အချစ်စာလုံး

စာရွက်ဖြူပေါ်မှာ

အချစ်ဆိုတဲ့စာလုံးကို

မကြာခဏဆိုသလို

ငါတွေ့ခဲ့တယ်။

လူတွေပြောဆိုသံလည်း

ငါ့….ကြားခဲ့တယ်။

တချို့လူတွေက

ဘယ်မှာသုံးသလဲ

ရည်းစားထားတဲ့ နေရာမှာပေါ့၊

ကျောင်းသူ၊ ကျောင်းသားတွေက

ဘယ်မှာ သုံးသလဲ

ကျောင်းနဲ့ ပြည်သူတွေကိုပေါ့။

ပိုးတဲ့နေရာလည်းမတူ

လူတွေထဲရောက်

ကျောင်းသူ၊ ကျောင်းသားတွေထဲရောက်။

လူတွေကြားမျှော

ကမ္ဘာမှာအနှံ့ ရေးသုံးထား၍

နှစ်သက်မှုများကြတယ်လေ….။

ငါ…ကတော့

သာယာတဲ့ကမ္ဘာပေါ်

နူးညံ့တဲ့ အပြုံးမျက်လုံးနဲ့

ကြည်လင်တဲ့မိုးကောင်းကင်အောက်

ရဲရင့်ပြီး သတ္တိရှိတဲ့သူတွေရယ်…

ကိုယ်ကျိုးမဖက် ငြိမ်းချမ်းရေးတိုက်ပွဲထဲ

အာဇာနည်စိတ်ဖြင့် ပါဝင်ဆင်နွဲသူကို

ဒီစာလုံးနဲ့

လေးစားခြင်းများစွာနဲ

ငါ….

သုံးပြုခဲ့မိတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates