တော်ဝင်မင်းသားမင်္ဂလာပွဲ


တော်ဝင်မင်းသား ဝီလျံ နဲ့ ကိတ်မစ်ဒဲဒန် တို့ရဲ့  တော်ဝင် မင်္ဂလာလက်ထက်ပွဲကို တခမ်းတနား ကျင်းပခဲ့ပေမယ့် မြန်မာ တိုင်းရင်းသား လူငယ်တွှေအနေနဲ့ စိတ်ဝင်းစားမှု နည်းနေကြောင်း သိရပါတယ်။

သူတို့နှစ်ဦးဟာ စကော့တလန်က စိန့်အင်ဒရှုးစ် တက္ကသိုလ်မှာ ၂၀၀၁ခုနှစ်က စတင်ဆုံခဲ့ကြပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

တော်ဝင်မင်းသားရဲ့ မင်္ဂလာဆောင်ပွဲမှာ ကုန်ကျမယ့် စရိတ်တွေကို ဆင်းရဲ့တဲ့ပြည်သူတွေကို လူဒါန်းပေးစေချင်တဲ့လို့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ရှမ်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။

“ သိပ်တော့ စိတ်မ၀င်စားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို မင်္ဂလာပွဲလုပ်ခြင်းအားဖြင့် ကုန်ကျစရိတ်တွေ ဒေါ်လာ သန်းအထိ ကုန်ုကျမှာပဲလေ။ အခုခေတ် ကမ္ဘာပေါ်မှာ လူတွေ တော်တော်ဆင်းရဲ့ ငတ်ပြတ်နေကြတယ်။ အခု သူတို့က လူအနည်းစု စိတ်ချမ်းသာဖို့အတွက် သုံး၊ ဖြုန်း နေကြတယ်။ လူတွေက စားဖို့သောက်ဖို့အနိုင်နိုင်။ အခု သူတို့သုံးမယ့် ကုန်ကျစရိတ်တွေကို အကျိုးရှိရှိ အသုံးချရင် ပိုကောင်းတာပေါ့နော်”

အိမ်ရှေ့ စံမင်းသား ဝီလျံဟာ ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Queen Elizabeth II) ရဲ့ မြေးအကြီးဆုံးဖြစ်ပြီး အိမ်ရှေ့ စံ မင်းသားကြီး ချားစ် နဲ့ မင်းသမီး ဒိုင်ယာနာ တို့ရဲ့ သားနှစ်ယောက်ထဲက အကြီးဆုံးသားလည်း ဖြစ်ပါတယ်။

ကိတ်မစ်ဒဲဒန်ကတော့ သာမန် အရပ်သူလေးဖြစ်ပြီး မွေးချင်းညီအစ်မ သုံးယောက်ထဲမှ သမီးအကြီးဆုံး ဖြစ်ပါတယ်။


သူတို့နှစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲဟာ ကမ္ဘာကျော်ကြားပြီး ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲဖြစ်တဲ့အတွက်လည်း အားကျမိတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

“လူနှစ်ယောက်ရဲ့ ချစ်ခြင်းမှာ မျက်နှာပန်းလှတာပေါ့။ သူတို့အတွက် ခိုင်ခိုင်မြဲမြဲဖြစ်တယ်။ သူတို့မိဘတွေကလည်း တာဝန်၊ ၀တ္တရားကျေမွန်တာပေါ့နော်။ နောက်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်လည်း မျက်နှာမငယ်ရဘူး။ ကိုယ့်ချစ်သူကို အဲလောက်ထိတော့ ထားပေးရင်တော့ ကောင်းတာပေါ့”



သာမန် အရပ်သားဖြစ်တဲ့အတွက် သူတို့ရဲ့ မင်္ဂလာပွဲကို ထူးထူးခြားခြား စိတ်မ၀င်စားတာမရှိဘူးလို့ ထိုင်းနိုင်ငံမဲဆောက်မြို့က ကရင်တိုင်းရင်းသား လူငယ်တဦးကလည်း ပြောပါတယ်။

ဝီလျံဟာ မိခင် ဒိုင်ယာနာမင်းသမီးရဲ့ နီလာလက်စွပ်ကြီးနဲ့ သူ့ရဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။


“ ၀ီလျံကိုသိပ် မသိဘူး။ ဒိုင်ယာနာပဲသိတယ်။ သူက ဒိုင်ယာနာရဲ့သားဆိုတော့ လူတွေက သိကြမှာပါ။ ဒိုင်ယာနာရဲ့သားက ဒိုင်ယာနာကြောင့် နာမည်ကြီးသွားတာပဲရှိတယ်လေ။ တခြား ထူးခြားတာတော့ မရှိဘူးလို့ ထင်တယ်” ထိုင်းနိုင်ငံ မဲဆောက်မြို့က ချင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။

ဒိုင်ယာနာဟာ ၁၉၇၇ အောက်ဂုတ်လ ၃၁ရက်နေ့မှာ ကားမတော်တဆဖြစ်မှုနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates