လက်ဆောင်

လွန်ခဲ့တဲ့ နှစ်တွေမှာပေါ့...

သူပေးခဲ့တဲ့ လက်ဆောင်လေး

အမှတ်တမဲ့နဲ့ မိုးမိသွားတော့

ဘယ်လိုမှ သိမ်းဆည်းမရ...။


ဒါကို...သူသိနိုင်မှာလား

သူသာသိသွားခဲ့ရင်

တို့ကို အပြစ်ပေးမှာလား..။


ဒါမှမဟုတ်....

မိုးအပြစ်လို့ ဆိုမှာလား

နှစ်လအလီလီပြောင်းခဲ့သော်လည်း

သိမ်းဆည်းခဲ့တဲ့ နေရာကို

ဘယ်လိုမှ မေ့လို့မရနိုင်ပါ..။


သက်မဲ့တဲ့ နှင်းဆီပုံလေးလည်း

ကြွေတတ်တယ်နော်...

သူပေးခဲ့တဲ့ လက်ဆောင်လေးပေါ့..။


ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates