားပေါ့နော်။ ဥပမာအား ဖြင့်တခြားဒီ သက်ဆိုင်ရာ အာဆီယံဒေသကြီးတခုလုံး၊ အာဆီယံအဖွဲ့ကြီးတခုလုံးရဲ့ဒီလိုနိုင် ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲ လိုမျိုးတွေ။ ဒါမှမဟုတ်ဒေသတွင်းဆွေးနွေးပွဲတွေမှာ ဒါဆိုလို့ရှိ ရင်ပြင်ပသက်ဆိုင်ရာအစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ အစိုးရတာဝန်ခံအဖွဲ့အစည်း တွေနဲ့ရော နှောစားပွဲခုံပေါ်မှာထိုင်ပြီးတော့ ဒီကစ္စကိုခြေလျှင်ဆွေးနွေးလာနိုင်မယ့် အလားအလာတွေ ကောရှိလား။

ခင်။ ။ အဲ့ဒီလိုမျိုးကတော့ သူတို့ဒီအာဆီယံရဲ့ လက်တလောရှိနေတဲ့ ယန္တရားထဲမှာ အဲ့ လိုမျိုး လမ်းဖွင့်ပေး ထားတာမရှိဘူးရှင့်။ သူတို့ရှိတာဘာလဲဆိုတော့ အစိုးရတွေနဲ့ အတူတူ ထိုင်ပြီးဆွေးနွေးတယ်ဆိုတာက သူတို့ခေါ်နေတဲ့ trust 2 လို့ခေါ်တဲ့ အကြံပေး ပညာရှင် ပိုင်းဆိုင်ရာတွေပေါ့။ အာဆီယံနိုင်ငံ အသီးသီးက ပညာရှင်တွေနဲ့ trust 1လို့ခေါ်တဲ့ အစိုးရ တွေကြားထဲမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးတာတွေ အဲ့ဒါတွေရှိတယ် ဒါပေမယ့် အာဆီယံပဋိဥာဉ်စာချုပ်စပြီးတော့မှ ဖြစ်ပေါ်ရေးစပြီးလုပ်တဲ့အချိန်မှာတော့ ခုနက လူထုအ ခြေပြုအဖွဲ့အစည်းတွေလို့ ပြောနေတဲ့ trust 3 လို့သူတို့ခေါ်တာပေါ့။ trust 3 လို့ခေါ်တဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့trust 2 ပညာရှင်တွေကြားထဲမှာတော့ ပိုပြီးတော့မှအဲလိုမျိုးဆွေး နွေးပွဲတွေ အစည်းအဝေးပွဲတွေ ဒါတွေတော့ပိုပြီးတော့မှ တွေ့ဆုံပြီးတော့မှ ဖလှယ်တာတွေ ဒါမျိုးတွေတော့အကြံဥာဏ် ပေးတာတွေအပြန်အလှန် အဆက်အသွယ်ပြုပြီးတော့မှ ကျမ တို့ဖလှယ်မှုတွေတော့ အများကြီးရှိလာပါပြီ။ ဒါပေမယ့်အဲ့ဒါတွေက လုံးဝဟိုအာဆီယံကနေ ပြီးတော့မှ တရားဝင်ချထားတဲ့ law ဖွင့်ထားတဲ့ ယန္တရားတွေတော့ မဟုတ်ပါဘူး။

ဗွီအိုအေ။ ။ ဟုတ်ကဲ့ဒီ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အပြင်ပေါ့နော်။ ဒီအာဆီယံပဋိဥာဉ် စာချုပ်ထဲမှာပါတဲ့ စာချုပ်အရဆိုလို့ရှိရင် အာဆီယံအဖွဲ့အစည်းအနေနဲ့ ဒေသတွင်း မှာရှိတဲ့ နိုင်ငံတခုချင်းဆီရဲ့ အတွင်းရေး အတွင်းရာကိစ္စတွေကို ဒါအဖွဲ့အစည်းတခုလုံးအနေနဲ့ဒေသ တွင်းပြဿနာတရပ်အနေနဲ့ သဘောထားပြီးတော့ ၀င်ရောက်ပြီးတော့ ပြောဆိုမှုတွေစွတ် ဖက်မှုတွေပိုပြီး လုပ်လာနိုင်စရာရော ရှိနေသလား။

ခင်။ ။ကျမတို့မြင်တာကတော့ ဟိုဒီအာဆီယံထဲမှာကဒီလိုရှိပါတယ်။အခုကဘယ်လိုခေါ်လဲ လူ့အခွင့် အရေးဘက်ကို ပိုပြီးတော့မှဦးစားပေး အကားပေးပြီးတော့မှ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့မှ မြင့်တင်ချင်တဲ့ နိုင်ငံတွေရှိကြတယ်။ ဒါပေမယ့်တချိန်တည်း မှာပဲ ခုနလိုကျမတို့ ဒီမြန်မာနိုင်ငံရှိနေတဲ့ နအဖလိုမျိုးပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့မှ ဖိနိမ့်ချင်တဲ့ အစိုးရတွေလည်း ရှိနေသေးတယ်။ အာဆီယံဆိုတော့ အဲ့ဒီကြားထဲမှာတော့ အာဆီယံ အတွင်းမှာတင်ပဲ သူဟာနဲ့သူ အားပြိုင်မှုတွေရှိတဲ့ပေါ်မှာ အရေးကြီးဆုံးကတော့ ခုနက ဒီလူထုအခြေပြုအခန်းကဏ္ဍက အရေးကြီးဆုံးလို့ ကျမတို့ မြင်တယ်။ ဘာလို့လဲဆို တော့အခုဆိုရင် အာဆီယံပဋိဥာဉ်စာတမ်းက တကယ်တမ်းလူ့အခွင့်အရေးကို အပြည့်အ၀အကောင် အထည် ဖော်ဖို့အတွက် အာမှခံနိုင်ချက်မရှိဘူးလို့ မြင်တဲ့အတွက်ကြောင့်မို့လို့ ခုနကလူထုအခြေပြု အဖွဲ့အစည်း တွေကအာဆီယံ။ Asean people charter ပြည်သူလူထု ရဲ့ ပဋိဥာဉ်စာချုပ်ဆိုပြီးတော့မှ ထပ်ပြီး ရေးဆွဲထား တာတောင်ရှိပါတယ်။

ဗွီအိုအေ။ ။ ဟုတ်ကဲ့နောက်ထပ်စိတ်ဝင်စားဖွယ ကောင်းတဲ့ကိစ္စတခုက ဒီလူ့အခွင့်အရေးကိစ္စ အပြင်ပေါ့နော်။ နိုင်ငံရေးကိစ္စတွေအပြင် အခုဒေသတွင်း လူသားချင်းစာနာမှုဆိုင် ရာအထောက်အပံ့ တွေပေးရေးနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ပေးမှု အခန်းကဏ္ဍပေါ့။ ဒီနေရာမှာ ဗမာနိုင်ငံရဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်းကာလကို ပြန်ကြည့်မယ်ဆိုရင် အာဆီယံကနေဦးဆောင်ပြီးတော့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်ငန်းတွေ။ ပြန်လည် ထောက်ပံ့ ရေးလုပ်ငန်းတွေမှာဦးဆောင်ပြီး လုပ်လာတာကိုတွေ့ရတယ်။ အလားတူပဲ အာဆီယံအနေ နဲ့လည်း ဒါသူတို့အနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် တံခါးပေါက်တခုကို ဖွင့်နိုင်ပြီးဆိုပြီးတော့ နည်းနည်း ၀ံ့ဝံ့ကြွားကြွား ပြောထားတာတွေလည်းရှိတယ်။ ဒီတံခါး ပေါက်တခုကို အသုံးပြုပြီးတော့ နောင်တချိန်မှာ ဒီထပ်ပိုပြီးတော့ ကျယ်ပြန့်တဲ့အရေးတွေ ဆွေးနွေးလာနိုင်လိမ့်မယ်လို့လဲ မျှော်လင့်တယ်ဆိုပြီးတော့ ပြောတာတွေလည်း ရှိနေတယ် ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်ခင်ဥမ္မတို့အနေနဲ့ ဘယ်လောက်ထိများ မျှော်လင့်ချက် တွေ ရှိနေသလဲခင်ဗျာ။

ခင်။ ။ အဓိကတော့ ကျမတို့မြင်တာက အာဆီယံက ဘာပဲပြောပြောဒီအနေအထားမှာ ဒီထက်ပိုပြီးတော့ သူတို့လုပ်လို့ရတဲ့ အနေအထားမျိုးကို ကြိုးစားဖို့အတွက်ကို နအဖကိုယ် ၌ကနောက်ဆုတ်နေတာကို သူတို့သိတယ်။ ဒီအခြေအနေမှာ သူတို့ဘက်ကဒီထက်ပိုပြီး ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမထင်တယ် ဘာပဲပြောပြော လာမယ့်အာဆီယံ အစည်းအ ဝေးတွေမှာလည်းဒီကိစ္စဟာ သူတို့ရဲ့အဓိကအခန်းကဏ္ဍ ဆွေးနွေးမယ့်ထဲမှာပါမယ်လို့ ကျမမြင်တယ်။ ဒီထက်ပိုပြီးတော့မှ သူတို့ဘက်ကလက်တွေ့ထိရောက်တဲ့ ပေါ်လစီ တွေမချနိုင်ဘူး။ လုပ်ငန်းစဉ်တွေမချနိုင်ဘူး။ နအဖကို သေသေချာချာတိတိကျကျ သူတို့တွန်းအား မပေးနိုင်ဘူး ဆိုလို့ရှိရင်တော့ နအဖရဲ့တကယ် မှန်ကန်တဲ့ပူးပေါင်းမှုနဲ့ သူတို့ကို လမ်းဖွင့်ပေး မှုကိုသူတို့ရမှာမဟုတ်ဘူး ကျမမြင်တယ်။


ဗွီအိုအေ။ (Burma Partnership)လို့အတိုကောက်ခေါ်တဲ့ အာရှပစီဖိတ်ဒေသဆိုင် ရာမြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်ဥမ္မာကို ဆက် သွယ် မေးမြန်းထားတာပါ။

ဆက်လက်ဖတ်ရူ့ရန်

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

ယခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ () မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဌေးမောင် သည် ယမန်နှစ် ဖေဖော်ဝါရီ (၁၁) ရက်က ကေအန်ယူမှ ခွဲထွက်ကာ အင်အား (၃၀၀) ခန့်နှင့်အတူ ကေအန် ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နအဖနှင့် ပူးပေါင်းသွားခဲ့သည်။ ဗိုလ်မှူး ချုပ်စောဌေးမောင်နှင့် ထော့ကိုကိုးစခန်းသို့ လိုက်ပါသွားသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးသည် မကြာခင်က ကေအန်ယူသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ကေအန်ယူအဖွဲ့မှ ခွဲထွက်ပြီး () နှစ်ကျော်အကြာတွင် ပြန်လည် အလင်းဝင်လာသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးအား မိခင် ကေအန်ယူတပ်မဟာ ()သို့ ပြန်လာရသည့် အကြောင်းရင်းကို ခေတ်ပြိုင်ကမေးရာ
ဒု-ဗိုလ်မှူးကြီးစောဂေထူးက ယခုကဲ့သို့ စတင်ဖြေသည်။

ဖြေ။ ဟိုမှာဆက်နေရင် နအဖရဲ့သွေးထိုးသပ်လျှိုမှုကြားမှာ ကောက်စားခံရမှာကို စိုးရိမ်ပြီး နောက်ကျော မလုံတဲ့အတွက် ဒီဘက်ကို ပြန်လာရတာဖြစ်တယ်။ ဟိုမှာလည်း စိတ်ကုန်ပြီး ပြန်လာ ချင်တဲ့လူတွေ အများကြီးရှိ ပါတယ်။

မေး။ ငြိမ်းချမ်းရေးကောင်စီမှာ ဘာရာထူးနဲ့ တာဝန်ယူခဲ့ပါသလဲ။
ဖြေ။ ငြိမ်းချမ်းရေးကောင်စီမှာ ဒု-ဗိုလ်မှူးကြီး ဆက်သွယ်ရေးဌာနတာဝန်ခံ (ဗဟို) ဖြစ်ပါတယ်။

မေး။ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ လက်ရှိအင်အား (၈၀၀) ခန့်ရှိတယ်။ ကုလား၊ ကရင်၊ ရခိုင်၊ ဗမာ အစုံပဲ။ လက်နက် အင်အားက (၂၀၀) လောက်ရှိတယ်။ ရောက်ကာစက နအဖက လက်နက်ငယ် (၂၀၀) ပေးမယ် လို့ပြောတယ်။ အခုထိ တလက်မှ မပေးဘူး။ ကြည့်ရတာ ကျနော်တို့ကို မယုံဘူးနဲ့တူတယ်။ အဖွဲ့ ရပ်တည်ဖို့အတွက် နအဖက မြ၀တီနဲ့ မော်လမြိုင်ကို နော်တရာ ကားလိုင်းအမည်နဲ့ ကားဆွဲခွင့် ပေးတယ်။ အဲဒါကို တာဝန်ယူရတာက ကျနော်တို့ အဖွဲ့က ဗိုလ်မှူးမောင်ကျော် ဖြစ်တယ်။ ဒီလူက ရတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက်သုံးပြီး အဖွဲ့ကို တ၀က် လောက်ပဲပေးတော့ ပြဿနာတွေ ဖြစ်ပြီး ဗိုလ်ဌေးမောင်က သူ့ကို အဖွဲ့က ထုတ်ဖို့အထိ လုပ်တယ်။ အဲဒါကို မောင်ကျော်နဲ့ ဝေစား
မျှစားလုပ်တဲ့ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးက ဗိုလ်ဌေးမောင်ကို သွားပြီး တကြိမ်တခါမှားတာ ခွင့်လွှတ်ပေးပါ၊ နောက်ကို မဖြစ်စေရပါဘူး၊ သူတာဝန်ယူပါတယ်လို့ သွား ပြောတဲ့အတွက် သူ့ကိုမထုတ်တာ။ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးကတော့ မောင်ကျော်ကို လုံးဝကြည့်လို့မရဘူး။ သူတို့ ပရိယာယ်လုပ်တာလားတော့ မသိဘူး။ အခုကြား တာကတော့ မောင်ကျော် ဂျာမနီပြန်သွားတယ်။ ကျနော်ထင် တယ် သူပြန်လာရဲတော့မှာ မဟုတ်ဘူး။ သူ့ကို မကြိုက်တဲ့လူ အဖွဲ့ထဲမှာ အများကြီးရှိတယ်။

မေး။ အဖွဲ့ခေါင်းဆောင် ဗိုလ်ဌေးမောင်ရဲ့ အနေအထား သိပါရစေ။
ဖြေ။ ဗိုလ်ဌေးမောင်ကတော့ ငြိမ်းချမ်းရေးလိုချင်တာ တခုပဲသိတယ်။ အခြားဟာတွေ သိပ် မတွေးဘူး။ သူထင်တာက ကရင်နဲ့ ဗမာတိုက်တာ ကရင်လည်းမနိုင်ဘူး၊ ဗမာလည်းမနိုင်ဘူး။ ကရင်နဲ့ ဗမာ မတိုက်ခိုက် ကျရင် ငြိမ်းချမ်းရေးရပြီလို့ သူထင်တယ်။ အဖွဲ့ကို စောင့်ကြည့်တာဝန် ယူရတဲ့ နအဖ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးနဲ့ မင်းချစ်ဦးဟာ ဗိုလ်ဌေးမောင် ဘယ်ကိုပဲသွားသွား အနောက်ကအမြဲလိုက်တယ်။ သူဘာလုပ်လုပ် သူ့နားမှာ ထောက်လှမ်းရေးတွေ အမြဲရှိတယ်။ ဗိုလ်ဌေးမောင် နေထိုင်မကောင်းဖြစ်ရင် နအဖ ကောင်းကောင်းမွန်မွန် ဆေးဝါး
ကုသပေးတယ်။ ဗိုလ်ဌေးမောင် သေမှာကို သူ့တို့ စိုးရိမ်တယ်။ ဗိုလ်ဌေးမောင် သေရင် ကျန်တဲ့ လူတွေ အကုန် တောပြန်ခိုမယ်လို့ သူတို့ယုံကြည်ထားတယ်။ ဗိုလ်ဌေးမောင်ကို နယ်စပ်ဘက် ပေးမလာတော့ဘူး။ ထော့ကိုကိုး နဲ့ ဘားအံ၊ ရန်ကုန်၊ မော်လမြိုင်၊ ဧရာဝတီတိုင်းတွေကိုပဲ ပေးသွားတယ်။ သူ့ကို ပညာသားပါပါနဲ့ နအဖက ချုပ်ကိုင်ထားတယ်။

မေး။ ယခင်နှစ်က ဗိုလ်ဌေးမောင်ရဲ့သမက် စောလယ်မူးလုပ်ကြံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ကျနော်ထင်တာကတော့ ဒီကိစ္စ နအဖလက်ချက်ပဲ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ (၂၉) ရက်နေ့ ည (၁၂) နာရီမှာ လယ်မူးဟာ မယ်လမှာရှိတဲ့ သူ့အိမ်မှာ အိပ်နေရင်း အိပ်ယာအောက်မှာ ထောင် ထားတဲ့ဗုံးပေါက်ကွဲပြီး သေသွားတယ်။ ဗုံးမပေါက်ကွဲခင် စပ်ကြားမှာ မောဖားသူးစခန်းမှာ ထိုင်တဲ့ နအဖ တပ်ဖွဲ့တွေကနေ အကြောင်းကြားလာတယ်။ ခင်ဗျားတို့ သတိထားကြပါ။ ခင်ဗျားတို့ စခန်း အနီးအနားမှာ တစုံတခု ဖြစ်လိမ့်မယ်လို့ ပြောတယ်။ သူပြောပြီး မကြာဘူး၊ ဗုံးပေါက်ပြီး လယ်မူး သေသွားတယ်။ နအဖက ထပ်ပြောတယ်။ ဒီလုပ်ကြံမှု ဟာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တပ်ရင်း (၇၀၃) က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်အေးရဲ့ လက်ချက်ဖြစ်တယ်။ ကျော်အေးနဲ့အတူ နောက်ထပ် ပတ်သက်နေသူတွေရှိသေးတယ်လို့လည်း ပြောတယ်။ ဒီကိစ္စ ကျော်အေးနဲ့ မပတ်သက်ဘူးဆိုတာ အားလုံးသိတယ်။ ဒါကို လယ်မူးမိန်းမနဲ့ လယ်မူးတူတွေက မသိဘူး။ ဗိုလ်ကျော်အေးကို သွားဖမ်းလာပြီး ၀ိုင်းဝန်းရိုက်နက် ထိုးကြိတ်ကြပြီး ပစ်သတ်လိုက်တယ်။ အဲဒီအ ဖြစ်ကိုကြည့်ပြီး ကျနော်တို့ ဆီမှာရှိတဲ့ တပ်မှူးတွေဟာ သြော်.. နအဖကတော့ ငါတို့ကို တကောင်ပြီး တကောင် ကောက်စားကြတော့မယ်ဆိုပြီးတော့ ပြောဆိုကြတယ်။ အဲဒီထဲက ကျနော်တို့လည်း နောက်ကျော သိပ်မလုံ တော့ဘူး။ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုပြီးတော့ တွေးပူနေရတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ အခုလို ထွက်လာတာပါ။

မေး။ ပဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင်ရဲ့အမြင် ဘယ်လိုရှိပါသလဲ။
ဖြေ။ ပဒိုမန်းရှာ သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင် ပြောတာကတော့ ပဒိုမန်းရှာဟာ မဲဆောက်မှာနေတာ ဘယ်လိုဖြစ်လို့ လွယ်လွယ်ကူကူနဲ့ သူများသွားကြံလို့ရတာလည်းလို့ ပြောဖူးတယ်။ အခြားတော့ ပဒိုမန်းရှာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောတာဆိုတာတွေတော့ မကြားမိပါဘူး။

မေး။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ကျနော်လေ့လာကြည့်သလောက် ကေအန်ယူ၊ ကေအန်ဒီအို၊ ဒီကေဘီအေနဲ့ အခြား ကရင်အဖွဲ့တွေဟာ ကိုယ့်အမျိုးကိုတော့ အားလုံးချစ်ကြတယ်။ အဓိက ညီညွတ်ရေးကို မတည် ဆောက်နိုင်တာ အဆိုးဆုံးပြဿနာပဲ။ နအဖကတော့ ခွဲမှာပဲ။ အဲဒါကို အားလုံး သတိရှိဖို့လိုတယ်။

မေး။ ရှေ့ဆက် ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ကျနော်အသက် (၆၈) နှစ် ရှိပါပြီ။ ကေအန်ယူထဲကို ၁၉၅၈ ခုနှစ်မှာ ၀င်တယ်။ အဲဒီကနေ ဗိုလ်ဌေးမောင် ငြိမ်းချမ်းရေးကောင်စီနဲ့ မနှစ်က ဖေဖော်ဝါရီလမှာ ထော့ကိုကိုးပါသွားတယ်။ ကျနော် တို့ လိုချင်တာနဲ့ နအဖ ပေးတာတွေဟာ တခြားစီဖြစ်နေပါတယ်။ ကျနော်အသက်လည်း ကြီးပြီ။ တော်လှန်ရေးလည်း ဆက်မလုပ်ချင်တော့ဘူး။ မိန်းမလည်း ကျန်းမာရေးမကောင်းဘူး။ သားသမီး တွေနဲ့အတူ အေးအေးဆေးဆေးပဲ နေတော့မယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး နားလည်မှုပေးခဲ့ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ () က တပ်မ ဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

ဒီကေဘီအေအတွက် ဆန်သယ်သည့်ကား အင်းတိုင်မှာ အဖမ်းခံရ
သတင်းထောက်မောင်မန်း
/ ၁၁ ဇူလိုင် ၂၀၀၈

ရန်ကုန်မြို့မှ ဆန်အိတ်များ တင်ဆောင်လာသည့် ကား () စီးကို ဇူလိုင် () ရက်နေ့ အင်းတိုင် စစ်တပ်ဂိတ်မှ ဖမ်းဆီးရာ ဒီကေဘီအေတပ်သား (၂၅၀)အတွက် ဆန်သယ်လာသည့် ကားတစီးကိုပါ ဖမ်းထားသည်ဟု ရန်ကုန် ဆန်ကုန်သည် သတင်းရပ်ကွက်က ပြောသည်။

ဆန်တင်လာသည့် အရပ်ကား() စီးမှဆန်များကို အပြီးအပိုင်သိမ်းယူထားသော်လည်း ဒီကေဘီအေ လက်နက် ကိုင်အဖွဲ့အတွက် ဆန်တင်လာသည့်ကားကိုမူ မကြာခင်အာဏာပိုင်တွေဘက်က ပြန်လွှတ်ပေးမည့် အလား အလာရှိသည့်အတွက် ဆန်ကုန်သည်များက မကျေ မနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအဖွဲ့မှ ဗိုလ်ပြည်သိန်းကို ခေတ်ပြိုင်က မေးမြန်းရာ ဒီကေဘီအေအ တွက် ဆန်သယ်ဖို့ရှိတာကိုသိပေမယ့် ဒီကေဘီအေဆန်ကားကို ဖမ်းတဲ့ကိစ္စ သိသေးပါဘူး။ ဗိုလ်ချစ်သူက လည်း ဘားအံရောက်နေလို့ အဆက်အသွယ်မရ ဖြစ်နေပါတယ်ဟု ဖြေကြားသည်။

ထိုအတောအတွင်း ရန်ကုန် ဘုရင့်နောင် ဆန်ကုန်သည်များကို မိုးစပါးမထွက်မီ သြဂုတ်၊ စက်တင်ဘာ၊ အောက် တိုဘာ ()လအတွင်း ဆန်ကိုထိန်းထားပေးရန် ရန်ကုန်ဒုတိယမြို့တော်ဝန်ဦးပါက ညွှန်ကြားထားသည်။ သို့ သော် မည်ကဲ့သို့ ထိန်းရမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆို ခဲ့ခြင်းမရှိဟု ကုန်သည်များကပြော သည်။

မုန်တိုင်းကြောင့် ဧရာဝတီဆန် ရန်ကုန်အ၀င် နည်းနေသည့်အတွက် လာမည့် သြဂုတ်မှစပြီး ရန်ကုန်မှာ ဆန်ပြဿနာ ကြုံနိုင်ကြောင်း ဆန်ကုန်သည်များနှင့် ပညာရှင်များက မှန်းထားပြီး မကြာခင် ရန်ကုန် ဒုတိယမြို့ တော်ဝန် ဦးပါက () လအတွင်း ဆန်ထိန်းရောင်းရန် ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဆန် ဈေးကွက်ကို ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါက ၀င်ရောက်စွက်ဖက်ခြင်းသည် ဘုရင့်နောင် ဆန်ကုန်သည် များကို ဆန်အရောင်းအ၀ယ် မလုပ်ရန် ပြောသည်နှင့်တူသည်ဟု ဆန်ကုန်သည်များက ယူဆသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအပါအ၀င် ပြည်နယ်တိုင်း ()ခု၏ စပါးပျက်စီးမှုကို တပြည်လုံး စိုက်ဧက၏ (၆၀)ရာခိုင်နှုန်း ပျက်စီးသည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော် လည်း မြန်မာစစ်အစိုးရက တပြည်လုံး စိုက်ဧက၏ () ရာခိုင်နှုန်းသာ ပျက်စီး သည်ဟု ကြေညာသည်။

ရန်ကုန်ဆန်ဈေးကွက်တွင် ပေါ်ဆန်းဈေးက တအိတ်ကို (၃၆,၀၀၀) ထိ ခုန်တက်နေပြီး ဆန်ကြမ်း ဈေးက အမျိုးအစားလိုက်ပြီး တအိတ်ကို (၁၂,၀၀၀) မှ (၁၈,၀၀၀) ထိ ဈေးမြောက်နေသည်။

ဆက်လက်ဖတ်ရူ့ရန်

လွန်ခဲ့သောနှစ်ပေါင်း သန်း ၇၀ မှ ဖားမျိုးရုပ်ကြွင်း တူးဖေါ်တွေ့ရှိ


ဗြိတိန်နှင့် အမေရိကန်သိပ္ပံပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့သည် Madagascar ကျွန်းပေါ်တွင်ရှေးနှစ်ပေါင်း သန်း၇၀ကရှိခဲ့သော ဧရာမဖားတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖေါ်တွေ့ရှိခဲ့ကြသည်။၎င်းသည် Beach ball အရွယ်ရှိ၍ ၄ kg လေးသည်။ အလျားမှာ ၄၀ cm ရှိသည်။ တိုသောခြေလက်များရှိ၍ ပါးစပ်ကြီးမား သည်။ ၎င်းဖားကို Beelzebufo ဟု အမည်ပေးထားသည်။ ၎င်းသည် ကျွန်းပေါ်ရှိဒေသခံဖားများနှင့်လုံးဝ ခြားနား ၍ တောင်အမေရိကတွင် တွေ့ရှိတတ်သောဦးချိုပါသည့် ဖါးပြုတ်နှင့် လွန်စွာဆင် တူသည်ကိုတွေ့ရသည်။ ထို့ကြောင့် Madagascar ကျွန်းသည် Cretaceous Period မတိုင်မီအထိ (နှစ်ပေါင်း ၇၅-၆၅သန်း ခန့်) တောင်အမေရိက၊ အိန္ဒိယတိုက်တို့နှင့် ဆက်စပ်လျှက်ရှိသည်ဟူသော အဆိုကို ထောက်ခံသည့် သဘောသက် ရောက်သည်။
(
ဘီဘီစီ)

ဦးမြင့်သိန်း

ခေတ်လူငယ်မှ ကူးယူဖော်ပြသည်၊

ဆက်လက်ဖတ်ရူ့ရန်

မောင်ဝိတ်နှင့် အပေါင်းအပါ () ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲ
ရဲချုပ်ခင်ရီ လိမ်လည်မှုပေါ်ပေါက်
NEJ/
၁၀ ဇူလိုင် ၂၀၀၈

မောင်ဝိတ်နှင့်
အပေါင်းအပါ () ဦးကို မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲမှုဖြင့် ပြီးခဲ့သည့် ဇွန် (၁၀) ရက်တွင် လမ်းမ တော်မြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတဦးကို ကိုး ကား၍ ယနေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြ ထားသည်။

၎င်းတို့သည် ၂၀၀၃ ခုမှ စတင်ကာ ၂၀၀၈ ခုအထိ မလေးရှားနိုင်ငံသား Peter Too Huat Haw () ပီတာထံမှ Ecstasy ဆေးပြားများ အကြိမ်ကြိမ်ဝယ်ယူသုံးစွဲခြင်း၊ စိတ်ကြွဆေးပြားနှင့် Ketamine ဆေးတို့အား ကိုယ်တိုင် သုံးစွဲခြင်း၊ ကုမ္ပဏီနှစ်ပတ်လည်နေ့များနှင့် မွေးနေ့ပွဲများတွင် အခြားသူများအားဖြန့်ဝေ တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန် (၂၆) ရက် နေပြည်တော်တွင် ပြုလုပ်သည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

နာမည်ကြီး အနုပညာရှင်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၎င်းက ကျနော်တို့ အခုအချိန် အနုပညာရှင်တွေကို တယောက်မှဖမ်းထားတာမရှိပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို လည်း အခုအချိန်အထိ တရားစွဲထားတာ မရှိပါဘူးဟု ပြောဆိုကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ၀ီးကလီး အဲလင်းဗင်းဂျာနယ်နှင့် ဂျာနယ်အများအပြားတွင် ဖြော်ပ ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင် ဇော်ရဲမြင့်သည် အနုပညာရှင်များအား တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် နအဖစစ်အစိုးရ အာဏာပိုင်များက မေလ ကုန်ပိုင်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အနုပညာရှင်များအား မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူများမှာ အောင်ဇော်ရဲမြင့်အပါအ၀င် နအဖနှင့်အပေး အယူမျှနေသည့် စီးပွားရေးသမားများလည်း ပါဝင်ကြောင်း၊ အချို့ရုပ်ရှင်လောကနှင့် ဂီတလောကမှအနုပညာ ရှင်အချို့ မူးယစ်ဆေးသုံးစွဲမှုကြောင့် ခေါ်ယူစစ်ဆေးခံရကာ ၀န်ခံကတိထိုးရကြောင်း ခိုင်လုံသော အနုပညာ သတင်းရပ်ကွက်မှ သိရသည်။

ရန်ကုန်မြို့မှ ရွှေကုန်သည်တဦးက ဒီသတင်းကို ပြည်ပမီဒီယာတွေနဲ့ ရေဒီယိုတွေက ဖော်ပြခဲ့တာကြာပြီ။ ဇူလိုင်လဆန်းပိုင်းက ထွက်တဲ့ ပြည်တွင်းဂျာနယ်တွေမှာတော့ ရဲချုပ်ခင်ရီက စီးပွားရေးလုပ်ငန်းရှင်တွေကို တရားစွဲထားတာ မရှိသေးပါဘူးလို့ ဗြောင်ကျကျလိမ်ခဲ့တယ်။ အခုတော့ဗူးပေါ်သလိုပေါ်ပြီ။ စစ်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေကိုယ်တိုင် လိမ်လည်နေကြတော့ သူတို့ရဲ့သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံ ကြားတွေကိုရော ဘယ်လိုယုံစားရတော့မှာလဲဟု ထောက်ပြပြောဆိုသည်။

အဆိုပါသတင်းတွင် မောင်ဝိတ်နှင့် () ဦးကိုသာ မူးယစ်ဆေးဝါးမှုနှင့် အရေးယူထားသည်ဟုသာပါရှိပြီး နအဖ အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် (ရဲမြင့်ကြီး)၏သား အောင်ဇော်ရဲမြင့်ပါဝင်ပတ်သက် မှုကိုမူ ထည့်သွင်း ဖော်ပြထား ခြင်း မရှိပေ။

အောင်ဇော်ရဲမြင့်နှင့် မောင်ဝိတ်တို့ နှစ်ဦးသည် ကာလကြာမြင့်စွာကပင် နိုင်ငံခြားဖြစ် မူးယစ် ဆေးဝါးများကို ဖြန့်ဖြူးခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း ပြုလုပ်သူများဖြစ်ကြောင်း၊ ၎င်းတို့ဖြန့်ဖြူးပြီး သုံးစွဲသူများတွင် အနုပညာ လောကနှင့် စီးပွားရေးသမားသာမက တပ်ချုပ်ကြီး၏မြေး ဖိုးလပြည့်ပါ စမ်းသပ်သုံးစွဲရာမှ အမှုဖြစ်ရန် စတင်လာ သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ဆက်လက်ဖတ်ရူ့ရန်

သားလိမ္မာ၏ ကြိုးစားခြင်းရလဒ်

“ မခင်ဦးရေ သားလေးက ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေးနော်” ဦးကျော်ထက်က သားလေးကိုကြည့်ပြီး ပါးစပ်မှ လည်း တတွတ်တွတ် ပြောဆိုနေသည်။

ဒေါ်ခင်ဦးကလည်း အပြုံးကလေးနှင့်နားထောင်ရင်း “ သားယောင်္ကျားလေးဆိုပိုပြီး ချစ်ဖို့ကောင်းတာပေါ့နော်”

“ဒါပေါ့မိန်းမရာ နောက်ပြီးငါတို့မှာလည်း ဒီသားလေးတစ်ယောက်တည်းရှိတဲ့အတွက် သားလေးဖြစ်ချင်တဲ့ဟာကို ငါ့တို့တတ်နိုင်သလောက်ကြိုးစားကြမယ်နော်”

“ကြိုးစားရမှာ ပေါ့ ကျမသားလေးကြီးလာရင် ပညာတတ်ကြီးဖြစ်မှာရှင် သိလား”

ဒေါ်ခင်ဦးမှာ သားကိုကြည့်ရင်း ၀မ်းသာအားရပြောသည်။ ထိုနေ့ကပင် နှင်းဆီမြိုင်ခြံထဲရှိ မိသားစုအားလုံး သားလေးတစ်ယောက်မွေးသည့်အတွက် ၀မ်းသားပျော်ရွှင်နေကြသည်။ မှန်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့သည် အသက်အရွယ်အနည်းငယ် ရလာသောအချိန်ကျမှ သားလေးတစ် ယောက်ရရှိခြင်းဖြစ်သည်။ ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့၏ခြံထဲတွင် သီးနှံပျိုးပင်များကိုစိုက်ပျိုးပြီး အချိန်တန် ရောင်းချသည်။ တိကျစွာပြောရလျှင် ဥယျာဉ်လုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ ဒေါ်ခင်ဦးနှင့်ဦးကျော်ထက်တို့ သည် သားလေးကို ထက်ထက်မြတ်မြတ်ဖြစ်စေချင်၍ သားလေးကိုသူရထက်ဟု အမည်ပေးခဲ့ကြသည်။ သူရထက်ကလေး တဖြည်းဖြည်းကြီးပြင်းလာပြီး ငါးနှစ်အရွယ်ရောက်သောအခါ ကျောင်းထားပေးသည်။ သူရထက်သည် အမည်နှင့်လိုက်အောင် ထူးချွန်ထက်မြတ်သည်။ ထို့ကြောင့် ဆရာ ဆရာမများက သူ့အားချစ် ခင်ကြသည်။ ဆရာ ဆရာမများက သူရထက်လိမ္မာတယ်၊ မိဘစကားလည်း နားထောင်တယ်၊ စာလည်း တော်တယ်ဟု အမြဲတမ်းချီးကျူးကြသည်။ မိဘများကလည်း သားလေးတစ်ယောက် တည်းရှိသည်မို့ ဖူးဖူးမှုတ် ချစ်ကြသည်။ ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့ကလည်း သားလေးငယ်ငယ်ကတည်းက မပျက်ဆီးရအောင်သွန် သင်ဆုံးမသည်။

“ သား ကျောင်းသွားရင် ဆရာ ဆရာမတွေရဲ့စကားကို နားထောင်ရမယ်နော်၊ မဆိုးရဘူး နော်သား..” .

..“ ဟုတ်ကဲ့မေမေ” သူရထက်က အမြဲတမ်း အမေစကားကို နားထောင်လေ့ရှိသည်။ နှစ်၊လဆိုတဲ့ အချိန်ကြာ လာသောအခါ သူရထက် အသက်ကြီးလာသလို အတန်းလည်းကြီးလာသည်။ ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့ သည် သားကို ပြည့်စုံအောင်ကျောင်းထားနိုင်ရေးအတွက် အလုပ်ကိုကြိုးစား လုပ်ကိုင်ကြသည်။

“ကျမတို့မှာ ဒီသားလေးတစ်ယောက်တည်းရှိတဲ့အတွက် သားလေးစိတ်မဆင်းရဲအောင်ထားမယ်။ အိုဘာပဲဖြစ် ဖြစ် သားလေးဖြစ်ချင်တဲ့ အရာကိုဖြစ်ဖို့အတွက် ကျမကြိုးစားမယ်”

“မိန်းမကလည်း အဖြစ်ကိုသည်းနေတာပဲ၊ ဒီသားလေးတစ်ယောက်ရထားတာ ရွှေကောက်ရသလိုပဲ”

“သြော်.. ကိုကျော်ထက်ကလည်း ကျမတို့ဒီအရွယ်ရောက်လာပြီးမှ သားလေးတစ်ယောက်ရတာ ပျော်ရမှာပေါ့ ရှင်။ ဒီမယ်ကျမသားလေးက တစ်နေ့ကျရင် ပညာတတ်ကြီးဖြစ်မှာ သေချာတယ် ရှင့်..”

မိဘနှစ်ပါးက သားသူရထက်၏ ကြိုးစားပုံ၊ လိမ္မာပုံ၊ အများတကချီးကျူးခြင်းခံရသော ကြောင့် သားလေး၏ သတင်းမွှေးပုံကို ကြားရသောအခါ များစွာပီတိဖြစ်ရသည်။

“သားက အခုဆယ်တန်းအောင်ပြီးဆိုတော့ ဘာဆက်တက်ချင်သလဲ။ ဘာဆက်လုပ်မှာလဲ ”

“ဖေဖေသား တက္ကသိုလ်ပဲ ဆက်တက်ချင်တယ်” ဘယ်တက္ကသိုလ်တက်မှာလဲ သား”

“ သား ဆေးတက္ကသိုလ်ဆက်တက်ချင်တယ် ဖေဖေ အဲဒါ...”

“ သြော်သားက ဆရာဝန်ဖြစ်ချင်တာကိုး..”

“ဟုတ်ကဲ့ဖေဖေ”

“ရှင့်ကို ကျမပြောပြီးမဟုတ်လား ကျမသားကပညာတတ်ဖြစ်မယ်ဆိုတာ ရှင်မေ့သွားပြီးလား ဒီမှာသားကို မေမေ တစ်ခုပြောချင်တယ် သေသေချာချာ နားထောင်နော်”

“ ဟုတ်ကဲမေမေ သားနားထောင်ပါ့မယ်”

“အဲဒါဘာလဲဆိုရင် မေမေတို့က ဆင်းရဲတယ်၊ အသက်လည်းကြီးပြီး၊ ဒါပေမယ့် သားဘာမှမပူနဲ့ သားရည်မှန်း ချက်ရောက်အောင်သာ လျှောက်ပါသား...”

“ သားလေးက လိမ္မာတယ်။ ကြိုးစားတယ်ဆိုတာ မေမေတို့ သိပါတယ်။ ဒါပေမယ့်သား လူဆိုတာဖြစ်တတ် တယ်။ အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရရင် နောက်ဆုတ် ချင်ကြတယ်။ ဒါပေမယ့် တစ်ချို့ လူတွေ ကျတော့ အခက်အခဲဘယ်လောက်ရှိရှိ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ ဇွဲရှိရှိစိတ်ဓတ်ခိုင်ခိုင် မာမာထားပြီးကြိုးစား လို့ အောင်မြင်တာချည်းပဲ။ ဒါကြောင့် သားကို မေမေတို့ဖြစ်စေချင်တာက သားအခုတက်မယ့် တက္ကသိုလ်ဟာ ဘယ်လောက်ပဲ အခက်အခဲရှိရှိ နောက်မဆုတ်ပဲ ကြိုး စားသွားပါ။ မေမေတို့ဘက်က တတ်နိုင်သလောက် အစွမ်းကုန်ဖြည့်ဆည်းပေးမှာပါသား“

“ဟုတ်ကဲ့ မေမေနဲ့ဖေဖေ သားနောက်မဆုတ်ပဲ အစွမ်းကုန်ကြိုးစားသွားပါမယ်။ သားရည် မှန်ထားတဲ့အတိုင်း တစ်နေ့ဖြစ်လာအောင်ကြိုးစားပါမယ်။ သားကတိပေးပါတယ်။”

ဆေးတက္ကသိုလ်တက်ခွင့်ရသော သူရထက်သည် စာကိုပိုမိုကြိုးစားသည်။ ပိုလေ့လာသည် ပိုဖတ်ရှုသည်။ သူရထက်သည် ဆင်းရဲသော်လည်း ရိုးသားပြီး ကြိုးစားသောကြောင့် လူအများက ချစ်ခင်ကြသည်၊ သူရထက် ၏စိတ်အတွင်း အမြဲကိန်းအောင်နေသော အရာ တခု ရှိသည်။

“ငါ့ရဲ့မိဘတွေက ဆင်းရဲတဲ့ ဘ၀ကြမ်းထဲက ငါ့ရည်မှန်းချက်ပြည့်ဝဖို့ လုပ်ဆောင်ပေးခဲ့တယ်၊ ဒါကြောင့် ငါ့မိဘတွေရဲ့ စေတနာကို ကျေးဇူးပြန်ဆပ်နိုင်အောင်လို့ ငါပညာကို အစွမ်းကုန်ကြိုးစားမယ်။ ငါ့မိဘတွေကို ပေးထာ တဲ့ ကတိအတိုင်း ဆရာဝန်တစ် ယောက် ဖြစ်အောင်ကြိုးစားမယ်”

သူရထက်သည် ဆေးတက္ကသိုလ်တွင် နောက်ဆုံးနှစ်သို့ ရောက်သောအခါများစွာ ပျော်ရွှင်မိသည်။ သူရည်မှန်း ထားသော ရည်မှန်းချက် ပြည့်တော့ မည်။

မကြာမီသူရထက်သည် ဆေးပညာဘွဲ့ကို ရရှိလေသည်။ မိဘများမှာလည်း ပျော်ရွှင်ကြည် နှုးပီတိဖြစ်ကြရသည်။ ယခုအချိန်တွင် သူရထက်သည် ကိုယ်ပိုင်ဆေးခန်းငယ်လေး တစ်ခု တွင် လူနားများအား လက်ခံကုသပေး လျက်ရှိသည်။ ထိုဆေးခန်း၏ အမှန်မှာ “သူရထက် ဆေးခန်း”ဖြစ်ပေသည်။



ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

usaemfhESifh awmif;qdkcsufrsm;ta=umif;

“usr aumufaysmufr&Sm”

usaemfb0 wpfoufpmwGuf

tzlvHkqHk; pum;vHk;a[h?

arwWmw&m udkyGmrsm;a=umif; a=ujimolrsm;?

aus;Zl;jyKI

usaemfhudk enf;enf;r#a0ay;=uyg?

“=unfhwwf&pfvS wmcsnfyJ” vdk@ajym=uolrsm;

aus;Zl;jyKI

usaemfhudkoifay;=uyg?

pmemwwfwJh ESvHk;om;&Sdolrsm;

aus;Zl;jyKI

trSefw&mtwGuf

usaemfhudk rSm;,Gif;cGifhay;=uyg?

usaemfhtouf±_aeoa&G@aygh?

ယခုနှစ်အတွင်း ကျောင်းတက်နေသည့် သူငယ်ချင်းတစ်ယောက်မှ ပို့ပေးလိုက်သော ကဗျာဖြစ်ပါသည်။ အားလုံး လာဝေဖန်ကြပါဦး၊



ဆက်လက်ဖတ်ရူ့ရန်

() ဇူလိုင် (၄၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲက ကျောင်းသားဆိုတာ သတ္တိရှိတယ်၊ ရိုးသား တယ်၊ စည်းကမ်းရှိတယ်၊ လွတ်လပ်ပွင့်လင်းလို တယ်၊ အမြင်ကျယ်တယ်၊ အဖိနှိပ်ခံပြည်သူတွေ ဘက်ကရပ်တည်တယ်၊ တိုးတက်တဲ့ အမြင်ရှိတယ်၊ ခေတ်မှီတယ်၊ အစွန်းရောက်မှုတွေကို ဆန့်ကျင်တယ်၊ ကိုယ့်ကျင့်သိက္ခာမြင့်မားတယ်၊ အလုပ်လုပ်ရာမှာ စံတန်ဖိုး သတ် မှတ်ချက်တွေနဲ့ ဇွဲလုံ့လ စိုက်ထုတ်လုပ်ကိုင်သူတွေဖြစ်တယ်၊ ဒါကြောင့်မို့ () ဇူလိုင်သမိုင်းကို ဘယ်တော့မှမမေ့နဲ့ဟု ပြောဆိုခဲ့ သည်။

ဆက်လက်ဖတ်ရူ့ရန်

"၇ ဇူလိုင် အရေးအခင်းကနေ စလိုက်မယ်ဆိုရင် ဒီခေတ်မှ ကျောင်းသားလှုပ်ရှားမှုတွေက ရပ်တန့်ခဲ့တာ မတွေ့ပါဘူး။ ဘယ်တော့မှလည်း ရပ်တန့်သွားမယ်လို့ ကျွန်တော်တို့ မယူဆ ဘူးခင်ဗျ။ ၆၂ ကစမယ်ဆိုရင် ၇၄၊ ၇၅၊ ၇၆လို သမိုင်းတွေ ရှိခဲ့တယ်။ နောက် ၈၈ ကျောင်း သားလှုပ်ရှားမှုတွေရှိခဲ့တယ်။ နောက်ဆုံး စက်တင်ဘာ လှုပ်ရှားမှုနဲ့တွဲတဲ့ ကျောင်းသား လှုပ်ရှားမှုတွေက တောက်လျှောက်ရှိခဲ့တယ်။ ကျောင်းသား သမဂ္ဂပေါ်ပေါက်ဖို့ဆို ရင် စစ် အာဏာရှင်စနစ် မရှိမှဖြစ်မယ်။ ဒီစစ်အာဏာရှင်စနစ် ရှိနေသရွေ့ကတော့ ကျောင်းသား လှုပ်ရှားမှုတွေက ဆက်ပြီးတော့ ရှိနေဦးမှာပဲလို့ ကျွန် တော် ပြောချင်ပါတယ်။"

ကိုမင်းနိုင်
တာဝန်ခံ ၊ ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)




ဆက်လက်ဖတ်ရူ့ရန်

ဒီကဗျာကို ကိုဇာနည်မောင်က ပို့ပေးလိုက်တာပါ။ တိုက်ဆိုင်မူရှိရင် ခွင့်လွှတ်ပါနော်။ ကျေးဇူးပဲ ကိုဇာနည် မောင်ရေ...

ဆက်လက်ဖတ်ရူ့ရန်

ကော်သူးလေနှစ်၆၀ စစ်ပွဲ

ဒီအောင်ခင်

ဇူလိုင် ၃၊ ၂၀၀၈

KNU ဘာလဲ
ကရင်အမျိုးအသားအစည်းအရုံး(KNU)ဟာ စစ်အစိုးရနဲ့ အပစ်အခတ်မရပ်သေးတဲ့ သူပုန်အဖွဲ့တွေထဲမှာ အကြီး ဆုံးအဖွဲ့ပဲ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မဟာမိတ်ကြီးအဖြစ် လေးစားရတဲ့၊ အားကိုးရတဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မြန်မာစစ်အစိုးရကိုပုန်ကန်ခဲ့တာ နှစ်ပေါင်း၆၀ရှိပါပြီ။ သိပ်မကြာ သေးခင်ကပဲ စောဘိုမြ၊ ပဒိုမန်းရှာ၊ စောဘသင်စိန် စတဲ့ KNU ခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားပါတယ်။ လက်ရှိအခြေအနေမှာ အင်အား ကြီးမားလှတဲ့ ဒီအဖွဲ့ကြီး တဖြည်းဖြည်း ချိနဲ့လာတာ တွေ့ရမှာပါ။ ဒီလို အားနည်းလာရတာဟာ နာမည်ကျော် ခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားလို့ မဟုတ်ပါဘူး။ စစ်အစိုးရက KNU နယ်မြေတွေကို နည်းမျိုးစုံနဲ့ သိမ်းပိုက်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်း KNUရဲ့ အောက်ခြေ နဲ့ အလယ်အလတ်အဆင့် စစ်ရေးခေါင်းဆောင် အများအပြားကို စစ်အစိုးရက စီးပွားရေးလုပ်ပိုင်ခွင့်မက်လုံးတွေ ပေးပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

ဒီလိုနဲ့ KNUရဲ့နယ်မြေတွေ၊ အင်အားတွေ ပဲ့ထွက်ခဲ့တာပါ။

DKBA ဘာလဲ
KNUရဲဘော်တွေထဲမှာ ခရစ်ယာန်ဘာသာဝင်က အများစုပါ။ ၁၉၉၅ ဒီဇင်ဘာလမှာ KNU ထဲက တပ်သား အင် အား ၅၀၀ ခန့် ပုန်ကန်ခွဲထွက်သွားပါတယ်။ ခွဲထွက်သူတွေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တပ်ဖွဲ့ဝင်တွေပါ။ သူတို့ က ဒီကေဘီအေ(DKBA) ဆိုပြီး အဖွဲ့တခုကိုတည်ထောင်လိုက်ပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) လို့ အမည်ပေးပါတယ်။

ဒီ ကရင်အဖွဲ့နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် မိတ်ဆွေတချို့က ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားပါသေး တယ်။ မအောင်မြင်ပါ။

စစ်အစိုးရက ဒီအခွင့်အရေးကို လက်လွတ်မခံပါဘူး။ DKBA ကို ၀င်ပူးလိုက်ပါတယ်။ ဒါနဲ့ပဲ DKBAဟာ စစ်အစိုး ရရဲ့ မဟာမိတ်ဖြစ်သွားပါတယ်။ အကျိုးဆက်ကတော့ KNUရဲ့နာမည်ကျော် မာနယ်ပလော ဌာနချုပ်စခန်းကြီး ကျဆုံးသွားတာပါပဲ။

ဟိုတုန်းက မာနယ်ပလောကို မြန်မာ့တပ်မတော်က တပ်ရင်းတပ်ဖွဲ့အလုံးအရင်းနဲ့ ၀င်တိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နယ်မြေကျွမ်းကျင်တဲ့၊ မာနယ်ပလော ဒေသခံတွေဖြစ်တဲ့ DKBA ကရင်တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ၀င်တိုက်ခိုင်းမှပဲ မြန်မာ့တပ်မတော်က အောင်မြင်ခဲ့ပါတယ်။

မာနယ်ပလောကို ၀င်တိုက်တဲ့အချိန်မှာ DKBA တွေကို ရှေ့ကနေသွားခိုင်းတယ်၊ စစ်တပ်က နောက်က လိုက် တယ်။ မာနယ်ပလောမှာရှိတဲ့ KNUတွေက မခုခံတော့ဘူး။ ဆုတ်တော့တာပဲ။ ကရင်အချင်းချင်းဆိုတော့ မပစ်တော့ဘူးပေါ့။ ဒါနဲ့ စခန်းလည်း ကျသွားတာပဲ။လို့ မာနယ်ပလောမှာ နေထိုင်ခဲ့ဖူးသူတဦးက ဆိုပါတယ်။
အဲဒီအချိန်ကစပြီး မြန်မာ့တပ်မတော်က DKBA နဲ့ ပေါင်းပြီး KNUတပ်တွေကို ၀င်တိုက်တယ် ဆိုတဲ့သတင်းတွေ ဒီနေ့အချိန်ထိ ကြားနေရတော့တာပါပဲ။ DKBA က အဖွဲ့ဝင်သစ်တွေ ပုံမှန် စုဆောင်းနေပါတယ်။ လက်ရှိ အခြေ အနေမှာတော့ DKBA ရဲ့အင်အား ၂၀၀၀ နဲ့ ၃၀၀၀ ကြားမှာရှိမယ်လို့ www.janes.com က ခန့်မှန်းပါတယ်။

စစ်အစိုးရနဲ့ DKBA
DKBA
ဖွဲ့ပြီး ၂လအကြာမှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကို ၀င်ရောက်ပြီး ပဒိုမန်းရင်စိန်ဆိုတဲ့ KNU ခေါင်းဆောင်တယောက်ကို ၀င်ဖမ်းသွားခဲ့ပါတယ်။ DKBAမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူပေးဖို့ ကမ်းလှမ်းပါတယ်။ ပဒိုမန်းရင်စိန်က လက်မခံပါဘူး။ ဒါနဲ့ စစ်အစိုးရလက်ထဲ ရောက်သွားပါတော့တယ်။ အစိုးရ က ပဒိုမန်းရင်စိန် (ယခု အသက် ၇၇နှစ်)ကို ထောင် အနှစ် ၂၀ ချလိုက်ပါတယ်။ ၅ နှစ်အကြာမှာ DKBAရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်တဲ့ မြိုင်ကြီးငူဆရာတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အစိုးရက သူ့ကို လွတ်ပေးပါတယ်။ (မကြာခင်မှာပဲ KNUထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နိုင်ခဲ့ပါတယ်။)

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မြန်မာ့တပ်မတော်က DKBAရဲဘော် ၅ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ စစ်မြေပြင် တနေရာ မှာ DKBAရဲဘော်တွေကို ရှေ့က ချီတက်ခိုင်းတယ်၊ ဒီရဲဘော်တွေက မသွားနိုင်ဘူး၊ ကရင် အချင်းချင်း မပစ်နိုင် ဘူးလို့ ပြောတာကြောင့် ပစ်သတ်ခံရကြောင်း ခေတ်ပြိုင်ဂျာနယ် သတင်းတပုဒ်က ဆိုပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီပြဿနာတွေကို ကျနော်တို့ကြားမှာ ဖြေရှင်းလို့ရပါတယ်။ ကျနော်တို့ဟာ တပ်မတော်အစိုးရနဲ့ လက်တွဲပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတာဖြစ်တယ်ဆိုတဲ့ DKBAအရာရှိတဦးရဲ့တုန့်ပြန်ချက်ကိုလည်း ဖော်ပြထားပါတယ်။

အပစ်အခတ် ရပ်မလား
ကော်သူးလေပြည်နယ် (ကရင်ပြည်နယ်)မှာ နှစ် ၆၀ လုံးလုံး တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ ကမ္ဘာပျက်ခဲ့ရပါတယ်။ အကျိုးဆက်အားဖြင့် ထိုင်းနိုင်ငံဘက်အထိ စစ်ဘေးတိမ်းရှောင်ရတဲ့အတွက် ဒုက္ခသည် စခန်းကြီးတွေ ပေါ်ပေါက်လာတယ်။ တိမ်းရှောင်ရတဲ့အရေအတွက်က သိန်းနဲ့ချီ ရှိတယ်။ ထိုင်းနိုင်ငံအထိ မ ရောက်ဘဲ တောထဲမှာ ရွာလုံးကျွတ် ပတ်ပြေးနေတာတွေလည်း လူဦးရေ သိန်းနဲ့ချီ ရှိနေဆဲပါ။ သူတို့ကိုတော့ IDP တွေ ရွာပုန်းရွာရှောင်တွေ ဆိုပြီး သတင်းတွေထဲမှာ ကြားရမှာပါ။

(ရန်ကုန်သား မန္တလေးသားတွေက သူတို့လို အသက်လုပြေးနေ ပုန်းနေရသူတွေကို သိကြမှာမဟုတ်သလို၊ သူတို့ကလည်း ရန်ကုန်မန္တလေးမှာ ပစ်ခတ်တာတွေ ရှိတတ်တာကို သိကြမှာမဟုတ်ပါဘူး။)

ပြည်တွင်းစစ်ဆိုးကျိုးကို သဘောပေါက်တဲ့ KNUက အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ လက်နက်တော့ မချနိုင်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ လုပ်ချင်ပါတယ် တဲ့။ စစ်အစိုးရအဖို့ နိုင်ငံရေးအရ ဆွေးနွေးပွဲ ဆိုတဲ့ စကားလုံးက နားခါးစရာပါ။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်အစိုးရနဲ့ KNU အကြား စေ့စပ်ဆွေးနွေးပွဲပေါင်း ရာနဲ့ချီပြီး ပြုလုပ်ခဲ့ပါတယ်။
၂၀၀၄ ဇန်န၀ါရီလမှာတော့ စာချုပ်မချုပ်နိုင်ခဲ့ပေမဲ့ နှစ်ဦးနှစ်ဘက်နှုတ်ကတိ (gentleman's agreement)တော့ ပြုခဲ့ကြပါတယ်။ ဒီနှုက်ကတိက လအနည်းငယ်တော့ အလုပ်ဖြစ်ခဲ့ဟန် တူပါတယ်။ အခုတော့ တိုက်ပွဲတွေ ပိုပြီး တိုးပွားလာပါပြီ။

KNU
စစ်ရုံးချုပ် ထုတ်ပြန်ချက်တွေအရ တနှစ်ကို ထောင်နဲ့ချီပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ အတွင်း ၁၃၈၃ ကြိမ်၊ ပြီးခဲ့တဲ့နှစ်မှာတော့ ၁၃၉၁ ကြိမ် လို့ ဆိုပါတယ်။

နောက်ဆုံးအခြေအနေ
ဒီရက်ပိုင်းအတွင်း KNU စခန်းတခုကို DKBA က ၀င်တိုက်တာ တိုက်ပွဲက ၂ ရက်ကြာခဲ့ပါတယ်။ စခန်းက ထိုင်းနိုင်ငံကို ကျောပေးထားတဲ့ စခန်း ဖြစ်ပါတယ်။ ထုံးစံအတိုင်း DKBAနဲ့အတူ မြန်မာ့တပ်မတော် ပါပါတယ်။ ၂ ရက် တိုက်ပွဲ အပြီးမှာတော့ ဒဏ်ရာရ မြန်မာ့တပ်မတော်သား တဦးကို ဖမ်းဆီးမိခဲ့ကြောင်း KNU ဗိုလ်မှူးစောလှငွေက RFA သတင်းဌာနကို ပြောပြပါတယ်။ သူ့ကို ထိုင်းနိုင်ငံ စစ်တပ်လက်ထဲ လွဲပြောင်းပေးလိုက်တယ် လို့လည်း ဆိုပါတယ်။ အစဉ်အလာအရဆိုရင် ထိုင်းနိုင်ငံက ဒီ ဒဏ်ရာရစစ်သားကို မြန်မာနိုင်ငံဘက် တရားဝင် ပို့ဆောင်ပေးမှာပါ။

ထိုင်းတပ်မတော်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ အင်အားတိုးချဲ့ပြီး တပ်လှန့်ထားပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ KNU DKBA မြန်မာ့တပ်မတော်သား ဘယ်သူ့ကိုမဆို ထိုင်းနယ်မြေထဲ ၀င်မလာအောင် ကာကွယ်ဖို့၊ သူ့နိုင်ငံသားတွေကို ကာကွယ်ဖို့ အင်အားတိုးထားတာလို့ ယူဆရပါတယ်။

KNUက သူ့တပ်တွေအတွက် လက်နက်နဲ့ ရိက္ခာဖြည့်တင်းဖို့ ထိုင်းနယ်မြေကို သုံးခွင့်ရချင်မှာပါ။ DKBA မြန်မာ့တပ်မတော် တို့ကလည်း ထိုင်းက ခွင့်ပြုမယ်ဆိုရင် ထိုင်းနယ်မြေထဲဝင်ပြီး KNUစခန်းကို နောက်ကျော ကနေ လွယ်လွယ်ကူကူ ၀င်တိုက်နိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအိပ်မက်
ကရင်ပြည်နယ်မှာ စစ်ဖြစ်နေတဲ့အတွက် နှစ်ဘက်စလုံး သေကြေကြပါတယ်။ ဘယ်သူပဲသေသေ မြန်မာ ပြည်သားတွေပါပဲ။ ဒေသခံတွေအတွက်လည်း မသက်သာပါဘူး။ စစ်အစိုးရဘက်ကို ဘက်လိုက်တဲ့သူ သတင်း ပေးတဲ့သူဟာ KNUရဲ့ ရန်ဘက်ဖြစ်ပါတယ်။ KNUကို ကူညီတဲ့ ဒေသခံဟာလည်း စစ်မြေပြင်အစဉ်အလာအရ ဆွေ၇ဆက် မျိုး၇ဆက် သေဒဏ်သင့်နေပါတယ်။

ဒါကြောင့် ကရင်ပြည်နယ်ထဲမှာ လုပ်အားပေး၊ နှိပ်စက်၊ ပေါ်တာဆွဲ၊ အနိုင်ကျင့်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်၊ မီးရှို့ဆိုတာတွေဟာ အဆက်မပြတ် ပေါ်ပေါက်နေတာပါ။ စာနယ်ဇင်းစည်းမျဉ်း တခုအရ ဆိုရင်တော့ ဖြစ်ရိုးဖြစ်စဉ်တွေ၊ နေ့တိုင်းဖြစ်နေတာတွေဟာ သတင်းမဟုတ်တဲ့အတွက်၊ သတင်းအဖြစ် ရေးသား ဖော်ပြစရာမလိုပါဘူး။ ဒီဖြစ်ရိုးဖြစ်စဉ်တွေကြောင့် ဘယ်လိုခံစားရတယ်ဆိုတာကို ထုတ်ဖော်ပြောဖို့ စကားလုံး လည်း ရွေးရခက်လှပါတယ်။

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates