တာမွေမြို့က ခိုက်ရန်ဖြစ်ပွားမှု

ရန်ကုန် တာမွေမြို့နယ် ၊ မအူကုန်းရပ်ကွက်မှာ တပ်မတော် အရာရှိ အငြိမ်းစားတဦးဖြစ်တဲ့ ဗိုလ်မှူး စိုးဝင်းထိုက်နဲ့ တာမွေအရပ်သားတွေ ရေပိုက် ကွန်ကရစ်လောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့တဲ့ပေါ်မှာ အရပ်သားတွေအပေါ် တဖက်သတ် ဖိနှိမ့်တာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


အခုလ ၂၈ ရက်နေ့ကစပြီး အချင်းများခဲ့ရာမှာ ဗိုလ်မှူးက ၄င်းပိုင် အင်ပါယာ စားသောက်ဆိုင်မှဝန်ထမ်းများနှင့် ကြံ့ခိုင်ရေးပါတီဝင် အချို့ကို ဒိုင်နာကား ၂ စီးနှင့် တင်ဆောင်ခေါ်ယူလာကာ ရပ်ကွက်နေပြည်သူများ၊ လူငယ်များကို ဒုတ်၊ဒါး ၊ လက်နက်များနှင့် ရမ်းကားခဲ့ပါတယ်။

အရပ်သားခြင်း ခိုက်ရန်ဖြစ်ပွားတဲ့အပေါ်မှာ အာဏာပိုင်တွေဘက်က အဓိကလူတွေကိုဖမ်းဆီးအရေးယူခြင်းပြုလုပ်ခြင်းမရှိတဲ့အပြင် ရပ်ကွက်နေ အရပ်သားတွေကို တဖက်သတ် ဖမ်းဆီးခဲ့တာလဲဖြစ်ပါတယ်။

ရပ်ကွက်လူထုက ဖြောင့်ဖျပြီး ရဲများ ရောက်လာသောကြောင့်ရမ်းကားမှု ပြီးဆုံးခဲ့ပေမယ်လည်း ရမ်းကား သူကို အရေးမယူဘဲ၊ ရပ်ကွက်ထဲမှ မူဆလင် လူငယ်များဖြစ်သော ပူစီ ၊ ဘွန်း၊ ဟူစိန် ၊ မျိုးဝင်း ၊ ဟာလစ် ၊ ကိုမျိုး အပါအ၀င် လူငယ်များ ကိုဖမ်းဆီးသွား သောကြောင့် ရပ်ကွက်နေပြည်သူများ မကြေမနပ်ဖြစ်နေကြပါတယ်။

၎င်းနှင့် အချင်းများသူမှာ အစ္စလာမ် ဘာသာဝင်ဖြစ်တာကြောင့် ဘာသာရေး ပဋိပက္ခအသွင်မျိုးဆောင်ကာ ၄င်းဘက်မှ ဗမာလူငယ်များပါဝင်လာစေရန် ရမ်းကားခဲ့တာဖြစ်ပါတယ်။


ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates