လွယ်အိတ်ကလေး

လွယ်အိတ်ကလေးရေ…. မင်းဟာသိပ်လှပြီး ငါဘ၀အတွက် အသုံးဝင်တဲ့အရာတစ်ခုအဖြစ် ငါ့ရဲ့ ကျောင်းသူ ဘ၀မှာ မင်းဟာ ငါ့အတွက် အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့တယ်။ မင်းလေးက ရောင်စုံမျိုးစုံနဲ့ အစွမ်းကုန်လှနေ ပါ တယ်။ ဒါကြောင့် မင်းလေးကို ငါကြိုက်ခဲ့တာပေါ့။ ဒါပဲလာဆိုပြီး…မင်းငါ့ကို မေးနိုင်ပါတယ်။ ငါပြောမယ်နော် ဒါတွေဘယ်ကအုံးမယ်လဲ။ မင်းဟာ ငါတို့ရိုးရာရဲ့ တံဆိပ်နဲ့လည်း လှပစွာ ရောင်စုံခြယ်သထားလို့ မင်းကို နှစ် သက်ခဲ့တာပါ။ လွယ်အိတ်ကလေးတွေကို ငါချစ်တယ်။ ဒါပေမယ့် တခြားလွယ်အိတ်တွေထက် မင်းကို ပိုချစ်ခဲ့ဖြစ် တယ်။ အဲ့ဒါကို မင်းလေးသိချင်းလား။ မင်းဟာ ငါကျောင်းနေတဲ့အချိန်မှာ ငါ့ရဲ့အတန်းဖော်တဖုံ၊ ငါရဲ့သူငယ်ချင်း တဖုံ ငါ့ကို မင်းလေးက အစဉ်အမြဲအဖော်ပြုနေပေးတယ်နော်။ အဲ့ဒါကို ငါ့အခုထိ မမေ့သေးပါ ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းလေးကို ငါဘယ်လိုဘဲ အသုံးပြု ဘယ်လိုဘဲ လုပ်လုပ် မင်းကတော့ ငါ့ရဲ့ အပြုအမှုကို အကုန်လုံးခံ တာပဲနော်။ မင်းလေးရဲ့ ၀မ်းဗိုက်ထဲကို စာအုပ်တွေ လည်းထည့်၊ စာရေးဖို့အတွက် ခဲတံ၊ ဖော်တိန်၊ ပေတံ၊ စသည့် အရာတွေကိုလည်း ငါထည့်ခဲ့တယ်။ ဒါတွေဘယ်ကအုံးမလဲ။ တခါတလေ ငါစားဖို့ မုန့်တွေကိုလည်း ထည့်တယ်လေ။ တကယ့်လို့ မင်းစကားပြောတတ်ရင် မင်းလေးက ငါကို ဘယ်လိုပြော လိုက်မလဲနော်။ ငါဝန်ခံပါ တယ်။ ငါ မင်းကို မညှာမတာ အသုံးပြုလို့ မင်းလေး ဆုတ်သွားတယ်ဆိုတာကိုလေ။ ငါသိပါတယ်။ မင်းလေးက ငါကို ခွင့်လွှတ်မယ်ဆိုတာ။ ဘာဘဲဖြစ်ဖြစ် မင်းလေးက ငါ့အတွက် တာဝန်ကျေခဲ့ပါတယ်။ မင်းလေးဟာ ဘယ် လိုဖြစ်ပြီး ငါ့ဘ၀ထဲမှာ ၀င်လာသလဲဆိုတာကို ငါပြောရအုံးမှာလား။ မင်းလေးက ငါ့မေမေ ဖန်တီးလို့ ရောက်လာတာပေါ့။ ငါ့မေမေက ငါ့ကိုပြောတယ်။ ဘာပြောသလဲဆိုတော့ သမီး စာမေးပွဲ အအောင်ရင် ကြိုက်တာပြောတဲ့။ သူဝယ်ပေးမယ်ပေါ့။ ဒါပေမယ့် အဲ့ဒီအချိန်က ငါအတွက် အကုန် လုံး အဆင်ပြေ ခဲ့တယ်လေ။ မေမေက ပြော..ရတယ်တဲ့။ အဲဒါနဲ့ ငါက မေမေကိုယ်တိုင် ရက်လုပ်ထားတဲ့ ကရင် လွယ်အိတ် တစ်လုံး လိုချင်တယ်လို့ ငါပြောလိုက်တယ်။ ငါ့ မေမေက သူရက်လုပ်ပေးမယ်တဲ့။ ငါဘယ် လောက်ဝမ်းသာလဲဆိုတာ မင်းလေး သိမှာပေါ့နော်။ ငါ့မေမေက မင်းလေးကို အလှပဆုံးနဲ့ လက်ရာ အကောင်းဆုံး ရက်လုပ်ခဲ့ တယ်။ မင်းလေးကို ဘယ်လိုအလှနဲ့ ခြယ်သထားသလဲဆိုတာ ငါပြောပြမယ်နော်။ မင်းလေးကို အလှဆုံးချည် နဲ့ ငါတို့ရဲ့ ရိုးရာ ဖားစည်ကို အကွက်ဖော်ထားတယ်လေ။ မင်းလေးက အလွန်မှ ချစ်စရာကောင်းတယ် သိလား။ ငါ မင်းလေးကို ကျောင်းခန်းထဲ လွယ်သွားပြီးဆိုရင် ငါရဲ့ သူငယ်ချင်းတွေ မင်းလေးကို သဘောကျ တယ်တဲ့။ ငါ လည်း သူများက မင်းကိုလှတယ်လို့ ပြောရင် ငါရင်ထဲမှာ မင်းအတွက် ဂုဏ်ယူမိတယ်။ ငါ့မေမေ ကိုလည်း ကျေးဇူးတင်တယ်။ အဲ့ဒီအချိန်က ငါဘယ်သွားသွား မင်းလေးက ငါ့ဘေးမှာပဲ သွားလေးရာ ပါတာပေါ့။ တကယ် လို့ ငါ စာကြည့်တိုက်သွားရင်လည်း မင်းလေးက ငါစာထည့်ဖို့ အတွက် လွယ်သွားရတယ်လေ။ ဒီလိုနဲ့ပဲ ငါမင်းကို စွဲလမ်းတမ်းဆွတ်နေမိတယ်။ လွယ်အိတ်ကလေးရေ… ငါနဲ့မင်းပေါင်း လာတာ နှစ်နဲ့ချီပြီးဆို တော့ မင်းလေးက ငါ့ဘ၀ကို တော်တော်လေး သိမှာပဲနော်။ မင်းလေးက ပြောမှာဘဲ။ ကရင်မလေးပေါ့။ ပြီးတော့ စာကျက်ဖို့ ပျင်းတဲ့ ကျောင်းသူမလေးဆိုတာကိုလေ။ ငါ ၀န်ခံပါတယ်။ မင်းအပေါ်လည်း ဘာမှာ မလျှိဝှက်ချင်ပါဘူးနော်။ ဟုတ် တယ်…ငါ့ မေမေနဲ့ ဖေဖေက ကရင်ဆိုတော့ ငါလည်း ကရင်မပေါ့။ ငါက စာကျက်ရမှာ ပျင်းတယ်ဆိုတာ ၀န်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါစိတ်ညစ်နေတဲ့ အချိန်ဆိုရင် ဘာစာမှ ဖတ်လို့၊ ကျက်လို့မရဘူးလေ။ ငါ့ဘာသာ တစ်ယောက်တည်း တိတ်ဆိတ်နေတဲ့ အချိန်ဆိုရင် ဖတ်လို့၊ ကျက်လို့ရတယ်။ စိတ်လည်း ၀င်စား တယ်။ ခဏလေးနဲ့ ရလွယ်တယ်။ အဲ့ဒါကိုဘဲ ငါကြိုက်တယ်။ ဒါပေမယ့်…အခုတော့. မင်းလေးနဲ့ ငါ ခွဲသွားပြီးပေါ့နော်။ မင်းလေးဟာ ငါ ကျောင်းနေတဲ့ တစ် လျှောက်လုံးမှာ အကြာဆုံးတွဲလာတဲ့ သူပါ။ ဒါပေမယ့် မင်းလေးကို ငါရင်ထဲမှာ ထာဝရ သတိရနေမှာပါ။ မင်းကို အနူးညံ့ဆုံး ချည်နဲ့ရက် လုပ်ထားတယ်ဆိုတော့ မင်းလေးရဲ့ အလှအပများက နုပျိုဆဲပါ။ အရောင် အဆင်းတွေကလည်း တောက်ပ ရွန်းလဲ့နေဆဲပါပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ခွဲရသလဲ မင်းလေးမေးရင် ငါက တော့ ရင်နာနာနဲ့ပဲ ဖြေရတော့မှာပေါ့နော်။ ဖြစ်ပုံက ဒီလိုလေ။ တစ်နေ့ ငါကျောင်းသွားတော့ အားလပ်ချိန်မှာ မုန့်စားချင်တာနဲ့ ငါသွားဝယ်စားမိတယ်။ မုန့်ကိုလည်း မင်းလေး ရဲ့ ၀မ်းဗိုက်ထဲမှာ ထည့်ထားတာပေါ့။ ဒါပေမယ့် ငါစားလို့ မကုန်ဘဲ အနည်းငယ် ကျန်နေတယ်။ ညနေ ကျောင်း လွှတ်တော့ အဆောင်ပြန်လာပြီး မင်းလေးကို ချိတ်ထားလိုက်တယ်။ ညဖက် စာကျက်တော့လဲ မုန့်စားဖို့ မေ့နေ တယ်။ စာကျက် လို့ ပြီးတော့ ငါလည်း အိပ်ပျှော်သွားတယ်။ မနက်မိုးလင်းတော့ ကျောင်းသွားဖို့ အချိန်ဇယားလဲ မယ်လို့ လုပ်တုန်း ၀မ်းနည်းကျေကွဲစွာနဲ့ မင်းကို တွေ့ရတော့တာပါပဲ။ မင်းလေးကို ကြွက်ကိုက်လို့ ၀မ်းဗိုက်တွေ တစစီ ဖြစ်နေတာကို တွေ့ရတာဘဲ။ ငါလည်း ပြန်ချုပ်လို့မရဘူး ဖြစ်နေတယ်။ မင်းလေးက ကြွက်ကိုက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ မျက်နှာမလှဘူး ဖြစ်နေတယ်။ ငါ့ကို ခွင့်လွှတ်ပါနော်။ အားလုံးဟာ ငါ့အပြစ်တွေပါဘဲ။ ဒီလိုနဲ့ပဲ ငါမင်းကို အမှတ်တရအဖြစ် ဘီရိုထဲမှာ သိမ်းထားနေတာပေါ့။ အပြင်မှာ ထုတ်လွယ်လို့ မရတော့ဘူး လေ။ လွယ်အိတ်ကလေးရေ…ငါ့ကို ခွင့်လွှတ်နိုင်ပါစေလို့ ဆု တောင်းရင်းနဲ့ပဲ……………။း


ယုန်ကလေး

1 comments:

စိုးထက် - Soe Htet ! said...

ကရင် ယုန်ကလေးရဲ့ လွယ် အိတ်ကလေး ဖတ် သွားပါတယ် ... စီဘောက်ခ်စ် က ဘာ ဖြစ်လဲ မသိ ဘူး ပြန် စစ်လိုက်ပါ ဦး :D

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates