ချစ်သူ ထိုင်းမလေးနဲ့ အတူ နေဖို့ အဆင်သင့်ဖြစ်နေတဲ့ Justin Bieber



ထိုင်းမလေးနဲ့ ချစ်သူဖြစ်ပြီး အဲဒီ ပေါ့ပ်အဆိုတော်လေး ဘန်ကောက်ကိုပြောင်းဖို့ စီစဉ်နေတာကို Bangkok Post သတင်းစာရဲ့ The Buzz ကဏ္ဍကနေ အဲဒါကို ဖွင့်ချလိုက်တာပါ။

အဆိုကျော်လေးက သူ့ရဲ့ လျို့ဝှက် ရည်းစားကို လွန်ခဲ့တဲ့ လ အနည်းက ထိုင်းနိုင်ငံကို အလည်အပတ်ခရီး ထွက်သွားခဲ့တုန်းက တွေ့ခဲ့တာဖြစ်ပြီး ဒီကောင်မလေးနဲ့ တွေ့ဆုံဖြစ်ဖို့ သူ့ သူငယ်ချင်းက အကြံပေးခဲ့တာ လို့လည်း သိရပါတယ်။ သူကတော့ ဖေ့စ်ဘုတ် ဘီလီယံနာ Mark Zuckerberg ပဲဖြစ်ပါတယ်။ Zuckerberg က လွန်ခဲ့တဲ့နှစ် အနည်းငယ်က ထိုင်းနိုင်ငံမှာ မင်္ဂလာဆောင်တခု လာတက်ခဲ့ဖူးပါတယ်။

Beber
ကို စွဲလမ်းတဲ့ရောဂါရနေကြတဲ့ သန်းနဲ့ချီသော မိန်းကလေးတွေကို သေချာပေါက်အံ့သြတုန်လှုပ် သွား စေမယ့် ဒီသ တင်းကြောင့် ကမ္ဘာပေါ်က အလစ်လပ်ဆုံး လူပျိုလေးတယောက်ဖြစ်တဲ့ Beberကို သူ့ရဲ့ ၁၇ နှစ် ပြည့် မွေးနေ့ပြီးတဲ့ ၁ လ အကြာ မှာပဲ ဒီစာရင်းကနေ ပယ်ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။

ဂီတအသိုင်းအ၀န်းနဲ့ နီးစပ်သူတွေ အဆိုအရBieber ဟာ ဘန်ကောက် တက္ကသိုလ် က ဂီတ ကျောင်းသူတဦး လို့ ထင်ရတဲ့ သူ့ချစ်သူ ကောင်မလေးကို စတွေ့တဲ့အချိန်မှာပဲ မြင်မြင်ချင်း ချစ်မိသွားတယ်လို့ သိရပါတယ်။

သူ့ နာမည်ကို ဖော်ပြလို့ မရပေမယ့် သေချာပြောနိုင်တာတခုကတော့ သူမက အရမ်းလှပြီး ၊ အရမ်းကို ကြည့်ကောင်းတဲ့ ဆယ်ကျော်သက်ကောင်မလေးတယောက်ဆိုတာပါပဲလို့ ပြောထားပါတယ်။

သူမဟာ အရမ်းကို ရိုသေကိုင်းရှိုင်းတတ်ပြီး ၊ အေးချမ်းတည်ငြိမ်တဲ့ မိသားစုက လာတာဖြစ်တယ်ဆိုတာ ကောင်းကောင်းသိရသလို၊ သူတို့ ချစ်သူ နှစ်ဦးကို ကြည့်ရတာ တယောက်ကို တယောက်တကယ် ချစ်ကြ တယ်ဆိုတာ မြင်ရတယ်။

အခုအထိတော့ သူတို့ဟာ သူငယ်ချင်းပုံစံ တွဲသွား ချိန်းတွေ့တာ မျိုးလောက်ပါပဲ။ နာမည်ကြီးတဲ့ ဆယ်ကျော် သက် တွေအ ကြိုက် ... ရုပ်ရှင်ကို အတူတူ သွားကြည့်ခဲ့မယ်လို့ ကျနော် ယုံတယ်။ ပြီးတော့ ကောင်မလေး အမေက သူတို့ ကြားမှာ ထိုင် တာဗျ ...။

ဂီတလောကထဲက အတွင်းသိ တယောက်က “Bieber ကတော်တော် ခိုက်သွားတယ်....သူ မစောင့်နိုင်လို့ ဘန်ကောက် ကို ပြောင်းနေတော့မယ်တဲ့ ။ သူ့ရဲ့ကမ္ဘာ့အနှံ့ ဖျော်ဖြေရေး အသက်မွေးဝမ်းကျောင်းနေတာ တွေကိုတောင်စွန့်ပြီး သူ့ရဲ့ အထူး ကောင်မလေး ရှိတဲ့ ဘန်ကောက်မှာ လာနေတော့မယ်လို့ ပြောပါတယ်။

Biber
က သူ့ကောင်မလေးအတွက် ရည်စူးပြီး အယ်လ်ဘမ် တခုသွင်းမယ်လို့ သိရပါတယ်။ software ရှာတွေ့ တာနဲ့ တပြိုင်တည်း ကောင်မလေးအတွက် ထိုင်းအချစ်သီချင်းတွေ သွင်းတော့ပါမယ်။

Bieber
ဟာ ဘန်ကောက်မြို့က ဂီတ စင်မြင့် တွေအပေါ်တတ်လာချိန်မှာ နာမည်ကြီးဂီတနေရာ အတော်များများ မတ်လ ၃၁ ရက်နေ့က ပျော်ရွှင်သွားကြတယ်။

skytrain’s Sukhunvite Line
မှာရှိတဲ့ Phrom phong station အနီးက နာမည်ကြီး expat’ pub နဲ အောင် နိုင်ခြင်း ကျောက်တိုင် (victory Monument) နားက Trendy Club တခုမှာ Bieber ဖျော်ဖြေမယ်ဆိုတာ အစ ကတည်းက အစီစဉ် ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဂီတအသိုင်းအ၀န်းထဲက လူတွေကတော့ အဲဒါကမယုံကြည်နိုင်လောက်အောင် အံ့သြစရာကောင်းတယ်။ တ ကယ်တော့ ဒီလို မျိုး အံ့သြစရာကောင်းတဲ့ story မျိုးတနှစ်မှတခါလောက်ပဲ ရတတ်တယ်လို့ ပြောဆို နေကြ ပါတယ်။

source: Irrawaddy

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates