ပင်လယ်ကမ်းခြေက ဟိုတယ်ခန်း ငှားရမ်းခ (၂)ဆ တက်


အခုနှစ် မြန်မာပြည် သင်္ကြန်ရက်တွေမှာ ပင်လယ် ကမ်းခြေက ဟိုတယ် ငှားရမ်းခတွေ ()ဆထိ မြင့်တက်လာပေမယ့် သွားရောက်တဲ့ ဧည့်သည်တွေကတော့ အရင်နှစ်ထက် ပိုပြီးများလာနိုင်တယ်လို့ ဟိုတယ်တွေကနေတဆင့် သိရပါတယ်။

ဟော်တယ်အခန်းတွေက ရိုးရိုးရက်တွေပဲဆိုရင် သာမန်ဈေးနှုန်းလောက်ပဲ။ သင်္ကြန်တွင်းဆိုရင်တော့ () ဆလောက် တက်တယ်။ တစ်ယောက်ခန်းက ပုံမှန် (၆၆၀၀၀) လောက်ပဲရှိတယ်။ သင်္ကြန်တွင်းဆိုရင် (၁၃၂၀၀၀)လောက်ရှိတယ်လို့ ချောင်းသာ ဟိုတယ် ၀န်ထမ်းတဦးက ပြောပြပါတယ်။

သင်္ကြန်ကာလမှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီ ကမ်းခြေက တည်းခိုခန်းတွေဟာ မိသားစုအလိုက်၊ ဂုမ္ပဏီအလိုက် ကြိုတင် စရင်းပေး လက်မှတ် မှာယူထားကြတာကြောင့် အခန်းတွေ ပြည့်နေတာလည်း ဖြစ်ပါတယ်။

Booking က ပြည့်သလောက်တော့ ရှိနေတယ်။ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုပြီးများနိုင်တယ်။ ဟော်တယ်တွေ၊ Gust house တွေ အကုန်ပြည့်တယ်၊ အရင်နှစ်က တချို့ဧည်တွေဆိုရင် အခန်းမရလို့ ဘေးတွေမှာ နေရတာတွေ ရှိပါတယ်။ ဒီနှစ်ဆိုရင်လည်း အဲလိုမျိုးတွေ ရှိမယ် လို့ သူမ ဆက်ပြောပါတယ်။

အလားတူ ငပလီ ကမ်းခြေမှာလည်း သင်္ကြန်ရက်တွေအတွက် အခန်းကြိုတင် မှာထားတာတွေ များပြီး တည်းခိုခန်းခတွေလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။

သင်္ကြန်ရက်တွေမှာ ငွေဆောင်၊ ချောင်းသား ကမ်းခြေကို ခရီးသွားတဲ့သူ များလာတဲ့အတွက် ကားခတွေလည်း မြင့်တက်လာတယ်လို့ ခရီးသွားဝန်ဆောင်မှု ၀န်ထမ်းတဦးက ပြောပါတယ်။

ကားခတွေ ကတော့ နှစ်ညအိပ်ကို နှစ်သောင်းခွဲ၊ လေးညအိပ်ခရီးကိုတော့ (၃၅၀၀၀) ခွဲယူတယ်။ ချောင်းသာပဲသွား၊ ငွေဆောင်ပွဲသွား။ ကားခတွေက ၇၄ ရာခိုင်နှုန်း ထပ်တက်သွားတယ်လေ။ ဒီရက်ပိုင်း သွားရင်တော့ (၁၈၀၀၀) ရှိတယ်။ နောက် () ရက်နေ့မှ သွားရင်တော့ (၂၀၀၀၀) ဖြစ်သွားပြီး

မြို့ကြီးတွေမှာ သင်္ကြန်ကာလအတွင်း လည်ပတ်ရတာ စိတ်ကျေနပ်မှုမရှိတာကြောင့် ကမ်းခြေတွေမှာ သွားရောက် အနားယူတွေ များလာတာဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates