အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ၀ိုင်းဆု ခိုင်သိန်း အသံဖ...

The Irrawaddy's Blog: အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ၀ိုင်းဆု ခိုင်သိန်း အသံဖ...:

"မင်းသား ဟိန်းဝေယံနဲ့ အဆိုတော် သရုပ်ဆောင် ၀ိုင်းစု ခိုင်သိန်းတို့ရဲ့ ချစ်ဇာတ်လမ်းအကြောင်း အသံဖိုင်က မြန်မာပရိတ်သတ်နဲ့ အင်တာနက် သုံးစွဲသူတွေကြ..."


မင်းသား ဟိန်းဝေယံနဲ့ အဆိုတော် သရုပ်ဆောင် ၀ိုင်းစု ခိုင်သိန်းတို့ရဲ့ ချစ်ဇာတ်လမ်းအကြောင်း အသံဖိုင်က မြန်မာပရိတ်သတ်နဲ့ အင်တာနက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့နေသလို ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
၂ ဦးစလုံးက လက်ရှိ နာမည်ကြီးနေတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် ခုလို ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို ခံရတာဖြစ်တဲ့အပြင် ဖုန်းနဲ့ အပြန်အလှန်ပြောဆိုထားတဲ့ အကြောင်းအရာတွေကလည်း အနုပညာရှင် ၂ဦးရဲ့ ပတ်သက်မှုကို စိတ်ဝင်စားစေတဲ့ အကြောင်းရင်းတခုလည်းဖြစ်တယ်လို့ ပြည်တွင်း သတင်းထောက် တဦးကလည်း ပြောပါတယ်။


ပေါ့ခ်ဂျာနယ် သတင်းထောက်တွေ အဆိုအရ ဒီအသံဖိုင် မထွက်ခင်ကတည်းက ချစ်ကြိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအသံဖိုင်မှာ မင်းသား ဟိန်းဝေယံရဲ့ အဖေနဲ့ အဆိုတော် သရုပ်ဆောင် ၀ိုင်းဆု ခိုင်သိန်းတို့ အပြန်အလှန်ပြောဆိုထားတာကို နားထောင်ကြည့်ပါ။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates