တော်ဝင်မင်းသားမင်္ဂလာပွဲ


တော်ဝင်မင်းသား ဝီလျံ နဲ့ ကိတ်မစ်ဒဲဒန် တို့ရဲ့  တော်ဝင် မင်္ဂလာလက်ထက်ပွဲကို တခမ်းတနား ကျင်းပခဲ့ပေမယ့် မြန်မာ တိုင်းရင်းသား လူငယ်တွှေအနေနဲ့ စိတ်ဝင်းစားမှု နည်းနေကြောင်း သိရပါတယ်။

သူတို့နှစ်ဦးဟာ စကော့တလန်က စိန့်အင်ဒရှုးစ် တက္ကသိုလ်မှာ ၂၀၀၁ခုနှစ်က စတင်ဆုံခဲ့ကြပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

တော်ဝင်မင်းသားရဲ့ မင်္ဂလာဆောင်ပွဲမှာ ကုန်ကျမယ့် စရိတ်တွေကို ဆင်းရဲ့တဲ့ပြည်သူတွေကို လူဒါန်းပေးစေချင်တဲ့လို့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ရှမ်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။

“ သိပ်တော့ စိတ်မ၀င်စားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို မင်္ဂလာပွဲလုပ်ခြင်းအားဖြင့် ကုန်ကျစရိတ်တွေ ဒေါ်လာ သန်းအထိ ကုန်ုကျမှာပဲလေ။ အခုခေတ် ကမ္ဘာပေါ်မှာ လူတွေ တော်တော်ဆင်းရဲ့ ငတ်ပြတ်နေကြတယ်။ အခု သူတို့က လူအနည်းစု စိတ်ချမ်းသာဖို့အတွက် သုံး၊ ဖြုန်း နေကြတယ်။ လူတွေက စားဖို့သောက်ဖို့အနိုင်နိုင်။ အခု သူတို့သုံးမယ့် ကုန်ကျစရိတ်တွေကို အကျိုးရှိရှိ အသုံးချရင် ပိုကောင်းတာပေါ့နော်”

အိမ်ရှေ့ စံမင်းသား ဝီလျံဟာ ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Queen Elizabeth II) ရဲ့ မြေးအကြီးဆုံးဖြစ်ပြီး အိမ်ရှေ့ စံ မင်းသားကြီး ချားစ် နဲ့ မင်းသမီး ဒိုင်ယာနာ တို့ရဲ့ သားနှစ်ယောက်ထဲက အကြီးဆုံးသားလည်း ဖြစ်ပါတယ်။

ကိတ်မစ်ဒဲဒန်ကတော့ သာမန် အရပ်သူလေးဖြစ်ပြီး မွေးချင်းညီအစ်မ သုံးယောက်ထဲမှ သမီးအကြီးဆုံး ဖြစ်ပါတယ်။


သူတို့နှစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲဟာ ကမ္ဘာကျော်ကြားပြီး ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲဖြစ်တဲ့အတွက်လည်း အားကျမိတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

“လူနှစ်ယောက်ရဲ့ ချစ်ခြင်းမှာ မျက်နှာပန်းလှတာပေါ့။ သူတို့အတွက် ခိုင်ခိုင်မြဲမြဲဖြစ်တယ်။ သူတို့မိဘတွေကလည်း တာဝန်၊ ၀တ္တရားကျေမွန်တာပေါ့နော်။ နောက်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်လည်း မျက်နှာမငယ်ရဘူး။ ကိုယ့်ချစ်သူကို အဲလောက်ထိတော့ ထားပေးရင်တော့ ကောင်းတာပေါ့”



သာမန် အရပ်သားဖြစ်တဲ့အတွက် သူတို့ရဲ့ မင်္ဂလာပွဲကို ထူးထူးခြားခြား စိတ်မ၀င်စားတာမရှိဘူးလို့ ထိုင်းနိုင်ငံမဲဆောက်မြို့က ကရင်တိုင်းရင်းသား လူငယ်တဦးကလည်း ပြောပါတယ်။

ဝီလျံဟာ မိခင် ဒိုင်ယာနာမင်းသမီးရဲ့ နီလာလက်စွပ်ကြီးနဲ့ သူ့ရဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။


“ ၀ီလျံကိုသိပ် မသိဘူး။ ဒိုင်ယာနာပဲသိတယ်။ သူက ဒိုင်ယာနာရဲ့သားဆိုတော့ လူတွေက သိကြမှာပါ။ ဒိုင်ယာနာရဲ့သားက ဒိုင်ယာနာကြောင့် နာမည်ကြီးသွားတာပဲရှိတယ်လေ။ တခြား ထူးခြားတာတော့ မရှိဘူးလို့ ထင်တယ်” ထိုင်းနိုင်ငံ မဲဆောက်မြို့က ချင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။

ဒိုင်ယာနာဟာ ၁၉၇၇ အောက်ဂုတ်လ ၃၁ရက်နေ့မှာ ကားမတော်တဆဖြစ်မှုနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

ပန်းချီဆရာ ၁၃၀ကျော် ဂီရိသင့်ဒေသအတွက် ပန်းချီပြပွဲခင်း



ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းလေဘေးသင့် ပြည်သူတွေ သောက်သုံးရေ ရရှိရေးကို ကူညီနိုင်ဖို့အတွက် ပန်းချီဆရာ ၁၃၃ ဦးတို့က ပန်ချီပြပွဲတစ်ခု ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်း လမ်းမှာ ရှိတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပန်းချီပြခန်းမမှာ ဧပြီလ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြပွဲတာဝန်ခံ၊ ပန်းချီဆရာ သန်းကျော်ဌေးက ပြပွဲ လုပ်ဖြစ်သွားတဲ့ အကြောင်းရင်းကို အခုလိုပြောပါတယ်။

“ကျနော် မနှစ်က ရခိုင်ပြည်နယ်မှာ outdoor ထွက်ပြီး ပြန်လာတဲ့အချိန်မှာ မုန်တိုင်းတိုက်တယ်ဆိုတဲ့ သတင်းကြားတာနဲ့ စိတ်လည်းမကောင်းဘူး။ အဲ့ဒါနဲ့ ကျနော်တို့ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်း ပန်ချီဆရာတွေ စုပြီး၊ ၀ိုင်းဝန်းပြီးတော့ ပွဲလုပ်ဖြစ်တာပေါ့”

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ တသိန်းခုနှစ်သောင်းကျော် အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရပြီး ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနဲ့ မင်းပြားမြို့နယ်တို့မှာလည်း ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NGO အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဂီရီမုန်တိုင်းနဲ့ပါတ်သက်တဲ့ ပန်းချီကားတကားရဲ့ အမြင့်ဆုံးဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀၀ (ကျပ်ငွေ ၁၇ သိန်းခန့်)၊ အနိမ့်ဆုံးဈေးကတော့ ကျပ် ၅ သောင်း ဖြစ်ပါတယ်။

“၀ယ်တာကတော့ ပြည်တွင်းက အများအားဖြင့်တော့ လူချမ်းသာတွေပေါ့နော်။ အဲလီယမ်ထရယ်ရှစ်ဆိုတာ ပြင်သစ် ယဉ်ကျေးမှုဆိုင်ရာ အရာရှိတစ်ယောက် တစ်ကား လာဝယ်သွားတယ်။” လို့ ပန်းချီဆရာ သန်းကျော်ဌေးက ဆက်ပြောပါတယ်။ ပြပွဲမှာ နိုင်ငံခြားသားတွေ ၀ယ်နေကြပေမယ့် လာကြည့်သူတွေ အထဲမှာ မြန်မာတွေက အများစုလို့လည်း သူက ပြောပါတယ်။

ပြပွဲမှာ ရောင်းချတဲ့ ပန်းချီကား အမျိုးအစားတွေကတော့ ရေဆေး၊ ဆီဆေး ပန်းချီကားမျိုး ဖြစ်ပြီး စုစုပေါင်း ၁၄၆ ကား ပြသထားတာ ဖြစ်ပါတယ်။

ဒီကနေ့ အထိ ပန်းချီကားတွေ ရောင်းရတဲ့ငွေ (၂၄) သိန်းကျော်ရှိပြီး ငွေအားလုံးကို ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိလေဘေးသင့် ပြည်သူတွေရဲ့ သောက်သုံးရေ ရရှိရေးအတွက် ရေတွင်း၊ ရေကန်တွေ တူးဖော်ဖို့အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

အပြစ်မဲ့ ပြည်သူတွေရဲ့ ဘဝ

THE ROAD from Road of Resistance on Vimeo.


ဆက်လက်ဖတ်ရူ့ရန်

မြိုင်ကြီးငူစခန်း တိုက်ခိုက်ခံရ



ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။

နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) ဟာ ဗိုလ်ချုပ်မောင်ကြည် ဦးဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး မြိုင်ကြီးငူစခန်း မှာရှိတဲ့ လက်နက်တိုက် ရယ် ပစ္စည်းဂိုဒေါင်တွေရယ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်ချိန် ဟာ ၂ နာရီလောက်ကြာခဲ့ပြီး အတည်ပြုမရတဲ့ သတင်းအရ တိုက်ပွဲမှာပါတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် သုံးဦး ထိခိုက်သေ ဆုံးခဲ့တယ်လို့လည်း ကြားသိရပါတယ်။

မြိုင်ကြီးငူမှာဖြစ်တဲ့အခြေအနေကို ရွှေကုက္ကို နယ်ခြားစောင့်တပ်စခန်းမှ အမည်မဖေါ်လိုတဲ့ (ယခင် ဒီကေဘီအေ ၉၉၉) တပ်မှူးတဦး ပြောပြတာက ….

ဟုတ်တယ် မနေ့က ညနေဘက် မြိုင်ကြီးငူမှာဖြစ်တာ သုံးယောက်ကျတယ်ကြားတယ် ဘယ်ဘက်ကမှန်းမသိဘူး ကျနော်တို့ ကြားတာကတော့ အကုန်မီးရှို့သွားတယ်လို့တော့ ကြားတာပဲ။ လက်နက်တိုက်လဲ ပါသွားတယ်။ မြိုင်ကြီးငူ စခန်းက ကမမောင်းမြို့နဲ့ သံလွင်မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ မြိုင်ကြီးငူက အရှေ့ဘက်ကမ်းမှာ။ ကျနော်တို့ သိ သလောက်တော့ နယ်ခြားစောင့် စလုပ်ကတည်းက အချင်းချင်းကြားမှာ မကျေနပ်တာတွေ ရှိနေကြတာ အဲဒါတွေ ကြောင့်လို့တော့ ကြားတာပဲလို့ ပြောပြသွားပါတယ်။

ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ မြိုင်ကြီးငူ ဌာနချုပ်စခန်းဟာ ၁၉၉၅ ခုနှစ်တုန်းက ကေအန်ယူ မှ ခွဲထွက်ကာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးစီးမှုနဲ့ ဒီကေဘီအေ အဖွဲ့တည်ထောင်ပြီး နအဖ နှင့် အပစ်ရပ်ခဲ့စဉ်ကာလများက ဌာန ချုပ် လုပ်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။

မြိုင်ကြီးငူဆရာတော်ဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကေအန်ယူနဲ့ ဒီကေဘီအေ အပစ်ရပ်ဖို့အ တွက် ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ နအဖ က ဖိအားပေးလာတဲ့ ဒီကေဘီအေကို နယ် ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စမှာ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၁၀ သြဂုတ်လ ၁၉ ရက် နေ့ မတိုင်မီအထိ ဆရာတော်ဟာ ဒီကေဘီအေ ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်ခံခြင်းမရှိ ဘူးလို့ သိရှိခဲ့ရပါတယ်။

မနေ့က တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ဆရာတော်ဟာ မြိုင်ကြီးငူဒေသမှာ သီတင်းသုံးနေခြင်း မရှိဘဲ။ ထိုင်းနိုင်ငံမှာ ကျန်မာရေးအရ ဆေးကုသမှုကို ခံယူပြီး ခေတ္တသီတင်းသုံးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

နေ့သစ်မှ ကူးယူဖော်ပြသည်။

ဆက်လက်ဖတ်ရူ့ရန်

အသက် ၅၀ ကျော် နိုင်ငံခြားသားများ ကမ္ဘောဒီးယား အမျိုးသမီးကို လက်ထပ်ခွင့်မရှိ



ထိုင်းနိုင်ငံတွင်တော့ အသက် ၆၀ နှင့် ၇၀ ကျော် အနောက်မှ လူဖြူအဖိုးကြီးများ ထိုင်းအမျိုးသမီးများနဲ့ တွဲသွားခြင်းက ဖက်ရှင် တစ်ခု လို ဖြစ်သည်။ ဒါပေမဲ့ ကမ္ဘောဒီယား ကတော့ ဒါမျိုးကို လက်မခံချင် ဟု ဆိုရမည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ကြေငြာချက်တစ်ခု ထုတ်သည်။ နိုင်ငံရပ်ခြားမှ အသက် ၅၀ ကျော်သူများနှင့် တစ်လ၀င်ငွေ ဒေါ်လာ ၂၅၅၀ အောက် ရှိသူများ ကမ္ဘောဒီယား အမျိုးသမီးများကို လက်ထပ်ခွင့်မရှိတဲ့အကြောင်း။ သို့သော် အသက် ၅၀ ကျော် နိုင်ငံခြားသားများ ကမ္ဘောဒီးယား အမျိုးသမီးများကို ယူခွင့်မရှိဟု တရားဝင်တားမြစ်ပေမဲ့၊ နိုင်ငံခြားသူ အမျိုးသမီးများ အနေဖြင့် အသက် ဘယ်လောက်ရှိရှိ၊ ကမ္ဘောဒီယား အမျိုးသားများကိုတော့ ယူနိုင်ကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Koy Kuong က ကျနော်တို့ ကမ္ဘောဒီယားသူတွေကို သင့်တင့်လိုက်ဖက်တဲ့ စုံတွဲမျိုးတွေနဲ့သာ ကြည့်ချင်ပါတယ်။ စုံတွဲတွေမှာ အဖိုးနဲ့ မြေးမ ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ အခုအမိန့်ကို ပြင်ပတွေက ဘယ်လောက် ဝေဖန်ဖန် လက်ခံမှာ မဟုတ်ဘူးဟု ဖနွမ်းပင် ပို့စ် အင်္ဂလိပ်သတင်းစာကို ပြောကြားခဲ့သည်။ ပါလီမန်မှ တရားဝင် ပြဌာန်းနိုင်ဖို့လည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လူ့အခွင့်ရေး အဖွဲ့များကတော့ ကမ္ဘောဒီယား အမျိုးသမီးများ အကျိုးအတွက်နှင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲအစည်းဖြစ်အောင် အစိုးရရဲ့ ဆောင်ရွက်မှုမှာ ပုံစံမကျကြောင်း ဝေဖန်နေကြသည်။ Cambodian Center for Human Rights အဖွဲ့ ဥက္ကဌ ဦးဗီရခ် ကအစိုးရအနေနဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးချင်တယ်ဆိုရင် လိင်ကျွန်ဖြစ်နေသူတွေ၊ လိင်ကုန်ကူးခံနေရသူတွေ၊ ပြည့်တန်ဆာရုံတွေ အပေါ်မှာ လုပ်စားနေတဲ့ အကျင့်ပျက် ၀န်ထမ်း အရာရှိတွေကို အရင် ရှင်းသင့်ပါတယ်၊ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေကို ကြောင်းကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်ဟု ဆိုသည်။

ပြီးခဲ့တဲ့နှစ် Amnesty International အစီရင်ခံစာအရ ကမ္ဘောဒီယား ရဲများမှာ မုဒိမ်းပြုကျင့်သူ၊ ကလေးငယ်များကို ရှာဖွေဖမ်းစား အဓမ္မပြုကျင့်သူ နိုင်ငံခြားသားများထံကနေ လာဘ်ယူမှု အများအပြားရှိနေကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီယား အစိုးရက ပြီးခဲ့တဲ့ နှစ်များအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဖို့ ကြိုးစားခဲ့သော်လည်း၊ ပြင်ပသံရုံးများနှင့် NGO များရဲ့ ၀င်ရောက်စွက်ဖက်မှု၊ ထောက်ပြမှုများကို လုံးဝ လက်ခံမည် မဟုတ်ဟု ပြောဆိုထားသည်။

မောက္ခ နိုင်ငံတကာသတင်း

Source: AFP & The Economist & The Phnom Penh Post

ဆက်လက်ဖတ်ရူ့ရန်

သင်္ကြန်အတွင်း ခရီးသွားမှတ်တမ်း

သင်္ကြန်အတွင်း ထိုင်းတောင်ပေါ်ရွာလေးတရွာကို ခရီးသွားခဲ့ပါတယ်။ ပို့စ်မတင်ခင် ဓါတ်ပုံအရင် တင်ပေးလိုက် ပါတယ်။








မျောက်လေးတွေ သရက်ပင်ပေါ်တက်နေတာပါ


တောင်ပေါ်က တောင်ယာတခုပါ

ထိုင်းရွာက အထက်တန်းကျောင်းပါ

ထိုင်းတောင်ပေါ်ရွာက တောင်ပေါ်မြို့တမြို့ပါ

ဒါကတော့ ရွာသူရွာတွေရဲ့ ဘုရားရှိခိုးကျောင်းပေါ့

အလယ်တန်းကျောင်းကလေးပါ

ထိုင်းတောင်ပေါ်သားတွေရဲ့ အိမ်လေးတွေ
ဆက်လက်ဖတ်ရူ့ရန်

ရာသီဥတု သတိပြုရန် မိုး၊ဇလပညာရှင်ပြော


ဧရာဝတီတိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းတွေမှာ ဧပြီလလယ် ကနေ မေလလယ်အတွင်း မိုးတိမ်တောင်တွေ ဖြစ်လာနိုင်ပြီး မိုးကြိုးတွေ ပစ်နိုင်တဲ့ အန္တရာယ် သတိပြုဖို့ အတွက် မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

အခုနောက်ပိုင်း မိုးကြိုးပစ်လို့ သေဆုံးရတဲ့ သူတွေက နှစ်တိုင်းဖြစ်နေတယ်။ ၂၀၀၆ က စလို့ ၂၀၁၀ အထိ ကျနော့်ဆီမှာ စာရင်းလုပ်ထား တာတွေရှိတယ်။ အခု ၂၀၁၁ မှာကို မိုးကြိုးပစ်လို့ သေတဲ့သူက သုံးဦးရှိနေပြီ။

ရာသီဥတု ပူပြင်းပြီး နေအပူရိုန် မြင့်တက်နေတဲ့ အချိန်မှာ ပင်လယ်ကလာတဲ့ လေနုအေးတွေနဲ့ ထိတွေ့ပြီး ရေငွေ့တွေပါတဲ့ လေထုဟာ အပေါ်ကို တက်သွားရာကနေ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

မိုးတိမ်တောင်ဟာ ပျမ်းမျှ အချင်း (၁၀) မိုင်ခန့် ကျယ်ဝန်းတဲ့ ဧရိယာရှိပြီး မဲမှောင်တဲ့ တိမ်စိုင်တိမ်ခဲတွေအဖြစ် အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။

အကာအကွယ်မဲ့ လယ်ကွင်းပြင်တွေမှာ အလုပ်လုပ်နေတဲ့သူတွေ နဲ့ မိုးခြိမ်းသံ ကြားနိုင်တဲ့ မိုးတိမ်တောင်နဲ့ (၄) မိုင် အကွာအဝေး အတွင်း ရောက်ရှိနေသူတွေအနေနဲ့ ပိုပြီး ဂရုစိုက်သင့်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။

မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ပထမအဆင့်အနေနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ၊ လေပြင်း တိုက်တာတွေ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။

နောက်တဆင့်အနေနဲ့ အင်အားပိုပြင်းတဲ့ လေဆင်နှာမောင်း နဲ့ စိုက်ဆင်းလေပြင်းတွေ တိုက်ခတ်လာနိုင်သလို မိုးကြိုးပစ်တာတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီအတွက် ပြည်သူလူထုတွေဟာ မိုးလေ၀သတင်းကို အထူးနားထောင်ဖို့ လိုအပ်တယ်လို့ ဦးထွန်းလွင်က ဆက်ပြောပါတယ်။

လောလောဆယ် ရန်ကုန်မြို့မှာ အပူချိန် မြင့်မားနေတဲ့အတွက်ကြောင့် ကျန်းမာရေးအသိနဲ့ သတိပြုနေထိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ တိုက်တွန်းထားပါတယ်။

ယုန်ကလေး ဆက်လက်ဖတ်ရူ့ရန်

သင်္ကြန်လက်ဆောင်

သူငယ်ချင်းများအားလုံး မင်္ဂလာပါလို့ နှစ်သစ်မှာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သင်္ကြန်အတွင်းမှာ ယုန်ကလေး ခရီးတခု ထွက်နေရတဲ့အတွက် ပို့စ်အသစ်တွေ မတင်ပေးနိုင်တာကို ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်။ အခုချိန်ကစပြီး ပို့စ်အသစ်တွေ တင်နိုင်အောင် ကြိုးစားပေးပါမယ်။ သင်္ကြန်အတွင်းမှာ ယုန်ကလေးဆီကို လာလည်တဲ့ သူငယ်ချင်းအားလုံးအတွက် ပို့စကတ်တခု ပေးမယ်လို့ ဆုံးဖြတ်ထားပေမယ့် ခရီးထွက်နေရတဲ့အတွက် မတင်ပေးလိုက်နိုင်ပါဘူး။ ဒါကြောင့် အခုချိန်ကစပြီး သူငယ်ချင်းတွေ လက်ဆောင်လာယူနိုင်ပြီးလို့ စကားလက်ဆောင် ပါးလိုက်ပါတယ်။

ယုန်ကလေး


ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates