နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .




စာရေးဆရာ၊ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ အသက် (၆၅) နှစ်သည် ၁၁.၁. ၂၀၁၁ ( အင်္ဂါနေ့) နံနက် ( ၄း၂၀) နာရီမှာ အဆုတ်ဝေဒေနာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူရဲ့ ဈာပနာ အခမ်းအနားကိုတော့ ၁၃.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီ ရေဝေဿးန်မှာ မီးသင်္ဂြိဟ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။


စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ ဈာပနာရဲ့အခမ်းအနားကိုတော့ ဆရာကိုချစ်မြတ်နိုးတဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် အသိုင်းအ၀ိုင်းက အနုပညာရှင်တွေ၊ ပြည်သူလူထုက ဆရာရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။


၁၉၄၇ ခုနှစ်ဖွား မောင်ဝဏ္ဏဟာ စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓု၊ ဒေါ်ခင်ညို တို့၏ သားကြီးဖြစ်ပြီး မွေးချင်းများမှာ စာပေ နှင့် အနုပညာနယ်တွင် ထင်ရှားသည့် သုမောင်၊ မင်းလူ၊ ရူပ၊ အာယုတို့ ဖြစ်ပါတယ်။



ဒါရိုက်တာမောင်ဝဏ္ဏဟာ ကတ္တိပါဖိနပ်စီး ရွှေထီးဆောင်း၊ ခုနစ်စဉ် အလွမ်း ဇာတ်ကား ၂ ကားနဲ့ အကယ်ဒမီ ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ချိုချိုရီနဲ့ သားသမီးများဖြစ်ကြတဲ့ စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြေဇင်၊ ဥက္ကာ ဆိုတဲ့သားသမီး ၃ ဦးနဲ့ ပန်းနု ဆိုတဲ့ မြေးမလေးတဦး ကျန်ရစ်ခဲ့ပါတယ်။

ယုန်ကလေး

ဓါတ်ပုံများကို မိုးမခမ ကူးယူဖော်ပြသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates