ကံကြမ္မာကပေးတဲ့ ဖိစီးမှုများ

သူငယ်ချင်းတို့ရေ.. ယုန်လေးလဲအခုတလော မအားတဲ့အတွက် စာမရေးဖြစ်တာ တော်တော်ကြာနေပါပြီ။ စာရေးမယ်လို့ လုပ်တိုင်း ကိုယ်ကမအား၊ အားတဲ့အချိန်ကျပြန်တော့ စိတ်ကမပါ အဲ့ဒီလိုဖြစ်တာတွေ များလှပါပြီ။ ဒါပေမယ့် အခုတလော အလုပ်လုပ်ရင်း စာရေးချင်စိတ်ပြန်ပေါ်လာတဲ့အတွက် စာပြန်ရေးမယ်လို့ စိတ်ကူးတော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ယုန်ကလေးဘလော့ကို လာလည်တဲ့လူတိုင်းကလဲ ယုန်ကလေးစာမရေးတော့ဘူးလား ဘလော့ဂ်ကိုပစ်ထားလို့ လာမေး နေကြတယ်။အဲ့ဒီတော့ ယုန်ကလေးက ဘလော့ဂ်လောကကို စိတ်မကုန်သေးဘူးဆိုတဲ့အကြောင်း ပြောချင်တဲ့အတွက် သူငယ်ချင်းတို့အားလုံးကို ပို့စ်အသစ်တစ်ပုဒ်ရေးထား တင်ပေးလိုက်ပါတယ်။ ယုန်ကလေးဘလော့ဂ်ကို လာလည်တဲ့ လူတိုင်းကို ယုန်ကလေးက အထူးကျေးဇူးတင်ပြီး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ပျှော်ရွင် နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

အခုယုန်ကလေးက သူငယ်ချင်းတို့ကိုမျှဝေပေးချင်တဲ့ ပို့စ်အသစ်ကတော့ လူတိုင်းလူတိုင်း စိတ်ဖိစီးမှုနဲ့ကြုံရတဲ့အခါ ဘယ်လို ဖြေပျောက်အောင် လုပ်ရမလဲဆိုတာပါပဲ။ ကျမတို့ ကမ္ဘာမြေကြီးပေါ်မှာနေထိုင်ကြတဲ့ လူတွေဟာ များသော အားဖြင် တခါတရံ စိတ်ပျှော်ရွှင်မှုတွေနဲ့ ကြုံရတတ်သလို့ တခါတရံမှာလည်း စိတ်ဖိစီးမှုတွေနဲ့ ကြုံရတတ်မြဲမဟုတ်လား။ အဲဒီလိုကြုံရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အားငယ်သလိုနဲ့ စိတ်ပျက်မိသွားတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုကြုံတဲ့အခါ မိမိကိုယ်ကို ဘာလုပ်သင့်သလဲဆိုတာ အမြဲစဉ်းစားရမှာပါ။ တချို့သောလူတွေက မိသားစုကြောင့်၊ တချို့သောလူတွေက လုပ်ငန်းခွင့်မှာ အဆင်မပြေလို့၊ လူငယ်တွေမှာကတော့ အချစ်ကြောင့်အဆင်မလို့ စတာတွေ လူတိုင်းမှာ ကြုံရမှာပါ။ ထိုနည်းတူပဲ ကျမလည်း တခါတရံမှာ စိတ်ဖိစီးမှုတွေနဲ့ ကြုံရတတ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျမလဲ လူထဲက လူတစ်ယောက်ပဲမဟုတ်လား။

ကျမကတော့ စိတ်ဖိစီးမှုနဲ့ကြုံရတဲ့အခါ စာအုပ်ဖတ်ရင်ဖတ် ဒါမှမဟုတ်ရင် သီချင်းနားထောင်လေ့ရှိပါတယ်။ ကျမထင်တယ် စာဖတ်တာကတော့ အကောင်းဆုံးပဲလို့ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ စာဖတ်တဲ့အတွက် ကိုယ်ရဲ့စိတ်ဖိစီးမှုတွေက စာအုပ်ထဲမှာနှစ်မျှောပြီး ကိုယ့်အတွက်အကျိုးဖြစ်မယ့် အသိပညာ ဗဟုသုတ ပိုရလာတယ် မဟုတ်လား။ အဲ့ဒါကြောင့် ကျမလို စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါ သူငယ်ချင်းတို့ ဘာလုပ်တတ်သလဲဆိုတာ ကျမလဲသိချင်တာနဲ့အတူ ကျမ ဆရာဖေမြင့်ရေးတဲ့ ကိုယ်ထူးကိုယ်ချွှန်သမားအတွက် လက်စွဲစကားများ စာအုပ်ထဲက လက်စွဲစကားအချို့ကို မျှဝေပေးလိုက်ပါတယ်။ ဒီစာအုပ်ဖတ်ပြီးတဲ့လူရှိသလို့ မဖတ်ရသေးတဲ့လူတွေလဲ ရှိမယ်လို့ ကျမထင်တာကြောင့် ဒီစာအုပ် မဖတ်ရသေးတဲ့လူတွေအတွက် ကျမတင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားလူတွေအတွက်ကတော့ ပြန်ပြီးမှတ်သားလို့ရတာ ပေါ့..

အလကားမရ

သင့်အောင်မြင်မှုနှင် စိတ်ချမ်းသာမှုကို သင်ကိုယ်တိုင်ပင် တောင်းဆိုရယူရလိမ့်မည်။ ကမ္ဘာလောကသည် သင့်အား ဘာကိုမျှ အသားလွတ်ပေးမည်မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာပုခုံးပုတ်ကာ ရော့..ယူဗျာ အခွင့်အရေးတွေဟု ပေးမည်မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင်ခံချင်ခံရနိုင်သည်။ အလကားရနိုင်တာ ဒါမျိုးပဲရှိသည်။ ဒါကိုလူအများလည်း သိကြသည်။ သို့သော် ဒါကိုသိလျက် သူတို့ဘယ်လိုတွေးကြသနည်း။ ဘယ်သူကမှ ငါ့ကိုမကူညီလျှင် ငါဘယ်မှာ အောင်မြင်နိုင်မည်လဲဟူ၍ပဲ တွေးသည်။ မှားပြန်ပါပြီ။ မည်သူမျှ သင့်ထံလာပြီး အခွင့်အရေးတွေ မပေးဘူးဆို တာကော ဘာဖြစ်သနည်း။ သင့်အား အောင်မြင်သူတစ်ဦးဘ၀ ရောက်ရှိအောင် တွန်းပို့မောင်းနှင်းပေးမည့် စွမ်းအားတွေ သင့်ကိုယ်ထဲမှာ အပြည့်ရှိနေသည်။ သင်၌လိုအပ်နေသည်ကို ရပိုင်ခွင့်ရှိသည်ဟူသော ယုံကြည်ချက် နှင့် ထိုအရာကို ရအောင်ယူမည်ဟူသော ခိုင်မာသည့် သန္နိဌာန်တို့သာဖြစ်သည်။ ဒါတွေကို တခြားကမရနိုင်။ သင့်ကိုယ်တိုင်ထံမှပင် သင်တောင်းခံယူရပေမည်။

အခြေအနေ

အခြေအနေမပေးလို့ဆိုတဲ့စကား ကျနော်လက်မခံဘူး။ လောကမှာ အောင်မြင်ကြီးပွားနေသူမှန်သမျှဟာ ကိုယ်လိုချင်တဲ့ အခြေအနေကို ကိုယ်လိုက်ရှာတဲ့လူတွေ။ ရှာလို့မတွေ့ရရင် ကိုယ်တိုင်ဖန်တီးယူတဲ့လူတွေသာ ဖြစ်တယ်။ (ဂျော့ခ်ျ ဘားနဒ်ရှော)

စာဖတ်ခြင်း (ဘ၀လမ်းညွန်)

စာများများဖတ်ပါ။ စာအုပ်များသည် သင့်အမြင်သင့်အတွေးနှင့် သင့်စိတ်ကူးအိပ်မက်နယ်ကို ချဲ့ထွင်ပေးပါလိမ့် မည်။ အထူးသဖြင့် အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ၌တ္တိများကို ဖတ်ရှုလျှင် ကျပ၎င်းတို့ ၏ အိပ်မက်များနှင့် ထိုအိပ်မက်များ အကောင်းအထည်ပေါ်အောင် ကျားကုတ်ကျားခဲ့ အားထုတ်ခဲ့ပုံများကို အားတက်ဖွယ် တွေ့ရှိရလိမ့်မည်။ ထို့ပြင် သင့်ဘ၀အတွက် ပိုမိုသင့်တော်မှန်ကုန်သည့် အိပ်မက်သစ်များမက်ရန် နှင့် ပိုမိုခိုင်မာသည့် ဘ၀လမ်းကြောင်းသစ်များ ချမှတ်နိုင်ရန်အတွက် အသိသစ်အမြင်သစ်များ ရရှိစေပါလိမ့် မည်။

တိတ်တိတ်နေ ထောင်တန်

ဆိတ်ဆိတ်နေပါ။ သို့မဟုတ် ဆိတ်ဆိတ်နေခြင်းထက် ပို၍တန်ဖိုးရှိသော စကားကိုဆိုပါ။ (ပိုက်သားဂိုးရပ်စ်)

ဘ၀နေနည်း

မနက်ဖြန်အတွက် တွေးပူနေမည့်အစား ယနေ့အလုပ်လုပ်ပါ။ ဘ၀ကိုကြောက်ရွံ့နေမည့်အစား ခံစားပါ။ ကျွန်ုပ်တို့သည် ဤ လမ်းကို ဤတစ်ကြိမ်သာဖြတ်သန်းသွားရမည့်သူများဖြစ်သည်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates