ကေအန်ယူကို အကြမ်းဖက်အဖွဲ့စာရင်းမှ အမေရိကန်ပယ်ဖျက်ပေး


NEJ/ ၆ နိုဝင်ဘာ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် (၁၃)ကြိမ်မြောက်ညီလာခံပြိးချိန်နောက်ပိုင်း နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိသော်လည်း ကေအန်ယူအား အမေရိကန်နိုင်ငံက ၎င်းတို့၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း (၁၄) ကြိမ်မြောက် ကေအန်ယူကွန်ဂရက် သို့တင်သွင်းသည့် ယခင်နိုင်ငံခြားရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရခဲ့သည့် အဆိုပါ အစီရင်ခံစာ၌ နအဖစစ်အစိုးရက ကရင်လူမျိုး အရပ်သားများအပေါ် ဖိနှိပ်ဗိုလ်ကျမှုများနှင့် ကေအန်ယူအပေါ် နအဖ၏ ထိုးစစ်များကြောင့် ကရင်ပြည်တွင်းအိုးမဲ့အိမ်မဲ့ဒုက္ခသည်အရေအတွက်၊ နေရပ်ရင်းစွန့်ခွာ၍ ထိုင်းနိုင်ငံ အတွင်းသို့ ခိုလှုံဝင်ရောက် လာသည့် ကရင်လူမျိုးများ၏ အရေအတွက် များပြားလာခြင်းအပေါ် ထိရောက်စွာ ထုတ်ဖော်ပြော ဆိုခြင်းမရှိသော အိမ်နီးချင်း ထိုင်းအစိုးရ၏ စာနာထောက်ခံမှုရရှိရန် ချဉ်းကပ်ဆွေးနွေးနိုင်မှု မရှိသည်ကို တွေ့ရသည်ဟု ထောက်ပြထားသည်။

ထို့အပြင် ငွေကြေးနှင့် အတတ်ပညာအားဖြင့်လည်းကောင်း၊ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်းဖြင့်လည်းကောင်း ရေကာတာ များစီမံကိန်းများပြုလုပ် နေခြင်းဖြင့်လည်း ကောင်း နအဖစစ်အစိုးရအပေါ် အနီးကပ် အထောက်ကူပေးနေသည့် တရုတ်နိုင်ငံထံမှ စာနာထောက်ခံမှုကိုလည်း တစုံတရာ ရယူနိုင်ခြင်းမရှိခဲ့ကြောင်းလည်း တွေ့ရသည်။

မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားများအပါအ၀င် နိုင်ငံသားအားလုံး အခွင့်အရေးများ ဆုံးရှုံးနေရမှုတို့ကို နိုင်ငံတကာသို့တင်ပြ ရန်၊ ထိုမှတဆင့် နိုင်ငံတကာက နအဖ စစ်အစိုးရအား နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားများပေးသွားရန် ရည်ရွယ်၍ ၂၀၀၄ ခု ကွန်ဂရက်မှ ယခင် ကေအန်ယူ ဥက္ကဌ ဗဒိုစောဘသင်စိန်၊ အတွင်းရေးမှူးစောဒေးဗစ်တောနှင့် အဖွဲ့ဝင် () ဦးတို့်ဖြင့် နိုင်ငံခြားရေး ကော်မတီဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားများအရေးအား နိုင်ငံတကာက နိုင်ငံရေးအရ စာနာထောက်ခံလာစေရန် ကြိုးစားရာတွင် လူမျိုးစုအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့သည် ဆက်လက်အရေးပါလျက်ရှိပြီး အချိန်ယူလုပ်ဆောင်ရမည်ဟု အစီရင်ခံစာ၏ နိဂုံးပိုင်းတွင် အကြံပြု ဖော်ပြထားသည်။

ဆက်လက်ဖတ်ရူ့ရန်

ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌသစ်အဖြစ် ကွယ်လွန်သူဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီးကိုရွေးချယ်



NEJ/ ၆ နိုဝင်ဘာ ၂၀၀၈

ယမန်နေ့က ကျင်းပပြီးစီးသွားသည့် ()ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ဆရာမနော်လားဖိုးကို ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌအဖြစ် ရွှေးချယ်တင် မြောက်လိုက်သည်။

အောက်တိုဘာ (၃၀)ရက်နေ့မှ နိုဝင်ဘာ ()ရက်အထိ ကရင်အမျိုးသား အစည်းအရုံးလက်အောက်ခံ ခရိုင် တစ်ခုတွင် ကျင်းပသည့် ညီလာခံမှ ဗဟိုကော်မတီ (၃၅)ဦးကိုလည်း တဆက်ထည်း ရွေးချယ်တင်မြှောက်ခဲ့ကြ သည်။

ကျင်းပပြီးစီးသွားသည့် ()ကြိမ်မြောက် ညီလာခံတွင် မူဝါဒရေးရာ အပြောင်းအလဲမရှိပေ၊ ကရင်အမျိုးသမီး အစည်းအရုံး KWO အနေနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီမှုများ ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ရေးဆွဲချမှတ်ခဲ့သည်ဟု အဖွဲ့ ၏ ဒုဥက္ကဌ နော်ဖောဒေးတိုးက ခေတ်ပြိုင်သို့ ပြောသည်။

ညီလာခံသို့ KWO ဗဟိုနှင့် ဘားအံခရိုင်၊ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖါပွန်ခရိုင်၊ဒူးပ လာယာခရိုင်၊ ဘိတ်ထားဝယ်ခရိုင်တို့မှ ညီလာခံကိုယ်စားလှယ်များ လေ့လာသူများအပါအ၀င် (၈၇)ဦးတက် ရောက်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံးကို (၁၉၈၅)ခုနှစ်က မာနယ်ပလောဌာနချုပ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ညီ လာခံကို ()နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ သို့သော် နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် မူတည်၍ ပြောင်း လဲ ကျင်းပမှုများလည်း ရှိသည်။

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates