တစ်ခဏတာ ပြုံးနိုင်ဖို့ရာ



တစ်ခါတလေမှာ ဘာမှမဟုတ် စကားလုံးလေး၊ အဖြစ်အပျက် လေးက ရှုပ်ထွေး နောက်ကျိနေတဲ့ စိတ်တွေကို ပြေလျော့ သွားစေ နိုင်ပါတယ်။

အဲဒါကြောင့် အခုတစ်လော အင်တာနက် စာမျက်နှာမှာ ဖတ်ဖြစ်လိုက်တဲ့ ဟာသလေးတွေ မျှဝေ ပေးလိုက် ရပါတယ်။

တကယ် ကံဆိုးတဲ့နေ့

စားသောက်ဆိုင် တစ်ဆိုင်မှာ လူတစ်ယောက် ငူငူငေါင်ငေါင်ထိုင်ပြီး သူ သောက်မယ့် ဖန်ခွက်ကို စိုက်ကြည့်နေတာ နာရီဝက်လောက် ရှိပါပြီ။ အဲဒီအချိန်မှာ အင်မတန် ပြဿနာ ရှာတတ်တဲ့ ကုန်ကားမောင်း သမား တစ်ဦး ရောက်လာပြီး ဖန်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်တယ် ဆိုရင်ပဲ ဖန်ခွက် ပိုင်ရှင်ခမျာ စတင် ငိုကြွေးပါတော့တယ်။

ကုန်ကားမောင်းသမားလည်း မနေနိုင်တော့ဘဲ...
ဟေ့လူ ကျုပ်က ခင်ဗျားကို နောက်တာပါ။ ရော့ ခင်ဗျားအတွက် ကျုပ် နောက်တစ်ခွက် ပြန်ဝယ် တိုက်လိုက်မယ်။
ကျုပ်က ယောက်ျားကြီး တန်မယ့် ငိုတာမျိုးကို ဘယ်လိုမှ သည်းမခံနိုင်ဘူးလို့ ပြောချပစ်လိုက်ပါတယ်။

အဲဒီအချိန် ကျတော့မှ ငိုကြီး ချက်မနဲ့...

မဟုတ်ဘူး။ အဲဒီလို မဟုတ်ဘူး။ ဒီနေ့က ကျုပ်အတွက် ကံအဆိုးဆုံး နေ့ပါပဲဗျာ။ နောက်ကျလို့ အလုပ် ထုတ်ခံရတဲ့ ကြားထဲ ကျွန်တော့် ကားကလည်း အခိုးခံရတယ်။ တက္ကစီ ငှားပြီး အိမ်အပြန် အလာမှာ ပိုက်ဆံအိတ်နဲ့ ကြွေးဝယ်ကတ်တွေ အားလုံး တက္ကစီပေါ်မှာ ပါသွားပြန်တယ်။ အိမ်ရောက်တော့ ခြံစောင့်က ကျွန်တော်တို့ လင်မယားရဲ့ အိပ်ရာပေါ်မှာ ရောက်နေတယ်။ အဲဒါကြောင့် ဒီကို ရောက်လာပြီး ကျွန်တော့် ဘ၀ကို အဆုံး စီရင်မလို့ လုပ်နေတုန်း ခင်ဗျား ရောက်လာပြီး အဆိပ် ထည့်ထားတဲ့ ဖန်ခွက်ကို မော့ချ ပစ်လိုက်တာလေဗျာလို့ ပြောရှာတယ်။

Disney Password (
လျှို့ဝှက်နံပါတ်)

ကျွန်မရဲ့ ကလေးတွေက အင်တာနက် သုံးရတာကို အင်မတန် သဘော ကျပါတယ်။ တစ်နေ့ ကျွန်မ သတိ ပြုမိတာက ကျွန်မသားရဲ့ Password က Mickey Minnie Goofy Pluto ဆိုတာပါပဲ။ ကျွန်မသားလည်း အဲဒီလောက် ရှည်လျားတဲ့ Password ပေးထားရခြင်း အကြောင်း မေးဖြစ်တယ်။

သား ရှင်းပြတာက
“Password
မှာ အနည်းဆုံး Character (ဇာတ်ကောင်)လေးခုပါရမယ်ဆိုလို့ပါတဲ့ရှင်။

အကြည့်

မနက်စာ သုံးဆောင်နေတဲ့ ဧည့်သည်က ဆိုင်ဝန်ထမ်းကိုခင်ဗျားရဲ့ ခွေးက အဲဒီမှာ ထိုင်ပြီး ကျွန်တော် စားသောက် နေတာကို ဘာကြောင့် စောင့်ကြည့် နေရတာလဲလို့ အပြစ် ရှာတယ်ဆိုရင်ပဲ ဆိုင်ဝန်ထမ်းလေးကလည်း ကျွန်တော်လည်း ပြောမပြ တတ်အောင်ပါပဲ ခင်ဗျာ။ လူကြီးမင်း စားနေတဲ့ ပန်းကန်က သူ စားနေကျ ပန်းကန် ဖြစ်နေလို့ များလား မသိပါဘူးလို့ ဖြေလိုက်တယ်လေ။

အဖေလိုပဲ စေ့စပ်ကြောင်း လမ်းတော့မယ့် သတို့သမီးလောင်းလေးက အမေ ရှိရာကို ရောက်လာပြီး
အမေရေ သမီးတော့ အဖေ့လို ယောက်ျား တစ်ယောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့
ဝမ်းသာအားရ ပြောပါတယ်။

အဲဒီအခါ အမေဖြစ်သူ ပြန်ပြောလိုက်တာက...
အဲဒီတော့ သမီးက မေမေ့ဆီကနေ သနား ကရုဏာသက်မှုတွေ လိုချင်တယ် ဆိုပါတော့..တဲ့။

တက္ကစီ

တက္ကစီ စီးလာတဲ့ ခရီးသည် တစ်ဦးက ယာဉ်မောင်းကို မေးစရာ တစ်ခုရှိတာကြောင့် ပခုံးကို လှမ်းပုတ် လိုက်ပါတယ်။ အဲဒီ အချိန်မှာ ယာဉ်မောင်းက ကြောက်လန့်တကြား ထအော်ပြီး သတိလက်လွတ် ဖြစ်သွားလိုက်တာ ဘတ်စ်ကား တစ်စီးကို ၀င်တိုက်လု နီးနီးပါပဲ။ ခဏနေလို့ ကိုယ့်ကိုယ်ကို ပြန်ပြီး ထိန်းချုပ်နိုင်တဲ့ အချိန်ကျတော့မှ ယာဉ်မောင်းက...
ကျေးဇူးပြုပြီးတော့ နောက်ကို အဲဒီလို မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်အတွက် မှောင်အတိ ကျသွားသလို ချောက်ချားစရာ ကောင်းလွန်းလို့ပါဆိုပြီး ပြောပါတယ်။

မယုံကြည် နိုင်လောက်တဲ့ အဖြစ်အပျက်ကြောင့် တော်တော်လေး တုန်လှုပ်သွားတဲ့ ခရီးသည်က ယာဉ်မောင်းကို တောင်းပန်ပြီး ဘယ်လိုကြောင့် အဲဒီလောက် ချောက်ချား သွေးပျက် သွားရတာလဲလို့ မေးလိုက်တယ် ဆိုရင်ပဲ ယာဉ်မောင်းက...
စိတ်မရှိပါနဲ့ဗျာ။ ခင်ဗျားရဲ့ အမှား လုံးဝ မဟုတ်ပါဘူး ခင်ဗျာ။ ဒီနေ့က ကျွန်တော် တက္ကစီ ပထမဆုံး စမောင်းတဲ့ နေ့ပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်စလုံး ကျွန်တော်က နိဗ္ဗာန်ယာဉ် မောင်းလာခဲ့ရတာပါလို့ ဖြေရှင်းချက် ထုတ်လိုက်လေရဲ့။

နေလွင်
(Teen
မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates