ကလေးမြို့မှာ တက္ကသိုလ်ကျောင်းသားဆန္ဒပြ

မနေ့ နံနက် (၇)နာရီမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်းက ကလေးတက္ကသိုလ်၊ (၃)က ကျောင်းသူ ၁,၀၀၀ ကျော်ဟာ ကျောင်းကားခ တိုးမြှင့်ကောက်ခံတာကို လက်မခံနိုင်လို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

သူတို့ရဲ့တောင်းချက်တွေကတော့

၁။ ကားခကို ကျပ် ၂၀၀ ကောက်ခံနေတာ အရင်နှုန်းထားအတိုင်း ကျပ် ၁၀၀ ကို ပြန်လည်လျှော့ချပေးဖို့၊

၂။ ကျောင်းသားဦးရေနဲ့အညီ ကျောင်းကား လုံလောက်စွာ စီစဉ်ပေးဖို့၊

၃။ ကျောင်းကားတွေကို အချိန်မှန် ပြေးဆွဲပေးဖို့၊

၎။ကွန်ပျူတာတက္ကသိုလ် ကျောင်းကားတွေမှာ ခရီးသည်နဲ့ ကုန်စည်တွေ တင်ဆောင်ခွင့် မပြုဖို့ စတာတွေ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေဘက်က လိုက်လျော့ခဲ့တယ်လို့ သိရပါတယ်……

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates