အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရန် ကေအန်ယူ တောင်းဆို



ကရင်အမျိုးသား အစည်းအရုံး (KNU) က တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေးရေးတွေ ပြုလုပ်ဖို့ မြန်မာအစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။ ပထမဆုံး အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ အစိုးရစစ်တပ်တွေကို ရုပ်သိမ်းပေးဖို့ လိုကြောင်းလည်း ပြောလိုက်ပါတယ်။

ကေအန်ယူရဲ့ တောင်းဆိုချက် ကို အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) က ကြိုဆိုသည်။

တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ဟာ တိုင်းရင်းသား လူမျိုးအား လုံးရဲ့ ဆန္ဒဖြစ်တယ်လို့လည်း ဧပြီလ (၄) ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကေအန်ယူရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကေအန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဆက်ဖြစ်နေခဲ့ကြောင်း အခုလို ပြောပါတယ်။

သူတို့ စစ်လည်း မရပ်သေးဘူး။ တိုက်ပွဲတွေလည်း ရှိတယ်။ လူ့အခွင့် အရေးတွေလည်း ချိုးဖောက်နေတယ်။ တိကျတဲ့ ပြောင်းလဲမှုတွေလည်းပဲ ဘာမှ မတွေ့ရသေးဘူး။

၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း တက်လာတဲ့ မြန်မာအစိုးရသစ် အနေနဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့လည်း မြန်မာအစိုးရသစ် ကို ကေအန်ယူ က တောင်းဆိုထားပြန်ပါတယ်။

ကေအန်ယူ ရဲ့ တောင်းဆိုချက် ကို ကြိုဆိုကြောင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၃ နဲ့ဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) က ပြောပါတယ်။ NDF အတွင်းရေးမှူး မိုင်းဘုန်းကျော်က အခုလို ပြောပါတယ်။

ကျနော်တို့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ အတွက်ဆိုရင် တပြည်လုံးအတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်မယ်။ ငြိမ်းချမ်းရေးတွေ လုပ်မယ်။ ပြီတော့ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်မယ်။ ဒါမှသာလျှင် ကျနော်တို့ ငြိမ်းချမ်းတဲ့ နိုင်ငံကို တည်ဆောက်နိုင်မယ်လို့ ကျနော်တို့ မဒတ တပ်ပေါင်းစုမှာ မှုရှိပါတယ်

ဒါ့အပြင် မြန်မာအစိုးရဘက်က သဘောထားမှန်မှန် နဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် မိမိတို့ဘက်ကလဲ အမြဲတမ်းအဆင်သင့် ရှိနေပါတယ်လို့ မိုင်းဘုန်းကျော်က ပြောလိုက်ပါတယ်ရှင်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates