Coffee and Love















“Coffee and love are the best when they are hot” ဆိုတဲ့ စာသားကို ကြိုက်တဲ့အတွက် အခုလို စိတ်ကူးပေါက်ပြီး သူငယ်ချင်းတွေကို မျှဝေလိုက် ပါတယ်။

တကယ်တော့ ကော်ဖီဟာ ကမ္ဘာပေါ်က လူသားတော်တော်များများက နေ့စဉ်နဲ့အမျှ သောက်သုံးနေတဲ့အချိန်မှာတော့ ကျမက ကော်ဖီကို သောက် သုံးလေ့မရှိပါဘူး။ ဒီလို သိရလို့ ကျမကို ဒိတ်အောက်နေတဲ့ လူတစ်ယောက်ပဲလားလို့ ထင်ချင်ရင်ထင်နိုင်ပါတယ် ဘာဖြစ်လို့လဲဆိုတော ကျမ ကော်ဖီကို သိပ်မကြိုက်တဲ့အတွက်ပါပဲ…ကျမရဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက ကော်ဖီကို အမျိုးမျိုး လုပ်ပြီး သောက်သုံးနေကြတာကို တွေ့တော့ ကော်ဖီကို ဘာကြောင့် နှပ်ပြီး သောက်ရသလဲလို့ မေးတဲ့အခါ ကော်ဖီဆိုတာ အမျိုးမျိုးရှိတယ်.. နှပ်ပြီးသောက်ရတဲ့ကော်ဖီကမှ ပိုပြီး အရသာရှိတာတဲ့…ဟုတ်ချင်လဲဟုတ်မှာပေါ့ ကျမမှ မသောက်ဖူးတာကိုး….ဒါပေမယ့် ကျမကျောင်းနေတဲ့အချိန်မှာတော့ မအိပ်ငိုက်အောင်လို့ ဆရာတွေက ကော်ဖီတိုက်ပြီး ကျောင်းသူ ကျောင်းသားတွေကို စာဖတ်ခိုင်းထားကို ကြုံခဲ့ဖူးတယ်။


တကယ်တော့ ကျမအတွက် ကော်ဖီတွေသောက်ပြီး စာဖတ်နေရင်း အိပ်ငိုက်နေရင်တော့ သူအလိုလို အိပ်ငိုက်သွားတာပဲ။ သိတယ်မဟုတ်လား စာဆိုတာ ကျမအတွက် အိပ်ဆေးလိုပါပဲ… သူငယ်ချင်းတွေက ကော်ဖီသောက်လို့ အိပ်မပျော်ဖူးတဲ့.. ကျမစိတ်ထဲမှာ အပိုတွေပဲလို့ တွေးမိလိုက်တယ်… ဒါပေမယ့် ကျမ တရေးနိုးလို့ ကြည့်လိုက်တဲ့အချိန်မှာ သူတို့တွေ မအိပ်သေးဘဲ ထိုင်စကား ပြောနေတာကို တွေ့လိုက်ရတော့ ဟုတ်မှာပဲလေ…တချို့သော သူငယ်ချင်းတွေကတော့ သူတို့ကော်ဖီမသောက်ရရင် မနေတတ်ဖူးတဲ့… ဖြစ်နိုင်ပါတယ်.. သူတို့တွေ ကော်ဖီကိုဆွဲသွားပြီးထင်တာပဲ… ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကော်ဖီသောက်တဲ့သူတွေအတွက်ကတော့ ကော်ဖီပူနေမှ သောက်လို့ကောင်းပြီး အရသာရှိနေမှာကတော့ အသေအချာပဲ… အချစ်ဆိုရင်ကော…. ကဲသူငယ်ချင်းတို့ရေ.. ကိုယ်ဘာသာ ဒီစာလေးကို နိဂုံးချုပ်ပါလို့ တောင်းဆိုချင်ပါတယ်…

ယုန်ကလေး

2 comments:

သဒ္ဓါလှိုင်း said...

ယုန်မရေ..
ကော်ဖီကြိုက်တာနဲ့အတော်ပဲ။ သောက်သွားပြီ။။

Toe Toe Zin said...

ယုံကလေးရေး ရေးလည်းရေးတက်လွန်းတယ်နော်

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates