အကောင်းဆုံး မြေသြဇာ ၏ ထပ်မံလှုပ်ရှားမှု
အကောင်းဆုံးမြေသြဇာ၊ ရန်ကုန် UG၊ APR 17th 2008

မြန်မာနှစ်ဆန်းတရက်နေ့ နေ့လည် (၁)နာရီခန့်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သမိုင်းဝင် သာဓုကန်စေတီတော်မြတ်ကြီး၏ အနီး တောင်ညီနောင်ဘုရား ဝန်းကျင်တွင်

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ ဟုရေးထားသော အလံဖြူတချောင်းအား ဘုရားတာဝန်ရှိသူများ ဟုယူဆရသော သူများနှင့် လုံထိန်းများမှလိုက်လံ ဖြုတ်နေသည်။

ထို့နောက် နဂါးရုံဘုရားအနီးတွင်လည်း

ခံစားနေရတာက လူထုတရပ်လုံး စံစားနေရတာက စစ်ခွေးတစု
ဒီတော့ သူတို့လိမ်မယ့် ဆန္ဒခံယူပွဲကို နည်းမျိုးစုံနဲ့ ကန့်ကွက်ကြ ဟုရေးသားထားခြင်း၊

ကန့်ကွက်မဲပေး ဒို့သွေးကြွေး ဆိုသည့် လက်တ၀ါးစာ အရွယ်စာရွက်လေးများ လိုက်လံဝေငှကြဲချထားခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်အလိုမရှိ စာတမ်းများကပ်ခြင်း
ကန့်ကွက်မဲပေး ဒို့သွေးကြွေး စာရွက်များကပ်ခြင်း
လုပ်ငန်းစဉ်တလျှောက် တက္ကသိုလ်မှ မြေသြဇာ အဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ပါသည်။

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates